Você está na página 1de 53

မေတ္တေယျရှင်အားစောင့်မျှော်နေကြသောအရှင်မြတ်နှစ်ပါး

ဦးအောင်မွန် (မြတ်ဆုမန
ွ်)၏ ပွင့်တော်မူမည့် မြတ်စွာဗုဒ္ဓမေတ္တေယျ စာအုပ်မှ (၁၉)ပိုင်း, ပိုင်းပြီး
ကောက်နုတ်ဖေါ်ပြခဲ့သော အခန်း(၅) “မေတ္တေယျရှင်အား စောင့်မျှော်နေကြသော အရှင်မြတ်နှစ်ပါး
အခန်း” ဖြစ်ပါတယ်။ ပထမစာမျက်နှာမှာ ဘာကို ထားရမလဲ စဉ်းစားမရတာနဲ့ မူရင်းစာအုပ်
မျက်နှာဖုံးကိုပဲ သုံးထားပါတယ်။ အခု pdf ဖိုင်ဟာ စာတစ်အုပ်လုံး အပြည့်အစုံ မဟုတ်သေးပဲ
တစ်ခန်းစာမျှသာဖြစ်ပါတယ်။
ယခုတင်ပြတဲ့ အခန်းကို ဖတ်ခြင်းအားဖြင့် သေလေးပါး၊ ရှင်လေးပါးနှင့် ပတ်သက်ပြီး (အထူးသဖြင့်
အရှင်ဥပဂုတ်၊ အလောင်းတော်ကဿပတိှု့နှင့် ပတ်သက်ပြီး) သိသင့် သိထိုက်တဲ့ ဗဟုသုတတွေ
စုံစုံလင်လင်ရရှိမှာဖြစ်ပါတယ်။ မြန်မာပြည်ဒေသအချို့မှာ ပါးစပ်ရာဇဝင်အဖြစ် လက်ဆက်ကမ်း
သယ်ဆောင်လာခဲ့တဲ့ ပုံဝတ္ထုများကိုလည်း ထေရဝါဒကျမ်းဂန်များနဲ့ ညီညွတ်မှုရှိ,မရှိကို စာရေးသူက
သေခြာဆွေးနွေးပြထားတာကို တွေ့ရပါတယ်။
ကျွန်တော်အနေနဲ့ ဒီစာအုပ် ဘယ်လိုကောင်းကြောင်းကို တော်တော်လေးကိုပဲ ညွှန်းဆိုချင်ပါတယ်။
ဒါပေမယ့် ယောမင်းကြီးရေးတဲ့စာ မြင်းထိန်းငတာ ချီးမွမ်းသလို ဖြစ်နေမှာစိုးလို့ စာအုပ်ကျောဖုံးမှာပါတဲ့
ရဟန်းပညာရှိ လူပညာရှိများ ဒီစာအုပ်အပေါ်အမြင်သဘောထားကိုပဲ ကူးယူဖေါ်ပြလိုက်ပါတယ်။

ဤကျမ်းစာသည် မေတ္တေယျရှင်တော်နှင့် ယင်းဆိုင်ရာ လိုရာသုတများကို ခူးယူလိုက်တိုင်းပါသည့်၊


တောင်းတလိုက်တိုင်း ရရှိသည့်၊ ဣစ္ဆာသယ ကပ္ပရုက္ခပဒေသာပင်မျိုး ဖြစ်ပေသည်။ ထို့ပြင်တွေ့မြင်ရခဲသသည့်
သကနှင့် ပရဝါဒများ၊ အတွင်း(ပိဋကတ်)နှင့် အနွယ်အနုလောမဗဟိဒ္ဓသုတဆိုင်ရာများ၊ ပြည်တင
ွ်းနှင့်
ပြည်မကျမ်းအဆိုများ- စသည် ပြည့်ပြည့်ဝဝ စုံလင်စွာ ပါရှိသဖြင့် နတ်ရေစင်ပက်ဖျန်း၍ ရေးထားသော
မေတ္တေယျစွယ်စုံကျမ်းဖြစ်လေသလော…
ဆရာတော်ဘဒ္ဒန္တ သိဒ္ဓိယမဟာထေရ်မြတ်
ပုညနိမ္မိတာရုံရွှေသုဝဏ်ကျောင်းတိုက်၊
သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်တိုင်း။

