Você está na página 1de 59

လူထုတိုက်ပွဲ လက်စွဲ

မိုးသီးဇွန်

နစ်နေမန်း

ခင်မမမျိုး

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

(မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီမှထုတ်ဝေသည်)

1
လူထုတိုက်ပ-ွဲ မြေအောက်လက်စွဲ

၂၁ မျိုးဆက်တ်ာလှန်ရေး လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ

ဆိုတော့ ၈၈ က စတင်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့

ဖြစ်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန် လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ

ဒီသဘောတွေ ဆောင်နေခဲ့တယ်။ လှုပ်ရှားမှု အသေးလေးတွေက လှုပ်ရှားမှုကြီး တခုလုံးကို အဆုံးအဖြတ်

ပေးနိုင်တယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဟာ အရေးကြီးလာပါတယ်။ ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့

လူထုတိုက်ပွဲ နည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲ ကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေ အပေါ် အခြေခံပြီး

ဝေငှလိုက်ပါတယ်။

၁ - လုံခြုံရေး

၂ - ဆန္ဒပြခြင်း၊ ချီတက်ခြင်း

၃ - စည်းကို ကျော်ပေးရခြင်း

၎ - ယန္တရားများကို ဖြိုချခြင်း

2
၅ - အုပ်ချုပ်ရေးများ အစားထိုးခြင်း

၁။ လုံခြုံရေး

ကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့ လုံခြုံရေး ဖြစ်တယ်။

လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။

ကိုယ်လွတ်နေသမျှ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။

အခုဖြစ်နေတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ အားနည်းချက် တချို့ကို ကျနော် လေ့လာ တွေ့ရှိရတယ်။ ဒါကတော့

တူညီဝတ်စုံ - ယူနီဖောင်း၊ အဖြူနဲ့ ကချင်ပုဆိုးတွေ ဝတ်ထားတာ၊ ပင်နီ တိုက်ပုံတွေ) ဝတ်ထားပြီး ဆန္ဒပြတာ

အားနည်းချက် ရှိတယ်။ ဒီလို ဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူ ပေးထားသလို ဖြစ်နေတယ်။

လူထုထဲက ကြည့်နေတဲ့ သူတွေနဲ့ မိမိနဲ့ အဆင့်အတန်းတခု - Class တခုကို ခွဲခြားပေးထားသလို

ဖြစ်နေတယ်။ လမ်းဘေးက ရပ်ကြည့်နေတဲ့သူ တဦးအနေနဲ့ ငါပါလို့ သူတို့က ကြိုက်ပါ့မလား။ (သူမှာက

ယူနီဖောင်း မဝတ်ထားတဲ့ အတွက)် ငါ့ကို အစိုးရ လူတွေက စောင့်ကြည့်နေမလား ဆိုတဲ့ စိုးရိမ် သံသယတွေ

ဖြစ်ပေါ် နေတတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်း မဝတ်ဘဲ သူလို ကိုယ်လိုပဲ ဝတ်ထားရင်

အရေးအကြောင်းမှာ လူထုထဲကို ဝင်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း ကိုယ့်လှုပ်ရှားမှုမှာ

ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။

အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ်

အလုပ်သမား အရေးအခင်းက ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင်

သပိတ်မှောက်မှုက စတင်လာခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အရေးအခင်းဟာ အနှိမ်နင်းခံရတယ်။

ဘာကြောင့်လဲ။ မဆလ အုပ်ချုပ်ရေး ယန္တရားဟာ ခိုင်မာနေသေးတယ်။ အလုပ်သမား လှုပ်ရှားမှုက လူထုနဲ့

3
မပူးပေါင်းနိုင်ခဲ့ဘူး။ ဒီနေရာမှာ လူထုနဲ့ မပူးပေါင်းနိုင်တာက ၁၉၇၄ ခုနှစ်က အလုပ်သမား သပိတ်တွေဟာ

စက်ရုံတွေ၊ အလုပ်ရုံတွေထဲမှာပဲ ဖြစ်ခဲ့တယ်။ သပိတ်ကို ဦးဆောင်တဲ့ သူတွေက အလုပ်သမားတွေနဲ့ လူထုနဲ့

ပူးပေါင်းစေနိုင်တဲ့ နည်းနာကို မကျင့်သုံးနိုင်ခဲ့လို့ပဲ ဖြစ်တယ်။

၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှုဟာလည်း အလားတူပဲ ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား

လှုပ်ရှားမှုရဲ့ ထူးခြားမှုကတော့ လူထုနဲ့ ပူးပေါင်း နိုင်ခဲ့တယ်။ ဒီလို ပူးပေါင်းနိုင်ခဲ့တာ အမှတ်မထင် တိုက်ဆိုင်မှု

တခုတော့ မဟုတ်ခဲ့ပါဘူး။ ဒီလို ပူးပေါင်းနိုင်ဖို့ အတွက် စနစ်ကျတဲ့ နည်းစနစ် တချို့ကို တီထွင်နိုင်ခဲ့လို့

ဖြစ်တယ်။

၈၈ အစပိုင်းကာလတုန်းက ကျနော်တို့ဟာ လူထု မလိုက်ပါနိုင် ပါနိုင်ဆိုတာကို ပိုင်ပိုင်နိုင်နိုင်

မဆုံးဖြတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်။

ဒီတော့ ကျနော်တို့ဟာ အချက် ၂ ချက်ကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်။

၁ - ကိုယ့်ရဲ့ အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက

ထောက်လှမ်းရေး တင်ဦးနဲ့ ဖြုတ်ထုတ် ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့

အဖွဲ့ ဖြုတ်ထုတ် ခံနေရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော် တိုက်တွန်းလိုတယ်။)

၂ - လှုပ်ရှားမှုကို တပြည်လုံး ပြန့်နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့ လူထု

တိုက်ပွဲဝင်ခဲ့တဲ့ နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကို ကျင့်သုံးခဲ့တယ်။ အခြေအနေ ပေးတဲ့

နေရာတွေမှာ အချိန် တော်တော်ကြာတဲ့ ချီတက် ဆန္ဒပြမှုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။

အဲဒီကာလ စကားတခွန်း ဖြစ်ခဲ့တယ်။ ဒါကတော့ ပြောက်ကျားသပိတ် ဆိုတဲ့စကားပါပဲ။ ဒါက

4
ဘာလဲဆိုတော့ ကျနော်တို့ဟာ လူစည်ကားတဲ့ နေရာတွေကို ရုတ်တရက် ရောက်လာတယ်။

တရားဟောတယ်။ စာဝေတယ်။ ပိုစတာတွေ ကပ်တယ်။ လုံထိန်းတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာရင်

လူထုထဲမှာ ကိုယ်ရောက်ဖျောက်ပြီး ထွက်ပြေးကြတယ်။ နောက်တနေ့ နောက်တနေရာမှာ ပြန်ပေါ်လာပြီး

ဆက်လိုက် တိုက်ပွဲဝင်ရင်း လူထုကို အဆက်မပြတ် လှုံ့ဆော်ခဲ့တဲ့ နည်းစနစ်တွေကို သုံးခဲ့ခြင်း ဖြစ်ပါတယ်။

နအဖကလည်း ဒီခြေအနေဟာ ၈၈ ကာလတုန်းကလိုပဲ ပြင်ဆင်နေတာ၊ တုံ့ပြန်နေတာကို ကြည့်ခြင်းအားဖြင့်

အလေးအနက် ပေးနေတာကို သိနိုင်တယ်။ ခုကာလဟာ ၈၈ တုန်းက ဒေါက်တာ မောင်မောင် ကာလ ၁၉၉ဝ

ရွေးကောက်ပွဲ ကာလတုန်းကလို မရောက်သေးဘူး ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီကာလတွေတုန်းက

ကျနော်တို့ တူညီ ယူနီဖောင်းတွေ ဝတ်ခဲ့တယ်။ ဒီလို တူညီ ယူနီဖောင်းဝတ် ဆန္ဒပြတာကို ကျနော်တို့

ဒီကာလ တွေမှာပဲ လုပ်ခဲ့တယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် အောင်မြင်ခဲ့တာတွေ ရှိသင့်သလောက်တော့

ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲ အစပိုင်းမှာ လုံခြုံရေးဟာ အထူး အရေးကြီးလှပါတယ်။ ကိုယ့်ရဲဘော်တယောက် အဖမ်းခံရခြင်းဟာ

လှုပ်ရှားမှုအတွက် အောင်ပွဲအတွက် တဆင့် အားနည်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို အထူး

ဂရုစိုက်ဖို့ လိုပါတယ်။ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်မှု ရှိစေချင်တယ်။ ၁၉၈၈ ခုနစ် မတ်လ

ကနေ ၈၈ လှုပ်ရှားမှုကြီးအထိ ကျနော် အဖမ်းမခံရအာင် အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်။

ကိုယ်လွတ်မြောက်နေသမျှ အာဏာရှင် စနစ်ကို နှောင့်ယှက် ဖျက်ဆီးနိုင်ပါတယ်။ ဒီနေရာမှာ အဖမ်းခံရတဲ့

ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ တချို့ ခေါင်းဆောင်တွေကတော့ တက်ကြွ

လှုပ်ရှားသူများလို ရှောင်တိမ်း လှုပ်ရှားနေလို့ မရပါဘူး။ သူတို့ဟာ မြေပေါ်မှာ ပြောင်တိုက်ပွဲဝင်ရမယ့်

အနေအထားမျိုးကို ရင်ဆိုင် တိုက်ပွဲဝင်နေရသူတွေ ဖြစ်ပါတယ်။ လုံခြုံရေးကို အထူး ဂရုပြု လှုပ်ရှားနေရတဲ့

တက်ကြွ လှုပ်ရှားသူများ အတွက်သာ ဒီအကြံပြုချက်က အကျုံးဝင်ပါတယ်။

5
လုံခြုံရေးနဲ့ လှုပ်ရှားမှု ဟန်ချက်ညီစေခြင်း

၈၈ တလျောက်လုံး ပေးခဲ့တဲ့ သင်္ခန်းစာအရတော့ လုံခြုံရေး ကင်းမဲ့မှု ဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဟာ

လှုပ်ရှားမှု တခုလုပ်ဖို့ အကြိမ်ကြိမ် ဆွေးနွေးတာ၊ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကိုယ်က ဘာလဲဆိုတာကို

ရန်သူက သိနေမှုဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တချို့ နေရာတွေ ရန်သူက

တော်လို့ မဟုတ်ဘဲ ကိုယ်ဘက်က ပေါ့ဆမှုတွေကြောင့် ပေါက်ကြားမှုတွေ ဖြစ်တာ၊ အဖမ်းခံရတာတွေ

ဖြစ်ကုန်ကြရတာပါပဲ။

လုံခြုံရေးအတွက် ကျနော်အကြံပြုစေချင်တာတွေကတော့

၁ - လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့ လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူ

နားထောင်နေတယ် ဆိုတာကို သတိပြုပါ။ လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံး

သတင်း ပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့

အသံလှိုင်းကို သယ်ယူသွားတာ ဖြစ်တဲ့အတွက် ရန်သူက နေရာအနှံ့ကနေ ကြားဖြတ် နားထောင် နေနိုင်လို့ပဲ

ဖြစ်တယ်။ ကြားဖြတ် နားထောင်တဲ့ စခန်းကို အရင်က တိုးကြောင်လေး အနီးနားမှာ ရုံးဖွင့်ပြီး

နားထောင်နေကြပါတယ်။

၂ - တနေရာတည်းမှာ အကြာကြီး မဆွေးနွေးကြဖို့ စကားမပြောကြဖို့ လိုတယ်။

၃ - တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့ လိုတယ်။

၎ - ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲ ရှိနေဖို့ လိုတယ်။

၅ - ထွက်ပေါက်ကို အမြဲတမ်း ကြိုတင် ကြည့်ထားဖို့ လိုတယ်။

၆ - ကားစီးတဲ့အခါ နောက်ဆုံး ထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှ မထားပါနဲ့။

ကိုယ်က အားလုံးကို ကြည့်နိုင်တဲ့ပုံစံ အမြဲ ရှိနေရပါမယ်။

၇ - ခရီးသွားတဲ့အခါ တနေရာရာကို ထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အမြဲတမ်းနေပါ။

၈ - မသင်္ကာစရာ လှုပ်ရှားမှု တွေ့တာနဲ့ ခြေရာဖျောက်ပါ။

6
၉ - စာရွက်စာတန်း၊ စာစောင်၊ သတင်းစာ အဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာ အားလုံး

ကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။ ဝှက်စရာ နေရာတွေ အများကြီးရှိတယ်။ ရအောင် ဝှက်ပါ။

၁ဝ - ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။

အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း

ဆန္ဒပြတော့မယ် ဆိုတာနဲ့ ကိုယ်အင်အားကို ၂ စုခွဲပါ။ တစုက ပြောင်ဆန္ဒပြမယ့် အဖွဲ့၊ တဖွဲ့က လူထုထဲမှာ

ရောနှောပြီး ကိုယ်ရောင် ဖျောက်ထားရမယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒီစနစ်ကို ကျနော်တို့ ၈၈ ကတည်းက

လုပ်ဆောင်ခဲ့တယ်။ ကျနော်တို့ လုပ်ဆောင်တုန်းက ကိုယ့်မှာ လူအင်အား ၁ဝ ယောက်ရှိရင် သုံးပုံတပုံက

ပြောင်ဆန္ဒပြတဲ့ တာဝန်ကို ယူခဲ့တယ်။ ကျန်တဲ့ နှစ်ပုံ ၇ ယောက်ခန့်က လူထုထဲမှာ ရောပြီး ကိုယ်ရောင်

ဖျောက်ထားတယ်။

ဒီအဖွဲ့ ၂ ဖွဲ့မှာ သီးခြား တာဝန်တွေကို လုပ်ကြတယ်။ ဆန္ဒပြတဲ့ အဖွဲ့က တရားဟောတယ်။ လှုံ့ဆော်တယ်။

ချီတက်တယ်။ သီချင်းဆိုတယ်။ အလံတွေကိုင်ပြီး ဝှေ့ယမ်းတယ်။ ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့

တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို

သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထား စောင့်ကြည့်တယ်။

အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက် ပစ်လိုက်တယ်။ ၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသား

လှုပ်ရှားမှုတုန်းက ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ ဖော်ထုတ်

နိုင်ခဲ့တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသား အိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို

အသက်ဆက်ပေးနေခဲ့တယ်။

တကယ်လို့ ထောက်လှမ်းရေးတွေ လုံထိန်းတွေက လာရောက် ရိုက်နှက်တဲ့အခါမှာ သူတို့က ပြန်လည်

7
မခုခံရပါဘူး။ သူတို့က လူထုကို ကယ်ပါ ယူပါ အော်ဟစ် အကူအညီ တောင်းကြရမယ်။ ဒီအခါမှာ

လူထုထဲမှာ မြှုပ်နှံထားတဲ့ ကိုယ့်လူတွေက စတင်ပြီး လူဆိုးလူမိုက်တွေ၊ ထောက်လှမ်းရေးတွေကို စတင်

တိုက်ခိုက်လိုက်တဲ့ အခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လာတဲ့ ပုံစံကို ရောက်လာတယ်။ နောက်တော့

တကယ်ပဲ လူထုက ဝင်ရောက် ကူညီလာတော့တယ်။

၂၁ မျိုးဆက် လှုပ်ရှားမှုကိုကြည့်ရင် နအဖက လူဆိုးလူမိုက်တွေကို လူထုထဲမှာ ရောနှော ထည့်ထားတယ်။

ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကိုယ့်လူတွေက မသိနိုင်ဘူးလို့ လှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့ သူတဦးက

ဆိုတယ်။ ဒီလို ဖြစ်ရတာကတော့ ကိုယ်ဘက်က – ကြိုတင်ပြီး လူထုတဲမှာ ရောနှော မမြှုပ်နှံထားနိုင်လို့

ဖြစ်တယ်။ သေသေချာချာမြှုပ်နှံပြီး လူအုပ်ထဲမှာ အကဲခတ်ကြည့်ရင် သာမဏေန သမဏေဏော၊ ဂေါဏေန

ဂေါဏော ဆိုသလို သာမဏေက ဘယ်သူလဲ နွားက ဘယ်သူလဲ ဆိုတာကို ခွဲခြား သိနိုင်လိမ့်မယ်။

လူထုထဲမှာ ကိုယ်ရောင်ဖျောက် လှုပ်ရှားရတဲ့ သူတွေကို ကျနော်တို့ တာဝန်ပေးတဲ့ အခါမှာတော့

အားကောင်းမောင်းသန်တွေ၊ လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာ မလုပ်တတ်ပေမယ့် မတရားမှုတွေကို

လက်ပိုက် မကြည့်လိုတဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဟာ ဒီလို လုပ်ငန်းမှာ အထူး သင့်တော်ကြတယ်။

သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ဝင်ကူမယ့်

သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့ သုံးခဲ့တယ်။ သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီး တာဝန်တွေ

ပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲ လုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီး လှုပ်ရှားတာဟာ အကောင်းဆုံး

နည်းစနစ်တခု ဖြစ်တယ်လို့ အကြံပြုလိုတယ်။

၂။ ဆန္ဒပြချီတက်ခြင်း

က - ချီတက် ဆန္ဒပြရမယ်။

8
၁ - အရေးအကြီးဆုံးက လူအစည်းကားဆုံး နေရာဖြစ်ရမယ်။ အခြေခံ လူထုတွေ အများဆုံး ရှိတဲ့နေရာတွေ

ဖြစ်ရပါမယ်။

၂ - ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက် တားမြစ်လျှင် ထိပ်တိုက် မရင်ဆိုင်ပါနဲ့ ထိုင်ပြီး ဆန္ဒပြပွဲ

ဆက်လက် မဆင်နွှဲပါနဲ့ ချက်ချင်း လူစု ပြန်ခွဲလိုက်ပါ။ နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။ လူပြန်စု

ပြန်ချီတက် ပြန်တိုက်ပွဲဝင်။

၃ - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူထုတွေကို ပါအောင် စည်းရုံးပါ။ ဒီလို စည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က

ခုလို ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။

က - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူတွေထဲကို ကိုယ့်ရဲဘော် တချို့က ဝင်ရောက် ရောနှော နေရာယူ ထားဖို့

လိုပါတယ်။

ခ - လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)

ဂ - အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကို ဝေခိုင်းပါ။

ဃ - လူထုတွေထဲကို ခွပ်ဒေါင်း တံဆိပ်ပါတဲ့ နဖူးစည်းများ ရပ်ကြည့်နေတဲ့ လူတွေကို ဖြန့်ဝေပေးဖို့ လိုတယ်။

င - မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထု လက်ထဲ ထည့်ပေးပါ။ ကြွေးကြော်သံတွေကို

ရေးခိုင်းပါ။

စ - တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ

ကပ်ခိုင်းပါ။

ဆ - လူထုထဲမှာ ရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်း ပါဝင်လာအောင် အနီးကပ်

