Você está na página 1de 56

လြတေ

် မြာက်ရေးအတွက်
တိက
ု ပ
်ွဲဝင်ကြစို့

မိုး သီးဇွန်

ရွှေစင်ထန
ွ်း

ခင်မမမျိုး
ထုတ်ဝေသူ ပန်ကြားလွှာ

လေးစားအပ်ပါသော မြန်မာပြည်သူအပေါင်းတို့-

ပြည်သူ့အာဏာကို မတရားရယူထားတဲ့ နအဖ စစ်အုပ်စုဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို

ရှေးရှုခြင်းမရှိပဲ သူတို့အာဏာတည်မြဲရေး၊ ကြိုးကိုင်ခြယ်လှယ်ရေးကို သက်ဆိုးရှည်စေမယ့် လမ်းပြမြေပုံကိုသာ ဆက်လက်

အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီဖြစ်ပါတယ်။

နအဖရဲ့ လမ်းပြမြေပုံဟာ မြန်မာတမျိုးသားလုံးကို စစ်ကျွန်အဖြစ် ရာသက်ပန်သွတ်သွင်းမယ့် သေမင်းတမန် ကျွန်လမ်းစဉ်သာ

ဖြစ်ပါတယ်။ ဒီလို စစ်ကျွန်ဘ၀မှာ မြန်မာတမျိုးသားလုံးရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးစော်ကားခံခဲ့ရတာကို

အားလုံးသိရှိ ခံစားနေကြရပြီးသား ဖြစ်ပါတယ်။ ဒီကျွန်ဘ၀သာ သက်ဆိုးရှည်ခဲ့ရင် အမျိုးပါပျောက်ပြီး၊ ဘာသာ၊ သာသနာပါ

မှေးမှိန်ရမယ့် အရေးဖြစ်တာကြောင့် မြန်မာတမျိုးသားလုံးရဲ့ အမျိုးသားရေးအတွက် လူမျိုး၊ ဘာသာ၊ အယူအဆ ကွဲပြားမှုတွေကို

ရှေ့တန်းမတင်ပဲ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့။

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး - ဒို့အရေး၊ ဒို့အရေး

နိုင်ငံတ၀ှမ်း သမဂ္ဂများ ပေါ်ပေါက်ရေး - ဒို့အရေး၊ ဒို့အရေး

ပြည်သူ့ကြားဖြတ်အစိုးရ - ဖွဲ့စည်းကြ၊ ဖွဲ့စည်းကြ

အမ်ိဳးသားလြတေ
် မြာက်ရေးလှုပ်ရှားမှု - အောင်ရမည်။ အောင်ရမည်။

ထုတေ
် ၀သူ
၂၀၁၀ရွေးကောက်ပွဲ သံုး သပ်ချက်

နိဒါန်း

၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်ဒမ


ီိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်နေပြီလို့ ကျနော်မယုံကြည်ပါဘူး။ ဒါဟာ

အဆိုးမြင်နဲ့ပြောနေတာမဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲက ဒီမိုကရေစီအင်အင်အားစုများအတွက် ထွက်ပေါက်မဟုတ်သလို

တပ်မတော်အတွက်ရော တိုင်းရင်သားလူမျိုးစုတွေ အတွက်ပါထွက်ပေါက် မဟုတ်ဘူးဆိုတာပါပဲ။

ဒါဖြင့်ရင် ဘယ်သူအတွက်လည်းဆိုတဲ့အမေးအတွက်အဖြေကတော့

တစ်- သန်းရွှေအတွက်

နစ်- သန်းရွှေအတွက်

သုံး- သန်းရွှေအတွက် လို့ပဲ ပြောပါရစေတော့။ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုပြီးအလေးထား ဆောင်ရွက်ရမှာကတော့

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြုပြောင်းလဲမှုတွေဖြစ်ပါတယ်။

၂၀၁၀ ဝေစု

၂၀၁၀ မှာ စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်။ ရွေးကောက်ပွဲကော်မရှင် ကို ဖွဲ စည်းတော့မယ်ဆိုတဲ့ သတင်းထွက်နေတယ်။

ဒီမိုကရေစီအင်အားစုများ ကြားမှာ စိုးရိမ်ပပ


ူ န်မှုတွေ တိုးပွားနေတယ်။

တချို့ ကတော့ ဒါကို ထွက်ပေါက်တခုလို့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ဆိုသလို ပြောနေကြတယ်။ ရွေးကောက်ပွဲကို

ထွက်ပေါက်လို့ပြောပြီး ၀င်ဖို့တာစူနေကြတယ်။ ဒီလူတွေထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်

အချို့နဲ့ ကိုယ်ကျိုးရှာသူတွေ လည်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ငကြင်းငါးလို ဆူဖြိုးနေတဲ့ မြန်မာ ပြည်ကို စားပွဲတင်ပြီး

မြေးခွေး က ဝေခွဲပေးမှာဖြစ်ပါတယ်။

ဒီတော့ ဝေစု အကြီးအသေး ကို ကြည့်ရင် သန်းရွေက ဗိုက်သား ကိုယူမယ်။ တခြားကိုယ်ကျိုးရှာ အဖွဲ့ တွေကို ဝေစု ခွဲပေးမယ်။

ကုန်သည် ပွဲစားတွေနဲ့ လုပ်စားနိင်ငေ


ံ ရးသမားတချို့ က အတွက် ဝေစုတစု ရမယ်။
သူများမြောက်ပေးလို့  ရွေးကောက်ပွဲဝင်မိတဲ့ ခပ်အအ နိင်ငံရေးသမားတွေကတော့ ထောင်မကျရင် ကံကောင်း လို့ မှတ်ပါ။

အမျိုးသားဒီမက
ို ရေစီအဖွဲ့ ချုပ် နဲ့  ၂၀၁၀ ရွေးကောက်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ကတော့ ကနေ့ အထိ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို သဘောထားမလဲ ဆိုတာ

ရှင်းရှင်းလင်းလင်းပြောနိင်တဲ့ အနေထားမှာ မရှိသေးဘူး။ တကယ့်ကို ပေါ်လစီ အကြပ်အတည်း (Policy Dilemma )

ဖြစ်နေပုံရတယ်။ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးပါလို့ပါလို့ လေသံခပ်လျောလျောပြောနိင်တဲ့ အနေထားကို

ရောက်နေတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကိုဝင်မိရင် တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပုလင်းထဲထည့်ပြီး ရေစုံမျော ပေးလိုက်ရသလို

ဖြစ်သွားမယ်။ ၂၀၁၀ ကို မ၀င်ဘူးဆိုရင်တော့ ဘေးက တတ်ယောင်ကား နိုင်ငံရေးသုတေသီတွေပြောနေတဲ့ ”နိုင်ငံရေး

ဘေးရောက်မှု '' ဆိုတာကို စိုး ရိမ်နေပုံရတယ်။ ဒီတော့ ၁၉၉၀ တုံးက ဦးနုလုပ်သလိုများ လုပ်လာနိင်တယ်လို့ လဲ ယူဆနိင်တယ်။

(ဦးနုက သူကိုယ်တိုင် ရွေးကောက်ပွဲမ၀င်တော့ပဲ သူလူများကို ဒီငြိမ်းနာမည်နဲ့ ၀င်စေခဲ့တယ်။ ) ခုလည်း ဒီချုပ်အနေနဲ့

မဟုတ်ဘူး။ ဒီချုပ်ထဲက ခေါင်းဆောင်တချို့ကို ခွဲထုတ်ပြီး ရွေးကောက်ပွဲ ကံစမ်းမဲထိုးသလို ထိုးလာနိင်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီချုပ်အနေနဲ့ကတော့ လက်ရှိအနေထား အတိုင်းရပ်ခံသွားတော့မဲ့ အခြေအနေမှာရိပ


ှါတယ်။ ဒါတွေကတော့ ၉၀

ရွေးကောက်ပွဲကိုဆုတ်ကိုင်ရုံ ဆုတ်ကိုင် အသက်သွင်းနိင်အောင်မကြိုးစား၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကိုတောင်းဆို

အနေထားတက် ပိုမိုတိုးတက်တဲ့လှုပ်ရှားမှုတွေလုပ်ဆောင်လာမဲ့ အနေထားမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။ ဒီအခြေအနေကို

ကျရောက်စေတာကတော့

- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက အထိန်းသိမ်းခံနေရတယ်။

- လက်ရှိအဖွဲ့ ချုပ် အလုပ်အမှုဆောင်တွေက အသက်အရွယ်ကြီးရင့်မှု ၊ သူတို့ နေရာကို လူငယ်ခေါင်းဆောင်တွေနဲ့ အစား

မထိုးကြတာ။

- နအဖက အောက်တန်းကျကျ ဖိနိပ်ထားတာ တွေကြောင့် ဖြစ်ပါတယ်။


အပစ်ရပ်အဖွဲ မ
ျ့ား နဲ့  ၂၀၁၀ ရွေးကောက်ပွဲ

အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားခေါင်ဆောင်တချို့ ရဲ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကျင့်သုံးတဲ့ပေါ်လစီကတော့

ရေလိုက်ငါးလိုက် ပေါ်လစီ ဖြစ်လာလိမ့်မယ်။

• သူတို့ ဟာ ရွေးကောက်ပွဲပေါ်ယုံကြည်မှုမရှိဘူး။

• ရွေးကောက်ပွဲမှာ မဖြစ်မနေ ပါရမယ်လို့ နအဖ က ဖိအားပေးလာရင် ရွေးကောက်ပွဲကို တချို့က ၀င်ကြလိမ့်မယ်။

ပါတီနာမည်တွေအသစ်နဲ ၀င်တာမျိုးတွေလည်းရှိလာနိင်တယ်။

• သူတို့ကို လက်နက်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ဖို့ ဖိအားပေးလာနိင်တယ်။ အဖွဲ့ငယ်တွေက လက်နက်ကိုင်

လမ်းစဉ်ကို စွန့် လွှတ်သွားလိမ့်မယ်။ အဖွဲ့ ကြီးတွေအတွက်တော့ ဘေးကြပ်နံကြပ်စတင်ဖြစ်လာလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ အပစ်ရပ် အဖွဲ့တွေ အတွင်းမှာ ဆက်တိုက်သူ၊ ရာသက်ပန်လက်နက်ချမဲ့သူ၊

အနားယူသွားမဲ့သူတွေနဲ့ ရှုပ်ရှက်ခတ် နေအောင်ရှိမှာ ပါ။ ပြန်လည်တိုက်ပွဲဆင်လာမဲ့အနေထားကတော့ အနည်းတက

အနည်းဆုံးပဲဖြစ်လာလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာတိုင်းရင်းသားလူမျိုးစုဒေသတွရဲ့ ဖွံ့ဖြိုးရေးကိုရော လုံခြုံရေးကိုပါ ဘာမှ သိသာတဲ့

ပြောင်းလဲတိုးတက်မှုတွေ ဖြစ်လာမှာမဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။

၂၀၁၀ မျက်နာသစ်များ

၁၉၉၀ ရွေးကောက်ပွဲတုံးကတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရှိတယ်။ ၀င်မယ့်ခါင်းဆောင်တွေရှိတယ်။ သူတို့မှာ

Transparency and Accountability တွေရှိခဲ့တယ်။ ဆိုလိုတာကတော့ သူတို့က ဘယ်သူတွေလည်း ဘာတွေလုပ်ခဲ့လဲ

ဆိုတာကို လူထုက သိခွင့်မြင်ခွင့်ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေဝင်မှာလဲ၊ သူတို့ ကဘယ်သူတွေလဲ၊

သူတို့ ပေါ်လစီတွေက ဘာလဲဆိုတာကို ခုထိလူထုက မသိရသေးဘူးဖြစ်ပါတယ်။ ဒါကလဲ နအဖရဲ့ အကွက်ဖြစ်ပါတယ်။ ပါတီနဲ့

ခေါင်းဆောင်တွေကို လူထု ရင်းနှီးမိတ်ဆက်ခွင့်ကို ကြာကြာမပေးလေကောင်းလေဆိုတာကို ၊ ပုတင်လက်ထက် ရုရှား

ရွေးကောက်ပွဲများ၊ မဟာသီယာလက်ထက်မလေးရှား ရွေးကောက်ပွဲများ၊ ထိုင်းနိင်ငံ တပ်ဆင်လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ

သင်ခန်းစာတွေက ရှိထားပါတယ်။
ရွေးကောက်ပွဲတွေဆိုတာကလည်း လူသစ်တွေထွက်ပေါ်လာတတ်တဲ့ အစဉ်အလာကလဲ ရှိထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ထူးခြားတာတခုကတော့ ကိုလိုနီခေတ်နိုင်ငံရေးလှုပ်ရှားမှု တွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီး

တွေနေရာမှာ လူသစ်တွေအစားထိုး ရွေးချယ်ခံခဲ့ရပါတယ်။ ဒါကတော့ မဟာ ၈၈ လှုပ်ရှားမှုကြီးရဲ အ


့ ရှိန်နဲ့  ဒေါ်အောင်ဆန်း

စုကြည်ရဲ့ အရှိန်တို့ ကြောင့်ဖြစ်တယ်။ လူထုက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးလိုက်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေက

လူထုကို ငရဲနဲ့ နိဗ္ဗာန် မှာ ဘယ်လမ်းကို သွားရမယ်ဆိုတာကို မရွေးချယ်ပေးနိင်ခဲ့ပါဘူး။ ဒီတော့လူထုက ၂၀၁၀ ရွေးကောက်ပွဲကို

ထွက်ပေါက်တခုဖြစ်လာနိင်မလားဆိုတဲ့ မျှော်လင့်ချက်ကတော့ ၉၀ တုန်းကလို အားကောင်းကောင်းရှိမှာ မဟုတ်တော့တာ

သေချာနေပြီ။

၂၀၁၀ မှာတော့ ရွေးကောက်ပွဲဝင်မဲ့  သူတွေဟာ မျက်နာသစ်တွေဖြစ်လာနိင်ပါတယ်။ သူတို့ က ၁၉၉၀ တုံးက မျက်နာသစ်တွေလို

မဟုတ်တော့ပါဘူး။ သူတို့ က တော့ ပြည်တွင်းရှိ ပညာတတ်လူငယ်တချို့ နဲ့  ကုန်သည်အသိုင်းဝိုင်း တချို့ ဖြစ်တယ်။ သူတို့တွေ

ရွေးကောက်ပွဲကိုဝင်မယ်။ လက်ရှိအခြေအနေပေါ်မှာသူတို့ ရူမြင်ပုံက

• သူတို့ကလက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ သန်းရွေစစ်အုပ်စုရဲ့ အုပ်ချုပ်ရေးညံဖျင်းမှုကြောင့်

လို့မြင်တယ်။

• လက်ရှိနိင်ငံရေး ပြဿနာကို အကောင်းဆုံးဖြေရှင်းနိင်တာက အာဏာကို စစ်တပ်က ကိုင်ထား၊ အုပ်ချုပ်ရေးနဲ့

စီးပွားရေးကို ငါတို့ ကိုပေးကိုင်မယ်။

• ဒီမိုကရေစီ တဖြည်းဖြည်းတော့ ဖြစ်လာမယ်ဆိုတဲ့ပေါ်လစီ။

ဒီလူတွေက လူတွေနဲ့ တွေ့ရင် သန်းရွေမကောင်းဘူး၊ ဒီချုပ်ကလည်း အရည်အချင်းမရှိဘူးလို့ ပြောလေ့ရှိကြ တယ်။ သန်းရွေနဲ့

တွေ့ ရင်တော့ ရနိင်သမျှ အခွင့်အရေးတွေကိုတောင်းယူလေ့ရှိကြသူတွေပါ။ ဒေါ်စုကိုတော့တခါမှတွေ့ ဖို့ မကြိုးစား၊လွှတ်ပေးပါလို့

မတောင်းဆို၊ နအဖရဲ့ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ လာဘ်စားမှုတွေအပေါ်မှာ တုံနိဘာဝေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ

လေသံတောင် မဟဘူးသူတွေပါ။ ၂၀၁၀ရွေးကောက်ပွဲအပေါ်မှာ ဖင်တကြွကြွအဖြစ်ဆုံးကသူတို့ ဖြစ်နေတာတော့ ဆိုးတာပဲ။


သန်းရွှေခေါင်းမာဂိဏ
ုး ရဲ အ
့ ကြံ

သန်းရွေခေါင်မာဂိုဏ်းရဲ့ အမြင်က ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းဟာ တရားဝင်မှု ( Legitimate Crisis ) လို့

ယူဆကြတယ်။ စစ်တပ်အနေနဲ့ နိုငင


်ံတော်အာဏာကို တရားဝင်ရယူနိင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခြေခံဥပဒေကို

အသက်သွင်းတယ်။ နောက်ဆုံးအဆင့်ကတော့ တရားဝင်ရွေးကောက်ပွဲနဲ့ အာဏာရတဲ့ပုံစံကို ဖန်တီးဖို့ လိုလာပါတယ်။

စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်နေတာ သန်းရွေဖြစ်ပါတယ်။ ဒီနေ့ နအဖပြောနေတဲ့  လမ်းပြမြေပုံ ၇ ဆင့်ဆိုတာတွေဟာ သန်းရွှေ

ရဲ့  အကြံတွေသာဖြစ်တယ်။ ဒီနေ့ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး သန်းရွှေလုပ်မှာကတော့

၁- သူဟာ တပ်ထဲမှာတပ်ချုပ်ကြီးရာထူးကိုဆက်ယူထားမယ်။

၂- ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ပေးမယ်။ ( သူကိုယ်တိုင်က တော့  ယူနီဖေါင်းချွတ်ပြီး ရွေးကောက်ပွဲကိုဝင်မှာ မဟုတ်ဘူး။ )

၃- စစ်တပ်က ပါတီတခုကို ဖွဲ့ ပေးမယ်။ ဒီပါတီကိုယ်စားလှယ်တွေအဖြစ် လက်ရှိအစိုးရထဲက ၀န်ကြီးတချို့ နဲ့  စစ်တပ်ထဲက

တချို့ ကို ရွေးကောက်ပွဲဝင်စေမယ်၊ ( ပါတီနာမည်တောင်မှန်းလို့ ရသေးရဲ့  ။ ဖွံ့ဖြိုးရေးတို့  ၊ တိုင်းရင်းသားညီညွတ်ရေး

စတဲ့ စာလုံးတွေပါတဲ့ နာမည်မျိုးတွေပါပါလိမ့်မယ်။ )

၎- အရပ်သားတွေထဲ ကို ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရွေးကောက်ပွဲပေးဝင်မယ်။

၅- စစ်ဗိုလ်ထဲက ထောင်နဲ့ ချီပြီး အထက် အမိန့်  နဲ့ ယူနီဖေါင်းချွတ်ခိုင်းပြီး ပုလိပ်ဖက်၊ မ၀တ ဖက်တွေကို စတဲ့အရေးမပါတဲ့

နေရာတွေကို အစားထိုးမယ်။ သူတို့ က ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်ပေးရဦးမယ်။

၆- အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားပါတီတွေကို လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့် ခင


ိုးမယ်။ လူမျိုးစုတွေထဲက တချို့

ခါင်းဆောင်တွေက ဘာညာကွီကွ နာမည်တွေနဲ့ ရွေးကောက်ပွဲကိုဝင်လာကြလိမ့်မယ်။

၇-ရွေးကောက်ပွဲမှာ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ပါတီကို အနိင်ရစေမယ်။

၈- ယူနီဖေါင်းချွတ်များ၊ နိင်ငံရေးလူပြက်များတွေနဲ့ ညောင်စေးကျအောင် ရောသမမွေပြီးတဲ့အခါမှာ အတုအယောင်

လွှတ်တော်ခေါ် ရုပ်သေး အစိုးရကိုဖွဲ့ စည်းစေမယ်။


၉- ပြီးတဲ့အခါမှာ တော့ သူက ၂၀၀၉ ခုနစ်အခြေခံဥပဒေအရ နိင်ငံတော်သမ္မတ ဟာ တပ်မတော်အကြီးအကဲ ဖြစ်ရမယ်ဆိုတဲ့

မူနဲ့ သူဟာ ရုပ်သေးဆရာကြီးအဖြစ် နဲ့  အစိုးရအဖွဲေ


့ ရာ စစ်တပ်ကိုပါ ကြိုးကိုင်နိင်ဖို့ ကြိုးပမ်းမှုမျှသာတည်း။

၂၀၁၀ နဲ့  ဒီမက
ို ရေစီမရ နိင်

ဆရာကြီး ဦးဝင်းတင်ပြောသလို ၂၀၁၀ လမ်းကိုလိုက်ရင် ငရဲပဲရောက်မယ်ဆိုသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲ မှာ ကိုယ့်ဖက်က

နိင်ခြေမရှိပါ။ ဘာဖြစ်လို့လဲ ဆိုတာကတော့ရှင်းတယ်။ ခေါင်းဆောင်တွေထောင်ထဲမှာ၊ အောက်ခြေကလှုပ်လို မ


့ ရဘူးဖြစ်နေတယ်။

ဒီတော့ စစ်တပ် က လက်ကိုငဒ


်ုတ်ပါတီ နိင်မယ်။ ဒီတော့ သူတို့ ဟာ တရားဝင်မှုရသွားပြီ။ ငါတို့တော့သွားပါပြီလို့ ယူဆချင်

သူတွေ ရှိတယ်။ ဒါဆိုမှားမယ်။

အဖြေက စစ်တပ်က ခုလည်းနိင်နေတာပဲမဟုတ်လား။ ခုလည်းနိင်ငံတော်အာဏာ သုံးရပ်စလုံးကို ချုပ်ကိုင်ထားတာပဲမဟုတ်လား။

သူတို့က နိင်လိုက်လို့ ဥုံဖွဆိုပြီး အရာခပ်သိမ်းတိုးတက်ပြောင်းလဲမှုတွေဖြစ်မလာပါဘူး။ နိင်ငံတကာက ထောက်ခံမှုတွေ ရလာဖို့

ကတော့ အတွက်စံနှုန်းတွေရှိပါတယ်။

- ရွေးကောက်ပွဲဟာ တရားမျှတမှုရှိရဲ့ လား

- လူအခွင့်အရေးချိုးဖေါက်ခံရမှုတွေဘယ်လောက်တိုးတက်လာသလဲ။

- နိင်ငံရေးအကျဉ်းသားတွေလွတ်ပြီလား

- စီးပွားရေးတိုးတက်မှုတွေဘယ်လောက်အထိရှိလာသလဲ

စတဲ့စံနှုန်းတွေကို ပြည့်မှီအောင် ၂၀၁၀ မှာ ဘာမှ မပါလာဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ဘာမှပြဌာန်းမထားဘူး။ စစ်တပ်က

နိင်ပြီလို့ နင
ိငံတကာကထောက်ခံလိုက်ပြီလို့ ကျနော်လုံးဝမယုံပါဘူး။

ကျနော်တို ဘ
့ာလုပ်ကြမလဲ

ကျနော်တို့ လုပ်ရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား သပိတ်မှောက်ဖို့ ဖြစ်ပါတယ်။ စီးပွားရေးမှာတင်

မမြင်ရတဲ့ လက်ရှိနေတာမဟုတ်ဘူး။ နိင်ငံရေးမှာလည်း မမြင်ရတဲ့ လှိုင်းလုံးကြီးရှိနေတတ်ပါတယ်။ မင်းကိုနိင်နဲ့ ၈၈ ကျောင်းသား

တွေ ဓါတ်ဆီဈေးကျဖို့  ချီတက်ဆန္ဒပြကြတော့ သံဃာလှုပ်ရှားမှုကြီးဖြစ်လာမယ်လို့ မတွက်ခဲ့ကြပါဘူး။ သံဃာလှုပ်ရှားမှုကြီးကို

နအဖက နိမ်နင်းလိုက်တော့ နာဂစ်မုန်တိုင်းကြီးဖြစ်လာမယ်လို့ ဘယ်သူကမှ မစဉ်းစားမိခဲ့ကြဘူး။ နအဖကို ပွဲသိမ်းစေတဲ့


လှိုင်းလုံးကြီးတွေပါ။ ကျနော်တို့  လက်ဦးမှု ကင်းမဲ့ခဲ့တယ်။

ဒီတခါလည်း ရောမလှိုင်းလုံးကြီးကလာနေပါပြီ။ လှိုင်းလုံးကြီးကတော့ စီးပွားရေးပျက်ကပ်လှိုင်းလုံးကြီးဖြစ်ပါတယ်။ အမေရိကန်

နယူးယောက်မြို့က စတော့ရှယ်ရှာဈေးကွက် ပျက်ရာက စလိုက်တဲ့ ငွေကြေးအကြပ်ရိုက်မှုက တကမ္ဘာလုံးကို အပြင်းထန်

ရိုက်ခတ်လိုက်ပြီဖြစ်ပါတယ်။ ဒီလှိုင်းက အမေရိကန်ကိုလည်း မညှာသလို တရုတ် ကိုလည်းအလွတ်မပေးပါဘူး။ အမေရိကန်

ဈေးကွက်ကိုရော၊ တရုတ်ဈေးကွက်ကိုလည်း မညှာပါဘူး။ အမေရိကန် ဈေးကွက်ဝယ်လို အားကျဆင်းမယ်။ တရုတ်ပြည်မှာ

စက်ရုံတွေ ထုတ်လုပ်မှုကျဆင်းလာနိင်တယ်။ မြန်မာ ပြည်လို ကုန်ကြမ်း ပို့ စားနေတဲ့ နိင်ငံတွေ ရဲ့ ကုန်ကြမ်းတွေ (သစ်၊ဆန်၊ ပဲ၊

ရေနံ၊ သဘာဝဓါတ်ငွေ့ ) ဒလဟော ဈေးကျဆင်းလာတာတွေဖြစ်လာမှာဖြစ်ပါတယ်။ ရလဒ်ကတော့ အာရှမှာ အလုပ်လက်မဲ့

့ပြသာနာ က နိင်ငံရေးမတည်မငြိမ်မှုတွေ အဆက်မပြတ်ဖြစ်လာမှာပဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနိင်ခြင်းမနိင်ခြင်းကို ကျနော်စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာကတော့ မဟာစီးပွား

ပျက်ကပ်အတွက် နအဖ မှာ ဘာအစီစဉ်မှာ မရှိဘူးဖြစ်နေခြင်းဖြစ်ပါတယ်။ နပိုလီယံပြောခဲ့သလိုပဲ စစ်တပ်က အစာအိမ်နဲ့

ချီတက်တာဆိုတာကို ဒီနေ့ ဗိုလ်ချုပ်တွေ မေ့နေပါတယ်။

နအဖ ၀န်ကြီးချုပ်သိန်းစိန်ကတော့ မြန်မာပြည်မှာအလုပ် အကိုင်တွေ အများကြီးရှိတယ်။ အလုပ်သမားတွေပြန်လာနိင်တယ်လို့

ဆိုပါတယ်။ အလုပ်တွေပေါတာသေချာတယ်။ ဒါပေမဲ့  အလုပ်ထက်ပိုပေါတာကတော့ လုပ်အားခ ဖြစ်နေခြင်းဖြစ်ပါတယ်။ တနေ

ကုန်လုပ်လို့ ထမင်းတနပ်ဖိုး မရတဲ့လုပ်ခဖြစ်နေပါတယ်။ ဒီတော့ သိန်းစိနေ


် ပြာသလို့ အလုပ်သမားတွေပြန်လာမှာပါ။ ရိုးရိုး

လာမှာတော့မဟုတ်ဘူး။ သူခေါင်းကိုရိုက်ခွဲဖို့ ပေါက်တူးတွေ တူးရွင်းတွေ ကိုင်ပြီးပြန်လာခဲ့တော့မှာ မဝေးတော့ဘူးလို့

ဆိုပါရစေတော့။

မမြင်ရတဲ့ လှိုင်းကြီးလုံးကြီးက ပစိဖတ်သမုဒ္ဒရာကိုဖြတ်ပြီး မြန်မာပြည်ကိုဦးတည်နေပါပြီ။ ဒီလှိုင်းကြီးကြွလာမယ်။ ဒီလှိုင်းကြီးကို

ပစ်မှတ်ကိုထိအောင်ကျနော်တို့ ဦးတည်ပေးရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ မဲ မပေးကြနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့

ကျနော်တို့ လှုံ့ ဆော်ရမှာဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ ထွက်ပေါက်မဟုတ်။ ထွက်ပေါက်အမှန်ကတော့

စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုတဲ့ လူထုလှုပ်ရှားမှုအတွက် ကျနော်တို့အစွမ်းကုန်

ကြိုးပမ်းကြရမယ်။

မိုး သီးဇွန် (ဒီဇင်ဘာ၊ ၂၀၀၈)


စစ်မန
ွ ေ
် သာ ရွေးကောက်ပွဲ၊ အာဏာရှငေ
် ရွးကောက်ပွဲနှင့် မြန်မာပြည်အနာဂတ်

ရွေးကောက်ပွဲ။

ဒီစကားလုံးဟာ မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ မီဒီယာတွေ၊ စာတမ်းဖတ်ပွဲတွေမှာ ရေပန်းအတော်စားနေတဲ့

စကားလုံးတခုပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေတည်ပြီး ထွက်ပေါ်လာမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး

ဆွေးနွေးကြ၊ ငြင်းခုံကြ၊ သဘောထားတွေ ဖလှယ်ကြနဲ့မို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလောကတခုလုံးမှာ ရွေးကောက်ပွဲနဲ့

ပတ်သက်တဲ့အသံတွေ အများအပြား ထွက်ပေါ်နေပါတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်

အရေးပါတဲ့ အချက်တခုဖြစ်တာကြောင့် ရွေးကောက်ပွဲကို အားပေးထောက်ခံသင့်တယ်၊ ရွေးကောက်ပွဲ ၀င်သင့်တယ်၊

ပါလီမန်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အဆိုပြုသူတွေလဲ ရှိပါတယ်။ ရွေးကောက်ပွဲ

စည်းမျဉ်းစည်းကမ်းတွေ၊ ပါတီထောင်ခွင့်တွေ ထွက်ပေါ်လာသေးတာ မရှိပေမယ့် ရွေးကောက်ပွဲဝင်မယ့်

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စည်းရံုး လှုံ့ဆော်မှုတွေကလဲ ပြည်တွင်းမှာ ပေါ်ထွက်နေပါတယ်။ တပြိုင်နည်တည်းမှာတင်

ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ အကျိုးကျေးဇူးကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဆုပ်ကိုင်ပြီး

ပြည်သူလူထုနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းအကောင်အထည်ဖော်တဲ့ အာဏာရှင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး

ကင်ပိန်းတွေကလဲ ထွက်ပေါ်လာပါတယ်။

ဒီနေရာမှာ စကားလုံးအရ ကွဲပြားမှု အချက်နှစ်ခုကို သတိပြုမိဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံ အားပေးသင့်တယ်လို့

အဆိုရှိသူများက ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကိုပဲ အသုံးပြုထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သရုပ်မှန်ဖြစ်တဲ့

အာဏာရှင်ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို ထည့်သွင်းအသုံးပြုထားတာ မရှိပါဘူး။ ဒီလိုပဲ။ ရွေးကောက်ပွဲကို

ဆန့်ကျင်ကန့်ကွက်သူများကလဲ အာဏာရှင်ရွေးကောက်ပွဲကို ဆန့်ကျင်တာဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့

ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီတော့

စစ်မှန်သော ရွေးကောက်ပွဲကို ဘာကြောင့် ထောက်ခံသင့်သလဲ၊ အာဏာရှင်ရွေးကောက်ပွဲကို ဘာကြောင့်

ကန့်ကွက်သင့်သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ရွေးကောက်ပဆ
ွဲ ရ
ိုာဝယ်

ရွေးကောက်ပွဲနဲ့ မဲပေးခြင်း ဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy ) နဲ့ အများဆုံး ဆက်နွယ်နေပါတယ်။

ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိင


ုငံရေးရှုထောင့်ကနေ အနက်အဓိပ္ပာယ်ပြန်ဆိုတဲ့အခါ လူအများကို
ကိုယ်စားပြုပြီး၊ လူတဦးတယောက်ကနေ (သို့မဟုတ်) လူတစုကနေ ရပ်တည်တာ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တာလို့

အဓိပ္ပာယ်ရပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ ကိုယ်စားပြုမှု ဆိုတဲ့ သဘောတရား

ပါဝင်လာတဲ့အတွက် အစိုးရဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောတွေနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့

နိုင်ငံတော်အုပ်ချုပ်ရေးစနစ်တခုဖြစ်ပါတယ်။ ဒီတော့ လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲတွေဟာ

လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့ အခြေအနေ (necessary condition)

တခုဖြစ်လာပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံး နှလုံးသား ဖြစ်တယ်လို့ တွေးမြင်ယူဆသူတွေလဲ

ပေါ်ထွက်လာပါတယ်။ ဒီအတွေးအမြင်ကို ရောင်ပြန်ဟပ်စေတဲ့ အယူအဆတွေကို Joseph Schumpeter ရေးသားတဲ့

Capitalism, Socialism, Democracy (1942) စာအုပ်ထဲမှာ အတိအကျ တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက

သူတို့ကို အုပ်ချုပ်မယ့်သူတွေကို လက်ခံခြင်း၊ ကန့်ကွက်ခြင်း ဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့ အဆိုကို လက်ခံပြီး

ဒီမိုကရက်တစ်အစိုးရဆိုတာကို ရွေးကောက်ပွဲပြုလုပ်ပေးတဲ့ အစိုးရအနေနဲ့သာ ယုံကြည်ရေးသားကြတဲ့

နိုင်ငံရေးသီအိုရီပညာရှင်တွေ အများအပြားပါပဲ။ ဒါပေမယ့် အာဏာရှင်အစိုးရတွေကလဲ ရွေးကောက်ပွဲတွေ ကျင်းပလာပြီး

ဒီမိုကရေစီအစိုးရတွေအနေနဲ့ အသွင်ဆောင်လာတဲ့ အခါမှာကျတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်ဖို့အတွက် စစ်မှန်သော

ရွေးကောက်ပွဲဆိုတဲ့ သဘောတရားက ထပ်မံထွက်ပေါ်လာရပါတော့တယ်။

စစ်မန
ွ ေ
် သာ ရွေးကောက်ပွဲ

စစ်မှန်သော ရွေးကောက်ပွဲဆိုတာကို တိုင်းတာဖို့အတွက် နိုင်ငံရေးပါတီတွေအကြား၊ အဖွဲ့အစည်းတွေ အကြား ပြိုင်ဆိုင်မှုရှိတဲ့

ရွေးကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ တပါတီစနစ်ကို တပါတီအာဏာရှင်စနစ်အဖြစ်

သတ်မှတ် ပုံဖော်ခြင်းဟာ ဒီအချက်နဲ့ ဆိုင်ပါတယ်။ အပြိုင်အဆိုင် ကင်းမဲ့နေတာဖြစ်တဲ့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေကို

စစ်မှန်သော ရွေးကောက်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး။ စစ်မှန်သော ရွေးကောက်ပွဲမဟုတ်တဲ့ ရွေးကောက်ခံရပြီး တက်လာတဲ့

အစိုးရဟာလဲ အာဏာရှင်အစိုးရပဲဖြစ်ပါတယ်။ ဒီလိုအစိုးရရှိနေတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးစနစ်ကိုလဲ အာဏာရှင်စနစ် လို့ပဲ

သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာက တခြားနိုင်ငံရေးဆက်ဆံရေး လမ်းကြောင်းတွေလိုပဲ အစိုးရနဲ့

လူထုအကြား၊ ရေပေါ်ဆီနိုင်ငံရေးသမားတွေနဲ့ အများပြည်သူတွေကြားမှာ တဦးနဲ့ တဦးလွှမ်းမိုးခွင့်ကို ကြိုးပမ်အားထုတ်ကြရတဲ့

နှစ်လမ်းသွားပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့


(၁) နိုင်ငံရေးသမားများကို ရွေးချယ်ခန့်ထားခြင်း

ရွေးကောက်ပွဲဆိုတာ နိုင်ငေ
ံ တ်ာအတွက် လိုအပ်တဲ့ ပြည်သူ့ရေးရာဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့

နိုင်ငံရေးသမားတွေကို ရွေးချယ်ခန့်ထားခြင်း တမျိုးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာ

ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးသမားတွေကို ကနဦး ရွေးချယ်ကြရပါတယ်။ ဒီနင


ိုငံရေးသမားတွေဟာ ပြည်သူ့ရေးရာ ဌာနတွေနဲ့

ပတ်သက်တဲ့ အသိပညာတွေ၊ အတွေးအကြုံတွေ ရှိနေဖို့ လိုအပ်သလို လူထုဆက်ဆံရေးမှာလဲ ကျွမ်းကျင်သူများ ဖြစ်ရပါမယ်။

ဒီနိုင်ငေ
ံ ရးသမားတွေရဲ့ နောက်ကွယ်မှာလဲ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိရပါမယ်။ ပြည်သူ့ရေးရာဌာနတခုကို

နိုင်နိုင်နင်းနင်း၊ မှန်မှန်ကန်ကန် တာဝန်ယူနိုင်မှုဆိုတာ ကမ္ဘာ့အမြင့်ဆုံး တောင်တွေကို တက်တာနဲ့ အတူတူပါပဲ။

တောင်ထိပ်ရောက်သွားတဲ့ တောင်တက်သမားတွေကိုပဲ လူအများက မှတ်မိ ချီးကျူးတတ်ကြတယ်။ စံချိန်တင်တတ်ကြတယ်။

ဒီတောင်တက်သမားတယောက် တောင်ထိပ် ရောက်သွားဖို့ ဇွဲလုံ့လ၀ီရိယ၊ သတ္တိနဲ့ စိတ်ခွန်အားတွေလိုအပ်သလို၊

စနစ်တကျပံ့ပိုးပေးနိုင်တဲ့ crew member လေးရာကျော်လိုအပ်ပါတယ်။ နောက်ကွယ်မှာ ပံ့ပိုးမှုတွေမပါပဲ

ကမ္ဘာ့အမြင့်ဆုံးတောင်တွေရဲ့ တောင်ထိပ်တွေကိုရောက်သွားတဲ့ တောင်တက်သမားတွေ အတော်နည်းပါတယ်။

နိုင်ငံရေးသမားဆိုတာလဲ ဒီအတိုင်းပါပဲ။ ပြည်သူ့ရေးရာဌာနတခုခုကို တာဝန်ယူရမယ့် နိုင်ငံရေးသမားတွေလဲ ဒီအတိုင်းပါပဲ။

ဘယ်သူမှ ကဏ္ဍစုံမှာ နက်နက်နဲနဲ မကျွမ်းကျင်နိုင်ပါ။ ကဏ္ဍစုံမှာ ကျွမ်းကျင်သူတွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကသာ

ကျွမ်းကျင်သယောင်ယောင်ဖြစ်နေတဲ့ အရည်အချင်းထက် ပိုတန်ဖိုးရှိပါတယ်။ ဒီအရည်အချင်းမှာ အားနည်းနေတဲ့

နိုင်ငံရေးသမားနဲ့ နိုင်ငေ
ံ ရးပါတီတွေဟာ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်သလို၊ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်လဲ

လက်တွေ့လုပ်ငန်း ဆောင်တာတွေကျရင် ကသောင်းကနင်းဖြစ်တတ်ပါတယ်။ အစိုးရအဖွဲ့တခုမှာ တာဝန်ယူဖို့ မျှော်မှန်းတဲ့

နိုင်ငံရေးသမားမှာ ရွေးကောက်ခံခဲ့ရရင် သက်ဆိုင်ရာ နယ်မြေမှာ ထမ်းဆောင်ရမယ့် တာဝန်တွေ၊ အစိုးရအဖွဲ့ ကော်မတီတွေမှာ

ပါဝင်တဲ့အခါ ကိုယ့်ပခုံးပေါ် ရောက်လာနိုင်မယ့် တာဝန်တွေ၊ အစိုးရ၀န်ကြီးဌာနတွေကို တာဝန်ယူဖွဲ့စည်းတဲ့အခါ ၀န်ကြီးဌာန

ယန္တရား လည်ပတ်ပုံတွေ၊ ကိုယ်ပိုင် ရုံးမှာ ဘယ်လိုအတွေ့အကြုံနဲ့ ဘယ်လိုအသိပညာရှိတဲ့ လူတွေ လိုအပ်တယ် ဆိုတာတွေကို

သိရှိနေဖို့ အလွန်အရေးကြီးပါတယ်။

တချို့နိုင်ငံတွေမှာ တော်လှန်ရေးကနေ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေ ရှိတတ်ပါတယ်။ အဲဒအ


ီ ခါမျိုးမှာ ပါလီမန်တွေထဲမှာ

ပြဿနာတွေ တက်လေ့ရှိတယ်။ တော်လှန်ရေးသမားကနေ အမတ်ဖြစ်လာသူတွေကလဲ တော်လှန်ရေးကို

စွန့်လွှတ်ပေးဆပ်အနစ်နာခံပြီး အနိုင်ရအောင်နွှဲလာတာ ဆိုတဲ့ မာနတွေ ရှိတယ်။ အာဏာရှင်ဟောင်းလက်ထက်က ဗျူရိုကရက်

လူတန်းစားတွေကလဲ အုပ်ချုပ်ရေးဌာနတွေကို စီမံခန့်ခွဲတာကို အတွေ့အကြုံတွေ ရှိလာတာဆိုတဲ့ မာနတွေရှိတယ်။


ပညာရှင်တွေကလဲ အသိပညာ၊ ဗဟုသုတနဲ့ ပြည့်စုံသူတွေဆိုတဲ့ မာနရှိတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဘယ်သူမှ

မပြည့်စုံပါဘူး။ တော်လှန်ရေးခေါင်းဆောင်ရဲ့ အတွေ့အကြုံဆိုတာကလဲ Conventional Politics အတွေ့အကြုံ မဟုတ်ပါဘူး။

တော်လှန်ရေးခေါင်းဆောင်ဖြစ်တာနဲ့ ၀န်ကြီးဌာနတခုကို ဦးဆောင်စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းရှိနေပါပြီလို့ ဘယ်သူမှ တထစ်ချ

မပြောနိုင်ပါဘူး။ ဒီလိုပဲ ဗျူရိုကရက်တွေအတွက်ကလဲ သူတို့ဆီရှိခဲ့တဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးပုံစံတွေဟာ စနစ်သစ်နဲ့အညီ

ပြောင်းလဲမှုတွေ အများကြီး ရှိတယ်ဆိုတာ နားလည်လက်ခံရမှာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဘက်ကလဲ စာတွေ့နဲ့ လက်တွေ့

အမြဲတမ်းထပ်တူမကျနိုင်ဘူးဆိုတာကို လက်ခံရမှာပဲဖြစ်ပါတယ်။ အဓိကက အရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ

ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဘယ်လို ဆောင်ကျဉ်းပေးနိုင်မလဲ ဆိုတာက အစိုးရအဖွဲ့ဝင်တွေ၊

ပြည်သူ့ကိုယ်စားလှယ်တွေအတွက် အရေးကြီးဆုံးပါပဲ။ ဒါကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ဒီလိုနားလည်မှုမရှိတဲ့ အစိုးရအဖွဲ့တွေ အကွဲကွဲအပြဲပြဲနဲ့ အပျက်ပျက်အယွင်းယွင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဖဆပလ

အစိုးရလက်ထက်က ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေနဲ့ ဂိုဏ်းဖွဲ့မှုတွေဟာ ဒီလိုအာရုံစိုက်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်အထိမှာလဲ ဒီလို “မင်းကဘာလဲ၊ ငါက ဘာလဲ“ ဆိုတာတွေက နိုင်ငံရေးလောကတွေမှာ ရှိနေကြဆဲပဲ။

အကြောင်းအရာကိစ္စတခုကို ဆွေးနွေးနေတုန်းမှာ မင်းကဘာလဲလို့ တဘက်လူကို မမေးခင်၊ ပြောနေတဲ့ အကြောင်းအရာမှာ

ဒီမေးခွန်းမေးဖို့ လိုအပ်သလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ ငါက ဘာ၊ ဘယ်လိုလုပ်ခဲ့တာ၊ ဘာတွေ ပေးဆပ်ခဲ့တာတွေ

မပြောခင် ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ဒါက ဆက်စပ်သလားဆိုတာ အရင်စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားမှုတွေသာ

ကြိုရှိမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ အချိန်တ၀က်ကျော် သက်သာပြီး၊ ဘာလုပ်သင့်လဲဆိုတာကို ဦးတည်သွားနိုင်မှာ

အသေအချာပါပဲ။

(၂) အစိုးရဖွဲ့စည်းခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲရဲ့ တခြားလုပ်ငန်းတာဝန်တရပ်ကတော့ အစိုးရဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့

ဗင်နီဇွဲလားနိုင်ငံတို့မှာ ရွေးကောက်ပွဲတွေဟာ အစိုးရအဖွဲ့တွေကို တိုက်ရိုက် ရွေးချယ်ပေါ်ပေါက်လာစေပါတယ်။

တချို့နိုင်ငံတွေမှာကျတော့ ရွေးကောက်ပွဲတွေဟာ အစိုး ရဖွဲ့စည်းခြင်းကို လွှမ်းမိုးသက်ရောက်မှုရှိစေပါတယ်။ ပါတီစုံ၊ ၀ါဒစုံ

အရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြားမှာ အာဏာခွဲဝေမှုတွေအတွက် ရွေးကောက်ပွဲဟာ အရေးကြီးတဲ့

လိုအပ်ချက်တရပ်ပါ။
(၃) ကိုယ်စားပြုမှုဖော်ဆောင်ခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ လူထုရဲ့

ဆန္ဒသဘောထားကို ဆောင်ကျဉ်းပေးတဲ့ လူထုကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ စစ်မှန်တဲ့ ရွေးကောက်ပွဲကနေ

ပေါ်ထွက်လာတဲ့ အစိုးရဟာ လူ့အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုထားတဲ့ microcosm လို့ ပညာရှင်များက သတ်မှတ်ကြတာ

ဖြစ်ပါတယ်။

(၄) မူဝါဒများကို လွှမ်းမိုးထိန်းချုပ်ခြင်း

အစိုးရတွေဟာ အာဏာရှင်စနစ် အစိုးရတွေ ဖြစ်လာတဲ့အခါ အစွန်းရောက်မူဝါဒတွေ၊ ပြည်သူ့သဘောထား အမှန်နဲ့ မကိုက်ညီတဲ့

မူဝါဒတွေ၊ အာဏာရှင်တွေရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒတွေကို ပြဌာန်းတတ်ပါတယ်။ စစ်မှန်တဲ့

ရွေးကောက်ပွဲတွေဟာ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတွေကို ပေါ်ထွက်လာစေနိုင်တာကြောင့် ဒီလို မူဝါဒရေးရာကို အာဏာနဲ့

အလွဲသုံးစားပြုလုပ်မှုတွေကို တားဆီးပေးနိုင်ပါတယ်။

(၅) ပြည်သူလူထုအား နိင


ုငံရေးအသိပညာ ဖြန့်ဖြူးပေးခြင်း

စစ်မှန်တဲ့ ရွေးကောက်ပွဲတခု မပေါ်ထွက်လာခင်မှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သင့်တော်တဲ့

စည်းရုံးရေးကာလ တခုရှိဖို့ အရေးကြီးပါတယ်။ ဒီကာလတွေမှာ နိုင်ငေ


ံ ရးပါတီတွေ၊ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ၊

နိုင်ငံရေးစနစ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။

ဒီလိုသတင်းအချက်အလက်တွေ ထုတ်ပေးနိုင်ဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးမှာ တန်းတူညီမျှ အခွင့်အရေးတွေ

ရှိဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ

စည်းရုံးဟောပြောထုတ်ဖော်ပြောကြားခွင့် တွေကို လက်ရှိအစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေ ရှိရင်၊ လက်ရှိအစိုးရရဲ့ မူဝါဒနဲ့

သဘောထားတွေကိုပဲ စာနယ်ဇင်း၊ သတင်း၊ မီဒီယာတွေကနေ ဖြန့်ဝေတယ်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ထွက်ပေါ်လာမယ့်

ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုနိုင်ပါတယ်။

(၆) Legitimacy တည်ဆောက်နိုင်ခြင်း

Legitimacy ဆိုတာ လက်တင်စကား legitimare ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ to make lawful


(တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်း) ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ဖြစ်၊

အာဏာရှင်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် Legitimacy ကို အတိုင်းအတာတခုအထိ တည်ဆောက်နိုင်ပါတယ်။ အာဏာရှင်နင


ိုငံတွေမှာ

အာဏာရှင်တွေဟာ သူတို့ကိုယ်တိုင်ပါဝင်တဲ့ အစိုးရတွေပဲ ဖြစ်ဖြစ်၊ သူတို့ ကြိုးကိုင်ထားတဲ့ အစိုးရတွေပဲဖြစ်ဖြစ်

အစိုးရသစ်တွေရဲ့ legitimacy ရဖို့အတွက် ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ အာဏာရှင် ရွေးကောက်ပွဲတွေ ဆိုတာ

ဒီလုပ်ငန်းဆောင်တာပေါ်မှာ အဓိကဗဟိုပြုပြီး ထွက်ပေါ်လာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဒီအချက်တွေနဲ့ ရည်ညွှန်းပြောဆို လေ့ရှိကြပါတယ်။

ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံပေါ်မှာ မူတည်နေတာကြောင့်

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာလာကြပါတယ်။ လွတ်လပ်၍

တရားမျှတသော ရွေးကောက်ပွဲဆိုတာကတော့ electoral process ကို တန်းတူညီမျှအားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့

လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့်မရှိအောင်

အာဏာရှင်ဘက်တော်သားတွေက ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ နိုင်ငေ


ံ ရးပါတီတွေ ကနေ ရွေးကောက်ခံ

ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ်လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှေ


ိ နတဲ့ ရွေးကောက်ပွဲကို

စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီလိုသွင်ပြင်လက္ခဏာ၊

လုပ်ငန်းဆောင်တာတွေ ရှိနေတတ်ပါတယ်။

အာဏာရွငေ
် ရွးကောက်ပန
ွဲ င
ှ့် အတိက
ု အ
် ခံအင်အားစု အက်ကြောင်းများ

အာဏာရှင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ လူအများက အသိအမှတ် မပြုကြပါဘူး။ ရှေ့ပိင


ုးမှာ

ဆိုခဲ့သလိုပဲ အာဏာရှင်ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ ခြိမ်းချောက်နှောင့်ယှက်မှုတွေ၊ ပိတ်ပင်တားမြစ်မှုတွေ

အတိုင်းအတာတခု အထိ ရှိနေတတ်လို့ပါပဲ။ ဒါပေမယ့်လဲ အာဏာရှင်ရွေးကောက်ပွဲတွေကတော့ အများအပြား ပေါ်ထွက်နေဆဲပဲ

ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပေါ်ထွက်နေရလဲ။ အာဏာရှင် ရွေးကောက်ပွဲတွေ ထွက်ပေါ်လာရခြင်းဟာ အာဏာရှင်တွေအတွက်

အကျိုးကျေးဇူးတွေ ရှိနေစေလို့ပါပဲ။

နိုင်ငံရေးပညာရှင် Gandhi နဲ့ Peuter တို့က အာဏာာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံ အင်အားစု တွေကို

အတွေးအခေါ် စစ်ပွဲအသွင်သဏ္ဍာန်နဲ့ အစိတ်စိတ်အမြွာမြွာ ကွဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။ (၁၉၄၆)

ကနေ (၂၀၀၆) ခုနှစ်အထိ နှစ်ပေါင်း ခြောက်ဆယ်ကာလအတွင်းမှာ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ရွေးကောက်ပွဲတွေကို

လေ့လာပြီးမှ ဒီအချက်ကို သူတို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး
အတိုက်အခံ အင်အားစုတွေအကြားမှာ ဖြစ်ပျက်နေတဲ့ အက်ကြောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အင်မတန် တော်တည့်မှန်ကန်တဲ့

အဆိုတရပ်လို့ ဆိုရပါလိမ့်မယ်။

အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံအင်အားစု ဆိုတာမှာကလဲ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။

တချို့ကကျတော့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာက ကိုယ့်မှာ အာဏာ မရနိုင်တဲ့အတွက် ဆန့်ကျင်တာ ဖြစ်ပါတယ်။

မိဘမျိုးရိုးကြောင့်ပဲ ဖြစ်ဖြစ်၊ ပညာအရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေကြေးပြည့်စုံတာကြောင့်ပဲဖြစ်ဖြစ်၊ လူအများကြားမှာ

ရေပန်းစားတာကြောင့်ပဲ ဖြစ်ဖြစ် မိမိကိုယ်ကို ပါလီမန်အမတ်ဖြစ်သင့်တယ်လို့ အလိုလိုနေရင်း အထင်ကြီး ဘ၀င်မြင့်နေသူတွေ

အတိုက်အခံ လောကထဲမှာ ရှိတတ်ပါတယ်။ အာဏာရှင်က ရွေးကောက်ပွဲတွေ ကျင်းပပေးတဲ့အခါ ဒီလိုလူမျိုးတွေကို နှစ်ခါ

ခေါ်စရာ မလိုပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို ကောက်ခါငင်ခါ ထောက်ခံကြတော့တာပါပဲ။ တချို့ အတိုက်အခံတွေကျတော့လဲ

နှစ်ပေါင်းများစွာ ကြာတတ်တဲ့ တော်လှန်ရေးသဘောသဘာဝမှာ ပါနေကြရင်း လူမှုရေး၊ စီးပွားရေးမှာ ရုန်းရင်းကန်ရင်း

အားကုန်ပင်ပန်းလာတာရှိပါတယ်။ “ ရွေးကောက်ပွဲဖြစ်သွားရင်တော့ အာဏာရှင်အစိုး ရဟာ political legitimacy

ဖြစ်သွားတော့မှာပါ။ တို့ ဆက်တိုက်လို့လဲ ဘာထူးမှာလဲ။ မဖြစ်မနေ လျှောက်ရတော့မယ့် ခင်းပြီးသား လမ်းမှာပဲ

တက်လျှောက်လိုက်တော့မယ်“ လို့ ယူဆလာတတ်ကြပါတယ်။ ဒီလိုစိတ်ဓာတ်ကျနေသူတွေဆီကလဲ အာဏာရှင်ရွေးကောက်ပွဲကို

ထောက်ခံမှုတွေ ပေါ်ထွက်လာတတ်ပါတယ်။

မိမိပညာ၊ မိမအ
ိ ရည်အချင်းတွေနဲ့ ဘ၀ရပ်တည်နေတာမဟုတ်ပဲ နိုင်ငံတကာအကူအညီနဲ့ ရပ်တည်နေရတာဆိုရင်

ပိုဆိုးတတ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ပြည်ပအခြေစိုက် အတိုက်အခံ အင်အားစုရှိတဲ့ နိုင်ငံတွေတိုင်းမှာ ရွေးကောက်ပွဲဆိုတဲ့

စကားလုံးဟာ အတော်ဂယက်ရိုက်စေတတ်ပါတယ်။ တော်လှန်ရေးကာလတွေမှာ ပြည်ပနိင


ုငံတွေ၊ အန်ဂျီအိုတွေက

တော်လှန်ရေးသမားတွေကို ထောက်ပံ့ကူညီပေးကြပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲဆိုတာ ပေါ်ထွက်လာတဲ့အခါကျတော့

“ရွေးကောက်ပွဲပြီးသွားရင် ထောက်ပံ့ကူညီမှုတွေများ ရပ်သွားလေမလား” ဆိုတဲ့ အတွေးက အင်အားစုတွေကို

ကိုင်လှုပ်လာပါတော့တယ်။ တခြားဘ၀ ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း အတွက်ကလဲ ပြင်ဆင်ထားတာ

အားနည်းတဲ့အခါမှာကျတော့ ပေါ်လစီပြောင်း၊ ဘက်ပြောင်းသွားတဲ့ အန်ဂျီအိုတွေနဲ့ ဆက်သွယ်လှုပ်ရှားနေရသူတွေ

ကြားညပ်ပါတော့တယ်။ ဘ၀ရပ်တည်ရေးကတဖက်၊ နိုင်ငံရေးရပ်တည်ချက်ကတဖက် လွန်ဆွဲလာတဲ့အခါမှာ

နိုင်ငံရေးရပ်တည်ချက်ကို ဦးစားပေးရွေးချယ်သူတွေ ရှိလာသလို၊ ဘ၀ရပ်တည်ရေးကို ဦးစားပေးရွေးချယ်သူတွေ

ရှိလာပါတော့တယ်။ ဒီလိုလူတွေဆီကနေလဲ အာဏာရှင်ရွေးကောက်ပွဲ ထောက်ခံရေး အဆိုတွေ ထွက်ပေါ်လာတတ်ပါတယ်။

နောက်ထပ်ကွဲအက်နိုင်တဲ့ အက်ကြောင်းတခုကတော့ ပညာရှင်တွေ၊ လေ့လာသူတွေ ဆီမှာ ဖြစ်ပါတယ်။ အခြေအနေ၊

အကြောင်းကြောင်းကြောင့် ပြည်ပအတိုက်အခံ အင်အားစုတွေဟာ ပညာရှင်တွေကို အသိအမှတ်ပြုမှု အလွန်အားနည်းပါတယ်။


ဘယ်ကဘယ်လို ထွက်လာမှန်းမသိခဲ့တဲ့ ပညာတတ်တွေ ဖောက်ပြန်တတ်တယ်၊ မယုံရဘူး ဆိုတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို

ဂရုမစိုက်ဘူး၊ လက်တွေ့လုပ်လာတာ ဆိုတဲ့ စကားလုံးတွေက တခါတရံ တော်လှန်ရေး အသိုင်း အ၀ိုင်းမှာ အလွန်ကြီးစိုးပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ သီအိုရီအခြေခံမပါပဲ ထွက်ပေါ်လာခဲ့တဲ့ လက်တွေ့အလုပ်တွေ အတော်နည်းနေပါပြီ။

ငွေကြေးဝန်ဆောင်မှုအတွက် သုံးနေကြတဲ့ ဘဏ်ကတ်တွေဟာ သင်္ချာသီအိုရီတွေပေါ်မှာ အခြေခံထားပါတယ်။

သောက်သုံးနေကြတဲ့ ရေသန့်တွေ၊ အချိုရည်တွေရဲ့ ထုတ်လုပ်မှုဖြစ်စဉ်မှာ ဓာတုဗေဒသီအိုရီတွေကို အခြေခံထားပါတယ်။

နောက်ဆုံး ဒီမိုကရေစီတော်လှန်ရေး၊ ကွန်မြူနစ်တော်လှန်ရေး ဆိုတဲ့ တော်လှန်ရေးတွေမှာတောင် ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်

သီအိုရီတွေ၊ ကွန်မြူနစ်ဝါဒသီအိုရီတွေပေါ် အခြေခံပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မာ့စ်က သီအိုရီတွေ အများကြီးပါတဲ့

စာအုပ်တွေ ရေးခဲ့တယ်။ Adam Smith က စီးပွားရေးသီအိုရီတွေပါတဲ့ စာအုပ်ကို ရေးခဲ့တယ်။ သူတို့ က

လက်တွေ့အကောင်အထည်ဖော်ခဲ့တာ မဟုတ်ပါ။ ဒီသီအိုရီတွေကို ကိုင်စွဲပြီး လက်တွေ့အကောင်အထည်ဖော်သူတွေက

ဖော်ဆောင်ခဲ့ကြပါတယ်။

ဒါကြောင့် သီအိုရီနဲ့ လက်တွေ့နဲ့ကို ခွဲခြားဖယ်ထုတ်နေစရာ မလိုအပ်ပါ။ သီအိုရီသမားတွေဘက်ကလဲ လိုအပ်မယ်ထင်တာကို

ပညာရပ်တွေပေါ်မှာ အခြေခံပြီး ပြောစရာရှိတာပြော၊ ရေးစရာရှိတာ ရေးလိုက်ရုံပဲ ရှိပါတယ်။ ဒါကို လူတွေ လိုက်လုပ်ရမယ်လို့

မျှော်လင့်စရာ မလိုအပ်ပါ။ ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်ကြရုံပါပဲ။ ဒါပေမယ့် လောကမှာ လူတွေဆိုတာကလဲ

မလိုတဲ့အလုပ်တွေကိုမှ ဇာချဲ့ချင်ကြပါတယ်။ ပညာရှင်တွေ၊ သီအိုရီကျွမ်းကျင်သူတွေကလဲ သူပဲတတ်၊ သူပဲသိသလိုလို

မာနတွေရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကို တကယ့် ရေပေါ်ဆီတွေလို အတွေးတွေ ၀င်ပြီး ဘ၀မြင့်တတ်ကြတယ်။ သူတပါးကို

မသိသလို၊ မတတ်သလို ဆက်ဆံချင်တတ်ကြတယ်။ လူတွေမှာကလဲ ဘ၀မြင့်စိတ်ရှိသလို၊ အငုံ့စိတ်တွေရှိတတ်ကြတယ်။