ဤစာအုပ်သည် အရိမေတ္တေယျဘုရားဆိုင်ရာ အရသာမျိုးစုံပါဝင်သော


ဟင်းလေးအိုးကြီးသဖွယ်ဖြစ်ရကာ “ရသစုံလင် အရိမေတ္တေယျ မဟာဗုဒ္ဓဝင်ကျမ်းကြီး” ဟူ၍လည်း
ခေါ်ထိုက်ပါပေသည်။
ဘဒ္ဒန္တ နာရဒါဘိဝံသ(လှရတနာ)
ပထမအကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊
ဝဋံသကာ၊ ငါဠိပါရဂူ၊ သ-စ-အ ဓမ္မာစရိယ၊
ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊
ဗဟန်းမြို့နယ်၊
ရန်ကုန်တိုင်း။
ဗုဒ္ဓဘာသာသမိုင်းနှင့် ပတ်သက်၍ စနစ်တကျ လေးလေးနက်နက် သုတေသနပြုရေးသားသော
စာပေများ ရှားပါးနေချိန်တင
ွ် ဦးအောင်မန
ွ်၏ “မြတ်စွားဗုဒ္ဓမေတ္တေယျ”စာအုပ်ကို ဖတ်ရှုရသည့်အတွက်
ကျေနပ်မိပါသည်။
ဒေါက်တာ မျိုးမြင့်(သာထွန်းပြန့်)
ညွှန်ကြားရေးမှူးချုပ်၊
သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊
သာသနာရေးဝန်ကြီးဌာန။

ဤမေတ္တေယျဗုဒ္ဓဝင်သည် အန ဂ္ဃရတနာတပါးအဖြစ် ကာလရှည်ကြာစွာ တည်တံ့နေမည့်


ကျမ်းတစ်စောင်ဖြစ်ကြောင်း။
ဦးအောင်ထတ
ွ်(ရန်ကုန်တက္ကသိုလ်) ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ၊ ကထိက(ငြိမ်း)

ယခုကဲ့သို့ ဘလော့ဖတ်ပရိတ်သတ်များအား ဗဟုသုတတိုးပွားစေခြင်း အကျိုးငှာ


စာရိုက်ဖေါ်ပြပေးရသော ကောင်းမှုအကျိုးသည်၊ အကျွန်ုပ်၏ လောကုတ္တရာချမ်းသာမြတ်တို့ကို
မျက်မှောက်ပြုနိုင်ရန် ကြိုးပမ်းမှုအတွက် အားကောင်းသော အထောက်အပံ့ဖြစ်ပါစေ။ အကယ်၍
သံသရာဘဝ ကျင်လည်ရဦးမည် ဆိုလျှင်လည်း အများတကာတို့၏ စိတ်တင
ွ် အတင်မကျဖြစ်လျက်ရှိသော
ကိစ္စအဝဝအတွက်…
အဖြေမှန်ရှာဖွေနိုင်ရန် ဗဟုသုတ၊ ဉာဏ်ပညာနှင့်လည်းကောင်း၊
အဂတိတရားမလိုက်စားပဲ အဖြေမှန်ဖော်ထုတ်ပေးဝံ့ရန် သတ္တိနှင့်လည်းကောင်း၊
တိုင်းသိပြည်သိကြေငြာနိုင်ရန် သြဇာအာဏာနှင့်လည်းကောင်း ပြည့်စုံသူသာလျှင်
ဘဝအဆက်ဆက်ဖြစ်ပါရစေ။
ဤကောင်းမှု၏ အဖို့ကို စာဖတ်ပရိတ်သတ်များအားလည်း ကျွန်တော်နှင့်အတူ အညီအမျှ
ရစေလိုပါတယ်။ သာဓုခေါ်ကြပါကုန်။ (ရွက်ဝါ)။