လှုံ့ဆော်ပေးနေရမယ်။

ဇ - တကယ်လို့ ဆန္ဒပြနေတဲ့ ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက်လာပါက၊ ဝင်ရောက်

9
ကာကွယ် ပေးနိုင်ရမယ်။ ဟေ့ … ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက် ကြည့်မနေဘူး။ သတ္တိရှိရင် ထိကြည့်ကွ

စသဖြင့် ကိုယ်လူတွေက စတင် ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။

ဈ - တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက် ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင်

ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ ပုံစံကို ထွက်လာပါတယ်။

ည - အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ ပုံစံကို

ရောက်လာလေ့ ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။

တိုက်ခိုက် ကာကွယ်ပေးတဲ့ ပုံစံ ဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးက လူတွေတောင် ပါကုန်ပြီ၊

ငါလည်း ပါတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior

ရှိတယ်။ တယောက်က လုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့ သဘောပဲ။ လုံခြုံမှု ရှိတယ်။

အောင်ပွဲခံမယ် ဆိုရင် လူတိုင်းက အားတက်သရော ပါချင်ကြတယ်။ ဒီတော့ ခေါင်ဆောင် လုပ်တဲ့သူက

ဒီအခြေအနေကို မှန်မှန်ကန်ကန် အသုံးချတတ်ရမယ်။

ဋ - တကယ်လို့ ကိုယ့်မှာ အင်အား များလာတယ်ဆိုရင် ချီတက် ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့

နေရာမှာပဲ ဖြစ်ရမယ်။

ခ - ကြွေးကြော်သံများ

ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုအလိုက်

တဆင့်ပြီးတဆင့် မြှင့်တင်ပေးသွားဖို့ လိုတယ်။ လောလောဆယ်မှာ ဓာတ်ဆီ ဈေးနှုန်းတွေ ကျဆင်းရေး

စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီး နုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။ အဆင့်မြင့်လာရင်

ဗိုလ်ချုပ် သန်းရွှေ နုတ်ထွက် ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက်

တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာရင် စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ လူထုအစိုးရ

10
တရပ် ဖွဲ့စည်းနိုင်ရေး အထိ ဆက်လက် တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံး

ကြွေးကြော်သံကတော့ လူထုအစိုးရ ဖွဲ့စည်းရေး (ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)

ဂ - စည်းကို ကျော်ပေးခြင်း

အာဏာပိုင်တွေက ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။

လူမစုရဘူး စသဖြင့် မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ လို့ အမိန့် ရှိခဲ့ဖူးတယ်။

လူထုတိုက်ပွဲမှာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်လာတဲ့ အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့

ချိုးဖောက်ပစ်ဖို့ လိုတယ်။ သူတို့ ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကို ကျနော်က စည်းကို

ကျော်ပေးရတယ်လို့ သုံးချင်ပါတယ်။ အခွင့်အရေးရတာနဲ့ စည်းကို ကျော်ပေးဖို့ ကြိုးစားရပါမယ်။

ဃ - အရေးအကြီးဆုံး အချက်များ

၁ - အလံ

၂ - စကားပြောစက်

၃ - ရန်သူ့လူများ ထိုးဖောက်လာခြင်း

၁ - အလံက ကိုယ်လက်ထဲ သို့မဟုတ်၊ ကိုယ့်ရဲဘော် လက်ထဲမှာပဲ ဖြစ်ရမယ်။

လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့က တယောက်က ဦးဆောင်နေရင်

ဦးဆောင်နေသူ နောက်ကိုပဲ တစွတ်ထိုး လိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီအခါမှာ မသမာတဲ့ သူတွေက

အလံကိုရအောင်ယူပြီး ချီတက်တဲ့ လမ်းကြောင်း ပြောင်းအောင် လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို

ကိုယ့်လူ လက်ထဲမှာပဲ ရှိစေရမယ်။

11
၂ - အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက် ဖြစ်တယ်။

အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ် ကောင်းတဲ့ စကားတွေပြောပြီး လူထုကို

လိုက်ပါအောင် လှုံ့ဆော်နေချိန်မှာ မသမာသူတွေက အသံချဲ့စက်ကို ရအောင်ယူပြီး ဆန္ဒပြပွဲကို

ပျက်စီးစေတဲ့ စိတ်ဓာတ် ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရှုပ်ထွေးစေတဲ့ စကားတွေ၊

စည်းပျက်ကမ်းပျက် ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင် သိမ်းမရ ဖြစ်အောင် ပြောဆိုတာတွေကို

လုပ်ဆောင်လေ့ ရှိတတ်ကြတယ်။

၃ - ရန်သူ့ လူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်တတ်လေ့

ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့ သူတွေကို စာရေးပြီး

ခြိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊ ခေါင်းဆောင်တွေနား ချဉ်းကပ်ပြီး လက်နက်တွေ ရလာပြီ

ယူမလားဆိုပြီး လာခေါ်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ အရေးကြီးတာ တိုင်ပင်ချင်လို့ဆိုပြီး လူပြတ်တဲ့

နေရာတွေကို ခေါ်ဆောင်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ စစ်သားတွေကို ရန်သူ့လူတွေက ကိုယ့်လူပုံစံ

ဖမ်းထားတဲ့သူတွေက စစ်သားတွေကို စတင် တိုက်ခိုက်ပြတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ ချီတက်ရာ

လမ်းကြောင်းကို ပြောင်းအောင် လုပ်ဆောင်လေ့ ရှိတယ်။ သတ်ကွင်းကို ချီတက်နေတဲ့ လူထုကို

ခေါ်ဆောင်သွားတာ လုပ်တတ်တယ်။ ဒါကြောင့် ချီတက်ရာကို ခေါင်းဆောင်နေတဲ့ သူတွေဟာ

ကိုယ်လူတွေပဲ ဖြစ်ရပါမယ်။ အရေးအကြီးဆုံးက လူပြတ်တဲ့ သတ်ကွင်း ဖြစ်စေတဲ့ နေရာတွေမှာ ဆန္ဒပြပွဲ

မလုပ်မိဖို့ အရေးကြီးတယ်။ မသွားသင့်ဆုံးနေရာက ရွှေတိဂုံဘုရား ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့

လူပြတ်တဲ့နေရာ ဖြစ်နေလို့ ဖြစ်တယ်။

င - အလုပ်သမားတွေ သပိတ်ထဲ ပါလာအောင် ဘယ်လို လုပ်ခဲ့သလဲ

၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ဝန်ကြီးဌာနက ဝန်ထမ်းတွေကို သပိတ်ထဲ ပါလာအောင်

12
ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံး စက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့

သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁ဝဝ လောက်က အလုပ်သမားတွေကို

သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမားခေါင်း ၁ ယောက်က အပြင် မထွက်ရဘူး ဆိုပြီး တံခါးတွေ

ပိတ်လိုက်တဲ့အခါမှာ အလုပ်သမားတွေဟာ နာခံသွားကြတယ်။

ဘာဖြစ်လို့လဲ

၁ - ကျောင်းသားတွေ ဦးဆောင် လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား

၂ - ငါအလုပ် ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ

၃ - လူသားမှာ ဗီဇ အရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှု သဘောတရား

တွေကြောင့်ဖြစ်နိုင်တယ်။

ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ လိုချင်တာက အလုပ်သမားတွေ အလုပ်သပိတ်ထဲ ပါဝင်ဖို့

အလုပ်မဆင်းဘဲ ကန့်ကွက် ဆန္ဒပြဖို့ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့သလဲ။ ဘောက်ထော်

ဘူတာနားက မီးရထား သံလမ်းတွေကို ဆွဲဖြုတ် ပစ်လိုက်ကြတယ်။ မော်တော်ကားလမ်းတွေကို ပိတ်ဆို့ပေး

လိုက်တယ်။ ဒီတော့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တော့ဘူး။ သပိတ်ထဲ ပါဝင်သလို ဖြစ်လာတယ်။

လမ်းတွေ ပိတ်ကုန်တော့ အလုပ်သမားတွေ လမ်းလျှောက်လာရတယ်။ ဒီတော့ လမ်းပေါ်မှာရှိတဲ့ လူထုတွေ

သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပေါင်းမိလာတယ်။ (မီးရထား သံလမ်းတွေကို ဖြုတ်ပြီးတဲ့ အခါမှာတော့

ရန်ကုန် ဘူတာကြီးကို ဖုန်းဆက်ပြီး သံလမ်း ပျက်နေတယ်လို့တော့ ကျနော်တို့ အကြောင်းပေးခဲ့ပါတယ်။

မီးရထားနဲ့ ခရီးသွားသူတွေကို အန္တရာယ် မဖြစ်အောင်လို့ပါ။)

၎။ ယန္တရားများကို ဖြိုချပေးခြင်း

အစိုးရ ယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးခန်းတွေကို

ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်ပေးရတာ ဖြစ်တယ်။ ၈၈ တုန်းက စိန်လွင် တက်လာတဲ့

13
နောက်ပိုင်းမှာ ချီတက် ဆန္ဒပြတာတွေကို လုပ်ဆောင်ဖို့ အတော် ခက်ခဲလာခဲ့တယ်။ ဒါကြောင့် ကျနော်တို့က

ကိုယ်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက် ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့

နေရာမှာ အသုံးပြုရတဲ့ နည်းစနစ်ကတော့ ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။

၈၈ တုန်းက ကျနော်တို့က မဆလ ပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာငှားပြီး လိုက်လံ

အော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့

ကြေညာချက် အသံက မဆလ ဒေါက်တိုင်တွေကို ခြောက်ခြား စေခဲ့ပါတယ်။

ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ ကြေညာချက်ကတော့ တိုတိုနဲ့ လိုရင်း ရေးခဲ့ပါတယ်။

ဥပမာပြောရရင် -

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ရာဇသံ

မဆလ ပါတီဝင် အပေါင်းတို့ … သင်တို့ မဆလ ပါတီဝင် အဖြစ်မှ နုတ်ထွက်ရန် ငါတို့ ပြည်သူ တရပ်လုံးက

တောင်းဆိုသည်။

သင့်တို့ မတရားမှု လုပ်ဆောင်ချက်များကို ငါတို့ သည်းခံတော့မည်မဟုတ်။

မနက် နောက်ဆုံးထားပြီး သင့်တို့ မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသား

ပြည်သူများထံ လာရောက် အပ်နှံရမယ်။

မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်။

ပုံ

ဗကသများအဖွဲ့ချုပ်

ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး

ရပ်ကွက်တွေထဲမှာ လိုက်လံ အော်ခဲ့ကြတယ်။ ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံး အပိုင်းမှာ

14
ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်း လိုင်းတွေကို ဖြတ်တောက် ပြစ်လိုက်ခြင်း၊

လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့

အမိန့်ပေးစနစ် Commend and Control ကို ရပ်တန့် သွားအောင်လို့ ဖြစ်တယ်။ ၈၈ တုန်း ဒီလို ယန္တရားကို

ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့ အတွက် မဆလ ပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ

နုတ်ထွက်လွှာတွေ လာရောက် တင်ခဲ့ကြတယ်။ မဆလပါတီ ထိပ်သီး ခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင်

မထွက်ရဲခဲ့ကြဘူး။ အမိန့်ပေး စနစ် တခုလုံး ဖြိုချတာ ခံခဲ့ရလို့ ဖြစ်တယ်။

၅။ လူထု အုပ်ချုပ်ရေး အသစ်ကို အစားထိုးခြင်း

တော်လှန်ရေးတခု အောင်ပွဲခံတယ် မခံဘူးဆိုတာဟာ အုပ်ချုပ်ရေး အသစ်တခုကို တည်ဆောက်နိုင်သလား

မတည်ဆောက်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဗြိတိသျှ ထောက်လှမ်းရေး အကြီးအကဲဟောင်း

တခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့် အောင်ပွဲ မခံရသလဲ ဆိုတာနဲ့

ပတ်သက်လို့ သုတေသန ပြုခဲ့တယ်။ သူရဲ့ တွေ့ရှိချက်အရ တချို့ သူပုန် အဖွဲ့တွေဟာ အစိုးရ အဖွဲ့တခုကို

ဖြုတ်ချပစ်ဖို့ ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ် တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်း

နိုင်ခဲ့ကြတယ်။

၈၈ ရဲ့ မဟာသွေး သင်ခန်းစာအရ ကျနော်တို့ဟာ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးအပိုင်းမှာ အစိုးရ တရပ်ကို

ကျနော်တို့ မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ဦးနုက အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မျိုးချစ် ရဲဘော်ဟောင်းများ

အဖွဲ့၊ တတ်သိ ပညာရှင်များက မထောက်ခံခဲ့ကြပါဘူး။ ဒါကြောင့် ဦးနုရဲ့ စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး

စီမံကိန်းက ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါ။ ဒီကာလက ကျနော်တို့ အစိုးရ

ဖွဲ့စည်းနိုင်ခဲ့ရင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့က ထောက်ခံဖို့

ကတိပြုခဲ့သော်လည်း၊ အမေရိကန် ရေတပ်သင်္ဘောက မြန်မာ့ ရေပိုင်နက်အထိ ရောက်ရှိနေခဲ့ပါသော်လည်း

15
ကျနော်တို့ အောင်ပွဲ လက်တကမ်း အလိုကျမှ အရှုံးကို ရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့ အစိုးရကို

မဖွဲ့စည်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဒီနေ့ လူထုတိုက်ပွဲ အမြင့်ဆုံးပိုင်းကို ရောက်လာတဲ့နဲ့ တပြိုင်နက် ကျနော်တို့ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့

၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ကြားဖြတ် အစိုးရ တရပ်ကို ဖွဲ့စည်းဖို့ လိုပါတယ်။ ဒါကို

အားလုံးက ဝိုင်းထောက်ခံဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ်ရွာတွေမှာ နအဖ အုပ်ချုပ်ရေးတွေကို နည်းမျိုးစုံ

သုံးပြီး ဖြိုချဖို့ လိုလာတယ်။ နအဖ အုပ်ချုပ်ရေး နေရာတွေမှာ ဒီမိုကရေစီ လူထု အုပ်ချုပ်ရေးတွေနဲ့

အစားထိုးရမယ်။

ကျေးရွာ ရပ်ကွက်အလိုက် ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများ ဦးဆောင်တဲ့

ကော်မတီတွေကို ဖွဲ့စည်းရမယ်။ ရပ်ရွာ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ်။

လမ်းပန်း ဆက်သွယ်ရေးကို တာဝန် ယူပေးရမယ်။ တရား ဥပဒေ စိုးမိုးမှုကို အာမခံပေးရမယ်။

လူထုထဲအတွက် စားရေ ရိက္ခာများ ဖြန့်ဖြုး ပေးရမယ်။ ဒါကို ကျေးရွာ ရပ်ကွက် မြို့နယ်

ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်ပေးရမယ်။ ရဲစခန်းတွေကို ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အောက်မှာ

တည်ရှိစေရမယ်။

လူထုတိုက်ပွဲနဲ့ အောင်ပွဲကို အရယူကြ

မိုးသီးဇွန်

16
အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ ဆောင်သင့်၊
ရှောင်သင့်၊ ပြင်ဆင်သင့်၊ ပြုလုပ်သင့်သည့် အချက်များ

အကြမ်းဘက်တဲ့ ရန်သူအပေါ် ခုခံကာကွယ်ရန်နှင့် တုန့် ပြန်ဆောင်ရွက်ရန်အတွက် ဖြစ်ပါတယ်။

အကြမ်းဘက်တာကို ခုခံကာကွယ်တုန့် ပြန်ခြင်းသည် လူသားတစ်ဦးအတွက်ရော လူ့ ဘောင်အဖွဲ

့အစည်းအတွက်ရော ဆောင်ရွက်သင့်တဲ့ တရားသော လုပ်ဆောင်မှု ဖြစ်တယ်။

အောက်ဖေါ်ပြပါ အရေးပေါ် ပြင်ဆင်မှုတွေကို စနစ်တကျ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ မိမိအတွက်လည်း

ပြင်ဆင်ထားသင့်သလို့  အခြားသူများအတွက်လည်း ပြင်ဆင်ထားခြင်းဖြင့် ကူညီနိုင်ပါတယ်။

အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားခြင်း။

အဆင်သင့်ဆောင်ထားသင့်သော ပစ္စည်းများ။

၁။ ရေဗူးများ ဆောင်ထားရပါမယ်။ သောက်သုံးရန်အတွက်သာမက မျက်နာကျင်ခြင်း၊ ဒါဏ်ရာရရှိခြင်း၊

အပူလောင်ခြင်းတို့ တွင် ဆေးကြောသုတ်သင်ရန်လည်း ဖြစ်ပါတယ်။

၂။ ထူထပ်၍ ခိုင်မာသော လက်အိတ်များများ ဆောင်ထားရပါမယ်။ အပူ၊ ထိခိုက်မှု၊

17
ဆေးဝါးဓါတုပစ္စည်းများအန္တရာယ်မှ ကာကွယ်ရန်သာမက မိမိရဲ့ လက်ဗွေရာများ မကျန်စေရန်အတွက်လည်း

အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၃။ အရေးပေါ်အဆက်အသွယ်ပြုလုပ်နိုင်ရန်အတွက် လက်ကိုင်ဖုန်း (သို့ ) ပြည်သူပိုင်ဖုံးတို့ တွင်

အသုံးပြုနိုင်ရန် စီစဉ်ထားရပါမယ်။

၎။ ရှေးဥိးသူနာပြုနှင့်ပတ်သက်သော ဆေးဝါးကိရိယာများကို မိမိယူဆောင်လို့ ရနိုင်သည့် တနိုင်စာအား

ပြင်ဆင်ထားရပါမယ်။ အ၀တ်စ၊ ပတ်တီး၊ အရက်ပြံ၊ ဂွမ်း၊ ကတ်ကျေး၊ ချူပ်အပ်၊ ချူုပ်ကြိုး၊ အနာကျက်ဆေး၊

အကိုက်အခဲပျောက်ဆေး စသည်တို့ ကို ဆောင်ထားရမှာ ဖြစ်ပါတယ်။

၅။ အရေးပေါ် စားသောက်နိုင်ရန် အစားအသောက်များ ဆောင်ထားရမှာဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်၊

ထမင်းခြောက်၊ အသားခြောက် အစရှိသည်တို့  ဖြစ်ပါတယ်။

ရှောင်ကြဉ်ရန်နှင့် သင့်တော်သော ၀တ်စားဆင်ယင်မှု။

၁။ ရန်သူဘက်မှ သိသိသာသာ မြင်နိုင်သည့် အရောင်တောက်တောက် အ၀တ်အစားများအား

ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ သာမန် အရောင်မတောက်သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။

၂။ ဆွဲကြိုး နာရီ အစရှိသည့် ရန်သူမှ အလွယ်တကူ ဆွဲမိနိုင်သည့် ပစ္စည်းများ ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

ထို့ အတူ မိမိတို့  ဆံပင်အရှည်များကိုလည်း ထုံးဖွဲ့ ထားပါ။

၃။ အလွယ်တကူ ဆုတ်ပြဲနိုင်သည့် ကျွတ်ကျနိုင်သည့် မခံခိုင့်သည့် အ၀တ်အစားများ ၀တ်ဆင်မှုအား