လက်တွေ့မပါတဲ့ ပညာရှင်ကလဲ အတွေ့အကြုံမရှိတာကို ကိုယ့်ကိုကိုသိပြီး အငုံ့စိတ်ရှိတယ်။ လက်တွေ့ပဲရှိပြီး

စာတွေ့နည်းသူကလဲ သီအိုရီသမားတွေ ပြောတိုင်းလက်ခံရမှာလား ဆိုပြီး မိမိမှာ စာတွေ့အားနည်းတာကို အငုံ့စိတ်ရှိတယ်။

အဲဒီမှာတင် မာနတွေ၊ အငုံ့စိတ်တွေ တိုက်ခတ်မိကြပြီး သည်းမခံနိုင်သူတွေကလဲ ဘေးထွက်ထိုင်တယ်။ “ငါ့ကို ဒီလိုလုပ်ရလား“

ဆိုပြီး မာနနဲ့ မခံချင်စိတ်တွေ ရောထွေးလာသူတွေကျတော့ ရန်သူနဲ့ သွားပေါင်းသူကလဲ ပေါင်းတယ်။ ရန်သူနဲ့မပေါင်းပဲ

တစင်ထောင်သူကလဲ ထောင်တယ်။ ဒါတွေဟာ အငုံ့စိတ်နဲ့ ဘတပြန်ကျားတပြန် ခွဲခြားမှုတွေ၊ ပညာ၊ အတွေ့အကြုံတွေနဲ့

ပတ်သက်တဲ့ မာနတွေ၊ ရန်သူရဲ့ သပ်လျှိုသွေးခွဲမှုတွေ၊ ရန်သူ့ဘက်တော်သားတွေ ပါဝင်လာတာတွေ အားလုံး ပေါင်းဆုံသွားလို့ပဲ

ဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲတွေဟာ အတိုက်အခံအင်အားစုတွေကို ဖြိုခွဲပစ်နိုင်စွမ်း ရှိတယ်။ ဒါကို

လေးလေးနက်နက် သတိပြုမိပြီး အတိုက်အခံအင်အားစုတွေဟာ တော်လှန်ရေးအတွေးအခေါ် ညီညွတ်ကြဖို့ လိုတယ်။

ညီညွတ်ရေးဆိုတာမှာလဲ ဒီစကားလုံးဆိုလိုက်တာနဲ့ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစုကြီးတွေပဲ သွားမြင်နေတတ်ကြတာ ကျွန်မတို့


မြန်မာတွေရဲ့ အားနည်းချက်တရပ်လို့ပဲ ဆိုရမှာပါပဲ။ ဒီလိုနဲ့ ညီညွတ်ဖို့ တပ်ပေါင်းစုကြီးတွေ ထပ်ထောင်ကြ၊ ကွဲကြပြဲကြ၊

ဟိုအဖွဲ့ပေါ်လာ၊ ဒီအဖွဲ့ပေါ်လာနဲ့ နှစ်ပေါင်းများစွာကြာအောင် မပြီးနိုင်တဲ့ အဖွဲ့တည်ထောင်ရေး သံသရာစက်ဝန်းကြီးတွေ

လည်နေကြတော့တာပဲ။ လူတွေကလဲ ဟိုအဖွဲ့ကြည့်လဲ ဒီလူ၊ ဒီအဖွဲ့ကြည့်လဲ ဟိုလူပဲ လည်နေတတ်ကြတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ထွက်ပေါ် လာတာဖြစ်တယ်။ တိုက်ပွဲမရှိပဲ

ညီညွတ်ရေးလုပ်နေရင်တော့ အဖွဲ့ဥက္ကဌလုနေကြ၊ အဖွဲ့နာမည် ရွေးနေကြတာနဲ့တင် အချိန်ကုန်နေကြမှာပဲ။ အဓိကက

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတဲ့ တော်လှန်ရေးအတွေးအခေါ်မှာ ညီညွတ်ဖို့ပဲ။ တော်လှန်ရေးအတွေးအခေါ်မှာ

အခြေခံပြီးမှ တိုက်ပွဲဝင် လမ်းကြောင်းဆိုတာ ချမှတ်လို့ရတာဖြစ်တယ်။ တချို့က ဒီလိုအတွေးအခေါ်မျိုး ရှိနေလို့

အတိုက်အခံဖြစ်နေတာပေါ့လို့ ဆိုချင်ဆိုကြမယ်။ တကယ်ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလို အတွေးအခေါ်ပေါ်မှာ အခြေခံတဲ့

လမ်းစဉ်တွေကို တကယ်ပဲ ချမှတ် လုပ်ကိုင်နေကြသလား၊ မိမိတို့ပါတီ၊ မိမိတို့အဖွဲ့အစည်း ရပ်တည်ရေးကိုပဲ

ဦးစားပေးနေကြသလား ဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ်တယ်။ မြေပေါ် မြေအောက်၊ မီဒီယာအစရှိပြီး လုပ်နည်းလုပ်ဟန်

ကွဲပြားမှုဆိုတာက နားလည်လက်ခံလို့ ရပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်နည်းလုပ်ဟန်တွေ

ဖြစ်မသွားစေဖို့ သတိပြုမိဖို့ လိုအပ်တယ်။ မြန်မာပြည်ရဲ့ မျက်မှောက်ခေတ်မှာ လိုအပ်နေတဲ့ ညီညွတ်ရေးဆိုတာက ဒီလို

တော်လှန်ရေးအတွေးအခေါ် ညီညွတ်ရေးကို ဆိုလိုတာဖြစ်တယ်။ အဖွဲ့ဖွဲ့ရေး သံသရာစက်ဝန်းထဲမှာ တ၀ဲလည်လည်

ပတ်ချာလည်နေတာကို ဆိုလိုတာ မဟုတ်ဘူး။

တော်လှန်ရေးထဲမှာ ကိုယ့်ကိုကိုယ်ဘောင်ပြန်ခတ်ထားကြတဲ့ အယူအဆတွေနဲ့ ပြုမူဆောင်ရွက်မှုတွေကို တော်လှန်ရေး

အတွေးအခေါ်ကသာ ကျော်လွှားနိုင်လိမ့်မယ်။ “တို့ကတော့ ရှစ်လေးလုံးအုပ်စုတွေ၊ တို့ကတော့ ရွေးကောက်ခံ

ကိုယ်စားလှယ်တွေ၊ တို့ကတော့ ဒီပဲယင်းအုပ်စု၊ တို့ကတော့ အန်အယ်ဒီ၊ တို့ကတော့ ကျောင်းသား၊ တို့ကတော့ --------“ ဆိုတဲ့

ဘောင်ခတ်မှုတွေဟာ တော်လှန်ရေးရဲ့ စည်းရုံးရေးကို ကျဆင်းစေတဲ့ အချက်တွေဆိုတာ သတိပြုသင့်တဲ့

အချိန်ရောက်နေပြီဖြစ်တယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ အသွင်မတူတွေကို စည်းဝိုင်းပြင်ကို တွန်းပို့လိုက်သလို

ဖြစ်သွားတတ်တယ်။ တော်လှန်ရေးမှာ ပေးဆပ်ခဲ့မှုဆိုတာတွေကို သူများတွေကသာ တလေးတစား ဆုံးဖြတ်ပေးမှာဖြစ်တယ်။

ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်လုပ်ခဲ့တာ၊ ဘယ်လိုပေးဆပ်ခဲ့ရတာဆိုပြီး လိုက်ပြောနေရင် လူအရိုအသေ တန်တတ်တယ်။

ကမ္ဘာ့တော်လှန်ရေးသမိုင်းတလျှောက်မှာ လူမသိ၊ သူမသိ အသက် ပေးဆပ်စွန့်လွှတ် ခဲ့ကြသူတွေက အများကြီးပဲ ဖြစ်တယ်။

ဖက်ဆစ်တော်လှန်ရေးမှာ ဆက်သားလေးတွေ အနေနဲ့ တာဝန်ကျေခဲ့ကြတဲ့ ကလေးငယ်လေးတွေ

ဘယ်လောက်အရေအတွက်အထိ ဖက်ဆစ်လက်ထဲ ကျရောက်ခဲ့သလဲ။ လူမသိ၊ သူမသိ သေခဲ့ကြသလဲဆိုတာ ဘယ်သူမှ

မပြောနိုင်ဘူး။

ဒါပေမယ့် ဒီလိုပေးဆပ်မှုကို သူတို့ ကျေနပ်ခဲ့ကြတယ်။ သေနိုင်မယ့်အလုပ်မှန်းသိရဲ့နဲ့ ကျေကျေနပ်နပ် လုပ်ခဲ့ကြတယ်။


ကိုယ်သတ်မှတ်တဲ့ တန်ဖိုး၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်၊ ကိုယ်ရွေးချယ်တဲ့ ရပ်တည်ချက်အတွက် ကိုယ့်ရဲ့ပေးဆပ်မှုတွေကို

မိမိကိုယ်ကို ကျေနပ် ဂုဏ်ယူနေဖို့က အရေးကြီးဆုံး မဟုတ်ဘူးလား။ လူတကာကို လိုက်ပြောပြီး၊ “မင်းတို့နဲ့ ငါက မတူဘူးနော်။

ငါက ဘယ်လိုလုပ်ခဲ့တာ။ ဘယ်လိုပေးဆပ်ခဲ့တာ၊ မင်းတို့ငါနဲ့လာမယှဉ်နဲ့“ လို့ လိုက်ယှဉ်ပြနေစရာ မလိုအပ်ဘူး။ ဒါတွေဟာ

ကိုယ့်ကိုယ်ကို ဘောင်ခတ်လိုက်တာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဘောင်ခတ်လိုက်တာနဲ့ လူထုစည်းရုံးရေးမှာ အခက်အခဲတွေ

ဖြစ်လာတတ်သလို၊ ကိုယ်ပါဝင်တဲ့ တော်လှန်ရေးကြီးတခုလုံးရဲ့ ပုံရိပ်လဲ ကျဆင်းတတ်ပါတယ်။ တော်လှန်ရေးကို

တကယ်တန်ဖိုးထားတယ်ဆိုရင် ကိုယ့်ကြောင့် တော်လှန်ရေးမှာ လူသစ်တယောက်မရောက်လာရင်တောင် ရှိပြီးသားလူတွေ

မဆုံးရှုံးစေသင့်ဘူး။ တော်လှန်ရေးရဲ့ စည်းရုံးရေးကို မထိခိုက်စေသင့်ဘူး။ တိတိကျကျဆိုရရင် groups တွေ ပေါ်ထွက်လာမှုဟာ

ကောင်းပါတယ်။ ဒါပေမယ့် ဘောင်ခတ်ပြီး ပိတ်မိနေတဲ့ အုပ်စုတွေ မဖြစ်စေဖို့ကိုလဲ သတိထားသင့်ကြတယ်။

အဓိကကတော့ မြန်မာ့နိုင်ငံရေးဟာ အထည်ကြီးပျက်နိုင်ငံရေး မဟုတ်။ တချိန်က အောင်မြင်ခဲ့တာလေးတွေကို သာယာနေရုံနဲ့

အောင်ပွဲရမှာ မဟုတ်။ လက်ရှိအခြေအနေမှာ၊ လက်ရှိ လူသူအင်အား၊ လက်ရှိတော်လှန်ရေးရေစီးကြောင်းတွေနဲ့ ဘာလုပ်ဖို့

လိုတယ်ဆိုတာကို ဦးစားပေးကြဖို့ အချိန်တန်နေပါပြီ။ ဘောင်ခတ်မှုတွေကြောင့် တော်လှန်ရေး အတွေးအခေါ်တွေကို

မထိခိုက်မိစေဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးအတွေးအခေါ်ပေါ်မှာ အခြေခံတဲ့ ညီညွတ်ရေးမှာ ပြည်သူတရပ်လုံး

ပူးပေါင်းဆောင်ရွက်လာ စေရေးကသာ အဓိက ပန်းတိုင်ဖြစ်သင့်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့်

အက်ကြောင်းတွေအတွက် သတိထားပြီးပြင်ဆင်ထားသင့်ပါတယ်။

အာဏာရွငေ
် ရွးကောက်ပန
ွဲ င
ှ့် ဒေါက်တင
ိုြ် ပိုလဲမှု ထိန်း သိမ်း ခြင်း

စစ်အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက် စစ်တပ်ကို အာဏာရှင် ဒေါက်တိုင်တွေအဖြစ်

အသုံးချရပါတယ်။ ဒီလိုနဲ့ အာဏာရှင်သက်တမ်းတွေ ကြာလာတဲ့အခါ အာဏာရှင်တွေရဲ့ ပင်မဒေါက်တိုင်တွေ ဖြစ်တဲ့

စစ်တပ်အတွင်းမှာ မကျေနပ်မှုတွေ၊ ကွဲလွဲမှုတွေပေါ်ပေါက်လာပါတယ်။ ဒီဒေါက်တိုင်တွေ ပြိုလဲရင် အာဏာရှငစ


် နစ်

ပြိုလဲနိုင်တာကြောင့် အာဏာရှင်တွေဟာ တပ်မတော်နဲ့ စစ်အာဏာရှင်အစိုးရအကြားက မကျေလည်မှု ပြဿနာရပ်တွေကို

အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပပြီး ဖြေရှင်းလေ့ရှိတယ်လို့ နိုင်ငေ


ံ ရးပညာရှင် Geddes က ဆိုထားခဲ့ဖူးပါတယ်။

အာဏာရှင်နိုင်ငံတွေအတွက်တော့ စစ်တပ်ဆိုတာ အာဏာရှင်တွေရဲ့ coercive power ကို ထိန်းသိမ်းပေးနိုင်တဲ့

အဓိကဒေါက်တိုင်ကြီးဖြစ်ပါတယ်။

၁၉ ရာစုကာလတွေမှာ ကမ္ဘာနဲ့ အ၀ှမ်းမှာ စစ်တပ်ဆိုတာ သီးခြား political institution တရပ်အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိင
ုငံရေးအခန်းကဏ္ဍမှာ တပ်မတော် မပါဝင်မှာ စိုးရိမ်စရာ အကြောင်းကို မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့
တပ်မတော်ဆိုတာကိုက နိုင်ငံတော်ရဲ့ နိုင်ငေ
ံ ရး အင်စတီကျူးရှင်း တရပ် ဖြစ်နေလို့ပါ။ နိုငင
်ံရေးပညာရှငေ
် တွက တပ်မတော်ရဲ့

အခန်းကဏ္ဍကို ကဏ္ဍသုံးမျိုးခွဲခြားပြီး ဖော်ပြထားပါတယ်။ ပထမတမျိုးကတော့ နိင


ုငံတော်ကာကွယ်ရေးအတွက် စစ်ရေးဆိုင်ရာ

instrument တခုအနေနဲ့ပါ။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပါမယ်။ ဒီအတွက်

နိုင်ငံတိုင်းလိုလိုမှာ တပ်မတော်ဆိုတာ ရှိပါတယ်။ တပ်မတော်သားတွေဆိုတာကိုလဲ နိုင်ငံတော်နဲ့ ပြည်သူလူထုကို

ကာကွယ်စောင့်ရှောက်နေသူများအဖြစ် နိုင်ငံတိုင်းမှာ လူထုက တလေးတစားရှိပါတယ်။ ဘယ်နိုင်ငံရဲ့ ပါလီမန်ထဲမှာမှ

တပ်မတော်သားတွေ မပါဝင်ပါဘူး။ ဒါပေမယ့်လဲ လူတွေက သူတို့ရဲ့ ရပ်တည်မှုနဲ့ အခန်းကဏ္ဍကို

အသိအမှတ်ပြုထားကြပါတယ်။ အာဏာရှင်နိုင်ငံတွေမှာသာ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ရတဲ့

တပ်မတော်သားတွေအတွက် လူထုက ယူကြုံး မရ ခံစားကြရပါတယ်။ ပြည်သူတွေရဲ့ အသွေးအသားထဲက ပေါ်ထွက်လာခဲ့တဲ့

တပ်မတော်သားတွေဟာ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေဘက်ကို သေနတ်ပြောင်းမလှည့်ပဲ

မိဘပြည်သူတွေဘက်ကိုမှ သေနတ်ပြောင်း လှည့်ရက်လေခြင်းလို့ စိတ်မကောင်းဖြစ်ကြရပါတယ်။

နိုင်ငံတော်မှာ တပ်မတော်ရဲ့ နောက်ထပ်အခန်းကဏ္ဍတခုကတော့ တရားဥပဒေစိုးမိုး ရေး တာဝန်ပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့

တပ်မတော်မှာပဲဖြစ်ဖြစ် အမိန့်နာခံမှု ယဉ်ကျေးမှုနဲ့ ရာထူး အဆင့်အတန်းသတ်မှတ် တာဝန်ယူမှု ဆိုတာ ရှိပါတယ်။

ဒီအချက်နှစ်ချက်ဟာ အရေးပေါ် အခြေအနေတွေမှာ operational efficiency ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါကြောင့်လဲ

အရေးပေါ် သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါတွေမှာ ကယ်ဆယ်ရေးတာဝန်တွေ၊ ရိက္ခာဖြန့်ဖြူးရေး

တာဝန်တွေကို တပ်မတော်ကို တာဝန်ပေးလေ့ရှိကြပါတယ်။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ဖရိုဖရဲ ဖြစ်နေရတဲ့ အခါမှာလဲ

တပ်မတော်က တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူရပါတယ်။ ဒါပေမယ့် ဒီတာဝန်ကို အသုံးပြုပြီး တပ်မတော်ကို

အာဏာရှင်တွေက ပြန်အသုံးချတတ်တာတွေလဲ ရှိပါတယ်။ တရားဥပဒေ စိုးမိုး ရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာတဲ့အခါ

ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို စဉ်းစားဖော်ထုတ်ပြီး တွေးတော ဆင်ခြင်မှုတွေ ပြုရပါမယ်။ အမှန်နဲ့အမှားကို

ဖော်ထုတ်ရပါမယ်။ ဒီနေရာမှာ တရားဥပဒေဆိုတာကိုလဲ ထည့်သွင်းစဉ်းစား ကြည့်ဖို့ လိုအပ်လှပါတယ်။ ဘယ်လို တရားဥပဒေလဲ။

မတရားမှုတွေကနေ ဥပဒေဖြစ်နေတာလား။ ပုန်ကန်ထကြွမှုတွေ၊ လူထုတိုက်ပွဲတွေ ဆိုတာကကော ဘာကြောင့်

ပေါ်ထွက်နေရတာလဲ။ မတရားတဲ့ ဥပေဒေကို ပုန်ကန်နေကြတာလား၊ တရားတဲ့ ဥပဒေကို ပုန်ကန်နေကြတာလားဆိုတာ

ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်မှာ လူထုတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာတော့ တပ်မတော်သားတွေမှာ အရိုးစွဲအောင်

ရိုက်သွင်းခံထားရတဲ့ အမိန့်နာခံတတ်မှုနဲ့ လူသားပီသစွာ စဉ်းစားတွေးခေါ်ဆင်ခြင်မှု နှစ်ခအ


ု ကြားမှာ ပဋ္ဋိပက္ခဖြစ်ရတော့တာပါပဲ။

ဒီလွန်ဆွဲပွဲတွေထဲမှာ တခါတရံမှာ အမိန့်နာခံတတ်မှုက အနိုင်ရသွားပါတယ်။ တခါတရံမှာ စဉ်းစားတွေးခေါ်ဆင်ခြင်မှုက

အနိုင်ရသွားပါတယ်။ အာဏာရှင်တွေကို တော်လှန်ကြတဲ့ လူထုတော်လှန်ရေးတွေမှာ တပ်မတော်က ပြည်သူတွေဘက်ကို


ရပ်တည်လိုက်တယ်ဆိုတာမျိုးတွေဟာ စဉ်းစားတွေးခေါ် ဆင်ခြင်မှုက အနိုင်ရသွားတာတွေဖြစ်ပါတယ်။

အာဏာရှင်အမိန့်ပေးတဲ့အတိုင်း ဦးလည်မသုန် တာဝန်ကျေပွန်တယ်ဆိုတာကတော့ အမိန့်နာခံမှုက အနိုင်ရသွားတာ

ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်နှစ်ဘက်ဆိုတာတွေထက် တာဝန်က တရားဥပဒေစိုးမိုးရေးဆိုတာကို

စတင်စဉ်းစားမိဖို့ပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာမှာကလဲ စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံမှပဲ တရားဥပဒေ စိုးမိုးရေး

ဖြစ်လာနိုင်တာ မဟုတ်ပါဘူး။ ပြည်သူလူထုဘက်က ရပ်တည်ပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ အမြော်အမြင်ရှိပြီး၊

ဆင်ခြင်တုံတရားရှိတဲ့ တပ်မတော်ခေါင်းဆောင်က ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလဲ တရားဥပဒေစိုးမိုးရေးတာဝန်ကို

ထမ်းဆောင်လို့ ရတယ်ဆိုတာ စစ်မှန်တဲ့ တပ်မတော်သားတွေ သိရှိနေဖို့ လိုအပ်လှပါတယ်။ တကယ်တော့

စစ်အာဏာရှင်တွေဟာ တပ်မတော်ထဲမှာ အချိန်တန်ရင် လူသားပီသစွာ အမြော်အမြင်ရှိရှိ ဆုံးဖြတ်ရွေးချယ်မယ့်

တပ်မတော်သားတွေ ရှိတယ်ဆိုတာကိုလဲ သဘောပေါက်သိမြင်ကြပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲတွေ ကျင်းပပြီး၊ စစ်တပ်နဲ့

ပြည်သူအကြား သဘောထားကွဲလွဲမှု ပုံသဏ္ဍာန်တွေဖြစ်အောင် ထပ်မံပြုလုပ်တတ်ကြပါတယ်။

နောက်ထပ် တပ်မတော်ရဲ့ အခန်းကဏ္ဍတရပ်ကတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အရေးပါတဲ့ မူဝါဒတွေမှာ instrument

policy အနေနဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အစိုးရအဖွဲ့ကမှ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊

စစ်မဟာဗျူဟာအခင်းအကျင်းနဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ တပ်မတော်အကြီးအကဲတွေကို မတိုင်ပင်မညှိနင


ှိုးပဲ မူဝါဒတွေ

မချမှတ်ကြပါဘူး။ ချမှတ်လို့လဲ မရပါဘူး။ ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ပင်တဂွန်လို့ ခေါ်တဲ့

ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ကွန်ဂရက်အတွင်းက Armed Services Committee တွေကတဆင့်

အမေရိကန် တပ်မတော်ရဲ့ ပါဝါကျင့်သုံးလွှမ်းမိုးမှုတွေ ရှိနေတာဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးရာတွေအတွက် insider

group ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေရဲ့ strategic expertise နဲ့ technical knowledge

တွေကို ပိုင်ဆိုင်ထားတဲ့ တခုတည်းသော အင်စတီကျူးရှင်းကြီးဖြစ်ပါတယ်။ ဒါကြောင့်လဲ အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့

နိုင်ငံတော်ဖြစ်တည်မှု တြိဂံသဏ္ဍာန်ကို ပညာရှင်တွေက ဖော်ကျူုးထားကြတာဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ဟာ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ပြီး၊ နိုငင


်ံရေးဦးဆောင်မှုအခန်းကဏ္ဍသစ်ကို တောင်းဆိုနေစရာ

မလိုအပ်ပါဘူး။ သူ့ဘာသာသူ ဘုရားဒကာမို့ ဘုရားဒကာကြီး၊ ရပ်ရွာလူကြီးလို့ တလေးတစား သတ်မှတ်ထားတာကို

အနေမတတ်၊ အထိုင်မတတ်နဲ့ ရွာထဲလှည့်ပြီး ကြက်ဝိုင်းလဲ လူကြီးလုပ်ချင်၊ ဖဲဝိုင်းလဲ လူကြီးလုပ်ချင်၊ အရက်ဝိုင်းလဲ

လူကြီးလုပ်ချင်၊ ကလေးတွေကစားတဲ့ ကျောက်ဒိုးဝိင


ုးလဲ ပါလိုက်ချင်ချင် လုပ်နေလို့ ရှိသမျှသိက္ခာကျပြီး ပါလေရာလူကြီးလို့

လူအရိုအသေတန် ကုန်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်အဆင့်နဲ့ ကိုယ့်နေရာကို သိဖို့ လိုအပ်လှပါတယ်။

နအဖစစ်အာဏာရှင်တွေက ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုရင် “နိုင်ငံတော်ရဲ့

နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ရေး“ ဆိုတဲ့ စကားလုံးကြီးကို သုံးပြီး တပ်မတော်က မူလနေရာယူထားတဲ့


ဘုရားဒကာ၊ ရပ်ရွာလူကြီး အခန်းကဏ္ဍကို ပါလေရာ လူကြီး ကဏ္ဍကို လျှော့ချလိုက်တာသာ ဖြစ်ပါတယ်။ အစိုးရ၊ ပြည်သူ၊

တပ်မတော်ဆိုတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုကို ပြယ်ပျက်စေပြီး၊ အစိုးရနေရာမှာ တပ်မတော်ကို ခြေဖြတ်၊ လက်ဖြတ်ပြီး

ထည့်သွင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။

အဲဒီအခါမှာ တပ်မတော်ရဲ့ မူလရပ်တည်ချက်နဲ့ ပင်မတာဝန်တွေလဲပျက်၊ တပ်မတော်နဲ့ ပြည်သူအကြား၊ တပ်မတော်နဲ့

အစိုးရအကြားက အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ လေးစားမှုတွေလဲ ပျက်ပြယ်ရှုပ်ထွေးကုန်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်နဲ့ တပ်မတော်ထဲ ၀င်လာတဲ့ နိုင်ငံ့သားကောင်းရတနာတွေဟာလဲ

ကိုယ်ကပြရမှာ မဟုတ်တဲ့ စင်ပေါ်မှာ အာဏာရှင်တွေ ကြိုးဆွဲတဲ့ ရုပ်သေးလေးအဖြစ် တက်ကကြရတော့မှာ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ ခဲနဲ့ ပေါက်မှုတွေ၊ တံထွေးနဲ့ ထွေးမှုတွေကို ကြားထဲကနေ ခံကြရတော့မှာ ဖြစ်ပါတယ်။ ဒီလိုရုပ်သေးဘ၀ရောက်ပြီးမှ

မိမိနဲ့ သက်ဆိုင်တဲ့ ပင်မတာဝန်တွေကို ပြန်ပြီး တာဝန်ထမ်းဆောင်ပြန်တော့လဲ မိခင်တပ်မတော်ကြီးအတွင်းမှာ ကိုယ်နဲ့

ကျောင်းအတူတူဆင်းခဲ့သူတွေကို အထက်လူကြီးတွေအနေနဲ့ ဆက်ဆံရတာတွေ၊ သဘောသဘာဝမတူတဲ့ ပတ်ဝန်းကျင်တခုမှာ

သဟဇာတဖြစ်အောင် ပြန်ညှိရတာတွေနဲ့ လူကန့်လန့်တွေဘ၀ကို ကျရောက်ကြရဦးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မတော်သားတွေ နိုင်ငံရေးဝါသနာမပါရဘူး၊ နိင


ုငံရေး မလုပ်ရဘူးလို့ ဆိုလိုနေတာ မဟုတ်ပါ။ ၀ါသနာပါရင် တပ်က

ထွက်ပြီး နိုင်ငေ
ံ ရးသမားဘ၀ကို အပြည့်အ၀ ခံယူလို့ရပါတယ်။ ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ်အနေနဲ့

နိုင်ငံရေးသမားတွေအကြား ရောက်နေမှာကတော့ အမြင်မတော်၊ ဆင်တော်နဲ့ ခလောက် ဆိုသလိုပဲ ဖြစ်ပါလိမ့်မယ်။

တပ်မတော်သားကိုယ်စားလှယ် ဆိုတာကိုက အင်အားပြမှု အနေအထားတခု ဖြစ်နေတာကြောင့် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်၊

တန်းတူညီမျှခွင့် အခြေခံသဘောတရားတွေ လွှမ်းခြုံနေတဲ့ ပါလီမန်နဲ့ သင့်လျော်မှု မရှိပါဘူး။ မအပ်စပ်ပါဘူး။

အင်အားအတူတူညီမျှပြီး အတူတကွကစားနေကြတဲ့ ကလေးတွေအကြားမှာ ဗလတောင့်တောင့်၊ အင်အားကြီးကြီး

လူကြီးတယောက်ကို တွေ့လိုက်ရရင် ဒီလူကြီးကို လူ့အဖွဲ့အစည်းက ဘယ်လိုမြင်ပါသလဲ။ဒီလူကြီးဟာ ကျပ်မပြည့်တဲ့

လူကြီးဖြစ်နိုင်ဖို့က ရာခိုင်နှုန်းတော်တော်များတယ် မဟုတ်ပါလား။ ဒါကြောင့် တပ်မတော်သားတွေကို နိုင်ငေ


ံ ရးမလုပ်ရဘူးလို့

ဆိုလိုတာ မဟုတ်ကြောင်း ဆိုတာဖြစ်ပါတယ်။ ကျပ်မပြည့်တဲ့ လူကြီး မဖြစ်စေဖို့ အင်အားအရေခွံကို ခွာပြီး ရိုးရှင်းစွာ

နိုင်ငံရေးကစားကွင်းထဲကို ၀င်လာသင့်ပါတယ်။

ဒါဖြင့်ရင် နအဖစစ်အုပ်စုတွေဟာ ရိုးရှင်းစွာ အရပ်သားပါတီသစ်ထောင်ပြီး၊ ရွေးကောက်ပွဲထဲ ၀င်လာတာမဟုတ်ပဲ ဘာဖြစ်လို့

ကလိမ်ကကျစ်ဥာဏ်တွေသုံးပြီး နိုင်ငံရေးအာဏာရဖို့ လုပ်နေကြရသလဲ ဆိုတာကို စဉ်းစားကြည့်ကြရအောင်ပါ။ စစ်မှန်တဲ့

ရွေးကောက်ပွဲမှာ ဘာလို့ ၀င်ရောက်ယှဉ်ပြိုင်မှု မလုပ်ရဲသလဲ။ အဖြေက ရှင်းပါတယ်။ ဆင်ဖြူရဲ့ မျက်နှာကို ဆင်မည်းက

မကြည့်ဝံ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ရိုးသားဖြောင့်မတ်စွာ အုပ်ချုပ်မှု မရှိခဲ့ပါဘူး။ မတရားမှုတွေကို ဥပဒေဖြစ်အောင်


ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလုပ်ပဲ စစ်အာဏာရှင်တွေရဲ့ သားစဉ်မြေးဆက်၊ ဆွေတော်မျိုးတော်

ကောင်းစားရေးကိုသာ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ မြန်မာ့မျိုးဆက်တွေရဲ့ ပညာရေးကို စနစ်တကျ အကွက်ချပြီး