အရှင်ဥပဂုတ္တ၊ အလောင်းတော်ကဿပ

မေတ္တေယျရှင်သည် ယခုအခါ၌ တုသိတာနတ်ဘုံတင


ွ် အလောင်းတော်နတ်သားအဖြစ်
စံနေတော်မူပုံနှင့် ထိုအလောင်းတော် နတ်သားစံရာသို့ လူ့ပြည်မှအချို့သော ပုဂ္ဂိုလ်တို့ သွားရောက်၍
ဖူးမြော်ကြပုံတို့ကို တင်ပြပြီးသည့်နောက်၊ ဤလူ့ပြည်မှာပင် မေတ္တေယျရှင်ပွင့်ထွန်းလာမည်ကို (တစ်နည်း)
မေတ္တေယျအလောင်းတော်နတ်သား နတ်သက်စေ့၍ လူ့ပြည်သို့သက်ဆင်းကာ
ဘုရားအဖြစ်ရောက်တော်မမ
ူ ည့် အချိန်ကို ငံ့လင့်စောင့်စားနေသော ပုဂ္ဂိုလ်တို့၏အကြောင်းကိုလည်း
ဤအခန်း၌တင်ပြပါဦးမည်။
မေတ္တေယျရှင်ပွင့်ထွန်းလာမည်ကို မျှော်လင့်နေကြသော ရဟန်းရှင်လူတို့တွင် ထူးထူးခြားခြား
စောင့်မျှော်နေကြသော အရှင်မြတ်ကြီးနှစ်ပါး၏ ထေရုပ္ပတ္တိသည်ကား မြန်မာစာပေလောက၌
အလွန်လူသိများသော အကြောင်းအရာများဖြစ်သည်။ မေတ္တေယျရှင် ပွင့်ထွန်းလာချိန်ကို ထူးထူးခြားခြား
စောင့်မျှော်နေသော အရှင်မြတ်နှစ်ပါးဆိုသည်မှာ အရှင်ဥပဂုတ်(ဥပဂုတ္တ)နှင့်
အလောင်းတော်ကဿပတို့ဖြစ်သည်။
ရှေးအခါကပင် ထိုမထေရ်မြတ် နှစ်ပါး၏အကြောင်းကိုသိလို၍ စာပေပညာရှင်ထေရ်ကြီး
ဝါကြီးများထံ ချဉ်းကပ်ပြီးမေးမြန်းခဲ့ကြသည့် အထောက်အထားများကို ကျမ်းဂန်စာပေတို့၌လည်း
1
တွေ့ရသည်။
ဤအရှင်နှစ်ပါးတို့တွင် အရှင်ဥပဂုတ်သည် တောင်သမုဒ္ဒရာအတွင်း
ကြေးနီပြာသာဒ်၌စံနေတော်မူလျက် မေတ္တေယျရှင်ပွင့်ထန
ွ်းလာမည့် အချိန်ကို စောင့်မျှော်နေသည်-
ဟုအဆိုရှိသည်။
အလောင်းတော်ကဿပသည်ကား ဝေဘာရတောင်လိုဏ်ဂူတွင်း၌ ဥတုဇရုပ်ကလပ်အဖြစ်နှင့်
စောင့်မျှော်နေသည်- ဟုဆိုသည်။
ရှေးမြန်မာစာပေ၌ ထိုအရှင်ဥပဂုတ်နှင့် အရှင်ကဿပတို့ကို 'သေလေးပါး ရှင်လေးပါး' စာရင်း၌
သွင်းထားကြရာတွင် ရှင်ဥပဂုတ်ကို 'ရှင်လေးပါး' စာရင်း၌လည်းကောင်း၊ ရှင်ကဿပကို 'သေလေးပါး'
စာရင်း၌လည်းကောင်း ထည့်သွင်းခဲ့ကြသည်။

သေလေးပါး ရှင်လေးပါး
'သေလေးပါး ရှင်လေးပါး' စာရင်းတွင် အရှင်ဥပဂုတ်၊ အရှင်ကဿပတို့သာမက
2
အခြားသောမထေရ်တို့လည်း အောက်ပါအတိုင်းပါဝင်ကြကုန်၏။
၁။ သေလေးပါး-
(က) ဝေဘာရတောင်3၌ အရှင်မဟာကဿပ ရုပ်ကလာပ်ရှိသည်။
(ခ) ဥတ္တမတောင်၌ အရှင်သုဘာရရုပ်ကလာပ်ရှိသည်။
(ဂ) မကုလတောင်4၌ အရှင်ခေမာ၏ ရုပ်ကလာပ်ရှိသည်။5
(ဃ)ဝေဒိယကတောင်6၌ အရှင်ဓမ္မယသ၏ရုပ်ကလာပ်ရှိသည်။7