ရှောင်ကျဉ်ပါ။ ခိုင်ခံ့သည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။

18
၎။ ဂွင်းထိုးဖိနပ်များ၊ သားရေဖိနပ်များ၊ ကြိုးချီဖိနပ်များ ၀တ်ခြင်းအား ရှောင်ကြဉ်ပါ။ မိမိခြေထောက်အား

အကာအကွယ်ပေးသည့် အလွယ်တကူ မကျွတ်ကျနိုင်သည့် ပြေးလွှားရာတွင် ပေါ့ပါးသည့် ဖိနပ်မျိုးကိုသာ

ဝတ်ပါ။

၅။ မိမိလက်တစ်လျောက်၊ လည်ပင်းတစ်ဝိုက်၊ ခြေထောက် အသားအရေများအား လုံခြုံစွာ ဖုံးထားနိုင်သည့်

အင်္ကျီလက်ရှည် ဘောင်းဘီရှည်များကို ၀တ်ဆင်ပါ။ ပုဆိုးများ ၀တ်ဆင်ခြင်းကို အရေးပေါ်အခြေအနေနှင့်

ရင်ဆိုင်ရနိုင်သည့် နေရာများတွင် မ၀တ်ဆင်သင့်ပါ။

ဆောင်ထားသင့်သော ပစ္စည်းကိရိယာများ။

၁။ မျက်စိအကာအကွယ်ပစ္စည်း (Goggles) - မျက်မှန်ကဲ့သို့  မျက်စိအား ဖုံအုပ်ထားပေးသော

ရေကူးရာတွင်သုံးသည့် မျက်စိကာများ။ မျက်စိအကာသည် မှန်ထက် ပလတ်စတစ်က ပိုသင့်တော်ပါတယ်။

မီးခိုးငွေ့ များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။

၂။ နှာခေါင်းနှင့် ပါးစပ် အကာအကွယ်ပစ္စည်း (Mask) - နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ့ များ၊

ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။

၃။ မျက်နှာပြင်တစ်ခုလုံးအား (မျက်စိနှင့် နှာခေါင်းမှ အပ) ဖုံးထားနိုင်သည့် ခေါင်းစွပ်များကိုလည်း မျက်စိကာ

နှာခေါင်းကာများဖြင့် တွဲဘက် အသုံးပြုနိုင်ပါတယ်။ ပိုမိုသင့်တော်ပါတယ်။ နှာခေါင်းနှင့် ပါးစပ်အား မီးခိုးငွေ

့များ၊ ဓါတုဆေးများအား ကာကွယ်ရန် ဖြစ်ပါတယ်။ ထို့ အတူ မိမိအား ရန်သူမှ မည်သူမှန်း မသိစေရန်

ကာကွယ်နီုင်ပါတယ်။ သို့ သော် မိမိတစ်ဦးတည်း ထီးထီးမြင်နေရချိန်တွင် ရန်သူမှ အာရုံစိုက်မိစေရန်

အလျင်စလို မသုံးသင့်ပါ။ ရုန်းရင်ဆန်ခတ်မှု ဖြစ်ခါနီးနှင့် မျက်ရည်ယိုဗုံး ဓါတုဆေးများအား ရန်သူမှ

သုံးလာလျှင် ၀တ်ဆင်သင့်ပါသည်။

19
၎။ ဦခေါင်းအား အကာအကွယ်ပေးသည့် ပစ္စည်းများ - ဦးထုတ်အမာ၊ ဆိုင်ကယ်စီးဦးထုတ်များအား

ဝတ်ဆင်ထားသင့်ပါသည်။ ရန်သူမှ ဒုတ်ဖြင့်ရိုက်မှု၊ မိမိဘာသာ ချော်လဲကျမှုကြောင့် ဖြစ်လာနိုင်သည့်

ဦးခေါင်းဒါဏ်ရာရမှုအား ကာကွယ်ရန် ဖြစ်ပါတယ်။

၅။ အ၀တ်အစား အပိုတစ်စုံအားလည်း ဆောင်ထားသင့်ပါသည်။ ရုန်ရင်းဆန်ခတ်ဖြစ်မှုကြောင့်

ပျက်စီးပေကျံသွားသော အ၀တ်အစားအား လဲလှယ်ပြီး ရန်သူအား ခြေရာဖြောက်နိုင်ရန်အတွက် ဖြစ်ပါတယ်။

ထို့ အတူ သွေးထွက်ဒါဏ်ရာအားလည်း ပတ်တီးအဖြစ် အသုံးပြုနိုင်ပါတယ်။

အထက်ဖေါ်ပြပါ အကာအကွယ်ပစ္စည်းများကို ဆောင်ထားဝတ်ဆင်ထားမယ်ဆိုရင် မျက်ရည်ယိုဗုံးနဲ့ 

ဓါတုဆေးအန္တရာယ်များကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မျက်ရည်ယိုဗုံးနဲ့  ဓါတုဆေးအန္တရာယ်များဟာ

ရန်သူဘက်မှ ယာယီသုံးစွဲတဲ့ဟာ ဖြစ်လို့  ဒီအကာအကွယ်တွေသာ မိမိဘက်မှ လုပ်ထားလျှင်

အရမ်းကြောက်ရွံ့ စရာ မလိုဖူးဆိုတာ သိထားဖို့ လိုပါတယ်။

အရေးပေါ်အခြေအနေပေါ် သုံးသပ်ဆောင်ရွက်ခြင်း။

၁။ ရန်သူ၏ အခြေအနေကို ကြည့်ပါ။ မိမိဘက်မှ လူများအခြေအနေကို ကြည့်ပါ။ စိတ်ကို အေးအေးထားပြီး

အခြေအနေကို သုံးသပ်ကာ လုပ်သင့်သည်ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။

၂။ ကြောက်လန့် တကြားဖြင့် ရှေ့ မကြည့် နောက်မကြည့် ရမ်းသမ်းပြေးခြင်းသည် ပိုမို၍

အန္တရာယ်ကြီးပါတယ်။ ရန်သူမှ ဆင်ထားသော ထောင်ချောက်နှင့် ပိတ်ဆို့ ဝိုင်းရံမှုအတွင်းသို

့ကျရောက်နိုင်ရုံမက မိမိဘာသာလည်း လဲပြိုကျကာ ထိခိုက်ဒါဏ်ရာ ရနိုင်ပါတယ်။

၃။ ရှေ့ တိုးခြင်း နောက်ဆုတ်ခြင်းကို မိမိတို့  လူများ အတူတူ ညီညီညာညာ တိုင်ပင်ကိုက်

20
ပြင်ဆင်ဆောင်ရွက်ပါက ရန်သူဘက်က အလွယ်တကူ ဖြိုခွဲနိုင်မည် မဟုတ်ပါ။ ရန်သူသည် မိမိတို့ဘက်မှ

ရဲရဲဝန့် ဝန့် နှင့် ညီညီညာညာတုန့် ပြန်မှုအား ကြောက်ရွံ့ တတ်လေ့ ရှိပါတယ်။ တစ်ဦးက ဖောက်၍ ပြေးပါက

ပြိုကွဲကာ ထွက်ပြေးသူ နောက်အားလည်း ပိုမဲ၍ လိုက်လံခြေမှုန်းတတ်သည်ကို သတိထားရန် လိုပါတယ်။

၎။ လှုပ်ရှားမှု စတင်ရန်အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အခြေအနေအားလုံးအား

ဖြစ်နိုင်ခြေမှန်သမျှအား ထည့်သွင်းစဉ်းစား၍ လိုအပ်သော ပြင်ဆင်မှုအားလုံးကို စနစ်တကျ

တစ်ဦးချင်းဖြစ်စေ အဖွဲ့ လိုက်ဖြစ်စေ စီစဉ်မှုပြုလုပ်ရန် လိုပါတယ်။

အဆိုးရွားဆုံး အရေးပေါ်အခြေအနေအား ရင်ဆိုင်ခြင်း။

၁။ မိမိတစ်ဦးတည်း ကိုယ်လွတ်ရုန်းပြေးခြင်း၊ အများ၏ ဆန္ဒနှုင့် မကိုက်ညီသော ပြောဆိုမှု လုပ်ဆောင်မှုမျိုး

မပြုလုပ်ရန် အရေးကြီးပါတယ်။

၂။ လှုပ်ရှားမှုတွင် ခေါင်းဆောင်တင်မြောက်ထားသူများ၏ ဆုံးဖြတ်ချက် လမ်းညွှန်မှုအား

တညီတညွတ်တည်း လိုက်နာ ဆောင်ရွက်ကြဖို့  လိုပါတယ်။ ခေါင်းဆောင်မှလည်း ဖြစ်ပေါ်လာသည့်

ဖြစ်ပေါ်နိုင်သည့် အခြေအနေကို သုံးသပ်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျန်သူများအပေါ်

ပြတ်သားရဲရင့်စွာဖြင့် လမ်းညွှန်ဦးဆောင် ရမှာ ဖြစ်ပါတယ်။ မိမိတို့  စီစဉ်ထားသော လူများအတွက်သာမက

ထပ်မံပေါင်းစပ်လာသော ပြည်သူများကိုပါ လက်တွဲခေါ်ယူပြီး စနစ်တကျ စီစဉ်လုပ်ဆောင်ရန်

အရေးကြီးပါတယ်။

၃။ မိမိအမာခံလူများနှင့် ရန်သူဘက်မှ သပ်လျှိုဝင်ရောက် ဖျက်စီးနိုင်သည့်သူများအား

21
ခွဲခြားသိမြင်စေရန်အတွက် မိမိတို့ အချင်းချင်း သိသာသည့် အမှတ်အသား စကားဝှက်များကိုလည်း

စီစဉ်ထားရမည် ဖြစ်သည်။ ထိုနေရာတွင် ရန်သူအား သိသာစေသည့် မြင်သာစေသည့် အမှတ်အသားများကို

မပြမိစေရန် အရေးကြီးပါတယ်။

၎။ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ဖြိုခွင်းမှုကြုံရချိန်တွင် မည်သို့ သော လုပ်ဆောင်မှုများ လုပ်မည်ကို

မိမိတို့  အနေဖြင့် အထူးသဖြင့် ဦးဆောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ အဆင့်ဆင့်

သတ်မှတ်၍ အရေးပေါ် တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်း အသိပေးအကြောင်းကြားသည့်

နည်းပုံစံအားလည်း ပြင်ဆင်ထားရမှ ဖြစ်ပါတယ်။

နောက်ဆုံးလုပ်ဆောင်သင့်သော အချက်မှာ (မြန်မာပြည်တွင် ဖြစ်လာခဲ့သမျှသော ရန်သူနှင့်

ထိပ်တိုက်ရင်ဆိုင်မှုများတွင် ရန်သူဘက်မှ တစ်ဘက်သတ် အင်အားသုံး အကြမ်းဘက်ဖြိုခွဲမှုကြောင့်

ကစဥ့်ကလျားဖြစ်ကာ ပြိုကွဲခြင်းများဖြင့် ကြုံတွေ့ ရခြင်းကြောင့်၊ မိမိတို့ အင်အားများ တတိတိဆုံးရှုံးရခြင်းတို

့ကြောင့်) နောက်နောင်ဖြစ်ပေါ်လာနိုင်သည့် လူထုလှုပ်ရှားမှုမှန်သမျှတွင် ညီညီညာညာဖြင့် ခုခံကာကွယ်ရန်

ဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးက ဖြစ်ပေါ်ခဲ့သမျှသော လူထုလှုပ်ရှားမှုများနှင့် မြန်မာသမိုင်းတွင်

ဖြစ်ပေါ်ခဲ့သမျှသော အောင်မြင်ခဲ့သည့် တော်လှန်ရေးလှုပ်ရှားမှုမှန်သမျှတွင်

အင်အားသုံးအကြမ်းဘက်ဖြိုခွဲသော ရန်သူအား ခုခံကာကွယ်တုန့် ပြန်ခဲ့၍သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

လူထုအင်အားဟာ အကြီးမားဆုံး အင်အားဖြစ်ပါတယ်။ လူထုအင်အားနဲ့  ရန်သူအင်အား ယှဉ်ကြည့်ရင်

အရေအတွက် အများကြီး ကွာခြားပါတယ်။ လူထုမှာ မိမိအင်အားကို စုပေါင်းအသုံးချနိုင်ဖို့ ဘဲ

လိုအပ်ပါတယ်။ အင်အားနည်းတဲ့ ရန်သူမှာ လက်နက်ရှိလို့  အင်အားကြီးတဲ့ လူထုက ငုံ့ ခံနေရတယ်ဆိုတာ

လုံးဝမဖြစ်သင့်သလို တကယ်ဆိုရင် မမှန်ကန်ပါဖူး။

22
အင်အားနည်းတဲ့ ရန်သူက လက်နက်နဲ့ အနိုင်ကျင့်တယ်ဆိုရင် ပြည်သူလူထုကလည်း လက်နက်နဲ့ 

အနိုင်ရအောင် လုပ်ဆောင်ရပါမယ်။ လက်နက်ဆိုတာ သေနတ်မှ လက်နက် မဟုတ်ပါဖူး။ ပြည်သူလူထုမှာ

လက်နက်တွေ ခိုင်ခိုင်မာမာနဲ့ အများကြီး ရှိဖို့ ဘဲ ဖြစ်ပါတယ်။ အဲ့ဒါတွေက စိတ်ဓါတ်လက်နက်၊

ညီညွတ်မှုလက်နက်နဲ့  ရဲရင့်တဲ့ လက်နက်တွေဘဲ ဖြစ်ပါတယ်။ ဒီ့အပြင် လက်တွေ့ ကျတဲ

့လက်နက်တွေကတော့ မိမိတို့ နေ့ စဉ်နဲ့  အမျှ သုံးစွဲနေတဲ့ပစ္စည်းတွေဟာ လက်နက်တွေပါဘဲ။ မိမိတို

့အိမ်တိုင်းမှာ ဒါး ရှိပါတယ်။ မိမိတို့ အိမ်တိုင်းမှာ မီး ရှိပါတယ်။ မိမိတို့  အိမ်တိုင်းမှာ သံ ရှိပါတယ်။ မိမိတို

့အိမ်တိုင်းမှာ ဓါတုဆေးဝါးတွေ ရှိကြပါတယ်။ မိမိတို့  သွားရာလာရာ လမ်းတွေမှာလည်း ရှိကြပါတယ်။

ဒါတွေကို သူ့ နေရာနဲ့ သူ ရန်သူကို ရင်ဆိုင်တဲ့နေရာမှာ ထိထိရောက fရောက် အသုံးပြုရင် လက်နက်ပါဘဲ။

နောက်ဆုံး ရန်သူ့ လက်နက်ကို ကိုယ့်လက်နက်ဖြစ်အောင် လုပ်ယူရပါမယ်။

အဓိကကတော့ မတရားအနိုင်ကျင့် အကြမ်းဘက်ဖြိုခွဲတာကို ငြိမ်မခံပါနဲ့ ။ တစ်ခါအရိုက်ခံရရင် ရန်သူက

နှစ်ခါ ထပ်ရိုက်ပါလိမ့်မယ်။ ရန်သူက တစ်ယောက်ကို ဖမ်းရရင် နောက်တစ်ယောက်ကို ဆက်ဖမ်းပါလိမ်

့မယ်။ ရန်သူက တစ်ယောကို လွယ်လွယ်ကူကူနဲ့  ပစ်လို့ ရရင် နောက်တစ်ယောက်ကို ထပ်ပစ်ပါလိမ့် မယ်။

ဒီတော့ မိမိအနေနဲ့  ရန်သူရဲ့ အကြမ်းဘက်မှုကို ခံရတဲ့ ပထမဦးဆုံးသူ မဖြစ်စေပါနဲ့ ။ နောက်လူလည်း

မဖြစ်ပါစေနဲ့ ။ တစ်ဦးချင်းအရရော လက်တွဲပြီးစုပေါင်းလို့ ရော အကြမ်းဘက်လာရင် ပြန်ခုခံပါ။ ကာကွယ်ပါ။

လက်တုန့် ပြန်ပါ။ ဒါဟာ မိမိတို့ က အကြမ်းဘက်တာ မဟုတ်ပါဖူး။ အကြမ်းဘက်တာကို

ကာကွယ်ခုခံတာဆိုတာကို လက်ခံယုံကြည်ရပါမယ်။

ဒီလို အလွယ်တကူ အဖမ်းမခံရအောင် အရိုက်မခံရအောင် ပစ်ခတ်တာ မခံရအောင် ရန်သူဘက်က

သုံးလာတဲ့ အတိုင်း ပြည်သူတွေဘက်ကလည်း ပက်ဖြန်းဆေးတွေ (Spray) တွေ၊ လောက်လေးဂွတွေ၊

23
ဒါးအတိုတွေ၊ ဒုတ်အတိုတွေ၊ ကြိုးတွေကို လူတိုင်းအားလုံးက ဆောင်ထားသင့်ပါတယ်။ ကျည်မပေါက်နိုင်တဲ့

သံအထူနဲ့ တစ်ကိုယ်စာ ဒိုင်းအကာတွေ လုပ်ထားကြရမှာ ဖြစ်ပါတယ်။

မတရားအကြမ်းဘက်မှု ဖြိုခွင်းမှုကို ငုံ့ ခံလို့  မရပါဖူး။ လူတိုင်းမှာ မိမိရဲ့  အသက်အန္တရာယ်နဲ့  လုံခြုံမှုကို

ထိပါးလာစေမယ် ထိခိုက်နာကျင်စေမယ်ဆိုရင် ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ခုခံကာကွယ်ပိုင်ခွင့်

ရှိပါတယ်။ ဒါဟာ တရားသော ခုခံကာကွယ်မှု ဖြစ်ပါတယ်။ လူတစ်ဦးရဲ့  ခုခံကာကွယ်ပိုင်ခွင့်ဟာ

ဒီလူတစ်ဦးအတွက် ရှိသင်ရှိထိုက်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဆိုတာ ကမ္ဘာ့ပြည်သူတွေက

လက်ခံသတ်မှတ်ထားပါတယ်။

မတရားအကြမ်းဘက်တဲ့ ရန်သူကို ခုခံကာကွယ်ပါ။ ငုံ့ မခံဘဲ တုန့် ပြန်ပါ။ မိမိအနေနဲ့ 

ပြင်ဆင်ဆောင်ရွက်သင့်တာတွေကို ကြိုတင်ပြင်ဆင်ပါ။ ရှောင်သင့်တာတွေ ဆောင်သင့် တာတွေကို

ကြိုတင်စီစဉ်ပါ။ အင်အားသုံးပြီး ဖြိုခွဲဖို့ လာတဲ့ အကြမ်းဘက်သမားတွေကို ပြန်လည်ဖြိုခွဲရမှာ ဖြစ်ပါတယ်။

သည်းခံခြင်း၊ ငြိမ်ခံခြင်း၊ ငုံ့ ခံခြင်း၊ ဖြောင်းဖြခြင်း၊ တောင်းပန်ခြင်း၊ အလျှော့ ပေးခြင်းသည်

ရက်စက်ယုတ်မာသော ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်နေရချိန်တွင် လုပ်ရမည့် အလုပ်မဟုတ်။ ရိုင်းစိုင်းတဲ့