ဖျက်ဆီးထားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးကို အလေးမထားတာကြောင့် နအဖလက်အောက်မှာ နေ့စဉ်နဲ့အမျှ

မကြွေသင့်ပဲ ကြွေနေရတဲ့ အသက်ပန်းလေးတွေ အများကြီးပါပဲ။ ဒါတွေကို သူတို့သိနေကြပါတယ်။ ပါးစပ်ကနေသာ နိင


ုငံတော်

တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ပေးနေတယ်လို့ ထွက်ဆိုနေပေမယ့် ဒီစကားတွေ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်သူတို့

သိနေကြပါတယ်။ လူဆိုတာက မှန်မှန်ကန်ကန် လုပ်နေသူတွေဆိုရင် ပြတ်ပြတ်သားသား ဘာကိုမှ ရင်ဆိုင်ရမှာ မစိုးရိမ်ပေမယ့်

ခိုးကြောင်ခိုးဝှက်လုပ်ထားသူတွေကျတော့ အလိမေ
် တွ ပေါ်မှာ ကြောက်ပြီး ဟိုဖုံး၊ ဒီဖိလုပ်တာ၊ လူတွေကို မရိုးမသား

ဆက်ဆံတာတွေ လုပ်တတ်ပါတယ်။ ဘယ်သူကမှ ရန်မရှာပဲနဲ့ ရန်လိုနေတတ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊

တဘက်သားကို မယုံကြည်စိတ်တွေနဲ့ပဲ လူတွေကို ဆက်ဆံတတ်ပါတယ်။

နအဖစစ်အာဏာရှင်တွေမှာလဲ ဒီလက္ခဏာတွေ အများကြီး တွေ့ရပါတယ်။ သူတို့ မကောင်းပြုခဲ့တဲ့ကံတွေ သူတို့ဆီ

ပြန်လာမှာကို စိုးရိမ်စိတ်တွေ၊ သားစဉ်မြေးဆက် ဆွေတော်မျိုးတော် ကောင်းစားရေးအတွက် စုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေနဲ့

စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တွေ၊ လူတဦးနဲ့တဦး အပြန်အလှန်လေးစားမှုရှိတဲ့

ယဉ်ကျေးတဲ့လူ့အသိုင်းအ၀ိုင်းမှာ မနေဖူးပဲ မုဆိုးဘ၀နဲ့ သားကောင်လိုက်ပစ်နေတဲ့ ဘ၀မှာပဲ နေဖူးတာကြောင့်

သားကောင်တလှည့်ဖြစ်လာမှာကို စိုးရွံ့စိတ်တွေက သူတို့ရဲ့ စိတ်အစဉ်တွေကို လွှမ်းမိုးပါတော့တယ်။ ဒီအခါမှာ ပါလီမန်ထဲမှာဖြင့်

သူတို့ရဲ့ လက်အောက်ငယ်သား ရုပ်သေးကြိုးဆွဲလေးတွေ ပါနေရင်တော့ ဒီလိုကြောက်လန့်ရမှုတွေ လျော့တန် ကောင်းပါရဲ့

ဆိုတဲ့ အတွေးတွေနဲ့ မကြံကောင်း၊ မစည်ရာ တပ်မတော်ကြီးတရပ်လုံး သမိုင်းအဆက်ဆက် သိက္ခာကျစေမယ့်၊ ပါလီမန်ထဲ

တပ်မတော်သားတွေ သွတ်သွင်းတဲ့ အစီအစဉ်ကြီး ကို အကောင်အထည် ဖော်ကြတော့တာပဲ ဖြစ်ပါတယ်။ သူတို့နဲ့

သူတို့သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အတွက် တပ်မတော်ရဲ့ အနာဂတ်ကြီးကို ပုံဖျက်ဖို့ ကြိုးစားနေကြသူများပဲ

ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မဟာစီမံကိန်းကြီးမှာ တပ်မတော် သားကောင်းရတနာတွေ အသုံးချခံကြရပါမယ်။

နိုင်ငံတကာ အရပ်ရပ်က အဆင့်မြင့် တပ်မတော် တွေဆိုတာက သူ့အဆင့်အတန်းနဲ့သူ သီးခြားရပ်တည်ပြီး၊ ရွေးကောက်ပွဲဆိုရင်

တပ်မတော် သားတွေဟာ မဲတောင်ပေးခွင့်မရှိပါဘူး။ ဒါမှလဲ ဘက်လိုက်မှုကင်းပြီး၊ နိုင်ငံတော်ရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့

ကာကွယ်ရေးကဏ္ဍနဲ့ နိင
ုငံတော်လုံခြုံရေးကဏ္ဍမှာ အပြည့်အ၀ အာရုံစိုက် တာဝန် ထမ်းဆောင်နိုင်မှာမို့ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှုမှာဆိုရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို စနစ်တကျ

ပြန်တည်ဆောက်ရမှာဖြစ်တဲ့ အတွက် ပိုပြီးတောင် သီးခြားရပ်တည်သင့်ပါသေးတယ်။ ဒါကြောင့် တပ်မတော်ရဲ့

မှန်ကန်တဲ့အနာဂတ် အခန်းကဏ္ဍအတွက် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်တွေ ခြယ်လှယ်ပုံသွင်းတာကို

လက်မခံပဲ ပြည်သူလူထုနဲ့ လက်တွဲသင့်ပါတယ်။


အာဏာရွငေ
် ရွးကောက်ပန
ွဲ င
ှ့် legitimacy

အာဏာရှင်ရွေးကောက်ပွဲတွေ ပေါ်ထွက်လာရတဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့ legitimacy (တရားဝင်ခွင့်) ကိစ္စရပ်ပဲ

ဖြစ်ပါတယ်။ legitimacy ဆိုတာမှာ ပြည်တွင်းနဲ့ ပြည်ပ နှစ်မျိုးရှိပါတယ်။ ပြည်တွင်းတရားဝင်ခွင့် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်

အာဏာရှင်တွေဟာ အာဏာကို ဆုပ်ကိုင်ထားရတာ၊ ကိုယ်လိုရာ ဖန်တီးဆောင်ရွက်နေရတာတွေကို အင်မတန်

ပျော်ရွှင်နှစ်သက်ပြီး သာယာကြပါတယ်။ အာဏာနဲ့ ငွေကြေးဆိုတာ လူတွေရဲ့ စိတ်တွေကို ၁၈၀ ဒီဂရီတောင်

ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ လူသားဆိုတာကလဲ ဦးနှောက်နဲ့ စိတ်ခံစားမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်

ထားတာဖြစ်တဲ့အတွက် ၀မ်းနည်းစရာရှိရင်လဲ ပယ်ပယ်နယ်နယ် ငိုကြွေးလိုက်ရမှ၊ ခံစားလိုက်ရမှ ဖြစ်တတ်သလို သာယာစရာ၊

ဝမ်းသာစရာတွေရှိရင်လဲ အပြတ်အသတ်ကို အရာရာမေ့ပြီး သဘောတွေ့ မနောခွေ့တတ်ကြတာ မဟုတ်ပါလား။ ဒီတော့

အာဏာရှင်တွေကလဲ လူသားတွေမို့ အာဏာတွေ၊ အာဏာနဲ့ တွဲလာတဲ့ ငွေကြေးအရှိန်အ၀ါတွေကို

သဘောတွေ့လာကြပါတယ်။ ဒါပေမယ့် အာဏာကို ဒီအတိုင်းပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ပြည်တွင်းမှာကော၊ ပြည်ပမှာပါ

တရားဝင်အစိုးရဖြစ်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြပါတယ်။ ဒီအတွက် ရှဉ့်လဲ လျှောက်သာ၊ ပျားလဲစွဲသာဖြစ်အောင်

လူသေအလောင်းကို မှော်သွင်းပြီး ရှင်အောင်လုပ်ထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတော့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သရဲကြီးပြီး သဘက်ဖြစ်သွားရင် မနိုင်မှာစိုးတဲ့အတွက် ထိန်းညှိရေး၊ ထိန်းချုပ်ရေး ယန္တရားတွေကိုလဲ

စီမံထည့်သွင်းကြရပြန်ပါတယ်။ ရုပ်သေးကြိုးဆွဲဖြစ်ဖို့အတွက် စစ်ဗိုလ်တမတ်သားလဲ ထည့်ရ၊ အကျိုးမျှော်လို့

ညောင်ရေလောင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ အတင်းရွေးကောက်ပွဲဝင်ခိုင်းရ၊ တပ်မတော်သားတွေက ပြည်သူတွေနဲ့

ပေါင်းသွားမှာ စိုးရိမ်ရသေး တဲ့အတွက် တခြားမွေးထားတဲ့ ရပ်ကွက်ထဲက လူမိုက်၊ လူတေ မွေးစားသားလေးတွေကိုလဲ

ချီးမြှောက်ရ၊ ရွေးကောက်ပွဲအတွက် စည်းရုံးခိုင်းရ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုတော်လာဘ်တော်တွေ ပေးရ၊ ကိုယ့်ပညာနဲ့ကိုယ်

တကမ္ဘာလုံးဘယ်မှာနေနေ တင့်တင့်တယ်တယ် အေးအေးလူလူ နေနိုင်ပေမယ့် မြှောက်ပင့် ခိုင်းစားခံရတာကိုမှ

ဂုဏ်ယူချင်နေကြတဲ့ ပညာရှင်တပိုင်း၊ ဗျူရိုကရက်ပေါက်စတပိုင်းတွေကို မြှောက်ပင့်ပေးပြီး ရွေးကောက်ပွဲကို လူတွေ

ထောက်ခံချင်လာအောင် ပြောခိုင်း၊ ဆိုခိုင်းရနဲ့ ဖြစ်နေတော့တာပါပဲ။

ဒါတွေက မြန်မာပြည်က အာဏာရှင်တွေတင်မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အာဖရိကဒေသနဲ့

လက်တင်အမေရိက နိုင်ငံများစွာက အာဏာရှင် ရွေးကောက်ပွဲတွေမှာ ဒီလိုလက္ခဏာရပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမှာ ကိုယ့်ဘက်တော်သားတွေ အများအပြား ပါဝင်လာအောင် နည်းမျိုးစုံနဲ့

ကြိုးပမ်းယူတတ်ကြတာ အာဏာရှင်တိုင်းလိုလိုပါ။ ဒါမှလဲ သူတို့ရဲ့ အနာဂတ်အတွက် စိတ်အေးရမှာ ဖြစ်လို့ပါပဲ။ ဒါပေမယ့်

မြန်မာပြည်အာဏာရှင်လို ရုပ်ပျက်ဆင်းပျက် ဖွဲ့စည်းပုံဥပဒေထဲ ကိုယ်လိုချင်တဲ့ အချက်တွေ ဆွဲထည့်ပြီး၊ မဲမခိုးရပဲ ပါလီမန်ထဲ


လူရောက်အောင် လုပ်တဲ့ အာဏာရှင်တွေတော့ ကမ္ဘာမှ ရှာမှရှားပါပဲ။ မြန်မာတွေမှာ ကမ္ဘာတ၀ှမ်းက လူတွေနဲ့ မတူတဲ့

ထူးခြားဆန်းကျယ် အရည်အချင်းတချို့ ရှိတတ်ပါတယ်။

ဒီအထဲမှာ သူခိုးက လူပြန်ဟစ်တတ်တဲ့ အရည်အချင်းဟာ လူသိရှင်ကြား နာမည်ကျော်ကြားတဲ့ အရည်အချင်းတရပ်အနေနဲ့

ပါပါတယ်။ နအဖစစ်အုပ်စုကလဲ ဒီအရည်အချင်းနဲ့ အင်မတန်ပြည့်မှီပါတယ်။ ကိုယ်တိုင်က ပြည်သူ့အာဏာကို ကြောင်တောင်

ဝင်နှိုက်ထားပေမယ့် အာဏာကို ပြည်သူ့ဆီကသာ သက်ဆင်းစေဖို့ တောင်းဆိုနေကြသူတွေ ကျပြန်တော့ နိင


ုငံတော်ရဲ့

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို နှောင့်ယှက်ဖျက်ဆီးသူများလို့ သမုတ်ပြန်ပါတယ်။ လင်ယောက်ျားကြီး

ငုတ်တုတ်ရှိနေတဲ့ မိန်းမတယောက်ကို ကြောင်တောင်ဝင်နှိုက်ပြီး၊ လင်ယောက်ျားကြီးကို သူခိုးပါ စွပ်စွဲ တာမျိုးနဲ့ တူပါတယ်။

ကြမ်းပိုးက လိပ်ဖြစ်အောင် တတ်နိုင်ပါပေ့လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့်လဲ ဒီလောက်တောင် ဗြောင်ကြီး

ကြောင်တောင်နှိုက်နေတာဆိုတော့ နအဖ စစ်အုပ်စုဟာ ပြည်တွင်းတရားဝင်ခွင့် (domestic legitimacy) ကို ဒီလောက်အထိ

အလေးထားရုံ မပေါ်ပါဘူး။ ရွေးကောက်ပွဲဖြစ်ရင် ပြီးရောလောက်သာ သဘောထားပါတယ်။

နအဖစစ်အုပစ
်ု အမှန်တကယ်ဦးတည်တာက international legitimacy ပဲ ဖြစ်ပါတယ်။ တနည်းဆိုရရင် political liberalization

နည်းလမ်းကနေ legitimacy ရလာမယ့် အခွင့်အရေးတွေကို မျက်စပစ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Levitsky နဲ့ Way

တို့က စစ်အေးကာလနှောင်းပိုင်းမှာ Political liberalization နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အသုံးစရိတ်တွေ

မြင့်တက်လာတယ်ဆိုတာကို သုံးသပ်တင်ပြခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေက အာဏာရှင်အစိုးရတချို့ကို liberalization

လုပ်ရင် ရလာနိုင်မယ့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ကူညီမှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပြီး

ဆွဲဆောင်သိမ်းသွင်းတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကနဦးဒီမိုကရေစီပြောင်းလဲမှု (Initial Democratization)

မစတင်နိုင်သေးတဲ့ တိုင်းပြည်တွေမှာ Political liberalization ကနေ တဆင့် ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု

(democratic consolidation) ကိုတက်လှမ်းနိုင်မလား ဆိုတာကို အနောက်အုပ်စု နိုင်ငံကြီးတွေက စဉ်းစားလာကြတာတွေ

ရှိပါတယ်။ ဒီလိုစဉ်းစားလာမှုတွေရှိတဲ့အခါ မူလက ကနဦးဒီမိုကရေစီ ပြောင်းလဲမှုကို အကောင်အထည်ဖော်နေကြတဲ့

နိုင်ငံရေးအဖွဲ့အစည်းတွေကို Political liberalization လမ်းကြောင်းပေါ်ရောက်အောင် နည်းမျိုးစုံနဲ့ တွန်းပို့တာတွေ

ရှိတတ်ပါတယ်။

ဒီနည်းလမ်းတွေထဲမှာ အတွေးအခေါ် နည်းလမ်းနဲ့ ငွေကြေး incentives နည်းလမ်းတွေ ပါဝင်ပါတယ်။ “ဘာပါလီမန်မှ

မရှိတာထက်စာရင် စစ်ဗိုလ်တမတ်သား ပါလီမန်ကလဲ ကောင်းတာပဲ“၊ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေရှိတာကို လုပ်ရတာ“၊

“ဘယ်လိုပုံစံနဲ့ပဲ သွားသွား၊ democratic consolidation ကသာ အဓိကဖြစ်တာမို့ Initial democratization ထဲက

အသုံးအနှုန်းတွေဖြစ်တဲ့ လူထုတိုက်ပွဲတို့၊ တော်လှန်ရေးတို့၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရတို့ စတဲ့ စကားလုံးတွေကို


မသုံးတော့ပဲ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပဲ ပြောကြ“၊ “မလွဲမသာလျှောက်ရမယ့် လမ်းကိုပဲ

လိုက်လျှောက်ပြီး ပါလီမန်ထဲမှာပဲ တိုက်ပွဲဝင်တာကောင်းတယ်“ စတဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေဟာ political

liberalization လမ်းကြောင်းကို အခြေတည်ပြီး ထွက်ပေါ်လာတာတွေပဲ ဖြစ်ပါတယ်။

တပြိုင်နက်တည်းမှာ ဒီလမ်းကြောင်းခိုင်မာသွားဖို့အတွက် နိုင်ငံရေးသမားတွေကို သက်ဆိုင်ရာအန်ဂျီအိုတွေ၊ နိုင်ငံတွေကတဆင့်

ရွေးကောက်ပွဲဝင်ဖို့ လှုံဆော်တာတွေ၊ ရွေးကောက်ပွဲပြီးရင် ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းမယ်ဆိုတာတွေ၊ ရွေးကောက်ပွဲကို

ထောက်ခံတဲ့ ကင်ပိန်းတွေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့ သင်တန်းတွေ ကျင်းပပေးနိင


ုဖို့

ငွေကြေးထောက်ပံ့တာတွေ လုပ်ကြတာတော့တာပါပဲ။ တချိန်တည်းမှာပဲ အာဏာရှင်ကိုလဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက်

ကုန်သွယ်ရေး၊ စီးပွားရေးအကျိုးအမြတ်တွေနဲ့ မက်လုံးပေးပါတယ်။ ဒါက အနောက်နိုင်ငံတွေ initial democratization ကနေ

democratic consolidation ကို သွားတဲ့ လမ်းကြောင်းကို မထောက်ခံတော့ပဲ Political liberalization ကနေ democratic

consolidation ကိုသွားတဲ့ လမ်းကြောင်းကို ခင်းပေးတဲ့အခါ လုပ်လေ့လုပ်ထရှိတာတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ ဒီလိုလမ်းခင်းပေးမှုတွေဟာ အောင်မြင်မှုနည်းပါးပြီး၊ အာဏာရှင်ရွေးကောက်ပွဲတွေကတဆင့်

အာဏာရှင်အင်စတီးကျူးရှင်းတွေ ပိုမိုခိုငမ
်ာတောင့်တင်းလာအောင် ပြုလုပ်ပေးလိုက်သလိုသာ ဖြစ်သွားတယ်တယ်လို့

ပညာရှင်တွေက ထောက်ပြရေးသားလာကြပါတယ်။ Political liberalization ဖြစ်လာပေမယ့် ဒီမိုကရေစီအမြစ်တွယ်ခိုင်မာမှုကို

ဆက်ပြီး အကောင်အထည် မဖော်နိုင်တော့တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများအပြားဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်

အာဏာရှင်ရွေးကောက်ပွဲတွေဟာ international legitimacy နဲ့ နောက်ဆက်တွဲ အကျိုးအမြတ်တွေ ရလာနိုင်တာကြောင့်

အာဏာရှင်တွေက ရွေးကောက်ပွဲတွေကို လုပ်ချင်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး ဒီလို

အာဏာရှင်ရွေးကောက်ပွဲတွေရဲ့ နောက်ပိုင်းကာလမှာ ပေါ်ထွက်လာနိုင်မယ့် မြန်မာပြည်အနာဂတ် အခြေအနေကို

လေ့လာကြည့်ကြရအောင်ပါ။

မြန်မာပြည်အနာဂတ်

ဒီလိုနဲ့ အတိုက်အခံအင်အားစုများပြိုကွဲရေး၊ စစ်တပ်ကို အသုံးချပြီး စစ်အာဏာရှင်များရဲ့ အနာဂတ် ကောင်းစားရေး၊ legitimacy

ရရှိရေးတွေကို ရည်ရွယ်ပြီး ထွက်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေပြု အာဏာရှင်ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ

အနာဂတ်မြန်မာပြည်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို တွက်ဆကြည့်ကြရအောင်ပါ။


အာဏာရှင်ရွေးကောက်ပွဲတွေ ထွက်ပေါ်လာတဲ့အခါ အာဏာာရှင်တွေကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေအကြားမှာ

အက်ကြောင်းတွေ ဖြစ်မယ်၊ အဖွဲ့တွေ ပြိုကွဲမယ်၊ တဦးနဲ့တဦး မယုံကြည်မှုတွေ ဖြစ်မယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့

အမှန်တရားတရပ် တရပ်ပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာမှ အနောက်အုပစ


်ုက political liberalization လမ်းကြောင်းကိုပဲ

ဦးစားပေးလာတဲ့အခါ အတိုက်အခံအင်အားစုတွေအကြားမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ လူထုတိုက်ပွဲဆိုတဲ့

စကားလုံးတွေကို စကားဟဟတောင် မပြောရဲတော့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အာဏာရှင်ရွေးကောက်ပွဲကို ဒီမိုကရေစီ

အသွင်ကူးပြောင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် လက်ခံရေး ဆိုတဲ့ စကားလုံးတွေကပဲ ပေါ်ထွက်လာမယ်လို့ ပညာရှင်တွေ

ဆန်းစစ်ထားကြတာကလဲ ဖြစ်နိုင်ချေရှိတဲ့ အမှန်တရားတရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဆိုလိုက်တာနဲ့ပဲ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုတဲ့ လမ်းစဉ်ကြီးက လူထုထဲကနေ ပျောက်ကွယ်သွားမှာလား ဆိုတာကတော့ လုံးဝ မဟုတ်ပါဘူး။

“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်သည်“ တဲ့။

ဒါဟာ ကမ္ဘာတ၀ှမ်းက လူထု တော်လှန်ရေးတွေမှာ လက်ကိုင်စွဲခဲ့တဲ့ ဥပဒေသ တရပ်ဖြစ်ပါတယ်။ ဖိနှိပ်မှုဆိုတာ ရှိနေသရွေ့

ပုန်ကန်ထကြွမှုတွေ ဆိုတာကလဲ ရှိနေစမြဲပါပဲ။ တော်လှန်ရေးအင်အားစုတရပ် ပြိုလဲကျတာနဲ့ အင်အားစုအသစ်တွေကလဲ

ထွက်ပေါ်လာစမြဲပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေမှာေ၀၀ါးမှု ရှိလာတာနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်သစ်တွေက

ပေါ်ပေါက်လာစမြဲပါပဲ။ လူထုကို ကိုယ်စားပြုဖို့ လူထုက ရွေးချယ်ထားသူတွေဟာ လူထုကို ကိုယ်စားမပြုတော့တာနဲ့ လူထုက

လက်မခံတော့ပါဘူး။ အာဏာဆိုတာ ပြည်သူ့ဆီကပဲ သက်ဆင်းပါတယ်။ ပြည်သူလူထုဟာ သမိုင်းအဆက်ဆက်မှာ

တာဝန်ကျေခဲ့တယ်။ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ဒါတွေကို ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတလျှောက်မှာ

ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

၁၉၂၀ ကာလတွေမှာ ဂျီစီဘီအေ ပေါ်ပေါက်လာတယ်။ လူထုလှုပ်ရှားမှုကြီးရဲ့ တပ်ဦးအဖွဲ့ကြီးအဖြစ် လူထုက

အားပေးခဲ့ကြတယ်။ မကြာပါဘူး။ ၁၉၂၂ ရောက်တော့ ဒိုင်အာခီအုပ်ချုပ်ရေး စကားလုံးလေးနဲ့ နယ်ချဲ့အာဏာရှင်က

မျက်စပစ်လိုက်တာနဲ့ ဂျီစီဘီအေလဲ နှစ်ခြမ်းကွဲပါလေရော။ ၁၉၂၉ လဲ ရောက်ရော ဂျီစီဘီအေ အသင်းကြီး လေးစိပ်လောက်

ကွဲနေခဲ့ပြီ။ နိင
ုငံရေးဒိတဒ
ိတ်ကြဲ ခေါင်းဆောင်ကြီးတွေ လူထုမျက်နှာကို မကြည့်ကြပဲ အာဏာနောက်၊ ဥစ္စာဓနနောက်

တကောက်ကောက်လိုက်ပြီး အာဏာအဝေမတည့်ကြနဲ့ အမတ်နွံနစ်လိုက်ကြပုံများ လူကြားမကောင်း၊ သူကြားမကောင်း။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောင် “တောင်ကျရေနွားနှစေ


် ကာင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်“

လို့ စာချိုးရေးရတဲ့အထိကို ရွေးကောက်ပွဲနွံ၊ အမတ်နွံနစ်ပြီး အာဏာနောက်၊ ဥစ္စာနောက် လိုက်ခဲ့ကြတာကလား။ ဒီအချိန်မှာ

လူထုဘာလုပ်ခဲ့ကြသလဲ။ အမျိုးသားလွတ်မြောက်ရေး၊ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့တဲ့ သခင်ဘသောင်းဦးဆောင်တဲ့

တို့ဗမာ အစည်းအရုံးကြီးကို အားရပါးရ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါရောလား။ ဒိုင်အာခီအမတ်တွေ ပါလီမန်ထဲဝင်ပြီး နယ်ချဲ့တွေ


ပြောသမျှ ခေါင်းပေါင်းစတလူလူနဲ့ ခေါင်းတော်ညိမ့်နေကြချိန်မှာ “ကမ္ဘာမကြေ၊ ဗမာတတွေ၊ ဒါ-ဒို့ပြေ၊ ဒါ-ဒို့မြေ၊ ဒါ ငါတို့ပြေ“

ဆိုတဲ့ သီချင်းတွေက တောရောမြို့ပါ မကျန် ပျံ့နှံ့နေခဲ့ပြီ။ လုံးဝလွတ်လပ်ရေး တောင်းဆိုသံတွေက ပါလီမန်နဲ့ နယ်ချဲ့

အာဏာရှင်အသိုင်းအ၀ိုင်းကလွဲရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်နေခဲ့ပြီ။

လူထုရဲ့ ခေါင်းဆောင်တွေ၊ လူထုကို ကိုယ်စားပြုသူတွေဆိုတာ လူထုရဲ့ မျက်နှာကို ဖတ်တတ်ရမယ်၊ လူထုရဲ့ နှလုံးသားထဲက

စကားသံတွေကို နားထောင်တတ်ရမယ်၊ လူထုရဲ့ မျက်လုံးက ကျလာတဲ့ မျက်ရည်တွေကို ခံစားတတ်ရမယ်။ ဒါတွေကို သွေဖည်ပြီး

လူထုကသာ ခေါင်းဆောင်တွေ ဆုံးဖြတ်လုပ်ကိုင်တာကို လက်ခံရမယ်ဆိုတဲ့ အတွေးအခေါ်တွေ လူထုကိုယ်စားပြုသူတွေရဲ့

စိတ်ထဲ ရောက်လာတာနဲ့ တပြိုင်နက် သူတို့နဲ့ လူထုကြီး ကွဲကွာသွားပြီဆိုတာ အသေအချာပဲ။

အာဏာရှင်တွေဟာ ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ elite management ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား စီမံခန့်ခွဲမှုကို

ကနဦးလုပ်ကြတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြတယ်။ အဓိကကတော့ နိုင်ငံရေးဦးဆောင်နေသူတွေ၊

ခေါင်းဆောင်တွေကို သူတို့ရဲ့ စီမံကိန်းထဲ ရောက်အောင် ရာထူးအာဏာ၊ ဥစ္စာဓန၊ ပျော့ပျောင်းသော အတွေးအခေါ်တွေနဲ့

ချဉ်းကပ်ပြီး ကျုံးသွင်းခြင်းပါ။ ဒီလိုလုပ်လာတဲ့အခါမှာ နိုင်ငံရေးဒိတ်ဒိတ်ကြဲခေါင်းဆောင်ကြီးတွေကတောင် လက်ခံလိုက်ပြီဆိုတဲ့

သတင်းစကားကို လူထုထဲ ဖြန့်လိုက်တာနဲ့ လူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်တွေ လျော့ပါးသွားမယ်လို့ ယူဆကြပါတယ်။

အဓိကကတော့ အာဏာရှင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေပဲ အနာဂတ်နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မယ်။ ဒါကို လူထုက

လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးတွေ ပေါ်လွင်စေဖို့အတွက် elite democratization process

နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးတွေက ဟန်ချက်ညီ ထွက်ပေါ်ရပါတယ်။ ဒါကို အချို့ကလဲ

ဘောလုံးပွဲနဲ့ ဥပမာပေးတတ်ကြပါသေးတယ်။ လူထုက ပွဲကြည့်ပရိသတ်သာ ဖြစ်တယ်။ တကယ်အရှုံး၊ အနိုင်၊

သရေကျတာတွေက ကွင်းထဲက ဘောလုံးသမားတွေနဲ့ ဆိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပါ။

ဒါပေမယ့် ပြည်သူလူထုဟာ ဘောလုံးပွဲကို သက်တောင့်သက်တာ ထိုင်ကြည့်နေရတဲ့ ပရိသတ်မဟုတ်ဘူး။

စစ်အာဏာရှင်ဆန့်ကျင်ရေးကာလတလျှောက်လုံးမှာ ပြည်သူလူုထုတရပ်လုံးရဲ့ သွေးတွေ၊ ချွေးတွေ၊ နှလုံးသွေးစက်တွေ

ရင်းထားရတာ။ နှစ်ရှည်ထောင်ဒဏ်ကျတဲ့ ဖခင်တယောက်ကို တနေ့တွေ့ရမှာပဲ လို့ မျှော်လင့်နေတဲ့

ကလေးငယ်လေးတယောက်ရဲ့ ခံစားချက်၊ သမီးငယ်လေး မုဒိမ်းကျင့်သတ်ဖြတ်ခံရလို့ နှလုံးကွဲအောင်ခံစားနေရတဲ့ မိအို၊

ဖအိုတွေရဲ့ ငိေ
ု ကြွးနေတဲ့ နှလုံးသား၊ ပျောက်ဆုံးသွားတဲ့ လင်ယောက်ျားတွေ၊ ဇနီးသည်တွေ၊ ချစ်သူတွေကို မျှော်လင့်ရင်း

ကျဆင်းနေတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ချစ်ကြင်နာသူတွေရဲ့ မျက်ရည်စက်တွေ၊ ဆေးရုံပေါ်မှာ ဆေးဝါးဝယ်ဖို့

မတတ်နိုင်လို့ မသေသင့်ပဲ သေရတဲ့ အမေ့အလောင်းကို ဖက်ပြီး ငိုင်နေရတဲ့ သားသမီးတွေရဲ့ အသက်မဲ့မျက်နှာ၊ ဆာလောင်ပြီး

ငိုကြွေးနေတဲ့ ကလေးငယ်လေးကို အဆာပြေကျွေးစရာ ဘာမှ မရှိလို့ အံကြိတ်ရင်း ခံစားနေရတဲ့ ဖခင်တယောက်ရဲ့


လက်သီးဆုပ်၊ ရွယ်တူကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်ရင်း ၀မ်းနည်းနေတဲ့ လမ်းဘေးက

သူတောင်းစားကလေးငယ်လေးရဲ့ ရင်ထဲက စကားသံတွေ၊ မျက်စိရှေ့မှာ ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေကို

ရိုက်နှက်သတ်ဖြတ်နေတာကို မြင်ထားရတဲ့ လူထုရဲ့ နာကျည်းမှုတွေ။

ဒါတွေဟာ “လူထုကြီးရေ။ ခင်ဗျားတို့ အားလုံးကို မေ့ထားလိုက်ကြတော့။ ကျုပ်တို့က အားလုံးကို သင်ပုန်းချေပြီး

အမျိုးသားသင့်မြတ်ရေးပဲလုပ်မယ်“ လို့ စကားလေးတခွန်းပြောလိုက်တာနဲ့ ပြီးဆုံးသွားမယ့် အရာတွေ မဟုတ်ဘူး။

အမျိုးသားပြန်လည်သင့်မြတ်ရေး တကယ်ဖြစ်သွားဖို့ဆိုတာ ပါလီမန်ထဲ နိုင်ငံရေးခေါင်းဆောင်တွေ ရောက်သွားရုံ၊

အာဏာရှင်ရွေးကောက်ပွဲပြီးသွားရုံလောက်နဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်ပြီးသွားခဲ့တဲ့ အမှန်တရားတွေ၊

တာဝန်ရှိသူတွေကို လူထုအကြားမှာ ဖော်ထုတ်ပြရမယ်။ ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ လူထုကို ၀န်ချတောင်းပန်ရမယ်။ စနစ်ရဲ့

ဆိုးကျိုးတွေကို စနစ်ရဲ့သားကောင်တွေက နားလည်ခွင့်လွှတ်မှုရှိလာအောင် ကြိုးပမ်းအားထုတ်ရမယ်။ တောင်အာဖရိကမှာ

ဒိုင်ယာလော့ခ်နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ပြီးတော့မှ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်

(Truth and Reconciliation Commission) ဆိုတာ ထွက်ပေါ်လာတာဖြစ်တယ်။ ပြီးတော့ ဒီကော်မရှင်က

ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ (interim constitution) ရဲ့ final clause ဖြစ်တဲ့ “ပြစ်ဒဏ်ပေးတာ မဟုတ်ပေမယ့်

ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို သိနားလည်မှု လိုအပ်တယ်။ လက်စားချေဖို့ မဟုတ်ပေမယ့် မှားယွင်းမှုအတွက်

ဝန်ချတောင်းပန်တာ၊ လျော်ကြေးပေးတာတွေ ပြုလုပ်ဖို့ လိုအပ်တယ်“ ဆိုတဲ့ အချက်အပေါ်မှာ

မူတည်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလတွေမှာ လူထုရဲ့ စိတ်အနာတွေကို ကုစားဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ

အများကြီးရှိသေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တောင်းဆိုနေရတဲ့ စကားလုံး မဟုတ်ဘူး။ လုပ်ဆောင်ရတဲ့

အလုပ်ပဲ ဖြစ်တယ်။ ပဋ္ဋိပက္ခတွေပြီးဆုံးပြီးမှ ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နအဖကို တောင်းဆိုရအောင်

နအဖရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလိုပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ စာပိဒ


ုတပိုဒ်တလေ၊

လိုက်လျောမှုတစုံတရာများ ရှိနေတာမှ မဟုတ်သေးတာကလား။ ဒီလိုမဟုတ်ပဲ အတိတ်ကိုမေ့လိုက်ဖို့၊ သင်ပုန်းချေဖို့၊

ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ ဆိုတာက ဘာနဲ့ သွားတူသလဲဆိုရင် နယ်ချဲ့ခေတ်တုန်းက ကျေးရွာသူလေးကို မြို့ပိုင်သားက

စော်ကားလိုက်တဲ့အခါ သူကြီးက ကြားဝင်ပြီး “ငါက ရွာအကြီးအကဲအနေနဲ့ ဆုံးဖြတ်ပေးမယ်။ ပြီးတာတွေလဲ မေ့လိုက်ကြတော့။

မဟုတ်ရင် နင်ကလဲ မိန်း ကလေးဆိုတော့ ရပ်ကျော်ရွာကျော်ဖြစ်ပြီး သိက္ခာကျမယ်။ ဟိုဘက်ကလဲ မြို့ပိုင်သား။

အာဏာရှိတဲ့မင်းတွေ။ ဖက်ပြိုင်ဖို့ မကြိုးစားပါနဲ့“ လို့ ပြောနေတာနဲ့ တူတယ်။ အဲဒီလို ဆိုလိုက်တာနဲ့ ရွာလူထုက မြို့ပိုင်သားရဲ့

ပြစ်မှုကို ကျေနပ်သွားရောတဲ့လား။ မကျေနပ်တဲ့အပြင် နယ်ချဲ့ရဲ့ ဖိနှိပ်စော်ကားမှုတွေကို ပိုပြီး မြင်လာကြတော့တာပါပဲ။

သူကြီးကိုကျတော့ ဘယ်လိုအမည်တပ်ပါသတဲ့လဲ။ “နယ်ချဲ့ အလိုတော်ရိ“ လို့ အမည်တပ်ပါတယ်။


မျက်မှောက်ခေတ်မှာလဲ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေက အမျိုးသားသင့်မြတ်ရေးကို အသာထားလို့ စစ်ကျွန်စနစ်

ရှင်သန်ခိုင်မာရေး၊ အာဏာရှင်သားစဉ်မြေးဆက်ကောင်းစားရေးတွေအတွက် ဖွဲ့စည်းပံအ


ု ခြေခံဥပဒေကို သူတို့စိတ်ကြိုက်

ရေးဆွဲပြီးမှ မဲလိမ်၊ မဲခိုးပြီး အတည်ပြုထားတာ ဖြစ်တယ်။ စကားကမ်းလှမ်းမှု၊ လိုက်လျောမှုလေးတွေ ဆိုတာက သူတို့ဘက်က

ပိုင်ပြီဆိုတော့မှ elite management process ဖြစ်တဲ့ ရေပေါ်ဆီ နိုင်ငံရေးသမားတွေကို အာဏာရှင်ရွေးကောက်ပွဲတွေ၊

အာဏာရှင်အလိုကျ အတွေးအခေါ် နွံထဲတွေ ကျုံးသွင်းယူတဲ့ စီမံခန့်ခွဲရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေတာပဲဖြစ်တယ်။

ဒါကို မမြင်ပဲ “မောင်မောင်ခေါ်တိုင်း ဗျာလိုက်ထူး“ လို့ကတော့ “အာဏာရှင်အလိုတော်ရိ“ ဆိုတဲ့ ဆိုင်းဘုတ်ကို လူထုက

လည်ပင်းမှာ စွပ်ပေးလာကြမှာပဲ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မန


ှ်တဲ့ ရွေးကောက်ပွဲ၊ စစ်မန
ှ်တဲ့

အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ မဟုတ်တာကြောင့် လူထုနဲ့အတူလက်တွဲပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့

တော်လှန်ရေးသမားတွေကလဲ စဉ်ဆက်မပြတ်ဆက်ထွက်နေဦးမှာ အသေအချာပဲ။ အာဏာရွငေ


် ရွးကောက်ပွဲတွေဟာ ရေပေါ်ဆီ

နိုင်ငံရေးအသိုင်းအ၀ိုင်းတွေကို လူထုနဲ့ ခွဲထုတ်ပြီး ရာထူးအာဏာ၊ ဥစ္စာနွံထဲ နှစ်လိုက်တာနဲ့ နွံထဲမှာ အနစ်မခံကြတဲ့ စစ်မှန်တဲ့

တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုနဲ့ဟာ ပိုပြီး ပူးပေါင်းမိလာကြမှာပဲဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ရွေးကောက်ပွဲအလွန်

ကာလတွေမှာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကတော့ ရှိနေဦးမှာပဲဖြစ်သလို၊ တော်လှန်ရေး

လွဳပ္ရွားမွဳေတြကလဲ ရွေ
ိ နဦးမှာပဲ ဖြစ်တယ်လို့ ဆိုနိုင်တယ်။

အာဏာရှင်တွေဟာ ပင်မဒေါက်တိုင်ကြီးဖြစ်တဲ့ စစ်တပ်ဒေါက်တိုင်ပြိုလဲမှုကို အာဏာရှင်ရွေးကောက်ပွဲတွေ ကျင်းပပြီး ထိန်းသိမ်း

ဖြေရှင်းလေ့ရှိတယ်လို့ ရှေ့ပိုင်းမှာ ဆိုခဲ့ပြီးဖြစ်ပါတယ်။ စစ်တပ်ဟာ ပြည်သူနဲ့ ပူးပေါင်းသွားချိန်မှာ စစ်တပ်ဒေါက်တိုင်

ပြိုလဲပါတယ်။ နအဖစစ်အာဏာရှင်တွေက ပါလီမန်ထဲကို စစ်ဗိုလ်အမတ်တွေ ထည့်လိုက်တာဟာ မြားတစင်းထဲနဲ့ ဌက်နှစ်ကောင်

ပစ်ချလိုက်တာပါ။ အာဏာဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တာကြောင့် တပ်တွင်းမှာလဲ အာဏာရူး၊ အမတ်ရူးတွေရဲ့

အပြိုင်အဆိုင်တွေ ပေါ်လာကြဦးမှာပါ။ တခါ စစ်ဗိုလ်အမတ်တွေ တပ်ထဲ ပြန်ရောက်လာတဲ့အခါမှာလဲ အမတ်မဟုတ်ခဲ့ဖူးတဲ့

စစ်ဗိုလ်တွေနဲ့ တပ်ထဲမှာ သဘောထားအကွဲလေးတွေ ဖြစ်ကြဦးမှာပါ။ ဒီလိုအချိန်လေးတွေမှာ အမတ်ရူးတဲ့ ဗိုလ်ကလဲ

အမတ်ဖြစ်ဖို့ တပ်မတော်အကြီးအကဲကြီးတွေကို ကပ်ရ၊ ဖားရ ဖြစ်ကြမယ်။ တပ်တွင်းမှာလဲ သဘောထားအကွဲလေးတွေနဲ့

တပ်မတော်တွင်းစည်းလုံးညီညွတ်ရေး ဖရိုဖရဲတွေဖြစ်မယ်။ ရာထူး၊ အာဏာတွေမှာ ပုံစံအမျိုးမျိုးနဲ့ သာယာကြမယ်။

အောက်ခြေက တပ်သားတွေနဲ့ အရာရှိတွေအကြားမှာ ကွာဟမှု သိပ်ကြီးမယ်။ ရာထူးအာဏာစည်းစိမ်တွေကြောင့်

ပြည်သူဘက်က ရပ်တည်တဲ့ တပ်မတော်ဖြစ်လာဖို့ ရာခိုင်နှုန်းက တော်တော်နည်းသွားပါမယ်။

တပ်ချုပ်ကြီးအလိုကျတပ်မတော်သာ ဖြစ်နေပါမယ်။ တချိန်တည်းမှာပဲ တပ်မတော်က သူ့အလုပ်ကို သူမလုပ်ပဲ

နိုင်ငံရေးအာဏာမှာ ကန့်လန့်ကန့်လန့် ၀င်လုပ်နေတော့ ပြည်သူတွေက မျက်မုန်းကျိုးကြပါမယ်။ ပြည်သူနဲ့ စစ်တပ်ကြား

ဘယ်လိုမှ ပေါင်းစည်းလို့ မရနိုင်တော့တဲ့ စည်းတွေ ဖြစ်လာကုန်မယ်။ ဒီလိုဖြစ်လာလေလေ၊ စစ်အာဏာရှင်တွေရဲ့


သားစဉ်မြေးဆက်နဲ့ အနာဂတ်ဘ၀ လှပလေ လို့ သူတို့ယူဆကြပါတယ်။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုတာမျိုးပါ။

ဒါပေမယ့် တပ်မတော်ထဲမှာ ရှိနေတဲ့ အက်ကြောင်းဟာ ရာထူးအာဏာတွေအပေါ်မှာပဲ အခြေခံပြီး ရှိနေတဲ့ အက်ကြောင်း

မဟုတ်ပါဘူး။ အထင်ရှားဆုံး အက်ကြောင်းကြီးက အမိန့်နာခံမှုနဲ့ လူသားပီသစွာ စဉ်းစားဆင်ခြင်တွေးခေါ်မှု ဆိုတဲ့

အချက်နှစ်ချက်ပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ တပ်မတော်သား တွေဟာ ပြည်သူလူထုဆိုတဲ့ မိခင်ဆီက မွေးဖွားလာခဲ့ကြတဲ့

အမေ့သားတွေပါ။ ရာထူးအာဏာ၊ ဥစ္စာတွေကြောင့် ဘ၀မေ့ပြီး အမေအိုကြီးကို ခြေထောက်နဲ့ ကန်တတ်သူတွေ ရှိသလို၊

အမေအိုကို အလုပ်အကျွေးပြုချင်နေကြတဲ့ သားကောင်းရတနာတွေလဲ ရှိနေဆဲပါပဲ။ ဒီလိုသားကောင်းရတနာတွေဟာ

အချိန်ကာလတခုမှာ အမိန့်နာခံမှုဆိုတဲ့ တံတိုင်းကြီးကို ကျော်လွှားပြီး အမေ့ရင်ခွင်ကို ပြန်ခိုလှုံလာကြဦးမှာပဲ ဖြစ်ပါတယ်။

အမေအိုကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်ပေးလာကြဦးမှာပဲ ဖြစ်ပါတယ်။ အမေအိုကြီးနဲ့ တူတဲ့ ပြည်သူလူထုဟာ ဒီအချိန်ကို

နှစ်ပေါင်းများစွာ စောင့်နေခဲ့ကြပါတယ်။ အမေ့ရင်ခွင်ကို ခိုလှုံလာမယ့် သားကောင်းရတနာတွေကို မျှော်လင့်နေကြပါတယ်။

သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ အမေ့မေတ္တာ၊ စေတနာတွေကို တချိန်မှာ သားတွေ နားလည်လာကြမှာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလမှာ ပြည်သူလူထု၊ အမေ့ရင်ခွင်ဆီပြန်လာတဲ့ တပ်မတော်နဲ့ စစ်မှန်တဲ့ တော်လှန်ရေးသမားတွေက တဘက်၊

ဒေ၀ဒတ်ကို ဆရာတင်ပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်သားအချို့နဲ့ လူထုစေတနာကို စော်ကားပြီး

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို သစ္စာဖောက်တဲ့ အာဏာရှင်အလိုတော်ရိတွေက တဘက် ထိပ်တိုက်ရင်ဆိုင်ရမှုတွေ

ရှိလာကြဦးမှာ မလွဲသေချာပါပဲ။

အနာဂတ်မြန်မာပြည်မှာ နောက်ထပ်ဖြစ်လာနိုင်တာကတော့ legitimacy နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အာဏာရှင်တွေက

“အာဏာရှင်ရွေးကောက်ပွဲလေးတွေ ကျင်းပလိုက်ရရင်ဖြင့် legitimacy တော့ရပြီ၊ ပြည်ပက အရေးယူမှုတွေတော့ ရပ်ပြီ၊

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ကူညီထောက်ပံ့မှုလေးတွေ ၀င်လာလို့တော့ဖြင့် တို့ရဲ့ သားစဉ်မြေးဆက်တွေ ထောင်ထားတဲ့

လုပ်ငန်းတွေ အကျိုးအမြတ်ရပြီ၊ အရိုးအရင်းကိုက်ဖို့ မွေးထားတဲ့ အဖွဲ့လေးတွေကလဲ တို့ကို တော့ သစ္စာရှိရှိနဲ့

တွယ်နှောင်နေတော့မယ်။ အရိုးအရင်းကိုက်တဲ့ အဖွဲ့လေးတွေလဲ အများကြီး ပေါ်လာဦးမယ်။ အဖွဲ့တွေအချင်းချင်းလဲ

ချကြဦးမယ်။ ဒါနဲ့ပဲ သူတို့ဘာသာရှုပ်နေပြီး တို့ကို ဆန့်ကျင်ဖို့ ကိစ္စ တွေးဖြစ်ကြတော့မှာ မဟုတ်ဘူး“ လို့ ထင်ကြပါလိမ့်မယ်။

၂၀၁၀ အလွန်ကာလ အိပ်မက်ကြီးတွေ မက်ပြီး၊ အိပ်မက်ထဲ အနိုင်ဂိးု သွင်းလိုက်ရတဲ့ ဘောလုံးသမားမျက်နှာနဲ့

ဆန့်ဆန့်ကြီးပြုံးပြီး အိပ်ယာထဲမှာ လှဲနေကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်ဖြစ်ရပ်တွေဆိုတာ အိပ်မက်နဲ့ မတူညီနိုင်ပါဘူး။

အာဏာရှင်တွေ မျှော်မှန်းထားသလို အကျိုးအမြတ်တွေ ရမှာကလဲ အသေအချာပဲ။ အရိုးအရင်းကိုက်တဲ့ အဖွဲ့တွေသာ မကပဲ၊

အန်ဖတ်ထဲ အသားစလေးများ ရှိဦးမလားဆိုပြီး ရှာကြတဲ့ အဖွဲ့တွေလဲ ထွက်လာဦးမှာပဲ။ အဖွဲ့တွေအချင်းချင်း အဝေမတည့်ပဲ

အပြိုင်အဆိုင်တွေလဲ ဖြစ်ကြဦးမှာပဲ။ ဒါပေမယ့် legitimacy ဆိုတာ ယုံကြည်ကိုးစားမှု (trust) နဲ့ ထိရောက်မှု (Effectiveness)
ပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။

legitimacy ဆိုတာ ပြည်ပက ထောက်ပံ့မှုတွေ ၀င်လာရုံ တခုတည်းနဲ့ ရလာနိင


ုတာ မဟုတ်ပါဘူး။ legitimacy နဲ့ အတူ

ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု (trust) ကပါ တပြိုင်တည်းတွဲနေတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေကို လူထုက

မဲမပေးပဲနေသည်ဖြစ်စေ၊ ခြိမ်းချောက်ခံရလို့ မဲပေးရသည်ဖြစ်စေ လူထုရင်ထဲက အသိအမှတ်မပြုပါဘူး။

အာဏာရှင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလဲ ပြည်သူ့အစိုးရလို့ လူထုက အသိအမှတ်မပြုပါဘူး။

ယုံကြည်ကိုးစားမှု မရှိပါဘူး။ ဒီနေရာမှာ တချို့က ဆိုပါမယ်။ အာဏာရှင်ဘက်တော်သားတွေကို လူထုက မယုံကြည်သင့်ဘူးဆိုရင်

ဒီမိုကရေစီ သမားတွေကကော ဘယ်လောက်ယုံကြည်စရာ ကောင်းသလဲ လို့ မေးစရာ ရှိပါတယ်။ ရိုးအီစွာ ကြားနေကြရပြီဖြစ်တဲ့

မရသေးတဲ့ အာဏာကို အဝေမတည့် ဖြစ်ကြတာတွေ၊ ငွေကြေးအလွဲသုံးစားမှုတွေ၊ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့

ဆုတောင်းနေကြသံတွေ နဲ့ ပုပ်လို့ပေါ်၊ ဟုတ်လို့ကျော်နေတာတွေ ကကော ယုံစရာကောင်းသလားလို့ ဆိုကြပါလိမ့်မယ်။

ဒီအတွက် ကျွန်မဆီမှာကလဲ ဖြေစရာ အဖြေတခုပဲ ရှိပါတယ်။ လူဆိုတာ လူပဲဖြစ်တယ်။ လူတိုင်း၊ လူတိုင်းဆီမှာ လူပီသတဲ့

ကောင်းတဲ့ စိတ်ထားတွေ ရှိသလို လူ့လောကကို အကျည်းတန်စေတဲ့ မကောင်းတဲ့ စိတ်ထားတွေလဲ ရှိတယ်။

အာဏာရှင်ဘက်တော်သားတွေမှာလဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်တွေရှိတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေမှာလဲ

ကောင်းတဲ့စိတ်၊ မကောင်းတဲ့ စိတ်ထားတွေ ရှိတယ်။ တခါတရံမှာ ကောင်းတဲ့ စိတ်က အနိုင်ရတယ်၊ တခါတရံမှာ မကောင်းတဲ့

စိတ်ထားက အနိုင်ရတယ်။ ဒီလိုမကောင်းတဲ့ စိတ်ထားက အနိုငရ


် လာအောင် ဖန်တီးပေးနိုင်တာတွေက ဥစ္စာဓနစည်းစိမ်

ငွေကြေးတွေနဲ့ ရာထူးအာဏာတွေပဲ ဖြစ်တယ်။ ကောင်းတဲ့ စိတ်ထားက မကောင်းတဲ့ စိတ်ထားကို အနိင


ုရလာအောင်

ဖန်တီးပေးနိုင်တာတွေက စည်းကမ်း၊ ဘာသာတရား၊ တရားမျှတတဲ့ ဥပဒေနဲ့ စစ်မှန်တဲ့ စနစ်တွေပဲ ဖြစ်တယ်။ ကျွန်မတို့ဆီမှာ

လူသတ်တာဟာ မကောင်းဘူးဆိုတဲ့ ဘာသာတရား အဆုံးအမ၊ လူသတ်မှုဖြစ်ရင် အဖမ်းခံရမယ်ဆိုတဲ့ ဥပဒေအတားအဆီး

တွေသာ မရှိဘူးဆိုရင်၊ ဒေါသ၊ မောဟစတဲ့ မကောင်းတဲ့ စိတ်ထားတွေ၊ အလိုရမက် လောဘတွေက လူကို ကြီးစိုးလာတဲ့အခါ

လူမသတ်မိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ဒါကြောင့် လူတိုင်းမှာ မကောင်းတဲ့ စိတ်၊ ကောင်းတဲ့ စိတ်တွေ ဒွန်တွဲရှိနေတယ်

ဆိုတာ ယေဘူယျ နားလည်ထားရမှာဖြစ်တယ်။

အခုမြန်မာပြည်က စစ်အာဏာရှင်တွေဟာ ဘာလို့ ရမ်းကားနေသလဲ။ အစိုးရတရပ်ကို ထိန်းညှိပေးနိုင်မယ့် စနစ်တခုရဲ့

ထိန်းကျောင်းမှု မရှိလို့ပဲဖြစ်တယ်။ ပြည်ပအတိုက်အခံတွေမှာကော ဘာကြောင့် ဒီလိုပြဿနာတွေ လူသိရှင်ကြား ဖြစ်လာရသလဲ။

“ တော်လှန်ရေးကာလမှာ အချင်းချင်း နားလည်ခွင့်လွှတ် ထားသင့်တယ်၊ မကောင်းတာလေးတွေ ရှိရင်လဲ ဖံုး ဖိထားသင့်တယ်၊

ရန်သူသိရင် ၀မ်းသာသွားလိမ့်မယ်“ ဆိုတဲ့ အယူအဆတွေနဲ့ စည်းကမ်းတကျ ထိန်းညှိမှု မရှိလို့ ပရမ်းပတာဖြစ်ကုန်တာပဲ

ဖြစ်တယ်။ ရာထူးအာဏာဆိုတာ ကြာကြာဆုပ်ကိုင်ထားရင် လူတွေရဲ့ မကောင်းတဲ့ စိတ်တွေက ကောင်းတဲ့ စိတ်တွေကို


အနိုင်ရလာအောင် တွန်းပို့ပေးတတ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ဒီမိုကရေစီ စနစ်

ရှင်သန်ပေါ်ထွန်းရေးဆိုတာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်နေတာပဲ ဖြစ်တယ်။ ဒီရည်မှန်းချက်က အန်အယ်ဒီပါတီ

အာဏာရရေးကို ပြောနေတာ မဟုတ်ဘူး။ အတိုက်အခံတွေ အာဏာရရေးကို ဆိုလိုတာ မဟုတ်ဘူး။ မကောင်းတဲ့ စိတ်တွေက

ကောင်းတဲ့စိတ်တွေကို အနိုင်ရစေတဲ့ စနစ်ကို ဖယ်ရှားပြီး၊ တရားနည်းလမ်းကျပြီး မကောင်းတဲ့ စိတ်တွေကို ထိန်းညှိပေးနိုင်မယ့်

စနစ်သစ်ကို အစားထိုးတာကို ဆိုလိုတာ ဖြစ်တယ်။ ဒါကြောင့် “အာဏာရှင်လဲ ဒီအတိုင်းပဲ၊ အတိုက်အခံတွေလဲ ဒီအတိုင်းပဲ။

အတိုက်အခံဆိုတဲ့ လူတွေ အာဏာမရသေးခင်မှာတောင် ဒီလောက်ဖြစ်နေတာ၊ အာဏာရရင် ပိုဆိုးမှာပေါ့ “ ဆိုတဲ့ အဆိုတွေဟာ

မှားယွင်းတယ်။ ဒီအတိုက်အခံတွေကို စစ်မှန်တဲ့ ရွေးကောက်ပွဲတွေမှာ လူထုက ရွေးချယ်ပါမယ်လို့ကော ဘယ်သူက

တပ်အပ်ပြောနိုင်တာမို့လဲ။ အဖြေက ရှင်းရှင်းလေးသာ ဖြစ်တယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ဘက်တော်သားလဲ

ဝင်ပြိုင်၊ အတိုက်အခံတွေလဲ ၀င်ပြိုင်၊ တခြားဘယ်သူမဆို ၀င်ပြိုင်လို့ရတယ်။ ဒါပေမယ့် စစ်မှန်သော ရွေးကောက်ပွဲကနေ

ထွက်ပေါ်လာတဲ့ ပြည်သူ့အစိုးရဖြစ်တာနဲ့ ပြည်သူလူထု အကျိုးကိုပဲ ဆောင်ကျဉ်းကြရမယ်။ မဆောင်ကျဉ်းပဲ

ကိုယ်ကျိုးရှာသူတွေကို စနစ်က ဖယ်ထုတ်ပစ်မှာသာ ဖြစ်တယ်။ ဒီတော့ “အာဏာရှင်လဲ ဒီအတိုင်းပဲ။ အတိုက်အခံလဲ ဒီအတိုင်းပဲ။

ဒါပေမယ့် လူတွေရဲ့ မကောင်းစိတ်တွေကို စနစ်က ဖယ်ရှားပေးလိမ့်မယ်။ ဒီအတွက် မှန်ကန်တဲ့ စနစ်ဖြစ်လာအောင်

အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်“ လို့ စဉ်းစားဖို့ လိုအပ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ရွေးကောက်ပွဲကတော့ မှန်ကန်တဲ့ စနစ်ကို ဖန်တီးပေးနိုင်တာ မဟုတ်ပဲ အာဏာရှင် မျိုးစေ့တွေ

ချပေးနေတာဖြစ်တဲ့အတွက် အဲဒီကနေ ထွက်ပေါ်လာတဲ့ အစိုးရဟာ လူထုရဲ့ ယုံကြည်ကိုးစားမှု မရမှာ အသေအချာပဲ ဖြစ်တယ်။

ဒါကြောင့် ယုံကြည်ကိုးစားမှုနဲ့ ယှဉ်ပြီး ထွက်ပေါ်လာတာ မဟုတ်တဲ့ legitimacy ဆိုတာကလဲ စက္ကူကျားတခုပဲ ဖြစ်လာမှာ

သေချာတယ်။ Legitimacy နဲ့ ယှဉ်တွဲနေတဲ့ နောက်ထပ်အချက်တခုကတော့ ထိရောက်မှုရှိခြင်း (Effectiveness) ပါ။

နိုင်ငံတခုမှာ ရှိတဲ့ အစိုးရတရပ်ရဲ့ ရပ်တည်နိုင်မှုဟာ တရားဝင်မှုနဲ့ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှု တွေအကြားက

ဆက်နွယ်မှုပေါ်မှာ မူတည်ကြောင်း နိုင်ငံရေးပညာရှင် Lipset က ဆိုထားပါတယ်။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရမို့

တရားဝင်အစိုးရလို့ ခေါ်တွင်နိုင်ပေမယ့် တိုင်းပြည်ကို ထိထိရောက်ရောက် စီမအ


ုံပ်ချုပ်နိုင်မှု မရှိရင် ရေရှညမ
ှ်ာ ရပ်တည်နိုင်မှာ

မဟုတ်ဘူး။ လူထုက ဖြုတ်ချတာ၊ အာဏာသိမ်းတာတွေ ဖြစ်လာတတ်လေ့ရှိတယ်။

ဥပမာဆိုရရင် မြန်မာနိုင်ငမ
ှာံ ပထစ အစိုးရဟာ တရားဝင်မှုရှိခဲ့ပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းတယ်။

အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို သေချာ မထူထောင်နင


ိုဘူး။ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေထက်

အကွဲကွဲအပြဲပြဲနဲ့ အချိန်ကုန်နေကြတယ်။ လူထုက သူတို့အပေါ် ယုံကြည်ကိုးစားမှု နည်းလာတယ်။ တရားဝင်အစိုးရဟာ

ကမ္ဘာနဲ့အ၀ှမ်းဖြစ်နေတဲ့ cycle of military dictatorship ကို ကာကွယ်ပေးနိုင်မယ့် ယန္တရားတွေ မကျင့်သုံးနိုင်ကြဘူး။ civilian


rule ကို အားကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်အာဏာသိမ်းတာ ခံခဲ့ရတာပဲဖြစ်တယ်။ တခါ မဆလ

အစိုးရမှာကျတော့လဲ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တာကြောင့် legitimacy ရှိတယ်လို့ ဆိုနိုင်ပေမယ့်

မဆလအစိုးရကို လူထုက ယုံကြည်ကိုးစားမှုမရှိဘူး။ တိုင်းပြည်အုပ်ချုပ်ရေးမှာလဲ အကြောက်တရားနဲ့ ဖိနှိပ်နိုင်တာပဲ ရှိပြီး

တိုင်းပြည်အုပ်ချုပ်ရေးကို မနိုင်နင်းဘူး။ မဆလအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ

တစတစ ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်မှာ လူထုတိုက်ပွဲတွေ ထွက်ပေါ်လာတော့ တမဟုတ်ချင်း မဆလ

အစိုးရပြုတ်ကျသွားတာပဲ ဖြစ်တယ်။

ဒီတော့ တရားဝင်မှုနဲ့အတူ ယုံကြည်ကိုးစားမှုနဲ့ အစိုးရတာဝန်တွေ ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှု ဆိုတာတွေကပါ

အစိုးရတခု ရပ်တည်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဟာလဲ

အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် တရားဝင်မှုတော့ ရှိမှာအမှန်ပ။ဲ ဒါပေမယ့် လူထုရဲ့

ယုံကြည်ကိုးစားမှု မခံရတာရယ်၊ အစိုးရတာဝန်တွေ ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာ မဟုတ်တာရယ်ကြောင့် တချိန်မှာ