1
မုံရွေးဇေတ၀န် ဆရာတော်၏ သမန္တစက္ခုဒီပနီကျမ်း။ ၁၉၈၅-ခုနှစ်။ (စာမျက်နှာ-၁၀)။ ကျီးသဲလေးထပ် ဆရာတော်၏
ဝိမတိစ္ဆေဒနီကျမ်း။ ၁၉၂၁-ခုနှစ်။ (စာမျက်နှာ-၈၄)။ လုံးတော်ဆရာတော်၏ ပကိဏ္ဏကဝိဿဇ္ဇနာကျမ်း၊ ပထမတွဲ။ (စာမျက်နှာ-
၄၆၆)။
2
မုံတိုင်ပင် ဆရာတော်၏ သုံးပုံအိပ်ထောင်ကျမ်း။ ၁၉၅၉-ခုနှစ်။ (စာမျက်နှာ-၇၂)
3
ဝေဘာရတောင်သည် ရာဇဂြိုဟ်မြို့ကို ကာရံထားသည့် တောင်ငါးလုံးတွင် တစ်လုံးဖြစ်သည်။ ထိုတောင်ခြေ၌
ပထမသံဂါယနာတင်ရာ သတ္တပဏ္ဏိ လိုဏ်ဂူရှိသည်။ ဝိ၊ဋ္ဌ၊၁။၉။ DPPN-II. 927
4
ဗုဒ္ဓဂယာတောင်ဘက် (၂၆)မိုင်အကွာတွင် တည်ရှိသည်။ မြတ်စွာဘုရားရှင်သည် ဝါတော်ဆဋ္ဌမကို ဤမကုလတောင်
ချယားတော ကျောင်းတိုက်၌ ဝါကပ်ဆိုခဲ့သည်။ရှေးပုရာဏ်ကျမ်းများတွင် Kolachala-ဟုပြသည်။ ယခု Kaluha Pahad-
ဟုခေါ်သည်။ Dey’ The Geographical Dictionary of Ancient and Medival India. 1971. Page-121.
5
မူကွဲ- မကုဠတောင်ထက်၌ အရှင်ဥပေက္ခာရ၏ ရုပ်ကလာပ်ရှိသည်။ သုတေသန သရုပ်ပြအဘိဓာန် ၁၉၅၅-ခုနှစ်။(စာမျက်နှာ-
၅၇၂)။
6
ဒီဃနိကာယ်၊ မဟာဝဂ္ဂ၊ သက္ကပဥှသုတ်တင
ွ် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည် အရှေ့ အမ္ဗသဏ္ဍပုဏ္ဏားရွာ၏ မြောက်အရပ်ရှိ
ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သိကြားမင်းအား မြတ်စွာဘုရားရှင် သက္ကပဥှသုတ် ဟောတော်မူကြောင်းပြထားသည်။
၂။ ရှင်လေးပါး-
(က) တောင်သမုဒ္ဒရာ၌ အရှင်ဥပဂုတ္တရှိသည်။
(ခ) အနောက်သမုဒ္ဒရာ၌ အရှင်မေသရ8ရှိသည်။
(ဂ) မြောက်သမုဒ္ဒရာ၌ အရှင်ခေမာဝတ္တ9ရှိသည်။
(ဃ) အရှေ့သမုဒ္ဒရာ၌ အရှင်ဓမ္မသာရ10ရှိသည်။
ထိုပုဂ္ဂိုလ်ရှစ်ပါးတွင် သေလေးပါးပုဂ္ဂိုလ်တို့သည် ပျံလွန်တော်မူပြီးဖြစ်သော်လည်း
အဓိဋ္ဌာန်ထားခဲ့သောကြောင့် ရုပ်ကလာပ်တော် (တစ်နည်း) ရုပ်ဓာတ်တို့မှာ မပုပ်မသိုးဘဲ တည်ရှိနေပြီး
နောင်မေတ္တေယျပွင့်တော်မူသောအခါမှ တေဇောဓာတ်လောင်ကြလိမ့်မည်။
ရှင်လေးပါးပုဂ္ဂိုလ်တို့မှာမူ ယခုထက်တိုင် သက်ရှိထင်ရှားရှိကြလျက် သမုဒ္ဒရာလေးမျက်နှာအရပ်တို့၌
စံနေတော်မူကြကာ မေတ္တေယျဘုရားရှင်ပွင့်ထွန်းလာပါက တရားနာယူပြီး ပရိနိဗ္ဗာန်ပြုကြမည်။
သေလေးပါးရှင်လေးပါး အကြောင်းနှင့်စပ်၍ ရှေးဆရာတော်ကြီးတို့၏ အယူအဆမှာ
အောက်ပါအတိုင်းဖြစ်သည်။