ရန်သူမှာ အကြင်နာနှလုံးသားနဲ့  ဖြူစင်ရိုးသားမှုဆိုတာ မရှိဘူး။ လုပ်ရမှာ လုပ်သင့်တာ တစ်နည်းဘဲ

ရှိတယ်။ ရန်သူက အကြမ်းဘက်လာရင် ပြန်ချ။

နစ်နေမန်း

24
မြေအောက်ရဲဘော် ဆောင်ရန်ရှောင်ရန်

နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား

ဆောင်ရွက်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်

အချက် တချို့ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့အစည်းတိုင်းမှာ သူ့အုပ်စုနဲ့သူ

သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာကတော့ ယေဘုယျအချက်လေးများကို

အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ

ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊

မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ

ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။

လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား

ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ

တွေးထားပါ။ မတော်တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ

မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတို့အပေါ်တွင် ခံပြင်းနေသည့်

25
မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ

ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော

လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။

အ၀တ်အစား

လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့

အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။

ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင္ရွားတဲ့ တံဆိပ္ပါတဲ့ အက်ီၤေတြ၊

မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့

ဝတ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ်ဝတ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။

လှုပ်ရှားမှု

စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ

တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ

လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို

တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ

26
မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို

ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး

ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ

သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက

မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။

အစည်းအဝေး

တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့်

မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့

အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။

မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို

သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး

ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး

အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး

27
“လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့”။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ

အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး

နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့

အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ

မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့

အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့

ဂျီတော့ခ်တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့

ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊

ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင်

သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို

လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ

နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို

တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင်

ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက

ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ

ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။

28
ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။

လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့ အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ

မလုပ်ပါနဲ့။ ကိုယ့်ရဲဘော်လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ်

စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။

စာရွက်စာတမ်း

တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ

ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။

စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့

ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင်

ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို

ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။

အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့

စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့

ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။

တော်လှန်ရေးသစ္စာဖြင့်

ခင်မမမျိုး

29
လှုံဆော်ရေးပြောက်ကျားတိုက်ပွဲများ

အခန်း (၁)

လမ်းထိပ်မှအကြော်သည် ဒေါ်ဘုမဆိုင်တွင် လူအများစည်ကားနေသည်။ ညနေကျောင်းဆင်းချိန်၊

ရုံးဆင်းချိန်လဲဖြစ်၊ ညစာဟင်းလျာမရှိသူတစ်ချို့မှာလဲ အကြော်လေးနှင့် ထမင်းကြမ်းလေးနှင့်သာ

ဝမ်းစာတနပ်ပြီးဆုံးရမည်မို့ စည်ကားနေသည်မှာ အဆန်းမဟုတ်တော့။ နေ့လည်နေ့ခင်း

အဆာပြေစားရသည့် မုန့်ပဲသားရေစာလေးများ ဟင်းလျာဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီပဲ။

မကျေနပ်ချက်များကတော့ လူထုရင်ထဲတွင် ဗလောင်ဆူနေဆဲ။

ဤတဒင်္ဂလေးတွင် သူတို့ရင်ထဲမှခံစားချက်များကို ဖော်ပြပေးသည့် ကြွေးကြော်သံများ ထွက်လာသည်။

‘လေးစားအပ်ပါသောလူထုကြီးရှင့်။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်မတို့ ဒီလိုဘဝက လွတ်မြောက်နိုင်မှာ

မဟုတ်ပါဘူး။ လူထုတိုက်ပွဲများစတင်ကြဖို့ အချိန်တန်ပါပြီ။’

ပြောပြောဆိုဆိုနှင့် အသံမာန်ဟုန်မြှင့် ပြောနေသူက ကြွေးကြော်သံများ တိုင်လိုက်သည်။ လူများမှလဲ

စိတ်အားထက်သန်စွာ ‘အောင်ရမည်၊ အောင်ရမည်’အော်ဟစ်လိုက်ကြသည်။ တစ်မိနစ်ခန့်ရှိသည်နှင့်

ဟောပြောနေသူက နီးစပ်ရာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ မည်သူမှန်း ဘယ်သူမှ မသိလိုက်ကြ။

လူထုတိုက်ပွဲစတင်နေပြီဆိုသည်ကိုတော့ သူတို့နားလည်လိုက်ကြသည်။ နီးစပ်ရာဆွေးနွေး

တိုင်ပင်ကြတော့မည်။

30
အခန်း (၂)

ဘတ်စ်ကားမှတ်တိုင်တွင် လူအများစည်ကားနေသည်။ နံနက်ရုံးတက်ချိန်၊ ကျောင်းတက်ချိန် ဖြစ်သည်ကိုး။

လူတွေအားလုံးစီမှာတော့ သောကကိုယ်စီ ပြည့်နှက်လျက်။

ခါတိုင်းစားနေကျ မုန့်ဟင်းခါးကို တောင့်တသူက တောင့်တနေသည်။ မုန့်ဟင်းခါးတပွဲ သုံးလေးရာကာလမှာ

တလတပွဲစားနိုင်ဖို့တောင် မလွယ်တော့ ပါလား။

ထမင်းဘူးထဲမှ ဆီမပါ ရေလုံပြုတ် အရွက်ကြော်လေးအကြောင်း စဉ်းစားသူက စဉ်းစားနေသည်။ အိ-ု

ကြက်သားဟင်းဆီပြန်လေး တစ်ခွက်လောက်စားချင်လိုက် ပါဘိ။ စိတ်ထဲက တောင့်တရင်း မသိမသာ

တံတွေးမျိုချသူကမျို။

ကျောင်းကတံမြက်စည်းဖိုးမပေးနိုင်သေးသည့် ကျောင်းသားလေးကလဲ သက်ပြင်းခဏခဏချရင်း

ဒီနေ့လဲအရိုက် ခံဦးံရမည့်အကြောင်းတွေးနေဆဲ။

မြို့ထဲအလုပ်သွားရှာနေသည့်အိမ်ထောင်သည်ခမျာမှာလဲ မပေါ့မပါးနဲ့ အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်ကိုတလှည့်၊

ဆန်ပြုတ်မစားချင်ဘူးငြင်းလို့ ထရိုက်ခဲ့မိတဲ့ သား ငယ်လေး မျက်နှာကိုတလှည့် မြင်ယောင်ရင်း

အလုပ်ရမှရပါ့မလား ပူပန်သောကတွေနဲ့။

ဒီလိုအချိန်မှာ လူငယ်လေးတစ်ယောက်ရဲ့ အသံထွက်လာသည်။

‘‘လေးစားအပ်ပါသော လူထုကြီးခင်ဗျာ။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်တော်တို့ ဒီလိုဘဝဆိုးက

31
လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲများ စတင်ဖို့အချိန်တန်ပါပြီ။’

ပြောပြောဆိုဆိုနှင့် အသံမာန်ဟုန်မြှင့်ပြောနေသူက ကြွေးကြော်သံများတိုင်လိုက်သည်။ လူများမှလဲ

စိတ်အားထက်သန်စွာ ‘အောင်ရမည်၊ အောင်ရမည်’အော်ဟစ်လိုက်ကြသည်။ တစ်မိနစ်ခန့်ရှိသည်နှင့်

ဟောပြောနေသူက နီးစပ်ရာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ မည်သူမှန်း ဘယ်သူမှ မသိလိုက် ကြ။

လူထုတိုက်ပွဲစတင်နေပြီ။ ဒါကိုတော့ သူတို့နားလည်လိုက်ကြသည်။ နီးစပ်ရာဆွေးနွေး ကြတော့မည်။

အခန်း(၃)

မဖြစ်သာလို့သာ ကျောင်းသို့ထွက်လာရပေမယ့် အထက်တန်းဆရာမ ဒေါ်မြမြဝင်း စိတ်ထဲမှာ

လေးလံလို့နေသည်။

‘ဒီလောက်စားရမဲ့၊ သောက်ရမဲ့ဘဝဖြစ်နေတာ။ တို့ခေတ်တုန်းကသာဆို သူပုန်ထပြီးလောက်ပြီတ


’ဲ့။

အသက်(၇ဝ)ကျော် အမေအိုရဲ့ စကားသံကို နားထဲကမထွက်။ လကုန်ရက်မို့ လက်ထဲမှာ

ပိုက်ဆံနည်းနေပေမယ့် အမေ့ကိုကျွေးချင်ဇောနှင့် ပဲပြုတ်သည်လေးခေါ်မိသည်၊ သူမလက်ထဲကျန်သည့်

ပိုက်ဆံက ပဲပြုတ်ဖိုးပင်မကာမိ။ ကျိတ်ပြီးကျနေရသည့် မျက်ရည်စက်များကို အမေမမြင်အောင်

ထိန်းထားခဲ့ပေမယ့် ပါးနပ်သော အဘွားအိုအမေက အရေတွန့်နေသော လက်ချောင်းလေးများဖြင့်

သုတ်ပေးရင်း တီးတိုးရေရွတ်လိုက်သံ။

32
လစာထုတ်ပြီးမှပဲအမေကြိုက်တဲ့ ငါးခူကြော်လေးဝယ်ကျွေးရမယ်။ ဘုရား-ဘုရား၊ သားဈေးငါးဈေးတွေ

ဒီထက်ပိုပြီးမတက်ပါစေနဲ့။ သူမရင်ထဲကြိတ်ဆုတောင်းနေမိသည်။ ဝမ်းနည်းစိတ်၊ နာကျည်းစိတ်နှင့်

လျှောက်နေသော သူမခြေလှမ်းများက ကျောင်းအဝင်ဝတွင် ရပ်တန့်သွားသည်။ ကျောင်းအဝင်အနီး

အုတ်တံတိုင်းပေါ်တွင် အနီရောင်စာလုံးဖြင့် ရေးထားသည်က

‘နိုးကြားကြလော့ ကျောင်းသားတို့။ နိုးကြားကြလော့ ဆရာတို့။ လူထုတော်လှန်ရေးလုပ်ဖို့

အချိန်ကျရောက်လာလေပြီ။’တဲ့။

ကျောင်းသားများဝိုင်းအုံလို့နေသည်။ သူမရင်ထဲတွင် အတိုင်းမသိဝမ်းသာလိုက်ဘိခြင်း။

သူမအိတ်ထဲမှ မြေဖြူခဲလေးကို မသိမသာထုတ်ရင်း ကျောင်းရှိရေအိုးစင်သို့ လျှောက်သွားလိုက်သည်။

ရေအိုးများပေါ်တွင်သူမရေးလိုက်သည်က

‘ငတ်ရင်းသေသည်ထက် တိုက်ရင်းသေရမည်’ တဲ့။

လူသံကြားသည်နှင့် သူမရှောင်ထွက်သွားလိုက်သည်။ ဘာဆက်လုပ်ရမည်ကို သိသွားသဖြင့် သူမရင်ထဲ

ပေါ့ပါးသွားလေသည်။

အခန်း(၄)

အမှတ် ( ) ဘတ်စ်ကားပေါ်သို့ ဂျာနယ်ရောင်းသူများ တက်လာသည်။

“အထူးကံစမ်းမဲအစီအစဉ်ပါခင်ဗျား။ ခရီးသည်များအား မဲလိပ်များပေးပါမယ်။ ပထမဆု (၂၁)လက်မ

33
ရောင်စုံတီဘီ၊-------------------။ မဲပေါက်သူကံထူးရှင်များ ဆက်သွယ်ရန် လိပ်စာလဲ ပါပါတယ်။ ကဲ-

ကံစမ်းမဲ မဲလိပ်တွေပါခင်ဗျာ။” ဆိုပြီး မဲလိပ်များ ကြဲချလိုက်ကြသည်။ လူအများကောက်နေဆဲ သူတို့ကတော့

ရှေ့မီးပွိုင့်တွင် ဆင်းကျန်ရစ်သည်။

ခရီးသည်များ မဲလိပ်များဖွင့်ကြည့်စဉ်မှာတော့

“ကံထူးဖို့အကြောင်း၊ဒီမိုကရေစီချက်ချင်းတောင်း”

“စစ်အာဏာရှင်စနစ်ကျဆုံးမှ၊ ပြည်သူ့ဘဝလှမည်ပ”

“စားဝတ်နေရေးပြေလည်ဖို့၊ နအဖအားတော်လှန်စို့”

ဆိုသည့်စာသားများ။

ခရီးသည်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သွားမည့်နေရာများတွင်

ပြောဆိုဖို့စကားအစရလေပြီ။

မည်သို့ဆိုစေ၊ တီးတိုးစကားသံများ ကျယ်လောင်လာလျှင် ထိုအသံများပေါင်းစပ်သွားပြီး၊

အာဏာရှင်စနစ်ဆိုတာ ပြုတ်ကျရစမြဲပင် မဟုတ်ပါလား။

ခင်မမမျိုး

34
တော်လှန်ရေးအတွက် ပြင်ဆင်ခြင်း

ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆီသို့

ကျွန်ုပ်တို့  မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့  အနေနဲ့  မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် မလွဲ

မသွေပြုတ်ကျရမည်ဟု ယုံကြည်သည်။ ၂၀၀၉ - ၂၀၁၀ ခုနှစ်တွင် စစ်အာဏာရှင်အနေဖြင့် စီးပွားရေး

အခက်အခဲကို မလွဲမသွေ ရင်ဆိုင်ရမည်။ မိမိတို့ အနေဖြင့် ၄င်းအခွင့်အရေး ရောက်လာ မည့်အချိန်ကို

အဆင်သင့်ပြင်ထားရမည် ဖြစ်သည်။

ပြည်တွင်းရှိတိုက်ပွဲဝင်လူငယ်များအနေဖြင့် စိတ်ဓါတ်ရေးရာပိုင်းဆိုင်ရာအရ ပြင်ဆင်ထားရန် အရေးကြီး

သည်။ မိမိတို့ ကိုယ်တိုင် ကြားဖြတ်အစိုးရကို ဦးဆောင်နိုင်လောက်သည်အထိ စိတ်ဓါတ်ရေးရာ၊

ဥာဏ်ပညာအရည်အချင်း၊ အတတ်ပညာ အသိပညာရေးအရည်အချင်းများတွင် အဆင်သင့်ဖြစ်နေပါပြီလား။

35
ဒီအချက်သည် အရေးကြီးပေသည်။ မိမိတို့  တစ်ဦးချင်းအနေဖြင့် အဆင်သင့်မဖြစ်သေးပါက တော်လှန်ရေး

တစ်ရပ်လုံးသည်လည်း အဆင်သင့်ဖြစ်ရန် လိုအပ်နေပေသေးသည်။ မိမိတို့ ကိုယ်တိုင်နှင့် တော်လှန်ရေး

တစ်ရပ်လုံး အဆင်သင့်အနေအထားသို့  အမြန်ဖြစ်ပေါ်စေရန် ယခုကပင်လျှင် လိုအပ်သည် များကို လျင်မြန်

စွာ ဆောင်ရွက်ကြရန် လိုအပ်ပေသည်။

ပြည်တွင်းမှ လူငယ်များအား ‘မင်းတို့ ကိုယ်တိုင် ကြားဖြတ်အစိုးရကို ဦးဆောင်ရမယ်” ပြောကြားသော

အခါတိုင်းတွင် တီကောင် ဆားနဲ့ တို့ ခံရသကဲ့သို့  တွန့် သွားကြတာ တွေ့ ရှိရသည်။ “ကျွန်တော်တို့ က

နိုင်ငံရေး အမျိုးသားရေးဘဲလုပ်တာ၊ အာဏာယူဖို့  မဟုတ်ဖူး” ဟု ပြောကြပါသည်။ ယခုလို ပြောကြားမှု

သည် မှန်ကန်သလိုလိုရှိသော်လည်း မှားယွင်းနေပေသည်။ ၁၉၈၈ ခုနှစ်နှင့် ယခင့်ယခင် ကာလများတုန်းမှ

အာဏာရှင်အား တော်လှန်ဆန့် ကျင်ခဲ့ကြသော လူငယ်များလည်း ယခုကဲ့သို့ ပင် အလား တူပြောဆို

ခဲ့ကြသည်။ ဒီပြောကြားချက်ဟာ တော်လှန်ရေးတစ်ရပ်ဆင်နွဲတဲ့အခါမှာ မှားယွင်းသော ပြောဆို ချက်ပင်

ဖြစ်သည်။ ဒီလိုပြောကြားချက် ဖြစ်ပေါ်ရခြင်း အကြောင်းဇစ်မြစ်မှာ အာဏာရှင်အုပ်စု၏

“နိုင်ငံရေးသမားတွေဟာ အာဏာကို ဖြတ်လမ်းကနေ ယူချင်နေကြတယ်” လို့ ဆိုတဲ့ ၀ါဒဖြန့် မှိုင်းတိုက်သော

စကားကြောင့်သာ ဖြစ်သည်။

ဒီအချက်နဲ့ ပတ်သက်ပြီး ဆက်ပြောဆိုလိုသည်မှာ အချို့ သောသူများ ပြောဆိုနေသည့် “လူထုတိုက်ပွဲနဲ့ 

စစ်အာဏာရှင်အုပ်စုကို ဘယ်လိုမှ မနိုင်နိုင်တော့ဘူး” “ရှစ်လေးလုံးနဲ့  ၂၀၀၇ ခုနှစ် ရွှေဝါရောင်

တော်လှန်ရေးမှာမှ မနိုင်ခဲ့တာကြောင့် ဘယ်တော့မှ ဒီလိုတိုက်လို့  ရနိုင်တော့မှာ မဟုတ်ဘူး” စသဖြင့် စကား

သံများ ကြားရသည်။ “စစ်အာဏာရှင်အုပ်စု ပေးသလောက်သာ တစ်ကျပ်ဖိုး ပေးလျှင် တစ်ကျပ်ဖိုးဘဲ

ယူမယ်။ တဖြည်းဖြည်းနဲ့ သာ ပြောင်းလဲသွားအောင် ကြိုးစားတော့မယ်” အစရှိသဖြင့်လည်း ပြောဆိုနေသံ

ကြားရပါသည်။

36
ထိုကဲ့သို့ ဆိုလျှင် ကုန်ဆုံးခဲ့သော ၁၉၈၈ ခုနှစ်မှစပြီး အနှစ် (၂၀) ကို ပြန်ကြည့်ပါလျှင် (၁၉၆၂ ခုနှစ်မှ စပြီး

တွက်လျှင် (၄၆) နှစ် ရှိပြီဖြစ်သည်) - တစ်နှစ်ကို အနည်းဆုံး တစ်ရာခိုင်နှုန်းနဲ့  တိုးတက်ခဲ့မယ်ဆိုလျှင်

“တဖြည်းဖြည်းနဲ့ ပြောင်းလဲမယ်” ဆိုတဲ့ အတွေးအခေါ်ကို လက်ခံနိုင်ကောင်းပါရဲ့ ။ ကမ္ဘောဒီယားနိုင်ငံလို၊

ဗီယက်နမ်နိုင်ငံလို၊ အင်ဒိုနီးရှားနိုင်ငံလို ပြောင်းမယ်ဆိုတဲ့ အနေအထားမျိုးပါ။ သို့ သော်