လူထုက ဆန့်ကျင်တာ (သို့မဟုတ်) စစ်အာဏာရှင်တွေက အာဏာသိမ်းတာတွေ ခံကြရဦးမှာပဲ ဖြစ်တယ်။ “ဘာကြောင့်

ဒီလိုဆိုရလဲ၊ အတိုက်အခံ နိုငင


်ံရေးသမားပီပီ ခင်ဗျားက မကောင်းတာတွေပဲ ပြောနေတာပဲ“ လို့ ကျွန်မကို မေးလာခဲ့ရင်

အဖြေရှိတယ်။ ကျွန်မဘာကြောင့် ဆိုရလဲ ဆိုတော့ ၂၀၁၀ အာဏာရှင် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

အတည်ပြုခြင်းရဲ့ နောက်ဆက်တွဲ လမ်းပြမြေပုံ အဆင့်တခုပါလို့ နအဖစစ်အာဏာရှင်တွေက ကြေညာထားလို့ပဲဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်တွေ ပါလီမန်မှာ ပါဝင်နေတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတယ်။ တပ်မတော်ရဲ့ အင်မတန် မွန်မြတ်သန့်စင်လှတဲ့

နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍကို သီးခြားရပ်တည်မှု မပေးထားပဲ နိုင်ငံရေးထဲ ဆွဲထည့်ထားတယ်။

စစ်အာဏာသိမ်းမှုတွေကို အားပေးအားမြှောက်တဲ့ အချက်တွေ ပါဝင်တယ်။ ဒါကြောင့် အစိုး ရအဖွဲ့တခုရဲ့ ထိထိရောက်ရောက်

အုပ်ချုပ်စီမံမှုတွေမှာ အခက်အခဲတွေဖြစ်မယ်။ စစ်အာဏာ သိမ်းမှုတွေဆီ ပြန်ပြီး ဦးတည်သွားနိုင်တယ်။ နောက်တချက်က

နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်တယ်။ လက်ရှိမြန်မာနိုင်ငံကြီးရဲ့ စီးပွားရေးအခြေအနေ

ယိုယွင်းပျက်စီး မှုတွေဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါလို့ မျက်စိစုံမှိတ်ပြီး အော်ဟစ်နေကြသူတွေ

ရှိတယ်။ ဒီလိုအော်ဟစ်နေသူတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကြောင့် တိုင်းပြည်စီးပွားရေး နှောင့်နှေးမှုဖြစ်တာတွေ၊

အုပ်ချုပ်သူတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို စကားဟဟတောင် မပြောရဲကြဘူး။ အမေရိကန် ဆက်ရှင်

ရုတ်သိမ်းလိုက်တာနဲ့ပဲ တိုင်းပြည်စီးပွားရေးကြီးက ကောင်းလာမယ်လို့ မျက်လုံးကြီးတွေပြူးပြီး နှုတ်ခမ်းတလန်၊ ပန်းတလန်နဲ့

ပြောတတ်ကြတယ်။ ဒါကို ဘောဂဗေဒ နားလည်သူတွေက ပါးစပ်ကြီးတွေ ဟပြီး နားထောင်ကြရတယ်။ မနေနိုင်လွန်းလို့

ဘောဂဗေဒနဲ့ ကျောင်းပြီးထားတဲ့ ဗိုလ်ချုပ်တယောက်က ဖွင့်ဟပြောလိုက်တုန်းကလဲ ဒီဗိုလ်ချုပ် ဖြုတ်ထုတ်ခံလိုက်ရဖူးတယ်။


ဒါတွေက ထားတော့။ ဆက်ရှင်ကြောင့် နိုငင
်ံတော်စီးပွားရေး ယိုယွင်းပျက်စီးရတယ်လို့ အော်ဟစ်နေသူတွေဟာ

အာဏာရှင်ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ မတော်တဆများ ဆက်ရှင်ရုတ်သွားခဲ့ရင် တိုင်းပြည်စီးပွားရေးကြီးကို

ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ကော ရှိကြရှာပါ့မလားလို့

သံသယဖြစ်မိပါတယ်။ ဘယ်လိုဒီမိုကရေစီ တိုင်းပြည်မှာမဆို စစ်အသုံးစရိတ်ဆိုတာ နိုင်ငံတော် ဂျီဒီပီရဲ့ ၁ရာခိင


ုနှုန်းကနေ ၅

ရာခိုင်နှုန်း အတွင်းမှာပဲ ထားကြပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကဏ္ဍအသီးသီးမှာ ဘတ်ဂျက်ခွဲဝေမှုတွေ

စနစ်တကျ ရှိပါတယ်။ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ စစ်အသုံးစရိတ်ကို လိုအပ်သလို သုံးစွဲမယ်လို့ ဆိုထားတဲ့အပေါ်မှာ

နိုင်ငံတော်အုပ်ချုပ်ရေးရဲ့ အရေးကြီးဆုံးကဏ္ဍတခုဖြစ်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို ဘယ်လိုထိရောက်အောင် လုပ်ကြမလဲ။

ကန့်ကွက်လိုက်လို့ စစ်အာဏာရှင်က ဖွဲ့စည်းပုံကြီးကိုင်ပြီး အကြောင်းရှာ အာဏာပြန်သိမ်းမှုကိုကော ဘယ်လိုကာကွယ်ကြမလဲ။

မတရားစီးပွားရှာနေတဲ့ အာဏာရှငအ
် သိုင်းအ၀ိုင်းကို ကျော်လွှားပြီး၊ စီးပွားရေးတရားမျှတမှုတွေကို ဘယ်လို ဖော်ဆောင်ကြမလဲ။

ငွေကြေးလည်ပတ်မှုစနစ်ကို စနစ်တကျ စီမံခန့်ခွဲဖို့အတွက် ငွေကြေးတွေ ရိုက်ထုတ်ချင်တိုင်းထုတ်နေတဲ့ အာဏာရှင်နဲ့

ဝိသမစီးပွားရေးသမားတွေ လက်ထဲက ငွေမည်းတွေကို ကော ဘယ်လိုကိုင်တွယ်ကြမှာလဲ။ နောက်ဆုံးပူးသတ်မယ်၊ ပါလီမန်ထဲ

ဝင်တိုက်မယ်၊ တိုင်းပြည်စီးပွားရေး ကောင်းအောင် ပါလီမန်ထဲမှာ ပြောမယ်လို့ မောင်းတင်ထားသူတွေ ပါလီမန်ထဲ

ရောက်ခွင့်တောင် ရှိကြပါ့မလား။ ရှိခဲ့ရင်လဲ အာဏာရှင်ရဲ့ သစ္စာရှိစီးပွားရေးသမားတွေ၊ ဒေါက်တိုင်ကိုယ်စားလှယ်တွေ၊

အရိုးအရင်းအဖွဲ့ကိုယ်စားလှယ်တွေ အများအပြားပါတဲ့ ပါလီမန်ထဲမှာ majority rule ကို ဘယ်လိုကျော်လွှားကြမှာလဲ။

ရွေးကောက်ပွဲမတိုင်ခင်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တိုင်းသူပြည်သားတွေအတွက် ပါလီမန်တိုက်ပွဲ ၀င်နွှဲနိုင်ဖို့ ရွေးကောက်ပွဲကို

ထောက်ခံရတာပါလို့ ဆိုနေသူတွေဟာ မျှော်မှန်းထားတဲ့အတိုင်း အမတ်မင်းများဖြစ်ခဲ့ရင် တကယ်ကော ကိုယ်ပြောသလို

လုပ်နိုင်ပါ့မလားဆိုတာ စဉ်းစားသုံးသပ်ပြီးမှ အသံကောင်းတွေ ဟစ်သင့်ကြပါတယ်။ ဒီတော့ အာဏာရှငေ


် ရွးကောက်ပွဲနဲ့

တက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်ကို ထိထိရောက်ရောက် စီမအ


ုံပ်ချုပ်မှု မလုပ်နိုင်တဲ့အခါ (၂၀၀၈ ဖွဲ့စည်းပုံနဲ့ကတော့

မလုပ်နိုင်တာ အသေအချာပဲဖြစ်ပါတယ်) အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို

မဆောင်ကျဉ်းနိုင်ပဲ အာဏာရှင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ လူထုတိုက်ပွဲတွေက

ပေါ်ထွက်လာဦးမှာ မလွဲမသွေပါပဲ။ သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုထားတဲ့ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့

တက်လာတဲ့ အစိုးရတိုင်းမှာ ပုန်ကန်ခြားနားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ ရင်ဆိုင်ရမှာ ဖြစ်သလို

အစိုးရအဆက်ဆက်လက်ထက်မှာ စစ်အာဏာပြန်သိမ်းခံရတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လူထုတိုက်ပွဲတွေနဲ့ ဖြုတ်ချခံရတာ

ဖြစ်ရင်ဖြစ် လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၀ ဟာ အများပြောနေသလို လမ်းဆုံး မဟုတ်ဘူး။ ၂၀၀၈ အာဏာရှင်ဖွဲ့စည်းပုံ

ဥပဒေအပေါ်အခြေခံထားသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလဲ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။


နောက်ထပ်အရေးကြီးဆုံး ကိစ္စရပ်တခုကတော့ အမျိုးသား တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ဆိုင်တဲ့

အရေးကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ

ကျင့်သုံးမှု၊ နိုင်ငံတည်ထောင်မှုစနစ် မှားယွင်းမှု၊ သွေးခွဲခံရမှု စတာတွေကြောင့် လူမျိုးစုတွေအကြားမှာ ပဋ္ဋိပက္ခတွေ ရှိနေတဲ့

တိုင်းပြည်တခုဖြစ်ပါတယ်။ ဒီပဋ္ဋိပက္ခတွေဟာ ဗမာနဲ့ ကရင်အကြား၊ ကရင်နဲ့မွန်အကြား ပဋ္ဋိပက္ခတွေမဟုတ်ပါဘူး။

စစ်အာဏာရှင်တွေ ရဲ့ ဒေါက်တိုင်ဖြစ်နေရတဲ့ တပ်မတော်အတွင်းမှာ ကရင်တွေ၊ မွန်တွေ၊ ရှမ်း တွေ၊ ဗမာတွေ၊ ပအိုဝ့်တွေ

အများအပြား ပါဝင်ပါတယ်။ ရှမ်းရွာကို ဗမာစစ်ဗိုလ်တယောက်က မီးရှို့လိုက်တာဟာ ရှမ်းနဲ့ ဗမာ ပဋ္ဋိပက္ခမဟုတ်ပါဘူး။

ကရင်အမျိုးသမီးကို ရခိုင်စစ်ဗိုလ်က မတရားစော်ကားမှုဟာ ကရင်နဲ့ ရခိုင် လူမျိုးအကြားက ပဋ္ဋိပက္ခ မဟုတ်ပါဘူး။ ဒါတွေဟာ

စစ်အာဏာရှင်လက်ကိုငဒ
်ုတ်အဖြစ် အသုံးချခံနေရတဲ့ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံပြည်သူတွေအကြားက ပဋ္ဋိပက္ခတွေပဲဖြစ်ပါတယ်။

ဒီလိုပဋ္ဋိပက္ခတွေကို အင်အားသုံးပြီး အနိုင်ယူဖြေရှင်းလို့ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေနဲ့

အပစ်အခတ်ရပ်စဲရုံ၊ လက်နက်ကိုင်အဖွဲ့တွေကို စီးပွားရေးအခွင့်အရေးတွေ ပေးရုံ၊ စစ်အင်အားသုံး ထိပ်တိုက်ရင်ဆိုင် ၀ိုင်းရံပြီး၊

အာဏာရှင်ဖိနှိပ်သူတွေရဲ့ လမ်းစဉ်ကို ထောက်ခံခိုင်းရုံနဲ့ ဒီပဋ္ဋိပက္ခတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ လူမျိုးစုတွေရဲ့

တန်းတူရည်မျှမှုအခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို

နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ကူးပြောင်းလိုက်နိုင်ရင်လဲ ဒါဟာ အင်အားမမျှသေးလို့ ခြေတလှမ်းဆုတ်တာပဲ

ဖြစ်ပါလိမ့်မယ်။ အချိန်အတိုင်းအတာတခုမှာတော့ မပျောက်တဲ့ စိတ်အနာတွေဟာ ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ

ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ရင် မြန်မာတပြည်လုံး မီးဟုန်းဟုန်းတောက် ဖြစ်သွားပါလိမ့်မယ်။ မိဘနဲ့ သားသမီး

အရင်းအချာကြီးတွေ မှာတောင် အင်အားသုံးဖိနှိပ်ရင် အာဏာဖီဆန်မှုဆိုတာ ပေါ်ထွက်တတ်ပါသေးတယ်။

အမျိုးသားသွေးစည်းမှုကို အင်အားသုံးဖိနှိပ်ပြီး သွေးစည်းခိုင်းလို့ ဘယ်သောအခါမှာ အောင်မြင်မှာ မဟုတ်တာ အသေအချာပါပဲ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တဲ့ တိုင်းနိုင်ငံတခုမှာ လိုအပ်တဲ့ နိုင်ငံရေးစနစ်၊

တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံချက် မပေးထားပါဘူး။ လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်လို့ရမယ့်

ယန္တရားများစွာကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုပြီး တက်လာတဲ့

အာဏာရှင်ရွေးကောက်ပွဲအနိုင်ရ အစိုးရတွေလက်ထက်မှာ အာဏာဖီဆန်ရေးတိုက်ပွဲတွေ၊ လွတ်မြောက်ရေး တိုက်ပွဲတွေ

မလွဲမသွေ ပေါ်ထွက်လာဦးမှာပဲ ဖြစ်ပါတယ်။

နိဂုးံ

နိဂုံးချုပ်ဆိုရရင် အာဏာဆိုတာ ပြည်သူဆီကပဲ သက်ဆင်းတာဖြစ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆီက

အာဏာကို မတရားလုယူပြီး တရားဝင်အစိုးရဖြစ်အောင် ပြုလုပ်ယူတာပဲဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ရွေးကောက်ပွဲတွေကို

ပြည်သူလူထုက အသိအမှတ်ပြုမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကို ပြည်သူလူထုက

ယုံကြည်အားကိုးမှု မရှိပါဘူး။ အာဏာရှင်ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်ပြုပြီး ရင်းနှီးမြှုပ်နှံမှု တွေ၊


ထောက်ပံ့မှုတွေ ပြုလုပ်လာတတ်ကြပေမယ့် ဒါတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

အာဏာရှင်တွေကိုပဲ သက်ဆိုးရှည်စေတယ်ဆိုတာ နိုင်ငံရေးလေ့လာသူ ပညာရှင်များက အခိုင်အမာ

ဖော်ထုတ်ပြောဆိုထားကြပါတယ်။ တရားဝင် အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င် အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို

ဆောင်ကျဉ်းပေးတာ မဟုတ်ဘူးဆိုရင် အာဏာကို အမှန်တကယ်ပိုင်ဆိုင်တဲ့ ပြည်သူလူထုက လူထုအားနဲ့ ဖြုတ်ချခွင့်ရှိပါတယ်။

မတရားမှုတွေ ဥပဒေဖြစ်လာတဲ့အခါ ပုန်ကန်ဖို့အတွက် အဖိနှိပ်ခံပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူလူထုရဲ့ ကံကြမ္မာကို

ရေပေါ်ဆီ နိုင်ငံရေးသမားတွေကပဲ ဆုံးဖြတ်လို့ မရပါ။ လူထုရဲ့ ကံကြမ္မာကို လူထုကိုယ်တိုင်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ပြည်သူလူထုဆိုတာ တပ်မတော်ကြီးကို မွေးဖွားခဲ့တဲ့ တပ်မတော်သားတွေရဲ့ မိခင်ပဲဖြစ်ပါတယ်။ ဒါကြောင့်

အမိန့်နာခံတတ်မှုထက် လူသားပီသစွာ ဆင်ခြင်တွေးခေါ်နိုင်မှုရှိတဲ့ ပြည်သူ့တပ်မတော်သားတွေ အမေ့ရင်ခွင်ဆီ ပြန်ခိုလှုံလာဖို့

လူထုကြီးတရပ်လုံးက စောင့်မျှော်နေလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၉)

ရည်ညန
ွှ်း ကိုး ကား

Blaydes, L. (2008) 'Authoritarian Elections and Elite Management: Theory and Evidence from Egypt', Paper

presented at the Princeton University Conference on Dictatorships, April, 2008

Dogan, M. (1992) 'Conceptions of Legitimacy', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of

Government and Politics: Volume 1, Routledge, London and New York

Denver, D. (1992) 'Campaigns and Elections', in Hawkesworth, M. & Kogan, M. (eds.) Encyclopedia of

Government and Politics: Volume 1, Routledge, London and New York

Gandhi, J. & Lust-Okar, E. (2009) 'Elections Under Authoritarianism', Annual Review of Political Science, Vol. 12,

p. 403- 422

Gandhi, J. & Peuter, O. (2008) 'Opposition Coordination in Legislative elections under authoritarianism', Paper
presented at the annual meeting of the APSA 2008 Annual meeting, Hynes Convention Center, Boston,

Massachusetts, Aug 28, 2008

Geddes, B. (2005) "The Role of Elections in Authoritarian Regimes" Paper presented at the annual meeting of

the American Political Science Association, Marriott Wardman Park, Omni Shoreham, Washington Hilton,

Washington, DC, Sep 01, 2005

Heywood, A. (2002) Politics, 2nd edition, Palgrave Macmillan, New York

Kadirgamar-Pajasingham, S. (2005) 'Essentials of Free and Fair elections', Paper presented at the Regional

Dialogue on Free, Fair and Credible Elections, Islamabad, Pakistan (29-30 June, 2005)

Lindberg, (2006) Why Do Opposition Parties Boycott Elections? in Schedler, A. (ed.) Electoral Authoritarianism:

The dynamics of Unfree Competition, Social Science and Research Network

Piombo, J. (2004) 'Manipulating Legitimacy” International Election Monitoring, Electoral Fraud and Domestic

political legitimacy', Paper presented at the annual meeting of the International Studies Association, Le Centre

Sheraton Hotel, Montereal, Quebec, Canada, Mar 17, 2004

Reilly, B. (2001) Democracy in Divided Societies: Electoral Engineering for Conflict Management, Cambridge

University Press, Cambridge

Steiner, H. & Alston, P. (2000) International Human Rights in Context: Law, Politics, Moral, 2nd edition, Oxford

University Press, Oxford

Sartori, G. (1994) Comparative Constitutional Engineering: An Inquiry into Structures, Incentives and Outcomes,

Macmillan, London
လူထလ
ှုပ်ရှားမှုနှင့် ဒီမက
ို ရေစီပြောင်းလဲခြင်းဖြစ်စဉ်

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပါတယ်။ စနစ်တခုဖြစ်တာကြောင့် တည်ဆောက်ယူရပါတယ်။ တချို့က ဒီမိုကရေစီဆိုတာကို

အာဏာရှင်တွေဆီက တောင်းယူလို့ ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတာက အာဏာရှင်စနစ်ကို

တည်ဆောက်နေသူများဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့မရရင်

တိုက်ယူလို့ ရမလားလို့ မေးစရာရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။ တိုက်တာကတော့ တိုက်ရပါမယ်။

လူထုတိုက်ပွဲအသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုနဲ့ပဲဖြစ်ဖြစ်

တိုက်ရပါမယ်။ နိင
ုငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာတိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။

နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာရှင်စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။

စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုကရေစီစနစ် ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ

ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။

ဒီမက
ို ရေစီပြောင်းလဲမှု ဖြစ်စဉ်အသွငသ
် ဏ္ဍာန်များ

အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ်အရဆိုရင်

ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ်မယ်လို့

ယူဆကြပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင်

ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငေ


ံ ရးပညာရှင် Lipset က

စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေကို

စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။ ပညာရှင် Huntington ကလဲ

ဒီမိုကရေစီစနစ်တည်ဆောက်ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါးရမယ်လို့ အဆိုပြုထားပါတယ်။

လူထုလှုပ်ရှားမှုတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက်ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ်

modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကကျတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု

လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထု လှုပ်ရှားမှုတွေကလဲ အရေးကြီးကြောင်း ပထမလှိုင်း ဒီမိုကရေစီ

ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။

ဒီသဏ္ဍာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။


ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိပဲ ဒီမိုကရေစီစနစ်

အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊

တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာဖြစ်ပါတယ်။

တချို့ကကျတော့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုတာကို transitology ဆိုတဲ့ elite တွေကပဲ ဦးဆောင်ပြောင်းလဲတဲ့

ဖြစ်စဉ်အနေနဲ့ ရှုမြင်ကြပါတယ်။ ဒီဖြစ်စဉ်မှာကျတော့ resurrection of Civil Society ဆိုတဲ့ အခြေအနေက အဓိကကျပါတယ်။

ဒီအခြေအနေက ပြည်သူလူထု၊ ကျောင်းသား၊ အလုပ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေအားလုံးက

ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် (Initial democratization) ကို လူထုအားနဲ့ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။

ဒီပြောင်းလဲမှုဖြစ်စဉ်မှာ လူထုရဲ့ အခန်းကဏ္ဍက Initial democratization ကို စတွန်းခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွေမှာ

ဆန္ဒပြပွဲတွေ၊ street theatre တွေမှာ ပါဝင်မှုဖြစ်ပါတယ်။ ဒီလိုတွန်းအားပေးလိုက်တဲ့အခါမှာ အာဏာရှငအ


်ုပ်စုနဲ့

ဒီမိုကရေစီအပ
ုစုဆိုတဲ့ အင်အားစုကြီးနှစ်ရပ်ထွက်ပေါ်လာပါတယ်။ ဒီအုပ်စုနှစ်ရပ်ကနေ ခေါင်းဆောင် elite တွေ

ပေါ်ထွက်လာပါတယ်။ ဒီ elites တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကနေ ပေါ်ထွက်လာတာဖြစ်ရုံမက လှုပ်ရှားမှုရဲ့ ရလာဒ်ကိုပါ

ထိန်းချုပ်နိုင်တဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်လား၊

ရပ်တန့်ပြီး political deadlock ဖြစ်သွားလာဆိုတာကတော့ ဒီမိုကရေစီဘက်က ခေါင်းဆောင်တွေဟာ

လူထုတိုက်ပွဲအရှိန်ကောင်းစဉ်မှာ ဖွဲ့ရမယ့် အတိုက်အခံဦးဆောင်ကြားဖြတ်အစိုးရ (သို့မဟုတ်) အာဏာရှင်နဲ့

တွဲဖက်ဖွဲ့စည်းရမယ့် ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ စတဲ့ကြားဖြတ်အစိုးရတွေကို ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းနဲ့

အမြော်အမြင်ရမ
ှိ ရှိ ဆိုတာမှာ မူတည်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုဖြစ်စဉ် မအောင်မြင်ဖူးဆိုရင် ဒါဟာ လူထုကြီးကြောင့်

မဟုတ်ပဲ လူထုကြီးရွေးချယ်လိုက်တဲ့ elite တွေရဲ့ အရည်အချင်း၊ အတွေးအခေါ်၊ စီမံလုပ်ကိုင်ပုံတွေနဲ့ပဲ ဆိုင်ပါတယ်။

ဒီလိုနဲ့ ဒီ elite တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အကောင်အထည်မဖော်နိုင်တော့ဘူးဆိုတာ သေချာလာတဲ့အခါ

နောက်တကြိမ် လူထုတိုက်ပွဲတွေ ထပ်မံ ပေါ်ထွက်ရပြန်ပါတယ်။ cycle of protests လို့ခေါ်ဆိုနိုင်ပါတယ်။ အဲဒီအခါမှာ

ဒီလူထုတိုက်ပွဲတွေကနေ elite တွေ ထပ်ထွက်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ တခုသတိထားစရာရှိတာက ရှေ့ပိုင်း

လူုထုတိုက်ပွဲတွေက elite တွေရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ လူထုတိုက်ပွဲတွေဖြစ်လာပြီး ထပ်မံပေါ်ထွက်လာတဲ့ elite

အသစ်တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အောင်အောင်မြင်မြင် စတင်သွားမှာကို ရှေ့က တချို့ elite တွေက

စိုးရိမ်တတ်ပါတယ်။ ဒီအခါမှာ ဒီလိုစိုးရိမ်တဲ့ elite တွေထဲမှာ လုပ်ဆောင်ပုံ ပံစ


ုံနှစ်မျိုးထပ်ထွက်လာပါတယ်။ ပထမတမျိုးက

လူထုတိုက်ပွဲတွေ ထပ်ပြီး မပေါ်လာအောင် နည်းမျိုးစုံနဲ့ တားဆီးတာဖြစ်ပါတယ်။ ရှေ့လဲမတက်၊ နောက်လဲ မဆုတ်တဲ့ ပိုနေမြဲ၊

ကျားနေမြဲပုံစံပါ။
ဒုတိယတမျိုးကတော့ လူထုလှုပ်ရှားမှု အားကောင်းလာတဲ့အခါ နေရာဝင်ယူဖို့ ကြိုးစားတာတွေဖြစ်ပါတယ်။

ခေါင်းဆောင်သစ်တွေ ထပ်မထွက်လာအောင် ရှေ့ပိုင်းကနေ ပိတ်ပင်ထားမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်

မှာ political deadlock ဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ ဖြစ်လေ့ရှိတဲ့ နေရာယူမှုတွေ၊ အချင်းချင်း

တိုက်ခိုက် ပြောဆိုမှုတွေ၊ မျိုးဆက်သစ်လက်ဆင့်ကမ်းမှု အားနည်းတာတွေ၊ ကျဆုံးခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကို

ဂုဏ်ဖော်ပြောဆိုမှုတွေ အားလုံးဟာ ဒီသဘောတရားမှာ အခြေတည်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ဒီလို elite

တွေများနေရင် နောက်တကြိမ်လူထုတိုက်ပွဲကနေ ထပ်ထွက်လာမယ့် elite တွေရဲ့ အခန်းသဏ္ဍကို ကန့်သတ်လိုက်သလို

ဖြစ်သွားတာကြောင့် ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ ခက်ခဲတတ်ပါတယ်။ အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးထက် အများအရေးကို

ဦးစားပေး စဉ်းစားမှုတွေရှိဖို့က ဒီအသွင်သဏ္ဍာန်အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

Initial democratization စတင်သွားပြီဆိုရင်လဲ လူထုလှုပ်ရှားမှုတွေက တခြားအသွင်သဏ္ဍာန်တွေနဲ့ ဆက်ရှိနေရမှာဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာ ကနဦးဒီမိုကရေစီ စတင်ပြီးတဲ့အခါ နိုင်ငံတည်ဆောက်မယ့် ခေါင်းဆောင်တွေ ပေါ်ထွက်နေပြီအထင်နဲ့

လူထုလှုပ်ရှားမှုက အားနည်းသွားပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေက လူထုရဲ့ အနာဂတ် ဘ၀တိုးတက်မှုကို

ဖန်တီးအားထုတ်တာ မပြုလုပ်ပဲ အာဏာလုမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်လာတာလဲ ရှေ


ိ နတတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ

ပြောင်းလဲမှုဖြစ်စဉ်မှာတင် မဟုတ်ပါဘူး။ နိင


ုငံရေးပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ

ကိုလိုနီအစိုးရလက်အောက်က လွတ်မြောက်ကာစမှာလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အစိုးရတွေမှာလဲ ဖောက်ပြန်တဲ့

ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ဖူးပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ် ပြောင်းလဲမှုဖြစ်စဉ် ကနဦးအစမှာလဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကို အခွင့်ကောင်းယူပြီး

ခေါင်းဆောင်နေရာလုဖို့ ကြိုးစားသူတွေ၊ အာဏာရှင်ဘက်တော်သားဟောင်းတွေထဲက အုပ်ချုပ်ရေး၊

တည်ဆောက်ရေးယန္ထရားထဲမှာ ကျန်ရစ်ခဲ့သူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအကြားက ပဋိပက္ခတွေ၊

နိုင်ငံရေးသမားအချင်းချင်း စောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ စတဲ့ အထွေထွေ ပြဿနာတွေဟာ

ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ လူထုဆီက အာဏာသက်ဆင်းတဲ့ စနစ်ဖြစ်တာကြောင့်

ဒီလိုပြဿနာတွေကို လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေ၊ အာဏာရနိုင်ငံရေးပါတီတွေကို တခြားပါတီနဲ့

နိုင်ငံရေးအဖွဲ့အစည်းတွေက ပြန်လှန်စောင့်ကြည့်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်တဲ့

အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဖြေရှင်းသွားနိုင်မှာ ဖြစ်တယ်။

ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပြီး၊ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဆိုတာက တခြားစနစ်တွေကနေ ဒီမိုကရေစီစနစ်ကို

ပြုပြင်တည်ဆောက်တဲ့ ဖြစ်စဉ်တရပ်သာဖြစ်တယ်။ အာဏာရှင်စနစ်နဲ့ ကွာခြားတာက အာဏာရှင်စနစ်ကို လူတွေရဲ့


စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ လောဘ၊ မောဟက ထိန်းချုပ်မောင်းနှင်ပြီး၊ ဒီမိုကရေစီစနစ်မှာကျတော့ စနစ်ရဲ့ တန်ဖိုးတွေ၊

ယုံကြည်ချက်တွေက လူတွေရဲ့ အတ္တတွေ၊ လောဘ၊ မောဟတွေကို ထိန်းချုပ်မောင်းနှင်တာဖြစ်တယ်။

အာဏာရှင်ဘက်တော်သားတွေက မကောင်းဘူးလို့ တထစ်ချ ပြောလို့မရသလို ဒီမိုကရေစီဘက်တော်သားတွေကိုလဲ

သူတော်စင်တွေလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ပိုက်ဆံလက်ထဲ မရှိခင်မှာ ဟိုလူ၊ ဒီလူ ကူညီဖို့ စဉ်းစားသူတွေဟာ

လက်ထဲ ပိုက်ဆံတကယ်ရောက်လာတဲ့အချိန်မှာ ကိုယ့်အကျိုးနဲ့ ကိုယ့်မိသားစုအတွက် ပိုပြီး ဦးစားပေးကြတာပဲ။ ဒါဟာ

အပြစ်ဆိုစရာမဟုတ်ဘူး။ လူ့သဘာဝပဲဖြစ်တယ်။

ဒီလို လူ့အတ္တတွေကို အာဏာရှင်စနစ်က တွန်းအားပေးတယ်။ အာဏာရယူလိုစိတ်၊ အာဏာဆုပ်ကိုင်ထားလိုစိတ်၊ အာဏာနဲ့

ပျော်မွေ့တဲ့ စိတ်တွေဟာ အာဏာရှင်စနစ်က တွန်းပို့ပေးတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်က ကျတော့ ဒီလို