ကျီးသဲလေးထပ် ဆရာတော်၏ အယူ


ရွှေတောင်မြို့၊ ကျီးသဲလေးထပ် ဆရာတော်ကြီး(အေဒီ ၁၈၁၇-၁၈၉၄) က ဝိမတိစ္ဆေဒနီကျမ်း (အေဒီ
၁၈၇၁) တွင်- 'လေးရပ်ရှင်,သေ ပေါင်းရှစ်ထွေကို၊ တည်နေမပျက်ခုတိုင်ထက်ဟု စဉ်ဆက်သေချာ၊
ပြောကြပါ၏။ ရှိရာသည်လား စကားယုတ္တိ၊ ဆိုတိုင်းရှိက၊ ဘမိနေရပ်၊ မျိုးဇာတ်နာမည်၊ နေသည်ခြင်းရာ၊
သြဇာလေးနက်၊ ဆက်,မဆက်နှင့်၊ မပျက်ခုတိုင်၊ တည်နိုင်ရကြောင်း၊ ဤလုံးပေါင်းကို၊
ကောင်းကောင်းမုချ၊ သိချင်လှ၏' - ဟူသောအမေးကို-
သူသေလေးပါး၊ ရှင်လေးပါးတို့၏ အကြောင်း အတ္ထုပ္ပတ္တိကို ကျမ်းကြီးကျမ်းခိုင်တို့၌ မတွေ့စဘူး။
11
ပဥှာကထန မည်သောမှတ်စုကျမ်း၌သာတွေ့ဖူးသည်- ဟု ဖြေဆိုတော်မူခဲ့သည်။
ကျီးသဲလေးထပ်ဆရာတော်ကြီးသည် ထိုဝိမတိစ္ဆေဒနီကျမ်း၌ သူသေလေးပါးနှင့် ရှင်လေးပါး-
ရှစ်ပါးသော ပုဂ္ဂိုလ်တို့တွင် ရှင်ဥပဂုတ်အကြောင်းကိုသာ အကျယ်တ၀င့်ဖြေကြားတော်မူခဲ့ပြီး
12
ကျန်ပုဂ္ဂိုလ်တို့အကြောင်း ဖြေဆိုထားသည်ကိုမတွေ့ရပါ ။

(ဒီ၊၂။၂၁၁၊)။ ဒီဃနိကာယ်၊ မဟာဝဂ္ဂအဋ္ဌကထာ၌ မဏိဝေဒိကတောင်ဟု ဖော်ပြထားသည်။ (ဒီ၊ဋ္ဌ၊၂။၂၉၀။) ‘ဝေဒိယက’ကို