လက်ရှိဖြစ်ပျက်နေသောအနေအထားတွင် ကျွန်တော်တို့  မြန်မာနိုင်ငံမှာ ခေတ်နောက်ပြန်ဆွဲနေပါသည်။ ပို

ပိုပြီး ဆိုးရွားနေသော အနေအထားဖြစ်ပါသည်။ ထို့ ကြောင့် “တဖြည်းဖြည်းပြောင်းလဲမယ်ဆိုတဲ့”

အယူအဆဟာ လုံးဝလက်တွေ့ မဆန်သလို ဖြစ်နိုင်ခြေ အနည်းပါဆုံးဖြစ်ပါသည်။

ထို့ အတူ အချို့ သောသူများမှလည်း ပြောဆိုကြပါသည်။ “စစ်အာဏာရှင်အုပ်စု ဒီလောက်ဆိုးရွားနေတာ

မင်းတို့ အတိုက်အခံတွေက ဆန့် ကျင်ပြီး အပြုတ်တိုက်ရေးလမ်းစဉ်ကို ကိုင်ဆွဲနေလို့ တဲ့”။ ဒါဆိုရင်

ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အနေနဲ့  အမျိုးသားသင့်မြတ်ရေးကို ကိုင်အော်လာတာ ဘယ်လောက်ကြာပြီ

လည်း၊ စစ်အာဏာရှင်အုပ်စုရဲ့  အဖြေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံဖို့ 

ကြိုးစားရင်းနဲ့  အခုနောက်ဆုံးက မျိုးဆက်သစ်ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ချခြင်းဘဲ ဖြစ်တယ်။

ဒါကြောင့် လက်တွေ့ အဖြေမှာ ကျွန်တော်တို့ အနေနဲ့  စစ်အာဏာရှင်အုပ်စုဆီမှာ လက်ဖြန့် တောင်းမနေဘဲ

ပြည်သူ့ အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ခုပေါ်ပေါက်အောင်မရ

မနေတိုက်ရမယ်ဆိုတာ ထင်ရှားတဲ့ အဖြေဖြစ်ပါသည်။

ပြီးခဲ့သော တော်လှန်ရေးများ ဘာကြောင့် မအောင်မြင်ခဲ့ရသလည်း။ ကြားဖြတ်အစိုးရပေါ်ပေါက်သည်အထိ

ရပ်ကွက်၊ မြို့ နယ်၊ တိုင်းအဆင့်အထိ စနစ်တကျဖွဲ့ စည်းပြီး တိုက်ပွဲ မဆင်နွဲခဲ့ကြလို့  ဖြစ်သည်။ ၁၉၈၈

37
ခုနှစ်အရေးတော်ပုံကြီးတွင် ကြားဖြတ်အစိုးရပေါ်ပေါက်လုနီးပါး ဖြစ်လဲ့ပေမယ့် အောင်မြင်စွာ မဖွဲ့ စည်း

မပေါ်ပေါက်ဖြစ်ခဲ့ပါ။ ပြည်သူတွေအနေနဲ့ ရော တက်ကြွစွာတော်လှန်တိုက်ပွဲဝင်နေသူတွေအနေနဲ့ ရော

ကြားဖြတ်အစိုးရပေါ်ပေါက်သည်အထိ ဘယ်လိုရအောင်တိုက်ပွဲဆင်နွဲမလည်းဆိုတဲ့ ပြင်ဆင်မှုမရှိခဲ့တာ

ကြောင့် ဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ထိုကဲ့သို့ ပင် ပြင်ဆင်မှုများ

အားနည်းကာ ကြားဖြတ်အစိုးရပေါ်ပေါက်ရေးဆီ ဦးမတည်ခဲ့ဖူး။ စစ်အာဏာရှင်အစိုးရထံ

မည်သည့်အချက်တွေပေးပါဟုသာ တောင်းဆိုမှုသာ ရှိခဲ့သည်။ စစ်အုပ်စုထံ လိုချင်တာတွေ လက်ဖြန်

့တောင်းနေသကဲ့သို့  ဖြစ်သည်။

ကျွန်တော်တို့ ပြည်သူတွေ တက်ကြွစွာတော်လှန်တိုက်ပွဲဝင်နေသူတွေအနေနဲ့  စိတ်ဓါတ်ရေးရာ ပိုင်းဆိုင်ရာ

အရရော လက်တွေ့ ဆောင်ရွက်မှုအရရော တော်လှန်ရေးတစ်ရပ်မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကြားဖြတ်

အစိုးရ ဖွဲ့ စည်းနိုင်သည်အထိ အစစအရာရာမှာ ပြင်ဆင်မှုမရှိ အဆင်သင့်အနေအထား မဖြစ်ခဲ့လို့ 

ဖြစ်သည်။ နောက်ထပ် ထပ်မံပေါ်ပေါက်မည့် ပြည်သူလူထုအုံကြွမှုဖြစ်ခဲ့လျှင် ကျွန်တော်တို့  ပြည်သူတွေ

အနေနဲ့  ကြားဖြတ်အစိုးရဖွဲ့ စည်းနိုင်သည်အထိ ကြိုတင်မပြင်ဆင်ထားပါက ယခင်ကကဲ့သို့ ပင်လျှင်

ဖြိုခွဲဖျက်ဆီးခံရမည် ဖြစ်သည်။

ယခုလို ကြားဖြတ်အစိုးရဖွဲ့ စည်းရေးသည် တော်လှန်ရေးတစ်ရပ်တွင် အရေးအကြီးဆုံး အဆင့်အမြင့်ဆုံး

အနေအထားဖြစ်ခြင်းကြောင့် ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  မည်ကဲ့သို့  ပြင်ဆင်ဆောင်ရွက် ထားသင့်

သနည်း။

ပထမဦးစွာ - မိမိတို့  ပြည်သူတစ်ဦးချင်းစီတိုင်း တက်ကြွစွာတော်လှန်တိုက်ပွဲဝင်နေသူတစ်ဦးချင်းစီတိုင်းက

ကြားဖြတ်အစိုးရဖွဲ့ စည်းနိုင်မှ၊ ကြားဖြတ်အစိုးရဖွဲ့ စည်းမှသာ တော်လှန်ရေးအောင်မြင်စွာ ဆင်နွဲနိုင်မည်

38
ဆိုသည့် အချက်ကို စိတ်ဓါတ်ရေးရာပိုင်းအရ ခိုင်မာစွာ ယုံကြည်ကြရမည် ဖြစ်သည်။ စစ်အာဏာရှင်

အုပ်စုအား အမြစ်ပြုတ် တိုက်ထုတ်ရန် ပြည်သူတို့ ၏ ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက်

မဖြစ်မနေကြိုးစားပြင်ဆင်ထားကြရမည်ဟု သံဓိဌာန်ပြုကာ စိတ်ဓါတ်ခိုင်ခံ့စွာဖြင့် အစဉ်မပြတ် ကြိုးစား

ဆောင်ရွက်နေရမည် ဖြစ်သည်။ ယုံကြည်ချက်ကို မြှင့်တင်ပြီး ပန်းတိုင်ထိပ်ဆုံးအထိ ရည်မှန်းရပါမည်။

ဒီလို စိတ်ဓါတ်ရေးရာပိုင်းဆိုင်ရာ ယုံကြည်ချက်၊ ခံယူချက်နဲ့  ဆုံးဖြတ်ချက်တွေ ခိုင်ခံပြီဆိုလျှင် -

၁။ မိမိကိုယ်တိုင်က ဘာတွေပြင်ဆင်ထားမှာလည်း၊ ပြင်ဆင်ထားပြီးပြီလည်း။

၂။ မိမိလုပ်ဆောင်မည့် လုပ်ဆောင်မှုသည် ပြည်သူ့ ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက်

ရည်ရွယ်ကာ မည်ကဲ့သို့  ပါဝင်ဆောင်ရွက်မည်နည်း။

၃။ မိမိတို့ တစ်ဦးချင်းအနေနဲ့ သာမက အဖွဲ့ အစုအနေနဲ့ ရော အဆင်သင့်ဖြစ်ပြီလား။ မိမိတို့ အနေနဲ့ 

အဆင်သင့်ဖြစ်ပြီဆိုလျှင် အခြားသော အစုအဖွဲ့ များရော အဆင်သင့်ဖြစ်တဲ့အနေအထားရောက်ပြီလား။

အစရှိသည့် အချက်များကို ဆန်းစစ်သုံးသပ်ရပါမည်။

မိမိတို့  လုပ်ဆောင်ချက်များသည် ပြည်သူတွေကို လှုံ့ ဆော်ဖို့ ဆောင်ရွက်လျှင် မည်မျှအချိန်ကြာကြာ

အချိန်ယူပြီး လှုံ့ ဆော်မှာလည်း။ ပြည်သူတွေကို နှိုးဆော်ရုံမျှသာ ဆောင်ရွက်မှာလား - အစရှိသည်တို

့ကိုလည်း သုံးသပ်ရမည် ဖြစ်သည်။ ပြည်သူတွေကို နှိုးဆော်သည့် လုပ်ရပ်များကိုသာ ဆောင်ရွက်နေပြီး

ပိုမိုအရှိန်မြှင့်တင်သင့်သည့်၊ ထပ်မံတိုးမြှင့်သင့်သည့် တော်လှန်ရေးတိုက်ပွဲပုံစံများကို မဆောင်ရွက်ဘဲနေပါက

39
စစ်အာဏာရှင်အုပ်စု၏ မတရားဖမ်းဆီးခံရမှုများဖြင့်သာ မိမိတို့ အင်အားများ တဖြေးဖြေး ဆုံးရှုံးကြရသည့်

အခြေအနေနှင့် ကြုံရပေမည်။ သမင်မွေးရင်း ကျားစားရင်းနဲ့  ဖြစ်နေပေမည်။ စစ်အာဏာရှင်အုပ်စု၏

မတရားဖမ်းဆီးမှုကြောင့် ထောင်ကျခံရရုံ၊ အသေခံရရုံဖြင့် တော်လှန်ရေးအောင်မြင်မည် မဟုတ်။

သာမန်လုပ်ရပ်များဖြင့်သာ စစ်အာဏာရှင်အား ဆန့် ကျင်နေပါက ရိုင်းစိုင်းစွာ ဖိနှိပ်ဖြိုခွဲလေ့ရှိသည့်

အာဏာရှင်အုပ်စုအပေါ် အောင်ပွဲခံနိုင်မည် မဟုတ်ပေ။

ထို့ ကြောင့် ကျွန်တော်တို့  ပြည်သူတွေအနေဖြင့် - မိမိတို့  အင်အားများကို မလိုအပ်ဘဲ ဆုံးရှူံးခြင်းမျိုး

မဖြစ်ရလေအောင် မိမိတို လုပ်ဆောင်ချက်များကို သေသေချာချာ စီစဉ်ဆောင်ရွက် ထိန်းသိမ်းရပါမည်။

မိမိတို့  လှုပ်ရှားမှုများအတွက် အင်အားသစ်များကို တိုးချဲ့ ရပါမည်။ မိမိတို့  အင်အားများကို စနစ်တကျဖွဲ့ 

စည်းဆောင်ရွက်ရပါမည်။ မိမိတို့ အင်အားများကို လုပ်ဆောင်မည့် လုပ်ရပ်ပုံသဏ္ဍန်ပေါ် မူတည်ပြီး

ထိုက်သင့်သလောက်သာ သုံးစွဲရပါမည်။ မိမိတို့  အင်အားများဖြင့် အာဏာရှင်ဆန့် ကျင်ရေး လုပ်ဆောင်

မှုများတွင် ပိုမိုမြှင့်မားစွာ ဆောင်ရွက်ရပါမည်။ မိမိအင်အားများဖြင့် တော်လှန်ရေး၏ အဓိကပန်းတိုင်ဖြစ်သည့်

ပြည်သူ့ ကြားဖြတ်အစိုးရတစ်ရပ်ပေါ်ပေါက်အောင်နှင့် ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ရပါမည်။

ဒီနေရာတွင် အချို့ သော လူငယ်များမှ မေးမြန်းမှုများ ရှိပါသည်။ “ကျွန်တော်တို့  အစိုးရတစ်ရပ်

လုပ်ဆောင်နိုင်တဲ့ အခြေအနေ အရည်အချင်း မရှိဘူး” တဲ့။ ဒီပြောဆိုချက်သည် မိမိတို့ ၏ ယုံကြည်ချက်

ခံယူချက်နှင့် မိမိတို့  ကိုယ်ပိုင်အရည်အသွေးများကို မိမိတို့ ဘာသာ အားပျော့စေသော ပြောဆိုချက်

ဖြစ်သည်။ ယခုလို မိမိတို့  အင်အား အရည်အသွေးကို နိမ့်ကျစေသော ပြောဆိုမှုများကို

ဖယ်ရှားပြစ်ရပေမည်။

အစိုးရတစ်ရပ်ဖွဲ့ စည်းဆောင်ရွက်ရာတွင် အောက်ခြေမှ အထက်အထိ အဆင့်ဆင့် ဆောင်ရွက်ရသည့်

40
အသီးသီး တာဝန်ယူရသည့် အခြေအနေဖြစ်သည်။ တစ်ဦးချင်းမှသည် တစ်ဖွဲ့ ၊ တစ်ဖွဲ့ မှသည် တစ်ရပ်ကွက်၊

တစ်ရပ်ကွက်မှသည် တစ်မြို့ နယ်၊ တစ်မြို့ နယ်မှသည် တစ်တိုင်း၊ တစ်တိုင်းမှသည် တစ်ပြည်နယ်၊

တစ်ပြည်နယ်မှသည် တစ်နိုင်ငံအထိ အဆင့်ဆင့် ဖွဲ့ စည်း ဆောင်ရွက်သွားရသည်။ ထို့ အတွက် ပြည်သူများ

တက်ကြွစွာဆောင်ရွက်သူများ လူငယ်များအနေဖြင့် အာဏာရှင်အုပ်စုအား ဆန့် ကျင်တော်လှန် တိုက်ပွဲ

ဝင်ရာတွင် ယခုကဲ့သို့ သော အဆင့်ဆင့်ဖွဲ့ စည်းမှုများကို မဖြစ်မနေ ဆောင်ရွက်မှသာ တော်လှန်ရေး

ပန်းတိုင်သို့  အင်တိုက်အားတိုက် ချီတက်ရောက်ရှိမည် ဖြစ်သည်။ သို့ မဟုတ်ပါက လက်ရှိ အင်အား

အစုအဖွဲ့ ငယ်လေးများဖြင့်သာ ကျေနပ်ပြီး လှုပ်ရှားနေမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ အင်အား

များ တဖြေးဖြေး လျှော့ပါးသွားပေမည်။

ထို့ ကြောင့် စစ်အာဏာရှင်စနစ်အုပ်ချူပ်မှုကို မလိုလားသူတိုင်း ဖယ်ရှားလိုသူတိုင်း မိမိတို့  တစ်ဦး ချင်း

လှုပ်ရှားမှုမှသည် အစုအဖွဲ့ လှုပ်ရှားမှုသို့  တိုးမြှင့်ဆောင်ရွက်ပါ။ အစုအဖွဲ့ ငယ်မှသည် ရပ်ကွက် မြို့ နယ်

တိုင်း ပြည်နယ် တစ်နိုင်ငံလုံးအတိုင်းအတာအထိရောက်အောင် အင်အားများကို စည်းရုံးတိုးချဲ့  စနစ်တကျဖွဲ

့စည်းကာ အာဏာရှင်အား စိန်ခေါ်တိုက်ထုတ်နိုင်မည့် ပြည်သူ့ ကြားဖြတ် အစိုးရ တစ်ရပ် အသွင်

ဖေါ်ဆောင်ကာ လုပ်ဆောင်ကြပါ။ သာမန်လှုပ်ရှားမှုများဖြစ်သည့် ပြည်သူများအား လှုံ့ ဆော်သည့်

လုပ်ရပ်များမှသည် ပိုမိုအားကောင်းသည့် လက်တွေ့ ကျကျ တော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်ပါ။ မိမိ

ကိုယ်ကို အာဏာရှင်အား ဆန့် ကျင်တော်လှန်သည့် တော်လှန်ရေး သမားတစ်ယောက် အဖြစ် အပြည့်အဝ

ခံယူကာ အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုများကို ပီပီပြင်ပြင် ဆောင်ရွက်ပါ။ ထိုသို့  မိမိတို့  တစ်ဦးချင်းစီမှ

အထက်ဖေါ်ပြပါအတိုင်း လုပ်ဆောင်ပါက စစ်အာဏာရှင်အုပ်စုအပေါ် မလွဲမသွေ အောင်ပွဲအမြန်

ခံနိုင်မည်ဖြစ်ပြီး ပြည်သူများအားလုံး လိုလားတောင့်တနေတဲ့ လွတ်လပ်ရေးကို ရမှာ အမှန်ပါ။ ယခုကဲ့သို

့သာ စနစ်တကျ ထိထိရောက်ရောက် ဖွဲ့ စည်းဆောင်ရွက်ပါက နိုင်ငံတကာမှလည်း လက်တွေ့  အားပေး

မှုများ ဧကန်ရရှိမည်မှာ သေချာပေသည်။ မိမိတို့  လုပ်ဆောင်မှုများပေါ်တွင် အများကြီး မူတည်နေပေသည်။

41
ဒီလို ပြည်သူ့ အစိုးရတစ်ရပ်ဖေါ်ဆောင်နိုင်ဖို့  ပါဝင်ဆောင်ရွက်နိုင်ဖို့ ကို မိမိတို့ တစ်ဦးချင်းစီတိုင်းက

ခိုင်ခိုင်မာမာ ယုံကြည်ပါ။ မိမိတို့ အရည်အသွေးကို အပြည့်အ၀ ယုံကြည်ပါ။ စိတ်ဓါတ်အင်အား

လူအင်အားအပြည့်ဖြင့် ဆောင်ရွက်ပါ။ တိုင်းပြည်နဲ့  ပြည်သူအကျိုးကို ဦးတည်ပြီး ရဲရဲဝန့် ဝန့်  ပြတ်ပြတ်

သားသား ဆောင်ရွက်ပါ။ မိမိကိုယ်မိမိ တော်လှန်ရေးအာဇာနည်အဖြစ် ခံယူပြီး တော်လှန်ရေးကို

အမြင့်မားဆုံး အနေအထားရောက်အောင် ပန်းတိုင်ရောက်သည်အထိ ပြီးဆုံးသည့်တိုင်အောင် လုပ်ဆောင်

ကြပါ။

အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်တဲ့နေရာမှာ အချိန်ကို ထိုင်စောင့်နေလို့  မရပါ။ လက်ရှိ

အခြေအနေကို ကျေနပ်နှစ်သိမ့် နေလို့ မရပါ။ ရှိတဲ့ အင်အားလောက်ကိုသာ ရောင့်ရဲနေလို့  မရပါ။

မပြည့်ဝသေးတဲ့ အရည်အသွေးလောက်ကိုသာ အားထားနေလို့  မရပါ။ အခြားသူများ အများအား အားကိုး

