Você está na página 1de 1

နှစ်(၂၀)မြောက်၊ ၁၉၉၀ခုနှစ်၊ရွေးကောက်ပွဲနှစ်ပတ်လည် အထိန်းအမှတ်

လူထုနှီးနှောဖလှယ်ပွဲဖိတ်ကြားလွှာ
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ အလှည့်အပြောင်းတရပ်စီသို့ ဦးတည်လျက်ရှိ
ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ်တွင် အမြင်များဖ
လှယ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များညှိနိုင်းနိုင်ရန်အတွက် လူထုနှီးနှောဖလှယ်ပွဲတရပ်
အား(၁)စစ်အာဏာရှင်စံနစ်ဖျက်သိမ်းနိုင်ရေးအတွက် ထိရောက်သည့်နည်းလမ်းများ
နှင့်လုပ်ငန်းစဉ်များချမှတ်နိုင်ရေး၊ (၂) ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး၊

(၃)ရွှေဂုံတိုင်ကြေငြာစာတမ်းပါ ရပ်တည်ချက်များအတိုင်း ဆက်လက်ကိုင်စွဲရေးစ


သည့် ရည်ရွယ်ချက်များနှင့်အညီ ကျင်းပမည်ဖြစ်ပါသဖြင့် တက်ရောက်ပါရန် ဖိတ်
ကြားအပ်ပါသည်။ ဆွေးနွေးမည့်အကြောင်းအရာများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်
ပါသည်။

™ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ


™ ရွေးကောက်ပွဲဥပဒေများနှင့် ၂၀၁၀ ရွေးကောက်ပွဲ
™ ၂၀၁၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားအင်အားစုများ၏ ရပ်တည်ချက်များ
™ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ
™ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွှေဂုံတိုင်ကြေငြာစာတမ်း
™ ရှေ့လုပ်ငန်းစဉ်များ

နေ့ရက် ။ ။ ၂၂-၀၅-၂၀၁၀ ၊ စနေနေ့

အချိန် ။ ။ နေ့ (၁၂) နာရီမှ ညနေ (၆) နာရီ

နေရာ ။ ။ Villawood Senior Citizen’s Hall

Villawood Road (near railway station)

ဆက်သွယ်ရန်။ ။ဦးမောင်မောင်အေး( ၀၄၃၁ ၄၈၂ ၃၂၆ ) ဦးအောင်နိုင် ( ၀၄၁၃ ၃၃၅ ၆၂၉ )

မန်းအောလန်ဒို( ၀၄၃၁ ၅၂၇ ၂၆၇ ) မင်းသက်နိုင်( ၀၄၃၈ ၂၀၉ ၀၂၉ )

ဦးမောင်မောင်မြင့်( ၀၄၃၇ ၄၇၀ ၄၆၄ )

ဒီမိုကရေစီရရှိရေးပူးပေါင်းဆောင်ရွက်မူ့ကော်မတီ ၊ ဆစ်ဒနီ၊ ၾသစေၾတးလ်


 

Você também pode gostar