‘ဝေရိယက’ ဟုလည်းခေါ်သည်။
7
မူကွဲ- မကုဠတောင်ထိပ်ဗွေ၌ အရှင်ဓမ္မသာရ၏ရုပ်ကလာပ်ရှိသည်။ သုတေသန သရုပ်ပြအဘိဓာန် ၁၉၅၅-ခုနှစ်။ (စာမျက်နှာ-
၅၇၂)။
8
အချို့မူ၌ ရှင်မေဓရ- ဟုရှိသည်။ သုတေသန သရုပ်ပြအဘိဓာန် ၁၉၅၅-ခုနှစ်။ (စာမျက်နှာ-၄၆၂)။
9
အချို့မူ၌ ရှင်သာရဒတ္တ- ဟုရှိသည် ။ သုတေသန သရုပ်ပြအဘိဓာန် ၁၉၅၅-ခုနှစ်။ (စာမျက်နှာ-၄၆၂)။
10
အချို့မူ၌ ရှင်သက္ကောသာရ- ဟုရှိသည် ။ သုတေသန သရုပ်ပြအဘိဓာန် ၁၉၅၅-ခုနှစ်။(စာမျက်နှာ-၄၆၂)။
11
မုံရွေးဇေတ၀န် ဆရာတော်၏ သမန္တစက္ခုဒီပနီကျမ်း။ ၁၉၈၅-ခုနှစ်။ (စာမျက်နှာ-၁၀)၌လည်း ‘သေလေးပါး
ရှင်လေးပါးအကြောင်းကို ပဥှာကထနကျမ်း၌ ပါရှိသည်’ ဟုဖော်ပြထားသည်။ရွှေဘိုမြို့၊ ရွှေကျောင်း၌သီတင်းသုံးသော
ကပဲ့ဆရာတော်အရှင်သြဘာရမ္ဘ၏ ပဥှာကထနကျမ်း (အေဒီ ၁၈၇၃-ခုနှစ်)ပုံနှိပ်မူတင
ွ် သေလေးပါး,ရှင်လေးပါး
အကြောင်းဖော်ပြထားသည်ကို မတွေ့ရပေ။
လုံးတော်ဆရာတော်၏ အယူ
ဒီပယင်းမြို့ ပလိုင်းရွာ လုံးတော်ဆရာတော်ကြီး အရှင်ဂုဏဝါ(အေဒီ ၁၈၂၈?-၁၈၉၀?)
သည်ကြံခင်းမြို့နေ ဒါယကာ မောင်စံပြည့်၏ 'သေသူလေးပါး ရှင်လေးပါးတို့ ယခုကာလတိုင် ရှိမည်,
မရှိမည်၊ တရားဓမ္မခံနှင့် လျော်မည်, မလျော်မည်' ဟူသော အမေးကို ပကိဏ္ဏကဝိသဇ္ဇနာ ကျမ်း (အေဒီ
၁၈၇၄) ၌ဖြေဆိုတော်မူခဲ့သည်မှာ-
သူသေလေးအင်၊ သူရှင်လေးပါး ကိုမေးလျောက်သည်မှာ ထိုစကားသည် သင်္ဂါယနာ သုံးတန်တင်
ကျမ်းဂန်ပါဠိ အဋ္ဌကထာဋီကာတို့တင
ွ် မလာ။ ဝစနပရံပရ စကားအဆက်ဆက် ပြောကြသည်မှာ-
ဝေဘာရတောင် အရှင်မဟာကဿပမထေရ်၊ သုဘာရတောင်တွင် ဥတ္တမထေရ်၊ ဝေမိဿကတောင်တွင်
ဓမ္မထေရ်၊ မကုလတောင်မှာ ဥခေရထေရ် ဟူ၍ ဤကား သေလေးပါးတည်း။ တောင်သမုဒ္ဒရာမှာ ဥပဂုတ္တထေရ်၊
အနောက်သမုဒ္ဒရာမှာ မေခရထေရ်၊ မြောက်သမုဒ္ဒရာမှာ ဘဒ္ဒထေရ်၊ အရှေ့သမုဒ္ဒရာမှာ ဓမ္မသာရထေရ် ဟူ၍
ဤကား သူရှင်လေးပါးတည်း-13 ဟုဖြေဆိုတော်မူခဲ့သည်။