နေလို့  မရပါ။ မိမိကိုယ်တိုင်သာလျှင် အစဖြစ်သည်။ မိမိကိုယ်တိုင်က စတင်ဦးဆောင်သော အနေအထား

ရှိနေရမည်။ မိမိကိုယ်တိုင်က အာဏာရှင်အား ဆန့် ကျင်တော်လှန်သူ ဖြစ်နေရမည်။ မိမိ ကိုယ်တိုင်က

ပြည်သူ့ အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ပါဝင်လုပ်ဆောင်သူ ဖြစ်နေရမည်။

အာဏာရှင်စနစ်အား တော်လှန်ရန်အတွက် ပြည်သူတစ်ယောက်အနေဖြင့် အဆင်သင့် ဖြစ်နေရပါမည်။

ကျွန်တော်တို့  မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့  (FREE BURMA FEDERATION) အနေဖြင့်လည်း

အထက်ဖေါ်ပြပါ ပြည်သူ့ အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် တစ်ဦးချင်စီတိုင်းမှ အခြားပြည်သူများနှင့်

အတူ အဆင်သင့်အနေအထားရောက်အောင် ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်သည်။

42
ပြည်သူ့ အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုအပိုင်းများအားလည်း ဆက်လက်

တင်ပြသွားမည် ဖြစ်သည်။

ပြည်သူလူထုတိုက်ပွဲဖေါ်ဆောင်ရေး

ပထမပိုင်းမှာ စိတ်ဓါတ်ရေးရာအရ အသင့် ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း

တင်ပြခဲ့ပါသည်။ ယခုထပ်မံဖေါ်ပြမည့် အချက်များမှာ ထိုကဲ့သို့  ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်

သည်အထိ တော်လှန်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သိရှိဆုံးဖြတ်ပြီးပါက ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ

ချပြီးသည်နှင့်အညီ ဖြစ်မြောက်အောင် မလျှော့သော ဇွဲလုံ့ လဖြင့် လုပ်ဆောင်သွားရမည် ဖြစ်သည်။

နောက်ဆုတ်မှု တွန့် ဆုတ်မှု လုံးဝမရှိဘဲ သင့်တော်သေချာသော အချိန်များအပေါ်မူတည်ပြီး

ဆောင်ရွက်ရမည် ဖြစ်သည်။

ပြီးဆုံးခဲ့သော တော်လှန်ရေးတိုက်ပွဲ သင်ခန်းစာများအရ တစ်ဦးတစ်ဖွဲ့ တည်း ဦးဆောင်ပြီး ဆင်နွဲသည်ထက်

စုပေါင်းပါဝင်ပြီး တော်လှန်ရေးတိုက်ပွဲအား အင်တိုက်အားတိုက် ဆင်နွဲရန် အထူးလိုအပ်သည်။

ရန်သူအာဏာရှင်အနေနှင့် ထိုကဲ့သို့ သော လူထုတိုက်ပွဲများအား အထူးကြောက်ရွံ့ ထိတ်လန့် ကြောင်း

၎င်းတို့ ၏ အပြုအမူများက သက်သေပြခဲ့သည်။ အာဏာရှင်တို့ အနေဖြင့် ကောက်ကျစ်သော

ကလိမ်ကကျစ်ဥာဏ်များ လှည့်ဖြားချက်များဖြင့် ပြည်သူလူထုတိုက်ပွဲကို နှောင့်ယှက်ဖြို ခွင်းမည်မှာ မလွဲပေ။

ထို့ ကြောင့် မိမိတို့ အနေဖြင့် ရန်သူအာဏာရှင်၏ လုပ်ရပ်မှန်သမျှကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး

အထူးသတိထားရန် လိုအပ်ပါသည်။

ရန်သူအာဏာရှင်သည် ၁၉၆၀ နှစ်ကျော်ကာလ ကနဦး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲမှသည် ၂၀၀၇

43
ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအထိ မည်သည့်အခါမျှ စစ်မှန်သော အမျိုးသားစည်းလုံးရေး၊

ဒီမိုကရေစီနှင့် လွတ်လပ်ရေးတို့ အတွက် သဘောရိုးသားဖြူစင်စွာဖြင့် လုပ်ဆောင်ပေးခဲ့ခြင်း တစ်ခုမှ

မရှိခဲ့သည်မှာ ပြည်သူအားလုံး အသိပင်ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းတွင်လည်း အာဏာရှင်သမတ

ဒေါက်တာမောင်မောင်မှ “ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်”

ဟု လိမ်ညာကာ မက်လုံးပေးပြောကြားခဲ့သည်။ ထို့  အတူ ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း (၂)

နှစ်တိုင်ကြာအောင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးကာ “အချိန်ဆွဲခြင်းဗျူဟာ” ကို ကျင့်သုံးခဲ့ပေသည်။

ထပ်မံပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင်လည်း အတုအယောင်အမျိုးသားညီလာခံကျင်းပခြင်း၊ အလိမ်အညာ

အခြေခံဖွဲ့ စည်းပုံရေးဆွဲခြင်း၊ နိုင်ငံတကာ၏ ဖိအားပေးမှုကို လျော့ကျစေရန် နိုင်ငံရေးအကျဉ်းသားများအား

ဖမ်းပြလိုက် လွတ်ပေးလိုက်ပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံဆွေးနွေးသယောင်ယောင်နှင့်

ဆက်ဆံရေးဝန်ကြီးခန့်  အပ်ပြခြင်း၊ ကုလသမဂ္ဂနှင့် အရှေ့ တောင်အာရှနိုင်ငံများအသင်းအပေါ် အမျိုးမျိုး

လိမ်လည်ပြောဆိုခြင်း - အစရှိသည့် လုပ်ရပ်များကို ရန်သူအာဏာရှင်သည် ကလိမ်ကကျစ်ကျကျ

လုပ်ဆောင်ပြီး “အချိန်ဆွဲခြင်းဗျူဟာ” ကို အသုံးပြုခဲ့သည်ကို ကျွန်တော်တို့ ပြည်သူအားလုံး

ကွက်ကွက်ကွင်းကွင်း သိမြင်ရန် အဓိက အရေးကြီးသည်။

ရန်သူအာဏာရှင်သည် ထိုကဲ့သို့  “အချိန်ဆွဲခြင်းဗျူဟာ” လုပ်ရပ်များကို အချိန်မရွေး ထပ်မံပြုလုပ်ဦးမည်မှာ

သေချာသည်။ ထို့ ကြောင့် ကျွန်တော်တို့  ပြည်သူလူထုအနေနှင့် ရန်သူအာဏာရှင်အပေါ်

ပြတ်ပြတ်သားသား ဆက်ဆံရမည်ဖြစ်သည်။ ရန်သူအာဏာရှင်၏ လှည့်ဖြားမှု မက်လုံးပေးမှု

အပျော့နည်းဖြင့် ဆွဲဆောင်မှုတို့ ကို နားယောင်မိပြီး တွေဝေနေပါက ရန်သူအာဏာရှင်အလိုကျ

လိုက်ပါသွားမိပေမည်။ ကျွန်တော်တို့  ပြည်သူလူထုအနေနဖြင့် ရန်သူအာဏာရှင်အပေါ်

44
မည်သည့်အကြောင်းအရာနှင့်မျှ မယုံကြည်မိစေရန် အရေးကြီးသည်။ သို့ မှသာ မိမိတို့  အနေဖြင့် ၇န်သူ

့ထောင်ချောက်ထဲ မ၀င်မိမည် ဖြစ်သည်။ တော်လှန်ရေးတိုက်ပွဲ၏ အဓိက သော့ချက်မှာ ရန်သူအပေါ်

ပြတ်ပြတ်သားသား ဆန့် ကျင်တိုက်ပွဲဝင်မှုနှင့် ရန်သူ၏ လှည့်ဖြားမှု ဆွဲခေါ်မှုနောက်သို့  လိုက်ပါခြင်းမရှိဘဲ

မိမိတို့မှသာ တိုက်ပွဲလက်ဦးမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ရန်သူထက် အရင် ခြေလှမ်းသာနေရမည်

ဖြစ်သည်။ ဆိုလိုသည်မှာ ရန်သူအာဏာရှင်ကို မယုံပါနှင့်။ ရန်သူအာဏာရှင်၏ စတင်တိုက်ခိုက်မှုကို

မခံမိပါစေနှင့်။ မိမိတို့ ၏ တော်လှန်တိုက်ပွဲကို အချိန်ပေးလျှင် ပေးသလို၊ အခြေအနေရလျှင် ရသလို

အမြဲစတင်နေရမည် ဖြစ်သည်။

ရန်သူအာဏာရှင် အကြောက်ရွံ့ ဆုံး၊ ၄င်းတို့  မတရားရယူထားသည် အာဏာလက်လွတ်ဆုံးရှုံးမှာကို

အစိုရိမ်ဆုံးသည် ပြည်သူ့ လူထုအစိုးရ ပေါ်ပေါက်လာမည်ကိုပင် ဖြစ်သည်။ ကျွန်တော်တို့ 

ပြည်သူလူထုအနေဖြင့် အဆိုပါ ပြည်သူလူထုအစိုးရ (၀ါ) တော်လှန်ရေးအစိုးရ (၀ါ) ကြားဖြတ်အစိုးရ

ပေါ်ပေါက်အောင် လုပ်မှသာလျှင် ရန်သူအာဏာရှင်ပြုတ်ကျပြီး မိမိတို့ လိုလားနေသော စစ်မှန်သည့်

ဒီမိုကရေစီနှင့် လွတ်လပ်ရေး ရမည် ဖြစ်သည်။

ကြားဖြတ်အစိုးရပေါ်ပေါက်ရေးတွင် တစ်ဦးတစ်ဖွဲ့ တည်းမှ အထက်မှ ဦးဆောင်ပြီး လုပ်ယူ မရပေ။

ကြားဖြတ်အစိုးရအား သူလုပ်နိုး ကိုယ်လုပ်နိုး ဒီအဖွဲ့ လုပ်နိုး ဟိုအဖွဲ့ လုပ်နိုးဖြင့် စောင့်ဆိုင်းနေရန်လည်း

မဖြစ်ပေ။ မိမိတို့  ပြည်သူလူထုအားလုံးမှ တစ်ဦချင်းစီတိုင်းမှ မိမိတို့  ကျွမ်းကျင်ရာ တတ်နိုင်ရာမှ

ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ ဖြစ်လျှင် မည်ကဲ့သို့  ကြားဖြတ်အစိုးရ ပေါ်ပေါက်အောင် ပြည်သူများအနေဖြင့် အသီးသီး ကြိုးစားကြရ

မည်နည်း။

45
ပထမဦးဆုံးအနေဖြင့် - တပ်မတော်ရဲ့  အခန်းကဏ္ဍကို ကြည့်ပါမည်။ ပြည်သူလူထု၏ ကြားဖြတ်အစိုး

ရပေါ်ပေါက်ရေးတွင် တပ်မတော်ပါဝင်မှုသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

တပ်မတော်အတွင်းတွင် တပ်မတော်သားတိုင်း အာဏာရှင်ကို ကြိုက်နှစ်သက်နေမှု မရှိပေ။

သက်သေသာဓကများ များစွာရှိပေသည်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးတွင် တပ်မတော်သားများ

ပြည်သူနှင့် ပူးပေါင်းလက်တွဲခဲ့ကြသည်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တပ်မတော်သားအများစုမှ ပြည်သူ့ တွေအတွက် မဲပေးခဲ့ကြသည်။ ၂၀၀၇

ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း တပ်မတော်သားများထဲမှ ပြည်သူလူထုထံ သတင်းပေးခဲ့ကြမှု

ရှိခဲ့ကြသည်။ သံဃာတော်များ ကျောင်းသား ပြည်သူများအား မတရား ပြစ်ခတ်သတ်ဖြတ်မှုကို

တပ်မတော်သား အများစု လက်မခံကြပေ။ ယခုလက်ရှိ တပ်မတော်အတွင်း အခြေအနေမှာလည်း

တပ်မတော်သား အရာရှိအရာခံ အကြပ်တပ်သားများမှာ များစွာကြပ်တည်းဒုက္ခရောက်လျက်ရှိကြသည်။ ထို

့ကြောင့် ပြည်သူလူထုနှင့် လက်တွဲရန် အဆင်သင့်စောင့်ဆိုင်းနေကြသော တပ်မတော်သား အများအပြား

ရှိကြသည်။ ထို့ ကြောင့် တပ်မတော်သားများ ပြည်သူလူထု တော်လှန်အုံကြွသော လုပ်ရပ်များတွင်

ပါဝင်နိုင်ရန်အတွက် အထူး အရေးကြီးသည်။

ထိုကဲ့သို့  ပြည်သူလူထုနှင့်အတူ တပ်မတော်သားများ ပါဝင်နိုင်စေရန်အတွက် မိမိတို့ ၏

လက်ရှိလှုပ်ရှားမှုများဖြစ်သည့် နှိုးဆော်စာကပ်ခြင်း၊ ရေဒီယိုများမှ ပြောကြားခြင်း၊ ဖုန်းဆက်သတင်းပေးပို

့ခြင်းတို့ မှာ လုံလောက်သော ဆောင်ရွက်မှုမျိုး မဟုတ်သေးပေ။ လုပ်ဆောင်ရန်လိုအပ်သည်တို့ မှာ

တပ်မတော်သားများနှင့် နီးစပ်စွာ ပြောဆိုဆွေးနွေးနိုင်သော အနေအထားဖြစ်အောင် ဆောင်ရွက်ရမည်

ဖြစ်သည်။ တပ်မတော်သားတို့ နှင့် ထိတွေ့  ဆွေးနွေးခြင်းအားဖြင့် ပြည်သူလူထု၏ လိုလားချက်များ

46
တပ်မတော်သားတို့ ၏ ပြည်သူလူထုနှင့်အတူ ဆောင်ရွက်နိုင်မှုအချက်အလက်များကို သိရှိကြမည်

ဖြစ်သည်။

အများစုလက်ရှိပြောနေကြသော တွေ့ ဆုံဆွေးနွေးမှုအတွက် တောင်းဆိုပြောဆိုနေကြသော

ပြောဆိုချက်များသည် ရန်သူအာဏာရှင် ဗိုလ်ချူပ်ကြီးများဆီကိုသာ ဖြစ်နေသည်။

အာဏာရှင်ဗိုလ်ချူပ်ကြီးများသည် ၄င်းတို့ အာဏာလက်လွတ်ဆုံးရခါနီးထိတိုင်အောင် အသေခံကာ

ခေါင်းမာစွာဖြင့် ဆုတ်ကိုင်သွားမှာဖြစ်လို့  အာဏာရှင်ဗိုလ်ချူပ်ကြီးများထံ တွေ့ 

ဆုံဆွေးနွေးရေးတောင်းဆိုနေခြင်းသည် မိမိတို့  ပြတ်ပြတ်သားသား လုပ်ရမည့် တော်လှန်ရေးတိုက်ပွဲအား

မိမိတို့ ဘာသာ နှောင့်နျေးစေခြင်းသာ ဖြစ်သည်။ အမှန်တကယ် တွေ့ ဆုံဆွေးနွေးမှုလုပ်ရမည်မှာ

အခြေအနေပေးလျှင်ပေးသလို တပ်မတော်အတွင်းမှ ပြည်သူလူထုနှင့် ပူးပေါင်းလိုသည့်

တပ်မတော်သားများနှင့် ဖြစ်သည်။ မိမိတို့ တစ်ဦးချင်းစီတိုင်းမှ မိမိတို့ နှင့် နီးစပ်မရာ တပ်မတော်သားများနှင့်

တစ်ဦးချင်းတွေ့  ဆုံဆွေးနွေးနိုင်ရန် ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်သည်။

တော်လှန်ရေးတိုက်ပွဲအရှိန်အဟုန်ကောင်းလာသည်နှင့်အမျှ တပ်မတော်သားများအနေနှင့် ပြည်သူလူထုနှင့်

ပူးပေါင်းလာရန် တိုင်ပင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။ တော်လှန်ရေး၏ အရေးကြီးသော

အပြင်းထန်ဆုံး အခြေအနေများတွင် တပ်မတော်သားများမှ ပြည်သူလူထုနှင့်လက်တွဲပြီး အာဏာရှင်များကို

ဆန့် ကျင်တိုက်ထုတ်ရန် ဖြစ်သည်။ ပြည်သူလူထု၏ အာဏာရှင်များအပေါ် အနိုင်ရယူမည့် နောက်ဆုံး

တိုက်ပွဲ အခြေအနေတွင် ပြည်သူလူထု၏ လှုပ်ရှားမှုအပေါ်ကြည့်ကာ တပ်မတော်သားများမှ မိမိတို

့လက်နက်ကို စွဲကိုင်ကာ မတရား အမိန့် ပေးလာမည့် အာဏာရှင်များကို ဆန့် ကျင်ရန်၊ ပြည်သူလူ

ထုနှင့်အတူ အောင်ပွဲခံရန် ဖြစ်သည်။ ထိုကဲ့သို့  ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲလာမည့် ပြည်သူ

့တပ်မတော်သားများအား ပေါ်ပေါက်လာမည့် ပြည်သူ့  အစိုးရလက်အောက်တွင် ထိုက်တန်စွာ

47
ဂုဏ်ပြုကြရမည် ဖြစ်သည်။

ထိုကဲ့သို့  တပ်မတော်သားများ ပြည်သူလူထုနှင့်အတူ ပူးပေါင်းလာခဲ့မှုသည် ၁၉၈၈ ခုနှစ်

အရေးတော်ပုံကာလအတွင်းက ရှိခဲ့သော်လည်း ပူးပေါင်းလာသော တပ်မတော်သားများသည်

အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ လက်နက်များကို ထားရှိခဲ့ကာ လူချည်းသာ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ထိုအခါ ပြည်သူလူထုနှင့် ပူးပေါင်းလာကြသော ပြည်တပ်မတော်သားများမှာ အထွေထွေသပိတ်များတွင်

ပါဝင်ဆင်နွဲခဲ့ကြခြင်း၊ ပြည်သူလူထုနှင့်အတူ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း ရှိခဲ့ကြသော်လည်း၊

အာဏာရှင်များမှ မတရား အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ဖြင့် ဆန္ဒပြပြည်သူများအား

ပြစ်ခတ်နှိမ်နင်းသောအခါတွင် ပြည်သူနှင့်ပူးပေါင်းခဲ့ကြသော ပြည်သူ့ တပ်မတော်သားများမှာ လက်နက်

မရှိသောကြောင့် ပြည်သူလူထုအား မကာကွယ်ပေးနိုင်သည့်အပြင် ၄င်းတို့  ကိုယ်တိုင် တိမ်းရှောင်

ထွက်ပြေးကြရသော အခြေအနေဖြစ်ခဲ့ရသည်။ ဒီအချက်ကို ကျွန်တော်တို့ အနေဖြင့် သင်ခန်းစာ ယူရမည်

ဖြစ်သည်။

ထို့ ကြောင့် ပြည်သူနှင့် ပူးပေါင်းလိုသည့် တပ်မတော်သားများမှလည်း ပြည်သူလူထုနှင့် အတတ်နိုင်ဆုံး