လူ့အတ္တတွေကို ထိန်းချုပ်လိုက်တယ်။ လူအများ ဆန္ဒနဲ့ လူအများအကျိုးကို ဆောင်ရွက်ဖို့ လူအများက ရွေးချယ်ထားသူတွေဟာ

အများအကျိုးမကြည့်ပဲ ကိုယ့်အတ္တနောက်ကိုပဲ လိုက်နေတာကို ဒီမိုကရေစီ စနစ်က ခွင့်မပြုဘူး။ ဒါကြောင့် လူထုတရပ်လုံးရဲ့

အနာဂတ်တိုးတက်ရေးကို ပြည်သူလူထုအပေါ်မှာ အခြေတည်တဲ့ ပြည်သူ့ဒီမိုကရေစီစနစ်ကသာ ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်။

တချို့က နိုင်ငံရေးအတွေးအခေါ်နဲ့ ဘက်လိုက်မှုတွေမှာ လူကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တတ်ကြတယ်။ စနစ်ပေါ်အခြေခံ

မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေဟာ ဒီမိုကရေစီအင်အားစုတွေထဲက လူတွေရဲ့ အားနည်းချက်တွေ၊ အတ္တတွေကို တွေ့လာ၊

သိလာတဲ့အခါကျတော့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် အထင်အမြင်လွဲလာတောတွေရှိတယ်။ ဒါဟာ လူုအပေါ်မှာ

အခြေတည်စဉ်းစားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ လူ့စိတ်ဆိုတာ အင်မတန်ဆန်းကျယ်တယ်။ အချိန်၊

နေရာ၊ အခြေအနေတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိင


ုတယ်။ အခြေအနေ၊ အချိန်အခါအရ လူသတ်မှုကျူုးလွန်သွားမိသူ

အများစုဟာ မကျူးလွန်ခဲ့စဉ်တုန်းက လူအချင်းချင်း သတ်ဖြတ်တာဟာ မကောင်းဘူးလို့ လက်ခံခဲ့ကြသူတွေချည်းပါပဲ။ ဒါပေမယ့်

အသိတခုနဲ့ မပြီးဘူး။ ဒါကြောင့် ထိန်းချုပ်ပေးဖို့ဥပဒေဆိုတာ ပေါ်လာတယ်။ ဒီမိုကရေစီ ဆိုတာလဲ ဒီလိုပဲ။

အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ဒီယန္တရားထဲက လူတွေကို ထိန်းချုပ်ပေးတဲ့ စနစ်သာလျှင်ဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ စနစ်နဲ့ မကိုက်ညီနိုင်တဲ့ အတ္တတွေ၊ လုပ်ရပ်တွေဟာလဲ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်

စလာတဲ့အခါမှာ စနစ်က ပြန်ထိန်းချုပ်သွားမှာပဲဖြစ်တယ်။ စနစ်နဲ့ မကိုက်ညီသူတွေကို စနစ်က ဖယ်ရှားပစ်လေ့ရှိတာ

ဓမ္မတာသာဖြစ်တယ်။ တိုင်းပြည်တခုမှာ စနစ်ဆိုးရှိနေရင် စနစ်ဆိုးနဲ့ မကိုက်ညီသူတွေ ပြည်ပထွက်တာများပြီး brain drain ဆိုတဲ့

ဦးနှောက် ယိုစီးမှုပြဿနာဖြစ်လေ့ရှိတယ်။ စနစ်ကောင်းကို ပြန်တည်ဆောက်တဲ့အခါ brain gain ဖြစ်လာတတ်စမြဲပါပဲ။ ဒီအခါမှာ

စနစ်နဲ့ မကိုက်ညီတဲ့ လူတွေရဲ့ စိတ်တွေကို စနစ်က ပြုပြင်မှာ ဖြစ်သလို၊ ပြုပြင်လို့ မရသူတွေကလဲ စနစ်ကနေ

လွင့်ထွက်သွားမှာပါပဲ။ ဒါကြောင့် လူတွေကို ကြည့်ပြီး စနစ်ရေးရာကို ဆုံးဖြတ်လို့ မရဘူးဆိုတာ လူအများ သိနားလည်ဖို့


လိုအပ်ပါတယ်။

ဒီလိုလူတွေရဲ့ အာဏာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်တဲ့

ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ အတွက် လူထုလှုပ်ရှားမှု တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။

လူထလ
ှု ပ်ရှားမှုနှင့် ဒီမက
ို ရေစီ ပြောင်းလဲမှု ဖြစ်စဉ်

လူထုလှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တလျှောက်လုံးမှာ အလွန်ပဲ အရေးကြီးလှပါတယ်။

နိုင်ငံရေးပညာရှင်တွေက လူထုလှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အဆင့် ငါးဆင့်ခွဲပြီး

ပုံဖော်ပြသကြပါတယ်။ ပထမအဆင့်ကတော့ ဆန့်ကျင်တော်လှန်ရေး (resistance) အဆင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ

ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းက အစပြုလို့ အာဏာရှင်စနစ်အမြစ်တွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်တာ၊ နိုင်ငံရေး

လှုပ်ရှားမှု ကွန်ယက်တွေတည်ဆောက်တာတွေဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တောင်သူလယ်သမား၊

ဘာသာရေးအဖွဲ့အစည်းတွေအပါအ၀င် လူထုလူတန်းစားအလွှာမျိုးစုံ အကြားမှာ ဒီမိုကရေစီပြောင်းလဲမှုကို

ထောက်ခံအားပေးမှုရှိလာအောင် စည်းရုံးလှုံ့ဆော်ပေးရမှာဖြစ်ပါတယ်။ ဒီကနေတဆင့် အာဏာရှင်ဆန့်ကျင်ရေး

ကွန်ယက်ကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီကွန်ယက်တည်ဆောက်မှုဟာ အဆုံးအဖြတ်ပေးမယ့် လူထုတိုက်ပွဲအတွက်

အလွန်ပဲ အရေးကြီးပါတယ်။ ချီလီ၊ ပိုလန်၊ အာဂျင်တီးနား နိုငင


်ံတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီမိုကရေစီ

လှုပ်ရှားမှုကွန်ယက်တွေကို ထောက်ခံပေးခဲ့ကြတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် အထောက်အကူပေးခဲ့တယ်။

တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ ဒီကွန်ယက် တည်ဆောက်မှုကို အားကောင်းအောင် မတည်ဆောက်ပဲ လူထုကို

အတင်းတွန်းပြီး လှုပ်ရှားခိုင်းတတ်ကြတယ်။ ဒီအဆင့်မပါပဲ လူထုတိုက်ပွဲခေါ်တတ်ကြတယ်။ သက်ဆိုင်ရာနီးစပ်သူများနဲ့

အစုအဖွဲ့လေးတွေဖွဲ့ပြီး လူထုလှုပ်ရှားမှုကို ဇောင်းတင်ကြတယ်။ အဲဒီလို လှုပ်ရှားမှုတွေက အောင်မြင်နိုင်ချေနည်းပါးတယ်။

ဘာလို့လဲဆိုတော့ ကွင်းလယ်ခေါင်မှာ ယာယီတဲလေးတွေ သွားထိုးတာနဲ့ တူလို့ပဲဖြစ်တယ်။ လေပြင်းမုန်တိုင်း လဲကျရော

ဒီယာယီတဲလေးတွေက အလွယ်တကူ ပြိုပျက်သွားပြန်ရော။ အုတ်မြစ် မခိုင်ပဲ အိမ်ဆောက်လို့ မရဘူး။ အိမ်မှာမှ

အထပ်ပေါင်းများစွာပါတဲ့ တိုက်ကြီးတွေ ဆိုရင် အချိန်ယူအုတ်မြစ်ချရတယ်။ တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့လဲ

လူထုထဲမှာ မတည်ဆောက်ပဲ နီးရာစုပြီး အဖွဲ့ဖွဲ့ကြတာတွေ သိပ်အားသန်ပြန်ရော။ ဘာနဲ့ တူလဲဆိုတော့ အိမ်မဆောက်ပဲ ခေါင်မိုး

ထုတ်လုပ်ရေးလုပ်တာနဲ့ တူတယ်။ ခေါင်မိုးတွေပဲရှိပြီး အုတ်မြစ်ရှိဖို့ နေနေသာသာ၊ အိမ်ရဲ့ structure တောင် စာရွက်ပေါ်မှာ

မရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေ အာရှနဲ့ အာဖရိကက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ရှိနေဆဲပဲဖြစ်တယ်။


ဒီလိုနဲ့ တည်ဆောက်မှုတွေ လုပ်ပြီး ကွန်ယက်တွေ ချိတ်ဆက်လာကြတဲ့ အခါ အခြေအနေကို ကြည့်ပြီး တိုက်ပွဲငယ်၊

တိုက်ပွဲလတ်၊ တိုက်ပွဲကြီးတွေ ပုံဖော်ရတယ်။ တိုက်ပွဲမဖော်ဆောင်ရင် ညီညွတ်ရေးဆိုတာ တည်ဆောက်လို့

မဖြစ်နိုင်တာကြောင့်ပဲ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲနဲ့ ပေါင်းစပ်ပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။

တချို့ဒီမိုကရေစီလှုပ်ရှားမှုတွေကျတော့ တိုက်ပွဲမရှိပဲ ညီညွတ်ရေးတည်ဆောက်မှုကို ဇောင်းပေးလုပ်ကြ၊

အချိန်ကုန်နေကြပြန်တယ်။ တိုက်ပွဲအဆင့်မရှိပဲ ညီညွတ်ပါတယ်ဆိုရင် ဒီညီညွတ်ရေးက တကယ့်ညီညွတ်ရေးတော့ ထွက်လာမှာ

မဟုတ်ဘူး။ စာရွက်ညီညွတ်ရေးပဲ ဖြစ်လာမှာပဲ။ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေမှာကတော့

ဒီစာရွက်ညီညွတ်ရေးပုံစံတွေ ခေတ်မစားခဲ့ဘူး။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဘာသာရေးလှုပ်ရှားမှု၊ မြို့ပြလူထု

လှုပ်ရှားမှု၊ လယ်သမား လှုပ်ရှားမှုစတဲ့ တိုက်ပွဲတွေကနေတဆင့် တိုင်းပြည်တခုလုံးရဲ့ လူထူလူတန်းစားအလွှာအသီးသီး

ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒီအဆင့်ကို upsurge of mobilization အဆင့်လို့ ပညာရှင်တွေက

သတ်မှတ်ကြတယ်။ ဒီအဆင့်မှာ လူထုတိုက်ပွဲအားကောင်းလာတဲ့အခါ အာဏာရှင် စနစ်ပြိုလဲသွားတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ပြိုလဲတယ်ဆိုတာ အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုလဲသွားတာ မဟုတ်ဘူး။

ခေတ္တရပ်ဆိုင်းသွားတာပဲဖြစ်တယ်။ ဒါကို ပြန်ပြီး ဘယ်သူက အသက်သွင်းမလဲ။ အာဏာရှင်ဟောင်း ဘက်တော်သားတွေက

အသက်သွင်းနိုင်မလား၊ ဒီမိုကရေစီဘက်တော်သားတွေက အသက်သွင်းနိုင်မလား။ အာဏာရှင်ဟောင်းဘက်တော်သားတချို့နဲ့

ဒီမိုကရေစီ ဘက်တော်သားတချို့ ပူးပေါင်းပြီး အသက်သွင်းနိုင်မလား။ ဒီအဆင့် ကို transition to procedural democracy လို့

ပညာရှင်တွေက သတ်မှတ်ထားတယ်။ အဓိက ထွက်လာရမယ့် ရလာဒ်ကတော့ ကြားဖြတ်အစိုးရပဲ။

ကြားဖြတ်အစိုးရမထွက်လာမချင်း ဒီအဆင့်မအောင်မြင်သေးဘူးလို့ ဆိုနိုင်တယ်။ ကြားဖြတ်အစိုးရ ဆိုတာမှာလဲ

ဒီမိုကရေစီဘက်တော်သားတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ အာဏာရှင်ဘက်က ပြုပြင်ပြောင်းလဲလိုသူတွေက

ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ ဒီမိုကရေစီနဲ့ အာဏာရှင်ဘက်တော်သားတွေ ပူးပေါင်းဖွဲ့စည်းတဲ့

ကြားဖြတ်အစိုးရဆိုပြီးရှိသလို တခါတရံ ဘယ်လိုမှ ညှိမရတဲ့ ဘက်နှစ်ဘက်အကြားမှာ နိုင်ငံတကာက ခေတ္တလာအုပ်ချုပ်ပေးတဲ့

ကြားဖြတ်အစိုးရဆိုပြီး ပံစ
ုံအမျိုးမျိုးရှိတယ်။

ဒီလိုကြားဖြတ်အစိုးရပေါ်ပေါက်လာပြီးမှ ရွေးကောက်ပွဲကျင်းပတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာတွေကို

လုပ်ရမှာဖြစ်တယ်။ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကျတော့ အဆင့်တွေက တော်တော်ကျော်ကြတယ်။ Transition to

procedural democracy အဆင့်ဝေးလို့၊ upsurge of mobilization အဆင့်တောင် မရောက်သေးဘူး။ resistance အဆင့်မှာ

ယာယီတဲလေးတွေ ထိုးပြီးရုံလောက်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒိုင်ယာလော့ခ်ဆိုပြီး အော်တတ်ကြတယ်။

“မုန့်ဆီကြော်ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုသလို ဒိင


ုယာလော့ခ်အတွက် conditions တွေပါ
ချတတ်ကြတယ်။ Upsurge of mobilization အဆင့် ဖြစ်သွားပြန်ရင်လဲ ကြားဖြတ်အစိုးရဖွဲ့စည်းရေးလိုလို၊

ဒိုင်ယာလော့ခ်လုပ်ရေးလိုလို သဲသဲကွဲကွဲမရှိကြပြန်ဘူး။ ဒိုင်ယာလော့ခ် ဆိုတာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်မှာ

ခေါ်ရတယ်ဆိုတာလဲ နားမလည်ကြပြန်ဘူး။ Transition to procedural democracy အဆင့်မရောက်ပဲနဲ့ ဒိုင်ယာလော့ခ်ဆိုတာ

ခေါ်လို့မရဘူး။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခေ


် အာင်မြင်ခဲ့တယ်ဆိုတာက ဒီဖြစ်စဉ်မှာ နိုင်ငံတကာစစ်မျက်နှာ

အားကောင်းမှုနဲ့ လူထုလှုပ်ရှားမှုကို မလွန်ဆန်နိုင်တော့ပဲ incumbent de Klerk အစိုးရက ကြားဖြတ် အိမ်စောင့်အစိုးရအနေနဲ့

transition to procedural democracy အဆင့်ကို အရင်ကျော်ဖြတ်ခဲ့ပြီးမှ ဒိင


ုယာလော့ခ်နဲ့ power-sharing coalition အစိုးရ

ဖြစ်လာတယ်။ နောက်မှ နိုငင


်ံတော်အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်တယ်။ ဒီလိုမဟုတ်ပဲ

တချို့နိုင်ငံတွေကျတော့ အဆင့်တွေခုန်ခုန်ကျော်ပြီး၊ အမြင့်ဆုံးအဆင့် ကြားဖြတ်အစိုးရ၊ အနိမ့်ဆုံး ဒိုင်ယာလော့ခ်စတဲ့

မဟာဗျူဟာမျိုးတွေ ရောထွေး ချကြလေတော့ resistance အဆင့်ကတည်းက ဒိုင်ယာလော့ခ်အော်သူကအော်၊ upsurge of

mobilization အဆင့်မှာ အော်သူကအော် ဖြစ်လာပါလေရော။ ဆိုးကျိုးကတော့ ကိုယ့်ဗျုဟာ၊ ရန်သူ့ဗျူဟာပြန်ဖြစ်ပြီး transition

to procedural democracy အဆင့်ထိမရောက်ခင်မှာ ဒိုင်ယာလော့ခ်နဲ့ လမ်းလွဲတာတွေ ခံရတော့တာပါပဲ။ ဒီလို strategic

failures တွေဟာ အာဏာရှင်တွေအတွက်တော့ အကောင်းဆုံးအသုံးချလက်နက်တွေပါပဲ။ နိုင်ငံရေးကိစ္စရပ်တွေလို

လူသန်းပေါင်းများစွာရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးပြောင်းလဲနိုင်တဲ့ မဟာဗျူဟာတွေအသာထားလို့ လူတယောက်ဘဝ

အောင်မြင်တိုးတက်ရေးမှာတောင် အဆင်ေ
့ ကျာ် ဖြတ်လမ်းလိုက်လို့မရပါဘူး။ တက်နေချိန်မှာ မသိသာပေမယ့်

ပြုတ်ကျတဲ့အချိန်မှာ တလိမ့်ခေါက်ကွေး နဲ့ ဘယ်လိုမှ ပြန်တည်ဆောက်ယူလို့မရအောင် ပြုတ်ကျတတ်ပါတယ်။ ဒါကြောင့်

အခြေခံအုတ်မြစ်တည်ဆောက်မှုဟာ အရမ်းကို အရေးကြီးလှပါတယ်။

ဒီလိုနဲ့ transition to procedural democracy အဆင့်မှာ ကြားဖြတ်အစိုးရတွေလဲ ပေါ်ပေါက်ပြီး အမျိုးသားရင်ကြားစေ့ရေးတွေ၊

တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတဲ့အခါကျတော့ နောက်တဆင့်ဖြစ်တဲ့ democratic consolidation အဆင့်ကို

တက်လှမ်းရပါတော့တယ်။ ဒီအဆင့်အောင်မြင်ဖို့ဆိုတာကလဲ လူထုလူတန်းစားအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးတွေကို

အာမခံချက်ပေးနိုငမ
် ယ့် ပြည်သူ့ဒီမိုကရေစီကို စွဲစွဲမြဲမြဲယုံကြည်လက်ခံသူတွေ ပေါ်ပေါက်လာမှ ဖြစ်နိုင်ပါတယ်။ လူဆိုတာကလဲ

လောဘ၊ မောဟတွေနဲ့ မကင်းနိုင်ပါဘူး။ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို သိပ်မြတ်နိုးတတ်ကြပါတယ်။

ငွေကြေးမမက်မောပါဘူး၊ အာဏာမမက်မောပါဘူး၊ နေရာမလိုချင်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပါစေ၊ လက်ထဲ ဒါတွေ

ရောက်လာတဲ့အခါ၊ လုပ်ပိုင်ခွင့်တွေ ရောက်လာတဲ့အခါကျမှ ပြောခဲ့တဲ့စကားတွေကို မေ့သွားတတ်သူတွေ တကမ္ဘာလုံးမှာ

ဒုနဲ့ဒေးပဲဖြစ်ပါတယ်။

လူ့သဘာဝဆိုတာကလဲ အစွဲအလန်းက ကြှီးတတ်ပါတယ်။ တခြား ဥစ္စာ၊ အာဏာမဆိုထားနဲ့။ နေထိုင်ရာ အိမ်လေးက ထိုင်နေကျ

ကုလားထိုင်လေးကို သူတပါးဝင်ထိုင်နေရင်တောင် ရက်ကြာလာတဲ့အခါ စိတ်ထဲ စနိုးစနောင့်ကတော့ ဖြစ်တတ်ကြစမြဲ။


ဘာမဟုတ်တဲ့ အလုပ်လေးမှာတောင် နာမည်လေးနဲ့ ရာထူးလေးရဲ့အပေါ်မှာ ကိုယ့်လက်မှတ်လေးထိုးလိုက်ရတာကို

အရသာတွေ့တတ်ကြစမြဲ။ အလုပ်က ထွက်လိုက်ရရင်၊ ဒါမှ မဟုတ် ပင်စင်ယူလိုက်ရတယ်ဆိုရင်တောင် တခါတရံမှာတော့

ပြန်တွေးရင်း တသသ ဖြစ်တတ်ကြစမြဲ။ ဒီလိုသဘောသဘာဝရှိနေတဲ့ လူ့လောကမှာ ရာထူး၊အာဏာ၊ လုပ်ပိုင်ခွင့်တွေကို

တမ်းတမက်မောတတ်ကြတာ၊ ကုလားထိုင်တွေကို ထိုင်ပြီးရင် နေရာဖယ်မပေးချင်ကြတာ အဆန်းတော့ မဟုတ်ပါ။ ဒီအစွဲတွေဟာ

ရေရှည်ကြာရင် အာဏာရှင်အသွင်ဆောင်သွားတာကြောင့် ဒီမိုကရေစီစနစ်နဲ့ ပြန်ထိန်းချုပ်ပေးကြရတာပါ။

ဒါကြောင့် ဒီအဆင့်အောင်မြင်ဖို့မှာ စာနယ်ဇင်းမီဒီယာတွေ၊ ဒီမိုကရေစီစနစ်ကို ယောင်ပြအပေါ်ယံ ယုံကြည်ချက် မဟုတ်ပဲ

အမှန်တကယ်ယုံကြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံတွေ၊

ဒီမိုကရေစီစနစ်အပေါ် အခြေတည်တန်ဖိုးထားတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ နိုငင


်ံခြားဆက်ဆံရေး မူဝါဒတွေ၊

နိုင်ငံသုံးစရိတ်ခွဲဝေမှုတွေ၊ ဒီမိုကရက်တစ် functioning နဲ့ ကိုက်ညီမယ့် ကျင့်ထုံးတွေ၊ good governance ကျင့်ထုံးတွေ

ပေါ်ထွက်လာဖို့ တည်ဆောက်ယူရပါတယ်။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေ အချိုးညီညီ ပေါ်ထွက်လာဖို့

လိုအပ်လှပါတယ်။ Civil Society အားကောင်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီမယ့် နိုင်ငံရေးယဉ်ကျေးမှု နဲ့

အတွေးအခေါ်တွေ ထွန်းကားလာအောင် ပြုပြင် တည်ဆောက်ရပါမယ်။ တချို့နိုင်ငံတွေမှာ democratic consolidation

အဆင့်ရောက်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ရောက်သွားတတ်ပါတယ်။

ဒီလို democratization's derailment ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာဖော်ထုတ်ကြရာမှာ အချက်ကြီး

ငါးချက်ကို တွေ့ရှိကြရပါတယ်။ ပထမအချက်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ

ဝင်ရောက်စွက်ဖက်မှုဖြစ်ပါတယ်။ ဒီလိုစွက်ဖက်နိုင်မှုတွေဖြစ်ပွားရတာကတော့ နိုင်ငံတော်အရေးပေါ်အခြေအနေတွေမှာ power

of the command of the army ဟာ အရပ်သား နိုင်ငံတော်အကြီးအကဲလက်ထဲမှာ မရှိလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ

တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်ကို ပြန်လည်ကျရောက်သွားတတ်ပါတယ်။ နောက်တချက်ကတော့

ပြည်ပနိုင်ငံများရဲ့စွက်ဖက်မှုဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့အစိုးရဟာ ပြည်ပနိုင်ငံတခုခုရဲ့

သြဇာခံ အစိုးရဖြစ်လို့မရပါဘူး။ ပြည်သူလူထုအကျိုးကိုပဲ ပထမဦးစားပေးကြည့်ရှုတဲ့ အစိုးရဖြစ်ရပါမယ်။ ဒီလိုမဟုတ်ပဲ လက်ဝဲ၊

လက်ယာအင်အားကြီးနိုင်ငံတွေရဲ့ ရုပ်သေးအစိုးရတွေဖြစ်လာတဲ့အခါမှာ မူဝါဒရေးရာတွေမှာ conflict of interests ဖြစ်တာတွေ၊

အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒရေးရာ၊ ဒေသတွင်းရေးရာ အားပြိုင်မှုတွေကနေ ပေါ်လာတဲ့ proxy political conflicts တွေဖြစ်ပြီး

ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာ နှောင့်နှေးသွားတာတွေ ဖြစ်တတ်ပါတယ်။

နောက်တချက်ကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြောင်းလဲမှုကာလမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့

ဆုံးဖြတ်သုံးသပ်မှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများတဲ့ တိုင်းပြည်တွေမှာ


နိုင်ငံတည်ထောင်မှုသဏ္ဍာန်နဲ့ စနစ် မှန်ကန်ဖို့ လိုပါတယ်။ state formation conflicts တွေ ရှိတဲ့အခါမှာ

စနစ်တကျမဖြေရှင်းနိုင်ရင် ရေရှည် ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ပွဲတွေ များလာတာနဲ့အမျှ

တပ်မတော်အခန်းကဏ္ဍကလဲ တိုးမြင့်လာပါတယ်။ ကြာလာတော့ ပြည်တွင်းစစ်နဲ့အတူု တပ်မတော်က အင်အားကြီးလာပါတယ်။

ဒီလိုဖြစ်လာတဲ့အခါမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲသလိုဖြစ်ပါတော့တယ်။ စစ်အသုံးစရိတ်က ကြီးမြင့်လာတော့

စီးပွားရေးတိုးတက်မှုက နှောင့်နှေးလာပြန်ပါတယ်။ စီးပွားရေးတိုးတက်မှုနှောင့်နှေးတော့ နိုင်ငေ


ံ ရး မတည်ငြိမ်မှုတွေက

ဖြစ်လာပါလေရော။ ဒီလိုနဲ့ပဲ အာဏာရှင်နင


ိုငံဖြစ်လိုက်၊ ဒီမိုကရေစီနိုင်ငံဖြစ်လိုက်နဲ့ သံသရာလည်နေကြတဲ့ နိုင်ငေ
ံ တွ ကမ္ဘာမှာ

အများကြီးပါပဲ။

နောက်တချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ်တခုပါ။

အာဖရိကနိုင်ငံတွေရဲ့ ဒီမိုကရေပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေရခြင်း အကြောင်းရင်းတွေမှာ ဒီအချက်က အဓိကဖြစ်ပါတယ်။

အာဏာရှင်စနစ်လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေမှာ organized crimes တွေ ကြီးစိုးပါတယ်။

အာဏာရှင်ဘက်တော်သားတွေကော၊ ဒီမိုကရေစီဘက်တော်သားတွေပါ လူကုန်ကူးမှုတွေ၊ စိနန


်ဲ့ ကျောက်မျက်ရတနာ

ခိုးထုတ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ အပါအ၀င် တခါတရံမှာ ဘိန်းကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်တတ်တာတွေ ရှိပါတယ်။

ဥပမာဆိုရင်- အာဖရိကတိုက်မှာ အာဖရိကအနောက်ပိုင်းဒေသဟာ အရှေ့တောင်အာရှ ဘိန်းဖြူသယ်ယူရေးရဲ့ port of entry

ဖြစ်ပြီး၊ အာဖရိကတောင်ပိုင်းဒေသဟာ တကမ္ဘာလုံးက ခိုးယူထားတဲ့ယာဉ်နဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ကုန်သွယ်မှုဇုံဖြစ်ပါတယ်။

ဒီလို ဥပဒေပြင်ပ စီးပွားရေးတွေဟာ ဒီမိုကရေစီစနစ်နဲ့ good governance practices တွေကို လာဘ်ပေးလာဘ်ယူမှုတွေ၊

အကြမ်းဖက်မှုတွေ၊ money laundering activities တွေနဲ့ undermine လုပ်လေ့ရှိပါတယ်။ တခါတရံမှာဆိုရင်

အမတ်လောင်းတွေကို နောက်ကွယ်က ကျားကန်ပေးပြီး မူဝါဒရေးရာမှာ ကြိုးဆွဲမှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့်

ဥပဒေပြင်ပလုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါမှာ တရားဥပေဒေစိုးမိုးရေးပြဿနာကနေ နိုင်ငံရေး၊ လူမျိုးရေးပြဿနာ မတက်အောင်

စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် နိုင်ငံက စစ်ဘုရင်နိုင်ငံ (warlords state)

ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ democratic consolidation ကို ခြိမ်းချောက်မှုပေးနိုင်တဲ့

အန္တရာယ်ပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်။ လူအချင်းချင်းလေးစားမှုနဲ့ လူအချင်းချင်း ကိုးကွယ်မှု

အသွင်သဏ္ဍာန်မတူဘူး။ လေးစားမှုက ဒီမိုကရေစီသဘောတရားပေါ် အခြေခံပြီး၊ ကိုးကွယ်မှုက အာဏာရှင်သဏ္ဍာန်ဆန်တယ်။

လူတယောက်ကို လေးစားသူက ဆက်ဆံရေးမှာလဲ လေးစားစွာ ဆက်ဆံတယ်။ ပြုမူဆောင်ရွက်မှုတွေမှာလဲ ကိုယ့်အမြင်ကို

ပြတ်ပြတ်သားသား တင်ပြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ရေးလုပ်တယ်။ သူတပါးဝေဖန်သံကြားရင်လဲ အပြုသဘောလား၊

အပျက်သဘောလား ခွဲခြမ်းဆုံးဖြတ်တယ်။ ကိုးကွယ်သူကျတော့ အဲလိုမဟုတ်တော့ဘူး။ ဘာလုပ်လုပ်ထောက်ခံတယ်။ စိတ်ထဲမှာ


မမှန်ဘူးထင်ရင်တောင် သူလုပ်တာဆိုရင် မမှားလောက်ပါဘူး။ ငါပဲ မှားတာပါလို့ တွက်ပြန်တယ်။ ကိုယ်က မဝေဖန်သလို

သူတပါးက ဝေဖန်ရင်လဲ မကြိုက်ဘူး။ ကြက်ခေါင်းဆိတ်မခံ လိုက်ထိုးနှက်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊

ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာ ဆိုတာ မရှိတော့ဘူး။ ကိုးကွယ်သူရဲ့ ဆုံးဖြတ်ချက်၊ အတွေးအေခါ်၊

လုပ်ငန်းဆောင်တာကိုပဲ အတည်ပြုတယ်၊ အကောင်အထည်ဖော်တယ်။ ဒီလိုအခြေအနေမျိုးက စီးပွားရေး၊

လူမှုဆက်ဆံရေးမှာဆိုရင်တောင် လောင်းရိပ်မိနေတတ်တယ်။ မိသားစုရေးမှာတောင် သားသမီးက မိဘကို ကိုးကွယ်မှု

လွန်ကဲနေရင် မိဘမရှိချိန်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင်

ဆက်မထိန်းနိုင်ဖြစ်တတ်တယ်။ လူဆိုတာ အသက်အရွယ်အရ ရင့်ကျက်လာရတယ်။ ငယ်စဉ်ကာလမှာ “ငါ့ဖေဖေပဲ တော်တယ်၊

တတ်တယ်“ ဖြစ်တတ်တာ သဘာဝပေမယ့် အရွယ်ရောက်လာချိန်မှာ ငါ့အဖေက ဘယ်နေရာမှာတော်တယ်၊ ဘယ်နေရာမှာ

ချော်တယ်၊ ဘယ်နေရာမှာ အားသာချက်ရှိတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာကို

