Você está na página 1de 1

အခြေခံပညာကျောင်းသားများသမဂ္ဂ

ဲ ည်းကြောင်း ကြေညာချက်(၁/၂၀၀၉)
အခြေခံပညာကျောင်းသားများသမဂ္ဂ ဖွ့စ ၂၀၀၉)

ရက်စွဲ။ ။ ၁၈.၁၀.၂၀၀၉

ကျောင်းသား၊ ကျောင်းသူများသည် မိဘပြည်သူများ၏ ရင်သွေးများဖြစ်ကြသည်။ မိဘပြည်သူတို့၏ ဆင်းရဲဒုက္ခ


တို့သည် ကျောင်းသား၊ ကျောင်းသူတို့၏ ဆင်းရဲဒုက္ခများပင်ဖြစ်သည်။ ယနေ့ ဗမာပြည်သူတို့ ရင်ဆိုင်ကြုံတွေ့နေရသော
စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာ၊ နိုင်ငံရေးပြဿနာ အစုံစုံတို့ကို မိဘပြည်သူများနှင့် တအိမ်တည်းနေ ရင်သွေးများ
ဖြစ်ကြသော ကျနော်၊ ကျမတို့ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများကလည်း ထပ်တူခံစားနေကြရပါသည်။
အခြေခံပညာကျောင်းများသို့ တက်ရောက်နေရသော်လည်း ကျနော်၊ ကျမတို့မှာ တိုင်းပြည်၏ စီးပွားရေး ပြဿနာ၊
နိုင်ငံရေးပြဿနာများကြောင့်လည်းကောင်း စစ်အစိုးရ၏ ထင်ရာစိုင်းနေသည့် ကမောက်ကမနိုင်လှသော ပညာရေးစနစ်
ကြောင့်လည်းကောင်း ငြိမ်းချမ်းစွာပညာသင်ကြားခွင့်နှင့် နိုင်ငံတကာအဆင့်အတန်းမီစွာ ပညာသင်ကြားခွင့် မရကြပါ။
ပညာရေးစနစ် ယိုယွင်းပျက်စီးနေခြင်းမှာ တိုင်းပြည်၏အနာဂတ်ကို ယိုယင
ွ်းပျက်စီးစေခြင်းပင်ဖြစ်ပါသည်။ ယခုလက်ရှိ
လက်နက်ဖြင့် မတရားသိမ်းပိုက်ထားသော စစ်အစိုးရ အဓမ္မအတည်ပြုပြဌါန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း
တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဒီမိုကရေစီအခွင့်အရေးများကို အာမခံထားခြင်း မရှိရုံသာမက၊ ဒီမိုကရေစီပညာရေး အငွေ့
အသက်မျှပင် မတွေ့ရှိရပါ။
ထို့အပြင် လက်နက်အားကိုး၊ အာဏာအားကိုးဖြင့် စစ်အုပ်စု အမျိုးးအနွယ်များက တိုင်းပြည်၏ စီးပွားရေးကိုပါ လက်ဝါး
ကြီးအုပ် ၀ါးမြိုစားသောက်နေသည့်အတွက် မိမိတို့နိုင်ငံတွင် စီးပွားရေးခြွတ်ခြုံကျနေရပါသည်။ ပြည်သူများမှာ စီးပွားရေး မပြေ
လည်မှုများကြောင့် ကျောင်းနေအရွယ်သားသမီးများမှာ ပညာသင်ကြားနိုင်ခြင်းမရှိကြပါ။ လမ်းဘေးတွင် ကြုံရာကျပမ်း အလုပ်
များဖြင့် အရွယ်မရောက်သေးသော်လည်း မိသားစုဝင်ငွေကို တဖက်တလမ်းက ရှာဖွေပေးနေရသည့် အလုပ်ကို လုပ်ကိုင်
နေကြရသည့် ကလေးအလုပ်သမားများမှာလည်း နိုင်ငံအနှံ့ မမြင်ချင်အဆုံး ဖြစ်နေပါသည်။
ထို့ကြောင့် မိမိတို့ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက မိဘပြည်သူတို့၏အကျိုး၊ ကျောင်းသူ၊ ကျောင်းသား၊
ကျောင်းနေအရွယ် ကလေးအလုပ်သမားများ၏ အကျိုးကိုရှေ့ရှုလျက် ၁၉၈၈-၈၉ ခုနှစ်ကာလက ဒီမိုကရေစီတိုက်ပွဲနှင့်အတူ
ပေါ်ထွန်းလာခဲ့သော အခြေခံပညာကျောင်းသားများသမဂ္ဂ
သားများသမဂ္ဂ ကို အောက်တိုဘာလ (၁၈) ရက်၊ ၂၀၀၉ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း
လိုက်ကြောင်း ရဟန်း သံဃာ၊ မိဘပြည်သူ၊ ကျောင်းသား ကျောင်းသူများအား အသိပေးကြေညာလိုက်ပါသည်။
မိမိတို့၏ အခြေခံပညာကျောင်
ညာကျောင်းသားများသမဂ္ဂ
သားများသမဂ္ဂ သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ၁၉၆၀
ခုနှစ် ဆဌမအကြိမ်ညီလာခံမှ ချမှတ်ခဲ့သည့်မူများကို ဆက်ခံကာ ---

(၁) အမျိုးသားနု
းသားနိုင်ငံရေး(
ရး(၀ါ) စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေး၊
ရး၊
(၂) ဒီမိုကရေစီရေး၊
ရး၊
(၃) ဒီမိုကရေစီပညာရေး၊
ညာရေး၊
(၄) ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး၊
ရး၊
(၅) ငြိမ်းချမ်းရေး၊
ရေး၊

ဆိုသည့်မူများကိုကိုင်စွဲလျက်၊ ရဟန်း သံဃာများ၊ မိဘပြည်သူများ၊ နောင်တော် ကျောင်းသားသမဂ္ဂများနှင့်အတူ စစ်အာဏာ


ရှင်စနစ် အမြစ်ပြုတ်ပြီး၊ ဒီမိုကရေစီအောင်ပွဲရသည်အထိ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

အခြေခံပညာကျောင်းသားများသမဂ္ဂ
ဆက်သွယ်ရန်။ ။ besunion@gmail.com

Você também pode gostar