ထိတွေ့ နိုင်အောင် ကြိုးစားကြပါ။ ပြည်သူလူထု၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် သိရှိစေရန်

ကြိုးစားကြပါ။ ပြည်သူလူထု၏ ပြည်သူ့ အစိုးရပေါ်ပေါက်ရေး လှုပ်ရှားကြိုးပမ်းမှုများတွင် မိမိတို့ တပ်မတော်

သားများသည်လည်း အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရန် အရေးကြီးကြောင်းကို

ခံယူထားကြရန် လိုအပ်သည်။ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းမှန်သမျှ ကြိုးစားကြပြီး၊

ပြည်သူလူထုအား အကာအကွယ်ပေးနိုင်ရန်နှင့် အာဏာရှင်၏ မတရာဖြိုခွင်းမှုကို တုန့်  ပြန်နိုင်ရန် မိမိတို

့နှင့်အတူ လက်နက်များ တစ်ပါတည်း ယူလယရန် အထူး အရေးကြီးပါသည်။ သို့ မှသာလျှင်

ပြည်သူလူထုအား အကာအကွယ်ပေးနိုင်မည်၊ မိမိတို့ ၏ စစ်ရေးစွမ်းရည်ဖြင့် အာဏာရှင်အား တိုက်ထုတ်နိုင်

48
မည်၊ ပြည်သူ့ ကိုယ်စားပြု ကြားဖြတ်အစိုးရကို အပြည့်အ၀ ထောက်ခံကာ ပြည်သူ့အစိုးရ၏ တပ်အဖြစ် အာ

ဏာရှင်များအား ချေမှုန်းနိုင်မည် ဖြစ်သည်။ မိမိတို့  ပြည်သူ့ တပ်မတော်သားနောက်တွင် သန်းနှင့်ချီသော

ပြည်သူလူထုအား ရှိပေသည်။ လက်တစ်ဆုတ်စာ အာဏာရှင်နှင့် အာဏာရှင်လက်ပါးစေများအား

လက်နက်ချင်း တိုက်ထုတ်ရမည် ဖြစ်သည်။ သို့ မှသာ အထိအခိုက် နည်းနိုင်သမျှ နည်းစွာဖြင့် အာဏာ

ရှင်အား ဖြုတ်ချနိုင်ပေမည်။ ပြည်သူတို့  အောင်ပွဲခံမည့် နောက်ဆုံးတိုက်ပွဲတွင် ပြည်သူ့ တပ်မတော်သား

တို့ ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးလှပေသည်။

ဒုတိယအချက်အနေဖြင့် - မိမိတို့  ပြည်သူလူထုအနေဖြင့် လူထုတိုက်ပွဲအား မည်ကဲ့သို့  ပြင်ဆင်ရမည်

ဆိုသည့် အချက်ပင် ဖြစ်သည်။ လက်ရှိအနေအထားအရ တစ်ဦးတစ်ယောက် တစ်ဖွဲ့ ဖြင့်သာ ဦးဆောင်မှု

ပြုလုပ်ရန်ထက်၊ အထက်ဗဟိုမှ ဦးဆောင်သော အနေအထားမျိုးထက် ပြည်သူလူထုအင်အားဖြင့်

အောက်ခြေ အနေအထားမှ စတင်ကာ လူထုလှုပ်ရှားမှုတိုက်ပွဲကို ဆောင်ရွက်ရန် ဖြစ်သည်။

ထို့ ကြောင့် ပြည်သူလူထုအင်အားဖြင့် အောက်ခြေမှစပြီး လူထုတိုက်ပွဲအား ဖေါ်ဆောင်ရမည် ဖြစ်သည်။ ထို

့သို့ ဖေါ်ဆောင်ရာတွင် အခြေခံဖြစ်သည့် မိမိနှင့် နီးစပ်ရာ ယုကြည်စိတ်ချရသူများ (ဥပမာ - သူငယ်ချင်းများ၊

ယုံကြည်စိတ်ချသူများ၊ ဆွေမျိုးသားချင်းများ အစရှိသည့်) နှင့် စတင်ဖွဲ့ စည်းကာ လှုပ်ရှားမှုများကို

ဆောင်ရွက်ရမည်။ ထိုမှတစ်ဆင့် မိမိတို့  ရပ်ကွက်၊ ကျောင်း၊ ကျေးရွာ၊ အလုပ်ရုံ၊ စက်ရုံများတွင်

စိတ်ချယုံကြည်ရသူများနှင့် အစုအဖွဲ့ များ လျှို့ ဝှက်စွာ ဖွဲ့ စည်းထားရှိရမည်။ မိမိတို့ ဖာသာ စုစည်းဖွဲ

့စည်းထားမှု အင်အာစုအတွင်းတွင်သာ သိုသိုသိပ်သိပ် ကျစ်ကျစ်လစ်လစ်ဖြင့် ဆောင်ရွက်နေရမည်

ဖြစ်သည်။ ယခုအဆင့်တွင် အခြားသော အင်အားစုများနှင့် မလိုအပ်ဘဲ ချိတ်ဆက်ဆောင်ရွက်ခြင်းများကို

လုံခြုံရေးအရ ရှောင်ကြည်နေရဦးမည် ဖြစ်သည်။ ထို့ အတူ လုံခြုံရေးအရ တစ်ဦးချင်း လိုက်နာသင့်သည့်

စည်မျဉ်းစည်းကမ်းများကို ထုတ်ပြန်ပြီး တိတိကျကျ လုပ်ဆောင်ရမည် ဖြစ်သည်။

49
လူထုတိုက်ပွဲဖေါ်ဆောင်ရေးနှင့် ပြည်သူ့ ကိုယ်စားပြု ကြားဖြတ်အစိုးရ ပေါ်ပေါက်ရေးအတွက် ပြင်ဆင်ရာ

တွင် - လူထုတိုက်ပွဲဖေါ်ဆောင်ရေးသည် ပထမအဆင့် ဖြစ်သည်။ ပြည်သူလူထု မပါဝင်ဘဲနှင့်

လူထုတိုက်ပွဲဖေါ်ဆောင် မရပေ။ ရန်သူအာဏာရှင်မှ ပြည်သူလူထု အင်တိုက်အားတိုက်ပါဝင်သည့်

လူထုတိုက်ပွဲ မပေါ်ပေါက်စေရန် အမျိုးမျိုးသောနည်းများဖြင့် ဟန့် တား ဖျက်ဆီးလျက် ရှိပေသည်။

အာဏာရှင်မှ မည်သို့ ပင် မည်မျှပင် ဟန့် တား ခြိမ်းခြောက်ဖျက်ဆီးနေစေကာမူ ပြည်သူလူထုမှ

စနစ်တကျနှင့် မဖြစ် ဖြစ်အောင် ပြင်ဆင် ကြိုးစားတည်ဆောက်ပါက လူထုတိုက်ပွဲသည် တဖြေးဖြေးနှင့်

အရှိန်အဟုန် ကောင်းလာမည်မှာ မလွဲမသွေ ဖြစ်ပါသည်။ အာဏာရှင်မှ ပြည်သူများအကြား သွေးခွဲခြင်း၊

ကြောက်ရွံ့ အောင် ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ အယူအဆ၀ါဒရေးရာ မှိုင်းတိုက်ခြင်း၊ နှစ်ရှည် ထောင်ချပြခြင်း၊

လက်ပါးစေအင်အားစုများ အသုံးပြုပြီး ရမ်းကားခြင်း၊ ဝေးလံသော ထောင်များ နေရာဒေသများ

ရဲဘက်စခန်းများသို့  ပို့ ခြင်း - အစရှိသည့် လုပ်ရပ်များဖြင့် ပြည်သူလူထုအား ကြောက်ရွံ့ နေစေရန်

လူထုတိုက်ပွဲတွင် မပါဝင်စေရန် လုပ်ဆောင်ဆောင်ပြလျက်ရှိသည်။

ထိုသို့  အာဏာရှင်မှ လုပ်ဆောင်နေသည်မှာ အမှန်တကယ်အားဖြင့် ပြည်သူအင်အားကို ကြောက်ရွံ

့သောကြောင့်သာ ဖြစ်သည်ကို ကျွန်တော်တို့  ပြည်သူလူထုမှ အမှန်အတိုင်း မြင်ရန် အရေးကြီးသည်။

အာဏာရှင်၏ အကြောက်တရားဖြင့် ခြိမ်းခြောက်ဖျက်ဆီး ဖြိုခွင်းမှုများအား ရဲရဲဝန့် ဝန့်  ရင်ဆိုင်ပြီး၊

အာဏာရှင်မှ ကြောက်ရွံ့ နေသည့် ပြည်သူ့  အင်အားကို တည်ဆောက်နိုင်ပါက ပြည်သူတို့  အောင်ပွဲ

အမြန်ရမည် ဖြစ်သည်။

ကျွန်တော်တို့ ပြည်သူများဘက်မှ သတိထားရန် အချက်များအနေဖြင့်လည်း မခံချင်စိတ်ဖြင့်

စိတ်မထိန်းနိုင်ဖြစ်ကာ ပြင်ဆင်မှုမရှိဘဲ ဆန္ဒပြ လှုပ်ရှားမှုများကို ဆန္ဒစောစွာ မလုပ်ရန် အရေးကြီးသည်။

50
အထူးသဖြင့် လူငယ်လူရွယ်များမှာ လူငယ်တို့ သဘာဝအရ စိတ်ပိုင်းခံစားမှုဖြင့် အာဏာရှင်အား ရုတ်တရက်

တုန့် ပြန်တတ်လေ့ရှိသည်။ ထိုကဲ့သို့  လုပ်ပါက အာဏာရှင်ဘက်မှ လက်ဦးမှု ရယူကာ ဖြိုခွင်းထိန်းသိမ်းခြင်း

ခံရတတ်လေ့ရှိသည်။

ထိုအခါတွင် တိုက်ပွဲအစ၌ပင် ကျွန်တော်တို့  အင်အားစုများ ဆုံးရှူံးသွား ရသည်။ ပြည်သူလူထု

အနေနှင့်လည်း ပါဝင်ဆောင်ရွက်ရန် တွန့် ဆုတ်သွားရတတ်သည်။ ထို့ ကြောင့် စနစ်တကျ ပြင်ဆင်မှုမရှိဘဲ

စိတ်ပိုင်းဆိုင်ရခံစားမှုဖြင့် ဆောင်ရွက်တတ်သည့် လှုပ်ရှားမှုမျိုးကို မပြုလုပ်ဘဲ ရန်သူအာဏာရှင်အား ဆန်

့ကျင်သည့် လှုပ်ရှားမှုမှန်သမျှ ကြီးကြီးသေးသေး စနစ်တကျ စီစဉ်ပြင်ဆင်မှုဖြင့်သာ လုပ်ဆောင်ရမည်

ဖြစ်သည်။ အလွန်အရေးကြီးသော အချက် ဖြစ်ပါသည်။

ရန်သူအာဏာရှင်၏ ကောက်ကျစ်လှည့်ဖြားသော လုပ်ရပ်များကိုလည်း သိရှိလေ့လာနေရမည် ဖြစ်သည်။

သုံးသပ်ကြည့်ကြရမည် ဖြစ်သည်။ အာဏာရှင်ရန်သူသည် အထက်မှ ဖေါ်ပြသကဲ့သို့  “အချိန်ဆွဲခြင်းဗျူဟာ”

အား ကျင့်သုံးလေ့ရှိသည်ကို အမြဲ သိရှိနေရန် ဖြစ်သည်။ ယခုအခါတွင်လည်း ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့်

ရွေးကောက်ပွဲနှင့် အယောင်ပြကာ ထပ်မံအချိန်ဆွဲထားပေသည်။ ရန်သူအာဏာရှင်က

ရွေးကောက်ပွဲလုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ အဆိုပါလုပ်ရပ်မှာ ရန်သူ့ အလုပ်ဖြစ်သည်။ ကျွန်တော်တို

့ ပြည်သူလူထုအနေဖြင့် ကျွန်တော်တို့  လုပ်သင့်သည်များကို အချိန်မဆွဲဘဲ လုပ်ရမည်မှာ ကျွန်တော်တို

့ပြည်သူတွေ အလုပ် ဖြစ်သည်။ ရန်သူအာဏာရှင်အား ပြတ်ပြတ်သားသား ဆန့်  ကျင်ရမည့်နေရာတွင်

တွေဝေနေရန် မဟုတ်။ ကျွန်တော်တို့  ပြည်သူလူထုလုပ်ရမည့် အချက်မှာ နှစ်ချက်သာ ရှိသည်ကို

တိကျခိုင်မာစွာ ယုံကြည်ထားရမည် ဖြစ်သည်။

၁။ ပြည်သူလူထုတိုက်ပွဲ ဆောင်ရွက်ရမည်။

51
၂။ ပြည်သူ့ ကိုယ်စားပြု ကြားဖြတ်အစိုးရ ဖွဲ့ စည်းရမည် - ဖြစ်သည်။

ထို့ ကြောင့် ရန်သူအာဏာရှင်၏ ခြေလှမ်းနောက် လိုက်နေစရာ မလိုဘဲ၊ မိမိတို့ လုပ်ရမည့် အလုပ်ကို

အောင်မြင်အောင် စီစဉ်ဆောင်ရွက်လုပ်ကိုင်ရမည် ဖြစ်သည်။ ရန်သူ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပေါ်

တွေဝေမေးမောနေစရာ မလို။ ထိုရွေးကောက်ပွဲသည် ရန်သူ့ အလုပ် ဖြစ်သည်။ ကျွန်တော်တို့ 

ပြည်သူတွေအနေဖြင့် လုံးဝ လက်ခံနိုင်စရာ အကြောင်း မရှိပေ။ ထပ်မံပြီး အချိန်ဆွဲ လှည့်ဖြားမခံရစေနဲ့ ။

ရန်သူ့ ခြေလှမ်းနောက် မလိုက်နဲ့ ။ ရန်သူအပေါ် မယုံကြည်နဲ့  တို့  ဖြစ်သည်။

ကျွန်တော်တို့  ပြည်သူတွေ လုပ်ရမည့် အလုပ်မှာ ပြည်သူလူထုတိုက်ပွဲများပြုလုပ်ရန်အတွက် အောက်ခြေမှ

စပြီး မိမိတို့  နီးစပ်ရာအင်အားစုများဖြင့် အစုအဖွဲ့ များ ဖွဲ့ စည်းကြရမည်။ လျှို့  ၀ှက်ဆောင်ရွက်ကြရမည်။

ပြောက်ကြားနည်းကို ကျင့်သုံးကြရမည်။ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားကြရမည်။ မိမိနီးစပ်ရာ

အင်အားစုမျာမှ တစ်ဆင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့ နယ်၊ တိုင်းအထိရောက်အောင်၊ စက်ရုံ အလုပ်ရုံများမှသည်

ဌာနဆိုင်ရာ အသီးသီးထိရောက်အောင် အင်အားစုများကို လျှို့ ဝှက်စွာ စုဖွဲ့ ထားကြရမည်။ ပြည်သူလူထု

အင်အားကို တည်ဆောက်ကြရမည်။ လူထုတိုက်ပွဲအား အချိန်ကြသည်နှင့် တပြိုင်နက်ထဲ ဟန်ချက်ညီညီ

အင်တိုက်အားတိုက် ပါဝင်ဆင်နွဲနိုင်စေရန်အတွက် ယခုကတည်းက လိုအပ်ချက်များအားလုံးကို

အဆင်သင့်ဖြစ်နေစေရန် သိုသိပ်စွာဖြင့် အင်အားစုများ ဖွဲ့  စည်းထားကြရမည်။

လူထုတိုက်ပွဲဖေါ်ဆောင်ရန်အတွက် အသေးစိတ် ထပ်မံဖေါ်ပြရလျှင် မိမိတို့  ပြည်သူများ၊

လှုပ်ရှားဆောင်ရွက်ကြသူများ၊ ကျောင်းသားများ၊ ရဟန်းသံဃာတော်များအနေဖြင့် (၁) စုရပ်၊ (၂) လုံခြုံရေး၊

(၃) ရည်ရွယ်ချက်၊ (၄) ရှေ့ လုပ်ငန်းစဉ် ဆိုသည့် လုပ်ငန်း လေးရပ်အား စီစဉ်ပြင်ဆင်ရမည် ဖြစ်ပါသည်။

52
(၁) စုရပ်

လူအများရှိသောနေရာအား စုရပ်အဖြစ် ဖေါ်ဆောင်ရပါမည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုအများစု

မရှိသောနေရာဖြစ်ပါက လှုပ်ရှားမှုအား အများပြည်သူ မသိနိုင်သည့်အပြင်၊ ရန်သူအာဏာရှင်မှလည်း

ချောင်ပိတ်ဖြိုခွင်းနိုင်မည့် နေရာ ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။ ထို့ ကြောင် စုရပ်သည်

ဝင်လမ်းထွက်လမ်းများ ရှိသောနေရာဖြစ်ပါက အရေးပေါ် ရှောင်ရှားရန် ထွက်ပေါက်အဖြစ် ရရှိမည်

ဖြစ်သည်။ လူအများ ပူးပေါင်းပါဝင်နိုင်သောနေရာ ဖြစ်ရမည်။ သို့ မှသာ ပြည်သူအင်အားများ ထပ်မံပူးပေါင်း

ပါဝင်လာနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် - ရုံးဌာနနေရာ၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဘုရားပွဲတော်၊

အားကစားပွဲတော် အစရှိသည့် နေရာများ ဖြစ်သည်။ ရန်သူအာဏာရှင်ဘက်မှ မိမိတို့  စုရပ်အပေါ် မည်ကဲ့

သို့ တုန့် ပြန်နိုင်သည်၊ ရန်သူအာဏာရှင်များ မိမိတို့  စုရပ်သို့  လာရောက်ဖြိုခွင်းခြင်းမရစေရန် လမ်းကြောင်း

များအား ကြိုတင် ပိတ်ဆို့ ထားနိုင်မည်၊ မိမိတို့ ဘက်မှ ရန်သူအာဏာရှင်၏ ဖြိုခွင်းမှုအား မည်ကဲ့သို့  တုန်

့ပြန်နိုင်မည်တို့ ကို ကြိုတင် သုံးသပ်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားရမည် ဖြစ်သည်။ မတရား

အကြမ်းဘက်ဖြုခွင်းမှုအား အသာတကြည်ဖြင့် ကြက်ကလေး ငှက်ကလေးဖမ်းခံရသကဲ့သို့  အလွယ်

တကူဖြိုခွင်းခံရမှုမျိုးကို ငုံ့ မခံရန် အရေးကြီးသည်။ မိမိတို့ အင်အားထုဖြင့် တုန့် ပြန်ရမည် ဖြစ်သည်။

ရန်သူအာဏာရှင်လက်ပါးစေများသည် အာဏာရှင်၏ ခိုင်းစေမှုကြောင့်သာ လုပ်ဆောင်နေရသော်လည်း

ပြည်သူလူထုမှ အင်တိုက်အားတိုက်ဖြင့် ညီညွတ်စွာ ရဲရင့် စွာဖြင့် တုန့် ပြန်ပါက ကြောက်ရွံ့ နောက်