မန်လည်ဆရာတော်ကြီး၏ အယူ
မန်လည်ဆရာတော်ဘုရားကြီး ဦဇဝန (အေဒီ ၁၈၄၁-၁၉၁၉) ထံသို့ သီလရှင် မဓမ္မေသီက
သေလေးပါး ရှင်လေးပါး ယနေ့ထိထင်ရှားရှိနေခြင်းဆိုသော စကားမှန်,မမှန် မေးလျှောက်ရာ
မန်လည်ဆရာတော်ဘုရားကြီးက 'အိမ်း- သေလေးပါး ရှင်လေးပါး ဆိုတာ ကြားရုံပဲကြားဖူးသေးသကွဲ့၊
သေသေခြာခြာ မလေ့လာဖူးသေးဘူး။ မလေ့လာဘူးသေးတော့ အတိအကျ မပြောနိုင်ဘူး'
ဟုမိန့်တော်မူလိုက်လေသည်။
သီလရှင်ဆရာလေး မဓမ္မေသီသည် မန်လည်ဆရာတော်ထံ နောက်တပ်တစ်ကြိမ်
သေလေးပါးရှင်လေးပါး အကြောင်းလျှောက်ထားပြန်ရာ၊ မန်လည်ဆရာတော်ကြီးက 'ဟဲ့-ဓမ္မေသီ၊
သေလေးပါးရှင်လေးပါး အကြောင်း ခဏခဏလျှောက်ထားရတာက ဘာဖြစ်လို့လ။ဲ ' (သိချင်လို့ပါဘုရား)။
'ဒီလောက်သိချင်ရတာ သေလေးပါးရှင်လေးပါးထဲ နှင့်လင်ဘယ်နှစ်ယောက်ပါနေလို့လဲ' ဟု
မိန့်ဆိုသောအခါမှ မဓမ္မေသီမှာ ဆက်လက်မလျှောက်ဝံ့တော့ဘဲ ဆရာတော်ကြီး အနီးမှ
14
ထွက်ခွာခဲ့ရလေသည်။- ဟူ၍လည်း အမှတ်အသားရှိပါသည်။
အထက်ဖေါ်ပြပါ အထောက်အထားများ အရ လွန်ခဲ့သော အနှစ်နှစ်ရာကျော်ကာလကပင်
သေလေးပါး၊ ရှင်လေးပါးအကြောင်းကို သိလိုကြသောကြောင့် မုံရွေးဇေတဝန်ဆရာတော်(အေဒီ ၁၇၆၆-
၁၈၃၄)15 မုန်တိုင်ပင်ဆရာတော် (အေဒီ ၁၇၈၈-၁၈၅၉)၊ ကျီးသဲလေးထပ်ဆရာတော် (အေဒီ ၁၇၆၆-
၁၈၉၄)၊ လုံးတော်ဆရာတော် (အေဒီ ၁၈၂၈- ၁၈၉၀)၊ မန်လည်ဆရာတော် (အေဒီ ၁၈၄၁-၁၉၁၉)
အစရှိသည့် ဗဟုသုတကုံင ကျမ်းဂန်နှံ့စပ်သော မထေရ်ကြီးတို့ထံ မေးမြန်းလျှောက်ထားခဲ့ကြရာ

12
ကျီးသဲလေးထပ် ဆရာတော်၏ ဝိမတိစ္ဆေဒနီကျမ်း။ ၁၉၂၁-ခုနှစ်။ (စာမျက်နှာ ၈၄-၉၃)။ပဥှဗျာကရဏအဋ္ဌတိံသကျမ်း။
၁၉၈၁-ခုနှစ်။ (စာမျက်နှာ ၇၀-၇၇)။
13
လုံးတော်ဆရာတော်ကြီး၏ ပကိဏ္ဏကဝိသဇ္ဇနာ ကျမ်း၊ ပထမတွ။ဲ (စာမျက်နှာ-၄၆၆)။
14
ထီးချိုင့်တည်တော ဆရာတော်၏ မန်လည်စကားပုံများ ၁၉၇၅-ခုနှစ်။(စာမျက်နှာ-၁၁၈)။
15
ရှင်ဥပဂုတ်အကြောင်းသိလို၍ မေးလျှောက်ခြင်းဖြစ်သည်။ မုံရွေးဆရာတော်ကြီး၏ သမန္တစက္ခုဒီပနီကျမ်း။ ၁၉၈၅-ခုနှစ်။
(စာမျက်နှာ-၁၀)။
ထိုဗဟုသုတကုံင ကျမ်းဂန်နှံ့စပ်လှသော ဆရာတော်ကြီးတို့ကလည်း သေလေးပါးရှင်လေးပါး
ပုဂ္ဂိုလ်ရှစ်ယောက်ရှိကြရာတွင် (က) အရှင်မဟာကဿပနှင့် ရှင်ဥပဂုတ် နှစ်ပါးအကြောင်းကိုသာ
ဖြေကြားတော်မူနိုင်ကြပြီး၊ ကျန်ပုဂ္ဂိုလ်တို့၏ အကြောင်းကိုမူကား မဖြေကြားနိုင်ခဲ့ကြပေ။ သို့ပါ၍
မေတ္တေယျရှင်လက်ထက်ခါ၌ ကျွတ်တမ်းဝင်ရန် စောင့်မျှော်နေသည်ဆိုသော သေလေးပါးရှင်လေးပါး
စာရင်းတွင်ပါဝင်သော (က) ရှင်မဟာကဿပနှင့် (ခ) ရှင်ဥပဂုတ် တို့အကြောင်းကို လက်လှမ်းမီသမျှ
စုစည်းတင်ပြလိုပါသည်။