သုံးသပ်ရတော့တယ်။ သူပြောတဲ့စကားတွေထဲက ဘယ်စကားကိုဆောင်ရမယ်၊ ဘယ်စကားကို ပယ်ရမယ်ဆိုတာကိုလဲ

လက်ရှိအခြေအနေနဲ့ကိုက်ညှိပြီး စဉ်းစားရတော့မှာဖြစ်တယ်။ ဒီလိုဆိုလို ဒါဟာ မလေးစားတာ မဟုတ်ဘူး။ ဖခင်အနေနဲ့

လေးစားမှုက သပ်သပ်၊ သူ့အပြော၊ သူ့လုပ်ရပ်ကို သုံးသပ်လေ့လာမှုက သပ်သပ်ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ

မျက်ကန်းကိုးကွယ်မှုလုပ်ရင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လိုက်နာဆောင်ရွက်မှုတွေ ဖြစ်လာတတ်တယ်။ ဒါက

လူတယောက် ဘ၀ရေးရာတွေမှာတင်ဖြစ်တယ်။

လူတယောက် ဘ၀ရေးရာမှာတောင် ဒီလောက်အရေးကြီးရင် နိုင်ငံတခုကံကြမ္မာမှာကျတော့ ပိုဆိုးတယ်။ ခေါင်းဆောင်ဆိုတာ

လေးစားရမယ့် လူသားတွေဖြစ်တယ်။ ဒါပေမယ့် ကိုးကွယ်ပြီး ထိုင်ကန်တော့နေရမယ့် လူတွေ မဟုတ်ဘူး။ ပြောသမျှ ကိုယ့်စိတ်က

ပါပါ၊ မပါပါ ခေါင်းညိမ့်လက်ခံနေရမယ့် သူတွေ မဟုတ်ဘူး။ သူဆိုထားသမျှ လိုက်နာဖော်ဆောင်ရမယ်မဟုတ်ဘူး။

သူနှုတ်ထွက်စကားမှန်သမျှ အမိန့်မဟုတ်ဘူး။ လက်တွေ့အခြေအနေနဲ့ ကိုက်ညီသလား၊ ဖြစ်နိုင်ချေရှိသလားဆိုတာ

သုံးသပ်ရမယ်။ ပြန်လှန် ဆွေးနွေးမှုလုပ်ရမယ်။ တခြားဖြစ်နိုင်ချေတွေကို စဉ်းစားရမယ်။ ဝေဖန်ဆွေးနွေးရမယ်။ အမြင်ကို

ပွင့်ပွင့်လင်းလင်း တင်ပြရမယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင်ကြီးဆိုပြီး ပုဂိံ္ဂုလ်ရေးကိုးကွယ်မှုတွေဟာ

ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နှောင့်နှေးစေတတ်တယ်။ တခုက ဒီလိုကိုးကွယ်ခံရသူတွေ မရှိတော့တဲ့အခါ ဖြစ်စဉ်တရပ်လုံး

ကသောင်းကနင်းဖြစ်သွားတတ်တာဖြစ်ပြီး၊ နောက်တမျိုးကတော့ “မမှားသောရှေ့နေ၊ မသေသောဆေးသမား“ ဆိုသလိုပဲ

သူတို့ရဲ့ မှားနေတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို လိုက်ပါ လုပ်ဆောင်မိတာဖြစ်တယ်။

ဒီလို ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ပြီး democratic

consolidation အဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ expansion to post-representative democracy ဆိုတဲ့

အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်ကတော့ နိုငင


်ံတကာ governance system ကို democratic reform ဖြစ်ရေးတွေနဲ့
နိုင်ငံတော်အဆင့်မှာ participatory democracy, deliberative democracy တွေကို စမ်းသပ်အကောင်အထည်ဖော်ပြီး

representative democracy ကို transcend လုပ်တာဖြစ်ပါတယ်။

နိဂုးံ

အခုဆောင်းပါးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဏ္ဍာန်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မစခင်မှာ

preconditions တွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ လိုအပ်တယ်ဆိုတဲ့ modernization သီအိုရီနဲ့

လူထုလှုပ်ရှားမှုကနေ Elite တွေပေါ်ထွက်လာပြီး Initial democratization စတင်နိုင်မယ့် transitology တို့ကို

ဆွေးနွေးထားပါတယ်။ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တို့အကြားက ဆက်နွယ်မှုတွေနဲ့

ပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်ကို တင်ပြထားသလို ဒီမိုကရေစီ စနစ် အမြစ်တွယ်ခိုင်မာမှုကို အနှောင့်အယှက်ဖြစ်စေမယ့်

အကြောင်းရင်းတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ တခြားမူကွဲသဏ္ဍာန်တခုဖြစ်တဲ့ political liberalization

အကြောင်းကိုတော့ လူထုလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့အတွက် ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါဘူး။ Political liberalization

ကနေ democratic consolidation ကို ကူးပြောင်းရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံသဏ္ဍာန်ရဲ့ အားသာချက်၊

အားနည်းချက်တွေကို တော့ နောက်ထပ်ဆောင်းပါးတခုမှာ ဆက်လက်တင်ပြပေးပါမယ်။

ခင်မမမျိုး (သြဂုတ်လ၊ ၂၀၀၉)

ရည်ညန
ွ်း ကိုး ကား-

Alagappa, M. (ed.) (2001) Civil Society and Political Change in Asia, Standford University Press, Standford

Bell, D., Brown, D., Jayasuriya, K. and Jones, D. (1995) (eds) Towards Illiberal Democracy in Pacific Asia, St.
Martin's Press, New York

Bernhard, M. (1992)'Civil Society and Democratic Transition in East-Central Europe', Political Science Quarterly,
108 (2), p. 307- 26

Brysk, A. (1993) 'From above and below: Social movements, the International system, and Human Rights in
Argentina', Comparative Political Studies, 26 (3), p. 259-85

Cavatorta, F. (2005) 'The International Context of Morocco's stalled Democratization', Democratization, 12 (4), p.
549-67

Crouch, C. (2004) Post-Democracy, Polity Press, Cambridge


Dahl, R. (1989) Democracy and its critics, Yale University Press, New Haven

Dalton, R. (2004) Democratic Challenges, Democratic Choices, Oxford University Press, Oxford

Diamond, L. (1999) Developing Democracy: Toward Consolidation, John Hopkins University Press, Baltimore

Ekiert, G. & Kubik, J. (1999) Rebellious Civil Society: Popular pretest and Democratic Consolidation in Poland,
1989- 1993, University of Michigan Press, Ann Harbour

Escobar, A. and Alvarex, S. (1992) (eds.) The makings of social movements in Latin America: Identity, Strategy
and Democracy, Westview, Boulder

Foweraker, J. (1989) Making Democracy in Spain: Grassroots struggle in the South, 1955-1975, Cambridge
University Press, Cambridge

Lipset, S. (1959) 'Some social requisites of democracy: Economic Development and Political Legitimacy',
American Political science review, 53 (1), p. 69- 105

Moore, B. (1966) Social Origins of dictatorship and democracy: Lord and Peasant in the making of the modern
world, Beacon Press, Boston

Myers, M. (1998) 'The promotion of democracy at the grassroots: The example of radio in Mali, Democratization,
5 (2), p. 200- 216
O'Donnell, G. (2007) 'The perpetual crises of democracy', Journal of Democracy, 15 (1), p. 5-19

Opp, K. (1994) 'Repression and Revolutionary Action', Rationality and Society, 6, p. 101-38

Przeworski, A. & Limongi, F. (1997) 'Modernization theories and facts', World Politics, 49, p. 155-83

Rossi, F. & Parta, D. (2009) “Social movement, trade unions and advocacy networks”, in Haerpfer, C.;
Bernhagen, P.; Inglehart, R (2009) (eds.) Democratization, Oxford University Press, Oxford

Schneider, C. (1995) Shantytown Protests in Pinochet's Chile, Temple University Press, Philadelphia

Ulfelder, J. and Lustik, M/ (2007) 'Modelling Transition to and from Democracy, Democratization, 14 (3), p. 351-
87

Welzel, C. (2007) 'Are levels of democracy influenced by mass attitudes?, International Political Science Review,
28 (4), p. 397- 424
အမ်ဳိးသားလြတေ
် မြာက်ရေးလှုပရ
ှ်ားမှု- ဒီမက
ို ရေစီ အောင်ပန
ွဲ စ
ှ ဆ
် သ
ီို့

လေးစားအပ်ပါသော မြန်မာပြည်သူအပေါင်းတို့။

ကျနော်တို့ တိုင်းပြည် လွတ်လပ်ရေးရတာ အခုဆိုရင် နှစ်ပေါင်း (၆၀)ကျော် ရှိနေပြီဖြစ်ပေမဲ့ ကျနော်တို့အားလုံးဟာ

လွတ်လပ်ရေးရဲ့ အရသာကို ဒီနေ့အထိ မခံစားနိင


ုကြဘူး။ လွတ်လပ်ရေးနေ့တွေ ရောက်တဲ့အခါတိုင်းမှာလဲ ပျော်ပွဲရွှင်ပွဲတွေ

မကျင်းပနိုင်ကြဘူး။ ကျနော်တို့ တိုင်းသူပြည်သားတွေ အများစုရဲ့ ဘဝတွေဟာ ဆင်းရဲနွမ်းပါပြီး အရုပ်ဆိုးအကြည်းတန်

နေကြရပါတယ်။ အတိတ်နဲ့ပစ္စုပ္ပန် အခြေအနေတွေဟာ အလွန်အင်မတန်မှ နာကြည်းစရာကောင်းတယ်။

အခုလာမဲ့ သက္ကရာဇ်(၂ဝ၁ဝ) နှစ်ဟာ ဆိုရင် မလွတ်မြောက်သေးတဲ့ မြန်မာပြည်၊ စစ်အာဏာရှင်စနစ်အောက်က လုံးဝ

လွတ်မြောက်ရမဲ့ နောက်ဆုံးနှစ် (သို့) သမိုင်းမှတ်တိုင်သစ်ကို ထူမဲ့ နှစ်ဖြစ်စေဘို့ ကျနော်တို့တမျိုးသားလုံးကို နိုးဆော် နေပါတယ်။

စစ်အာဏာရှင်စနစ်အောက်က လုံးဝလွတ်မြောက်ရေး နဲ့ ဒီမိုကရေစီရရှေ


ိ ရး ကြိုးပမ်းမှုကြီးမှာ စွမ်းစွမ်းတမန်နဲ့ ကိုယ်ကျိုးစွန့်ပြီး

ရှေ့တန်းက အကျဉ်းထောင်တွေ အတွင်းမှာ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ (၈၈) မျိုးဆက်ကျောင်းသား

ခေါင်းဆောင်တွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ အခြားသောနိုင်ငံရေး အဖွဲ့အစည်းများက အဖွဲ့ဝင်တွေ ခေါင်းဆောင်တွေ နဲ့

လူ့အခွင့်အရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်နေသူတွေ အားလုံးဟာ သမိုင်းမှာ သတ်သတ်မှတ်မှတ် မှတ်တမ်းတင်ဂုဏ်ပြုဘို့

စံနမူနာတွေ ဖြစ်ပါတယ်။ ပထမ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကလိုဘဲ ကျနော်တို့ရဲ့ မြန်မာ့သမိုင်းစာမျက်နှာ တွေမှာ

ထည့်သွင်းပြီးတော့ အလေးအနက်ရေးသား ဂုဏ်ပြုရမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည်ဟာ စစ်ကျွန်ဘဝအောက်ကနေ ကျနော်တို့ဘာသာ ဘယ်လိုမှလွတ်မြောက်နိုင်စွမ်း မရှိဘူးလို့


ကမ္ဘာတဝှမ်းကလူတွေက ထင်နေကြတာပါတယ်။ ဒီထက်ပိုဆိုးတာက တွေဝေနေတဲ မြန်မာအချိုေ
့ တွ နဲ့ နအဖ အလိုတော်ရိတွေ

အကြားမှာပါ ဝါဒဖြန့်တဲ့အနေနဲ့ ပြောနေကြတာတွေကို ကြားဖူးကောင်း ကြားဖူးကြလိမ့်မယ် ထင်တယ်။ အဲဒီလို မခိုငမ


်ာတဲ့

အတွေးအခေါ်တွေ စိတ်ဓါတ်တွေကို ပြောင်းလဲရမဲ့ အချိန်ကို ရောက်နေပါပြီ။

ဒီကနေ့ ကျနော်တို့အားလုံး အနေနဲ့ ပြည်တွင်းဖြစ် ဖက်ဆစ်ဝါဒီ နအဖစစ်အာဏာရှင် စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ (Global

Action For Burma) ဂျီအေဘီအင်အားစုကြီး အနေနဲ့ အခိုင်အမာညီညွတ်မှု ရရှိနေပြီဖြစ်တယ်။ အထူးသဖြင့် သံဃာတော်များ၏

ဦးဆောင်ကြိုးပမ်းမှု၊ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ အနုပညာရှင်များ၊ တတ်သိပညာရှင်များနှင့်

ခေတ်အဆက်ဆက်က ကျောင်းသားများ ပြည်တွင်းရော ပြည်ပတွေမှာပါမကျန် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး

အကောင်အထည်ဖေါ်ရေး လမ်းကြောင်းပေါ်တွင် စည်းလုံးညီညွတ်မှု အခိုင်အမာ ရရှိနေပြီဖြစ်တယ်။ အတူတကွတိုက်ပွဲဝင်ဖို့

ပူးပေါင်းပါဝင် နေကြတဲ့ ညီညွတ်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက်ထိမ်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ထားတယ်။

ကျနော်တို့တိုင်းပြည်မှာ စစ်တပ်အတွင်းပါဝင်အမူထမ်းနေကြတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ အရာခံ အကြပ်တပ်သားအားလုံး

အပါအဝင် ပြည်သူပြည်သား တိုင်းရင်းသားတွေ အားလုံး တောင်သူလယ်သမားအားလုံး ဝန်ထမ်းအမူထမ်းအားလုံးတို့ဟာ

တန်းတူညီမျှတဲ့ အခွင့်အရေး နဲ့ တရားဥပဒေ နဲ့ အကာအကွယ် ပေးထားနိုင်ပြီး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ယှဉ်တွဲနေထိုင်

နိုင်တဲ့ ခေတ်ကိုရောက်မှသာလျှင် လွတ်လပ်ရေးရဲ့ အနှစ်သာရရှိတဲ့ သာယာတဲ့ တိုင်းပြည်တပြည် အဖြစ်ကို ရရှမ


ှိာဖြစ်တယ်။

တိုင်းပြည်ရဲ့ အနာဂါတ်ကံကြမ္မာအတွက် ကြေကွဲပျက်ကွဲပျက်စီး ဆုံးရှုံးမှုတွေ ရှေ့ဆက်ပြီး ဖြစ်မှာ ကို ရှောင်ရှားနိင


ုဘို့အတွက်

နိုင်ငံရေးဦးဆောင်အဖွဲ့တွေက အမြဲတမ်းကြိုးစားခဲ့တယ်။ ကြိုးစားနေဆဲဖြစ်တယ်။ စေ့စပ်ဖြန်ဖြေ ဆွေးနွေးခြင်းတွေ

ပြေလည်စေဖို့အတွက် တိုင်းပြည်နဲ့အ၀ှမ်းမှာ နှစ်ပေါင်းများစွာ ဘဝပေါင်းများစွာ ကျောခင်းပြီး တည်ဆောက်နေဆဲဖြစ်တယ်။

နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် သေကြေပျက်စီး အရှုံးဆုံးခဲ့ကြတာတွေ အာလုံးကို ဘေးဖယ်ထားပြီး တိုင်းပြည်ရှေ့ရေး

အတွက် နိုင်ငံရေးခေါင်းဆောင်တွေက သင်ပုန်းချေခြင်း အကြောင်းအရာကို ရဲရဲကြီးအာမခံချက်ပေးခဲ့ကြတယ်။


ဒါပေမဲ့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း နအဖ စစ်ခေါင်းဆောင်တွေက စေ့စပ်ဖြန်ဖြေဆွေးနွေးခြင်းကို အချိန်ဆွဲရေးသက်သက်

အနေဖြင့်သာ အသုံးချ ခဲ့ကြတယ်။ ဒီထက်ပိုဆိုးတာက နအဖ စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကိုဆက်ပြီး စစ်ကျွန်ပြုဖို့လမ်းကို

ရွေးချယ်လုပ်ကိုင်နေဆဲဖြစ်တယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နာဂါစ် မုန်တိုင်းကာလအတွင်း အဓမ္မအတည်ပြုထားတဲ့ ၂ဝဝ၈

ညောင်နှစပ
် င် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဖွဲ့စည်းရမဲ့ စစ်ဂိုဏ်းဂဏအစိုးရအဖြစ်ပြောင်းလဲရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို

လုပ်ဖို့ဘဲစိုင်းပြင်းနေကြတယ်။

ကျနော်တို့တိုင်းပြည်ရဲ့ အနာဂါတ် ကံကြမ္မာနဲ့ ကျနော်တို့တတွေအားလုံးရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေကို ဗိုလ်ချုပ်သန်းရွှေ

ဦးဆောင်တဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ် အစုအဖွဲ့တခုရဲ့ သေးသိမ်တဲ့ နုံချာတဲ့ သဘောထားအတိုင်း ဆက်ပြီးအဖြစ်ခံလို့

မရတော့ဘူး။ လွတ်လပ်တဲ့ခေတ်ကိုရောက်ဘို့ စစ်အုပ်ချုပ်ရေးစနစ် အောက်က အတူတကွ ရုန်းထွက်ကြမလား။ ဒါမှမဟုတ်

စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေမဲ့ သက္ကရာဇ် (၂၀၁၀) ရွေးကောက်ပွဲကို နအဖ တို့ အလိုကျအတိုင်း အဖြစ်ခံမလား

ဆိုတာကို တမျိုးသားလုံးက တညီတညာထဲ ရွေးချယ်ဆုံးဖြတ်ရမဲ့ အချိန်ရောက်နေပါပြီ။

ကျနော်တို့ တတိုင်းတပြည်လုံးဟာ စစ်ကျွန်ဘဝကို ကျရောက်နေတယ်ဆိုတာကို ဘယ်သူမှ မသိချင်ယောင်ဆောင်နေလို့မရဘူး၊

မမြင်ချင်ယောင် ဆောင်နေလို့လည်း မရဘူး။ ဆင်းရဲချမ်းသာမရွေး၊ ဘာသာလူမျိုးမရွေး ပါဝင်ပါတ်သက်နေတယ်၊ နောက်ပြီး

ပြည်ပမှာ သွားရောက်ပြီး အသက်ရှင်သန်နေကြတဲ့ မြန်မာပြည်သား အားလုံးရော၊ ပြည်တွင်းမှာကျန်ရှိနေကြတဲ့ ကျနော်တို့ရဲ့

မိဖညီအကိုမောင်န
ှ်မတွေ အားလုံးအနေနဲ့ပါ ပါတ်သက်နေပါတယ်။ အတွင်းကျကျ ပြောရမယ်ဆိုရင်တော့ စစ်အုပ်ချုပ်ရေး၊

ဖိနိုပ်ရေး ယန္ဒရားအတွင်းမှာ ပါဝင်အမှုထမ်းနေကြတဲ့ မရက၊ ရယက တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ၊

စွမ်းအားရှင်အဖွဲ့ဝင်တွေနဲ့ အောက်ခြေက အရာရှိအရာခံ အကြပ်တပ်သား အားလုံးဟာလည်း စစ်ကျွန်ဘဝအဖြစ်

ကျရောက်နေတယ်။
ဒီလို စစ်ကျွန်ဘ၀က ရုန်းထွက်နိုင်ရေးအတွက် အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပြီးပြီ၊

ရှေ့တန်းက အကျဉ်းထောင်တွေအတွင်းမှာ ဘဝတွေကိုရင်းပြီး ဆက်လက်တိုက်ပွဲ ဝင်နေကြတယ်။ ကျနော်တို့တတွေအားလုံး

နောက်ထပ်ရင်းနှီးပေးဆပ်မူတွေ ဘယ်လောက်ပဲ ရှိနေပါစေ ဆက်ပြီး အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားရမယ် ဖြစ်တယ်။

စေ့စပ်ဖြန်ဖြေဆွေးနွေးခြင်း အကြောင်းအရာတွေ၊ သင်ပုန်းချေခြင်းအကြောင်းအရာတွေ၊ မေတ္တာတရားကို ရှေ့တန်းတင်ပြီး

သံဃာတော်တွေရဲ့ ကြိုးပမ်းဆောင်ရွက်ခြင်းတွေ အားလုံး အားလုံး ကြေကွဲ ပျက်စီး ဆုံးရုံး ခဲ့ရပြီးပါပြီ၊ ကျနော်တို့ ရွေးချယ်စရာ

တခုဘဲ ကျန်ပါတော့တယ်၊ အဲဒါကတော့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်ပွဲဆီသို့

တမျိုးသားလုံး နဲ့အတူ ချီတက်တိုက်ပွဲဝင်ဘို့ဘဲ ကျန်ပါတော့တယ်။ ဒီလိုရွေးချယ်ခြင်း အဓိကအကြောင်းကတော့ အတိတ်မှာ

ကြုံတွေ့ခဲ့ရတဲ့၊ ယနေ့ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတဲ့ တမျိုးသားလုံးရဲ့ သောကပရိဒေဝ လောင်မီးတွေကနေ လွတ်မြောက်ဖို့ဖြစ်တယ်။

နအဖစစ်အာဏာရှင်စနစ်အောက်က လုံးဝလွတ်မြောက်ရေးအတွက် ဖြစ်တယ်။

တော်လှန်ရေးရဲ့ ဆိုးကျိုးတရားတွေကို တတိုင်းတပြည်လုံး ရှောင်လွှဲလို့ရမှာမဟုတ်တော့ဘူး၊ မပူးပေါင်း မပါဝင်ဘဲနေမယ်လို့

စိတ်ကူးနေကြမယ်ဆိုရင် ကျနော်တို့တတွေကိုယ့်ကိုကိုယ် ပြန်ပြီးမေးခွန်းမေးကြည့်ရမှာကတော့၊ စစ်အာဏာရှင်စနစ်ကြီးကို

မြန်မာပြည်မှာ တရားဝင်အတည်ဖြစ်ဖို့ ခွင့်ပြုလိုက်ကြပြီလားဆိုတာပါဘဲ၊ နောက်ပြီး အဲဒီမပါဝင်ကြတဲ့သူတွေအနေနဲ့

စစ်အာဏာရှင်တွေကို အရှုံးပေးလိုက်ကြပြီလား ဆိုတာပါဘဲ၊ ကျနော်တို့အားလုံးရဲ့ နောင်လာမယ့်မျိုးဆက်တွေကို

စစ်ကျွန်ဘဝအောက်မှာဘဲ ထားရစ်ခဲ့ကြတော့မလားဆိုတာတွေ ဖြစ်ပါတယ်။

ကျနော်တို့အာလုံး ကိုယ့်ကိုကိုယ် မလိမ်မညာဘဲ အတူတကွ အဖြေပေးရမဲ့အချိန်ဖြစ်တယ်၊ အတူတကွ ဆုံးဖြတ်ကြရမဲ့

အချိန်ဖြစ်တယ်။
ကျနော်တို့ရဲ့တင်ပြချက်တွေဟာ တတိုင်းတပြည်လုံး နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ အစီအစဉ်ဖြစ်တဲ့ တရားဝင် စစ်ကျွန်ပြုရေးအောက်

မကျရောက်ခင်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြရမယ်ဖြစ်တယ်။

ကျနော်တို့တိုင်းပြည် အပြောင်းအလဲဖြစ်ဘို့ နောက်ဆုံးပေးဆပ်စရာတွေ လုပ်ဆောင်ပြီးစီးသွားတဲ့ အခါကျရင် ငြိမ်းချမ်းပြီး

တရားဥပဒေနဲ့ အုပ်စိုးတဲ့ ခေတ်ကိုရောက်ရမယ်။ အတူတကွ တန်းတူယှဉ်တွဲ နေထိုင်နိုင်တဲ့ ခေတ်ကိုရောက်ရမယ်။ ဒီလို

မျှော်လင့်ချက်တွေ ရည်ရွယ်ချက်တွေ ယုံကြည်ချက်တွေနဲ့ အချိန်တွေကြာညောင်း နေပြီဖြစ်တဲ့ ဒီမိုကရေစီ ရရှိရေးကြိုးပမ်းမှုကြီးကို

လှုတ်ရှားမှုကြီး အဆုံးသတ်နိုင်ဖို့ ဆက်လက်လုပ်ဆောင် ကြမှာဖြစ်တယ်။ အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကို

အနိုင်တိုက်နိုင်တဲ့နေ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်။

ကျနော်တို့ ပြည်သူပြည်သားတွေဟာ တိုင်းပြည်ရဲ့ ရန်သူဖြစ်တဲ့ နအဖ စစ်အစိုးရကို တွန်းလှန်ဖယ်ရှားဘို့

အင်မတန်မှအားနည်းတယ်လို့ နအဖ အလိုတော်ရိတွေကပြောတယ်။ ကျနော်တို့ပြည်သူတွေမှာ လက်နက်မရှိဘူး၊ လက်နက်မရှိဘဲ

ဘယ်လိုတိုက်နိုင်ကြမလဲ လို့ အဲဒီ အလိုတော်ရိတွေက ပြောကြပြန်သေးတယ်။ တကယ်တော့ ကျနော်တို့ဟာ အလွန်အင်မတန်မှ

တောင့်တင်းခိုင်မာတယ်၊ ကျနော်တို့ ခေါင်းဆောင်တွေဖြစ်တဲ့ အရှင်ဦးဂမီရ


္ဘ ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အစရှိတဲ့

ခေါင်းဆောင်တွေရဲ့ စိတ်ဓါတ်တွေ၊ ယုံကြည်ချက်တွေ၊ ဇွဲသတ္တိတွေ ဟာ နအဖ စစ်ခေါင်းဆောင်တွေရဲ့ စိတ်ဓါတ်ထက်ခိုင်မာတယ်၊

သူတို့ရဲ့သတ္တိတွေထက် ခိုင်မာတယ်၊ သူတို့ရဲ စစ်အုပ်ချုပ်ရေး ယန္တရားထက်ခိုင်မာတယ်။ ကျနော်တို့ ပြည်သူတွေရဲ့

ဒီမိုကရေစီခေတ်ကို မိမိတို့ရဲ ကိုယ်ပိုင်စွမ်းအားနဲ့ အောင်နိုင်တဲ့ အထိ ဆက်လက်လုပ်ဆောင်ကြမယ်၊ တိုက်ပွဲဝင်ကြမယ် ဆိုတဲ့

စိတ်ဓါတ်ဟာ နိုင်ငံရေးသတ္တိမရှိတဲ့ သူရဲဘောကြောင်တဲ့ နအဖ စစ်ခေါင်းဆောင်တွေထက် ခိုင်မာတယ်။

ကျနော်တို့ပြည်သူအများစုရဲ့ ဘဝတွေဟာ နအဖ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်ရေးအောက်မှာ နေနေကြရတာ

တနေ့နဲ့တနေ့ ငရဲ ပြည်မှာ နေနေရသလိုဖြစ်လာနေပြီ။ အသေအချာတွေးကြည့်လေ ရင်နာစရာကောင်းလေဖြစ်နေပြီ။

ကျနော်တို့အမျိုးသားတွေဟာ စစ်အာဏာရှင်အောက်မှာ အဓိပ္ပါယ်မရှိ အသက်ရှင်သန်နေရတာထက် နအဖ


စစ်အာဏာရှင်စနစ်ကြီးကို တွန်းလှန်ဖယ်ရှားရင်း သေရတာကမြတ်အုံးမယ်လို့ ယုံကြည်ထားနေကြတဲ့ သူတွေ

အကျဉ်းထောင်တွေအတွင်းမှာ ဆက်လက်တိုက်ပွဲနေကြပြီ၊ အဲဒီလိုဘဲ အချို့သူရဲကောင်း တွေဟာလဲ သူတို့အသက်ကို ပဓာန

မထားဘဲ စစ်ထောက်လှမ်းရေးတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရင်း ပြောက်ကျားလှုပ်ရှားမှုတွေကို တိုင်းပြည်နဲ့အဝှမ်းမှာ

တိုက်ပွဲဝင်ဆင်နွှဲနေကြပြီ။

ကမ္ဘာကြီးတခုလုံးမှာ ကျနော်တို့လို လွတ်လပ်ရေးရဲ့ အနှစ်သာရကို မခံစားနိုင်တဲ့ တိုင်းပြည်၊ လူ့အခွင့်အရေးတွေ

ဆုံးရှုံးနေရတဲ့တိုင်းပြည် အနည်းအကျဉ်းသာကျန်ပါတော့တယ်။ ကျနော်တို့အနေနဲ့ လူ့သဘာဝအတိုင်း စစ်အုပ်ချုပ်ရေး အောက်က

လွတ်မြောက်နိုင်ပြီးတဲ့ ဘဝတွေကို မျှော်လင့်ပြီး၊ ယုံကြည်မူတွေ တည်ဆောက်ပြီး၊ ငါတို့လုံးဝ လွတ်မြောက်ရမယ်လို့ သံဓိဌာန်တွေ

ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ဗိုလ်ချုပ်သန်းရွှေဦးဆောင်တဲ့ နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို မြန်မာပြည်မြေကြီးပေါ်က

လုံးဝပျောက်ကွယ်သွားတဲ့ထိ အဆုံးအဖြတ်ပေးတဲ့ တိုက်ပွဲတွေ ကို ဆင်နွှဲဖို့ လုပ်ဆောင် နေကြတာဖြစ်တယ်။

မြန်မာပြည်သူပြည်သားတွေအားလုံးနဲ့ ဒီမိုကရေစီအရေးအတွက် ဦးဆောင်ကြိုးပမ်းနေကြတဲ့ ပြည်တွင်းပြည်ပ

နိုင်ငံရေးအဖွဲ့အစည်း အားလုံးအတွက်လဲ အခုလာမဲ့ သက္ကရာဇ် (၂ဝ၁ဝ) ဟာ အဆုံးအဖြတ်ပေးတဲ့တိုက်ပွဲကို နိင်အောင် တိုက်ဖို့

အခွင့်အရေးနှစ်ဖြစ်တယ်။ ဒါကြောင့် (၂၀၁၀) ဟာ ဒီမိုကရေစီ အောင်ပွဲနှစ် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့

ဝိုင်းဝန်းတိုက်ပွဲဝင်ကြပါစို့။ စစ်ကျွန်ဘ၀က ရုန်းထွက်ကြပါစို့။

ရွှေစင်ထွန်း

Você também pode gostar