ဆုတ်သွားလေ့ ရှိပါသည်။ သာဓက သက်သေပေါင်းမြောက်မြားစွာ ရှိပါသည်။ ထို့ ကြောင့် မတရား

အကြမ်းဘက် ဖြိုခွင်းမှုကို မကြောက်ရွံ့ ပါနှင့်၊ အသာတကြည် ခေါင်းငုံ့ မခံပါနှင့်၊ အလွယ်တကူ အဖမ်း

မခံပါနှင့်။ ရန်သူအာဏာရှင်၏ အကြမ်းဘက်ဖြိုခွင်းမှုအား တန်ပြန်တုန့် ပြန်နိုင်မည့် အစီအစဉ်များ

53
နည်းစနစ်များ ပစ္စည်းကိရိယာများအား ပြင်ဆင်ထားရှိ ရမည် ဖြစ်သည်။

လူထုတိုက်ပွဲအရှိန်အဟုန် မြှင့်တင်ရန်အတွက် စုရပ်များအား မပြိုကွဲစေရန် ခုခံရပါမည်။ တန်ပြန်တုန်

့ပြန်ရပါမည်။ မိမိတို့ အင်အားစာများစွာ ထိုခိုက်သော အခြေအနေရောက်မှသာ မလွဲမရှောင်သာ ဖြစ်မှသာ

လက်ရှိစုရပ်မှ ပြင်ဆင်ထားသော အခြားစုရပ်တစ်နေရာဆီသို့  ပြောင်းရွေ့  ရမည် ဖြစ်သည်။ ထိုသို့ 

အင်အားစုများ မပြိုကွဲဘဲ တစ်လုံးတစ်စည်းတည်း ပြောင်းရွှေ့ နိုငစေရန်အတွက် လမ်းကြောင်းအား

ကြိုတင်ယာထား ရမည်။ ထိုလမ်းကြောင်း ရှင်း မရှင်း မိမိတို့  အင်အားစုများထဲမှ တာဝန်ပေးကာ

စောင့်ကြည့်စီစဉ်ထားရမည်။ မိမိတို့  လှုပ်ရှားမှုအင်အားစုထဲတွင် ဆုံးဖြတ်ချက်ပေးနိုင်သော ခေါင်းဆောင်

အဆင့်ဆင့်သတ်မှတ်ထားပြီး အဆိုပ် ခေါင်းဆောင်များ၏ အရေးပေါ် ဆုံးဖြတ်ချက်များအပေါ် တွေဝေမှု

မရှိဘဲ လိုက်နာရမည်။ လူထုတိုက်ပွဲ၏ အောင်မြင်ချက်မှာ တိုက်ရမည်ဟု ဆုံးဖြတ်လျှင် တညီတညွတ်တည်း

အင်အားအပြည့်ဖြင့် တိုက်ရမည် ဖြစ်သည်။ မိမိတို့  စုရပ်များအား မိမိတို့  အိုးအိမ် ကာကွယ် စောင့်ရှောက်

သည့်ပမာ ခုခံကာကွယ်ရမည် ဖြစ်သည်။ ဖျက်ဆီးသူများအား ရဲဝန့် စွာ တန်ပြန်တိုက်ခိုက်ရမည် ဖြစ်သည်။

(၂) လုံခြုံရေး။

လူထုတိုက်ပွဲများဖေါ်ဆောင်သည့်နေရာတွင် စုရပ်များသည် အလွန်အရေးကြီးသည့်အတွက် အပြင်စည်း၊

အတွင်းစည်းများ ထားရှိရန်နှင့် မိမိတို့ အင်အားစုများအတွင်း ပါဝင်သည့် တစ်ဦးချင်းစီတိုင်းအတွက်

အချင်းချင်း သိနိုင်စေသည့် အချက်ပြမှုများ ဆက်သွယ်ရေးလမ်းညွှန်မှုများ၊ လှို့ ဝှက်သင်္ကေတများလည်း

လုံခြုံရေးအရ ထားရှိထားရန် အရေးကြီးလှပေသည်။ မိမိတို့ အင်အားစုအတွင်း ရန်သူဘက်မှ ပုံမှားရိုက်ကာ

54
ဟန်ဆောင်ဝင်ရောက်လာနိုင်မှုအား သိရှိဖေါ်ထုတ်နိုင်ရန်အတွက် မိမိတို့ အချင်းချင်း

ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

မိမိတို့  စုရပ်အား လုံခြုံရေးအပြည့်ရှိနေစေရန်နှင့် ရန်သူ၏ ဖြိုခွင်းမှုအား ကြိုတင်ဟန့် တားနိုင်ရန်နှင့် 

တန်ပြန်တုန့် ပြန်နိုင်ရန် ပြင်ဆင်ထားရပေမည်။ မိမိတို့  စုရပ်နေရာသို့  ရန်သူဘက်မှ မ၀င်ရောက်လာနိုင်ရန်

လမ်းတွေကို မိုင်နဲ့ ကြိုပြီး အပြင်စည်း၊ အလယ်စည်း၊ အတွင်းစည်း ပိတ်ရမည်။ မိမိလူများကို ပြည်သူကြားမှာ

ထည့်ပြီး တန်ပြန်ထောက်လှမ်းရေးအနေနဲ့  ရန်သူ့ လူတွေကို ဖေါ်ထုတ်ရမည်။ ရန်သူလူများကို မိလျှင်

မည်သည့်နေရာတွင် ထားရှိမည်၊ မည်ကဲ့သို့  သတင်းကို ဖေါ်ထုတ်ရယူမည်ကို ကြိုတင်ပြင်ဆင်ထားရမည်။

၈၈၈၈ အရေးတော်ပုံကြီးတွင် ရန်သူ့ လူများမှ ဒလံရှူးလုပ်ပြီး ဆန္ဒပြပြည်သူများအား သတ်ကွင်းထဲ

ခေါ်ဆောင်မှုမျိုး ရှိခဲ့သဖြင့် အဆိုပါအခြေအနေကို သတိထား သိရှိရမည် ဖြစ်သည်။

ထို့ အတူ မင်းမဲ့စရိုက်ဆန်သောအပြုအမူများကိုလည်း ရှောင်ရှားရမည်။ ဤအချက်သည် အရေးကြီးသည်။

အဘယ့်ကြောင့်ဆိုသော် ၈၈၈၈ အရေးတော်ပုံကြီးအတွင်း၌ စစ်ထောက်လှမ်းရေးများမှ

ဆန္ဒပြပြည်သူများအဖြစ် အယောင်ဆောင်ပြီး စက်ရုံများအား ဖျက်ဆီးခြင်း (လမ်းမပေါ်တွင် အမှိုက်များ မီးရှို

့ခြင်း၊ ကားဘီးများအား မီးရှို့ ခြင်းမျိုးမျှသာ မဟုတ်)၊ လူများအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းများအား

မင်းမဲ့စရိုက်ဆန်ဆန် လုပ်ပြခဲ့ကြကာ ပြည်သူမှ ပြုလုပ်သယောင်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းအား သတိထား

သိရှိရမည် ဖြစ်သည်။

ထိုသို့ သော မင်းမဲ့စရိုက်ဆန်သည့် ပြုမူဆောင်ရွက်မှုများ ဖြစ်ပေါ်ပါက (၁) ပြည်သူများ ဆန္ဒပြပွဲများ

လှုပ်ရှားများတွင် ပါဝင်ရန် တွန့် ဆုတ်သွားနိုင်သည်။ (၂) နိုင်ငံတကာ၏ အားပေးထောက်ခံမှု

ဆုံးရှုံးသွားနိုင်သည်။ သို့ ဖြစ်ပါက ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုမျိုးဟု မမြင်တော့ဘဲ

55
သာမန်ဆူပူမှုအဆင့်ဟုသာ မြင်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ပါက မိမိတို့၏ ကြားဖြတ်အစိုးရဖွဲ

့စည်းစီစဉ်ဆောင်ရွက်မှုအား နိုင်ငံတကာမှ ထောက်ခံမှု မရရှိနိုင် ဖြစ်တတ်သည်။

(၃) ရည်ရွယ်ချက်။

နေ့ စဉ်ဆောင်ရွက်မှုများအပေါ် ရည်ရွယ်ချက် ထားရှိရမည်။ မိမိတို့  လှုပ်ရှားမှုများမှာ ပြည်သူလူထုကို လှုံ

့ဆော်ရုံမျှလား။ သို့ မဟုတ် ပျောက်ကြားလှုပ်ရှားမှုလား။ လှုပ်ရှားသွားလာသည့် စစ်ကြောင်းပုံသဏ္ဍန်လား။

တစ်နေရာရာတွင် အထိုင်ချပြီး လှုပ်ရှားတာလား - စသည့် လှုပ်ရှားမှု ပုံစံများကို ဆုံးဖြတ်ရပါမည်။

ရည်ရွယ်ချက်များကို တစ်ခုတည်း ပုံသေ မထားသင့်ပါ။ ပြည်သူလူထုပါဝင်မှုအပေါ် မူတည်ပြီး

ပြောင်းလဲရမည် ဖြစ်သည်။ လှုပ်ရှားမှုကို စစ်ကြောင်းတစ်ခုတည်း မထားသင့်ဘဲ အရံစစ်ကြောင်းများဖြင့်ပါ

ရန်သူကို ၀ိုင်းတိုက်ရမည် ဖြစ်သည်။

(၄) ရှေ့ လုပ်ငန်းစဉ်။

နောက်ဆုံး ရည်ရွယ်ချက်မှာ ကြးဖြတ်အစိုးရဖွဲ့ စည်းရေး ဖြစ်သည်။ ထိုသို့ သော

အနေအထားရောက်ရှိရန်အတွက် အခြေစိုက် သပိတ်စခန်းများ မရှိမဖြစ် လိုအပ်သည်။ သို့ သော် မိမိတို

့ဘက်မှ လုံခြုံရေး မရှိခင် မခိုင်မာစဉ် အခြေစိုက်သပိတ်စခန်းထားလျှင် ရန်သူ၏ လွယ်ကူစွာချေမှုန်းမှုကို

ခံရနိုင်သည်ကို သတိပြုရန် လိုအပ်သည်။

သို့ ဖြစ်သောကြောင့် လှုပ်ရှားစစ်ကြောင်းများ အမာခံဖြစ်ပြီး ခိုင်ခံ့ပြီးမှသာ သပိတ်စခန်းမကြီးများ၊

56
သပိတ်စခန်းခွဲများ တည်ဆောက်ရမည် ဖြစ်သည်။ ထိုသို့  သပိတ်စခန်းမကြီးများ၊ သပိတ်စခန်းခွဲများ

တည်ဆောက်င်္ပြးပါက မိမိတို့နေအိမ်သို့ ပြန်ကာ ညအိပ်နားနေခြင်းမျိုး မပြုလုပ်သင့်တော့ပါ။ ထိုကဲ့သို့ သော

သပိတ်စခန်းဖွင့်နိုင်သည့် အနေအထားရောက်ရှိရန် ပျောက်ကြားတိုက်ပွဲအနေနဲ့  လုပ်သင့်ပါကလည်း

လုပ်ရပါမည်။ အခြေအနေများ ပြောင်းလဲမှုအပေါ်မူတည်ပြီး လှုပ်ရှားမှုနည်းဗျူဟာကို

ပြောင်းလဲလုပ်ဆောင်ရပါမည်။

ပြီးဆုံးခဲ့သော ယခင်အရေးတော်ပုံများအတွင်း သင်ခန်းစာယူရမည့် အချက်မှာ ညဘက်အချိန်ရောက်ရှိပါက

လှုပ်ရှားမှုများကို ရပ်နားလိုက်ကာ မိမိတို့ နေအိမ်များသို့  လူစုခွဲကာ ပြန်ကြခြင်းပင် ဖြစ်သည်။ ထိုအခါ

ရန်သူမှ နေ၀င်မီးငြိမ်း အပြင်မထွက်ရ အမိန့် များ မာရှယ်လောအမိန့် များ ထုတ်ကာ

အဆိုပါလှုပ်ရှားသူများအား နေအိမ်များတွင် ကြက်ကလေး ငှက်ကလေးသဖွယ် ဖမ်းဆီးခြင်းပင် ဖြစ်သည်။

ထို့ ကြောင့် ယခုမိမိတို့ဆင်နွဲကြမည့် လှုပ်ရှားမှုများတွင် ညဘက်လှုပ်ရှားမှု ရပ်နားခြင်းနှင့် နေအိမ်များသို

့ပြန်လည်နေထိုင်ခြင်းတို့ ကို ရှောင်ကြဉ်ကာ ညတိုက်ပွဲများပါ ဆင်နွဲရမည် ဖြစ်သည်။ အမှောင်ကို

အခွင့်ကောင်းယူကာ လိုအပ်သော ပြင်ဆင်မှုများ လှုပ်ရှားမှုများကို လုပ်ဆောင်ရမည်။ မိမိတို့ 

သပိတ်စခန်းကို ရန်သူမှ ခြေမှုန်းခြင်း မခံရအောင် တားဆီးကာကွယ်ရမည် ဖြစ်သည်။

အထက်တွင်ဖေါ်ပြခဲ့သကဲ့သို့  စည်းအထပ်ထပ်ထားပြီး ကာကွယ်မှု ပြုလုပ်ရမည်။ ရန်သူအလာအား

သိရှိစေရန် ကင်းအထပ်ထပ်ထားပြီး စောင့်ကြည့်ရမည်။ မိမိတို့  နယ်မြေအား ကျယ်အောင်လုပ်ပြီး

ရန်သူနယ်မြေအား ကျဉ်းအောင် ပြုလုပ်ရမည်။ မိမိတို့ စခန်းအားလည်း

လုံခြုံအောင်ပြုလုပ်ရမည်ဖြစ်သော်ငြားလည်း ပိတ်မိမနေစေရန် အရေးပေါ်ထွက်ပေါက်များလည်း

စီစဉ်ထားရမည်။

57
မိမိတို့  ခြေကုတ်ယူထားသည့် နယ်မြေများအတွင်းတွင်လည်း ရန်သူ့ သတင်းပေး၊ ရန်သူဘက်မှ

အုပ်စိုးချယ်လှယ်သူလူကြီးများအား ရှင်းလင်းပြစ်ရမည်။ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် အထူးသတိပြုရန်မှာ

အတတ်နိုင်ဆုံး သွေးထွက်သံယိုနည်းသော ရှင်းလင်းနည်းကို ကျင့်သုံးရပါမည်။ ပြည်သူလူထုမှ

အကြမ်းဘက်မှုဟု မယူဆမိစေရန် လိမ်မာပါးနပ်စွာဖြင့် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ပြည်သူလူထု

လက်ခံပြီး စိတ်ဓါတ်တက်ကြွကာ ပူးပေါင်းပါဝင်လာနိုင်စေရန် အမျိုးမျိုးသောနည်းလမ်းများဖြင့်

ဆောင်ရွက်ရမည် ဖြစ်သည်။ လမ်းမပေါ်သို့  ပြည်သူများ ရဲရင့် စွာ ထွက်ရှိလာပြီး လှုပ်ရှားမှုများတွင်

အင်တိုက်အားတိုက် ပါလာပါက မိမိတို့ အတွက် အောင်ပွဲရရှိရန် များစွာ အထောက်အကူပြုလိမ့်မည်

ဖြစ်သည်။

ပြည်သူလူထု ပါဝင်ပူးပေါင်းလာချိန်တွင်လည်း ရန်သူမှ တုန့် ပြနလာနိုင်မှုကြောင့် မိမိတို့  ပြည်သူများ

အထိမနာစေရန် မိမိတို့ ဘက်မှ သတိထား ဆောင်ရွက်ရမည် ဖြစ်သည်။ ရန်သူအာဏာရှင်မှ ယခင်

အရေးတော်ပုံများတွင် ရက်ရက်စက်စက် ဖြိုခွင်းမှု ပြုလုပ်ခဲ့သည်ကို သတိမမေ့ ကြရန်နှင့် ထိုသို့ သော

ဖြိုခွင်းမှုမျိုးကို မခံရအောင် ကြိုတင်ပြင်ဆင်ထားခြင်း၊ တန်ပြန်တိုက်စစ်ဆင်ခြင်းတို့ အတွက် ပြည်သူလူထု

အနာမခံရစေသည့် နည်းများဖြင့် တိုက်စစ်အသွင်ဆောင်သော ခံစစ်များ ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်သည်။

ခံစစ်အသွင်ဆောင်သော တိုက်စစ်များ ပြုလုပ်ရမည် ဖြစ်သည်။

ဒုတိယပိုင်းအနေဖြင့် ကြားဖြတ် ပြည်သူ့ အစိုးရ ပြင်ဆင်ရေးအား ဆက်လက်ဆွေးနွေးသွားပါမည်။

အဓိကအချက်မှာ ရှင်းရှင်းရိုးရိုး ဖြစ်ပါသည်။ ယခုတိုက်ပွဲများအား မိမိတို့ မှ တာဝန်ယူဆောင်ရွက်ရမည်

ဖြစ်သည်။ တိုက်ပွဲကာလအတွင်း အစာရေစာငတ်ပြတ်နေသူများ၊ ဒဏ်ရာရနေသူများ၊

နာမကျန်းဖြစ်နေသူများ ကို စောင့်ရှောက်ကြရမည် ဖြစ်သည်။ တရားမျှတသည့် ဥပဒေစိုးမိုးရေး

တရားမျှတသည့် တရားစီရင်ရေးတာဝန်များကို အာဏာရှင်လက်ထဲမှ မိမိတို့  တိုက်ယူကာ တာဝန်ယူရမည်

58
ဖြစ်သည်။

ပြည်သူဘက်ပါလာသော ၀န်ထမ်းများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၏ စွမ်းရည်များကို

အသုံးပြုကာ ပြည်သူ့ အုပ်ချူပ်ရေးလုပ်ငန်းများကို မည်ကဲ့သို့  ထိန်းသိမ်းဆောင်ရွက်ရမည်ကို ပြင်ဆင်ကြ

ရမည် ဖြစ်သည်။ အုပ်ချူပ်ရေးနည်းစနစ်များနှင့် ပတ်သက်ပြီး လေ့လာရန် အခြားသောနိုင်ငံတကာမှ

ဖေါ်ပြချက်များကိုသာမက မြန်မာပြည် အုပ်ချူပ်ရေးစနစ်များမှလည်း အဓိက လေ့လာကြရမည် ဖြစ်သည်။

ပိုမိုကျယ်ပြန့် သော အချက်အလက်များနှင့် ကြားဖြတ် ပြည်သူ့ အစိုးရ ပေါ်ပေါက်ရေးနှင့် ပါဝင် ဆောင်ရွက်

ရေးအတွက် လိုအပ်ချက်များ ထပ်မံဖေါ်ပြသွားပါမည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် (FREE BURMA FEDERATION)

ဦးတည်ချက်သုံးရပ်

စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး..................................ဒို့အရေး

စစ်မှန်သောဒီမိုကရေစီစနစ်ရှင်သန်ပေါ်ထွန်းရေး........................ဒို့အရေး

အမျိုးသားတန်းတူညီမျှရေး၊သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး...........ဒို့အရေး

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီမှ ထုတ်ဝေသည်။

59

Você também pode gostar