(က)ဝေဘာရတောင်ရှိ အရှင်ကဿပ အကြောင်း လေ့လာချက်

သေလေးပါးစာရင်းဝင် ဝေဘာရတောင်နေ ရှင်ကဿပကို-


၁။ အချို့က ဤဘဒ္ဒကမ္ဘာ၌ တတိယမြောက်ပွင့်တော်မူခဲ့သော ကဿပဘုရားရှင်ဖြစ်သည်။
၂။ အချို့က ဂေါတမဘုရားရှင်၏ တတိယအဂ္ဂသာဝက၊ ပထမသံဂါယနာဓိပတိ၊ ဓုတင်္ဂဧတဒဂ်ရ
အရှင်မဟာကဿပကြီးဖြစ်သည်။
၃။ အချို့က မြန်မာနိုင်ငံ၌ ပုဂံခေတ်က ထင်ရှားခဲ့သော တောရဂိုဏ်း၏ အကြီးအမှူး
ပေါင်လောင်ရှင်ကဿပ(တစ်နည်း) အလောင်းတော်ကဿပ ဖြစ်သည်-
စသဖြင့် အမျိုးမျိုး ယူဆခဲ့ကြပါသည်။ အချို့သော စာအုပ်စာတမ်းများတွင် ဖော်ပြပါရှင်ကဿပသုံးပါးကို
ရောထွေးပြီး မြန်မာနိုင်ငံ၌ ထင်ရှားလျက်ရှိသော အလောင်းတော်ကဿပတစ်ပါးတည်းအဖြစ်
တင်ပြကြပါသည်။ ဖော်ပြပါရှင်ကဿပသုံးပါးတို့၏ အကြောင်းတို့ကို အကျဉ်းမျှစီဖော်ပြပါမည်။

ကဿပ(၁) (=ကဿပဘုရားရှင်)16
ဤဘဒ္ဒကမ္ဘာ၌ ကဿပမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ပုံကို ခုဒ္ဒကနိကာယ်၊ ဗုဒ္ဓဝံသပါဠိတော်၌
ဂါထာပေါင်း ၅၁ ဂါထာတို့ဖြင့် ဖော်ပြထားသည်။ (ခု၊ ၄။ ၃၇၅)။ ထိုကဿပဗုဒ္ဓဝင်၊ ဂါထာအမှတ် ၄၈ ၌
'ကဿပဘုရားရှင်သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန်ပြုတော်မူပြီ' ဟူ၍ ကဿပဘုရားရှင်
ပရိနိဗ္ဗာန်စံတော်မူပုံကိုလည်းကောင်း၊ ဂါထာအမှတ် ၅၁ ၌ 'ထိုမာရ်ငါးပါး ကိုအောင်မြင်တော်မူသော
မဟာကဿပမြတ်စွာဘုရားသည် သေတဗျာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်စံတော်မူ၏။ ထိုကျောင်း၌ပင်
ကဿပမြတ်စွာဘုရား၏ ကြွင်းကျန်ရစ်သော ဓာတ်တော်တို့ကို ဌာပနာ၍ တည်ထားသော ပုထိုးသည်
အစောက် တစ်ယူဇနာ မြင့်လျက် တည်ရှိလေသည်။17 ဟူ၍ ကဿပမြတ်စွာဘုရားရှင်၏ ဓာတ်တော်တို့
စေတီတည်ထားပုံကိုလည်းကောင်း ပြဆိုထားပါသည်။ ဗုဒ္ဓဝံသ။ ၃၇၈။
တရုတ်ခရီးသွား ရဟန်းတော် ဖာယှီယယ် (Fa-hien. အေဒီ ၃၉၉-၄၁၄)၏ ခရီးသွားမှတ်တမ်း
အခန်း ၂၁ တွင် '(အရှင်ဖာယှီယယ်သည်) သာဝတ္ထိမြို့မှ အနောက်ဘက်သို့ ထွက်ခွာလာရာ လီ18 ပေါင်း

16
ဗုဒ္ဓဝံသ။၃၇၅။ ဗုဒ္ဓဝံသ၊ဋ္ဌ။၃၀၇။ အဘိ၊ဋ္ဌ။၁။၇၁။ DPPN-I.544
17
‘ကဿပမြတ်စွာဘုရား၏ ကြွင်းသော ဓာတ်တော်အစုကို ဌာပနာ၍ ဇိန-မည်သောစေတီတည်ကြသည်’ ဟု
မြန်မာစွယ်စုံကျမ်း၊ အတွဲ၁။ စာမျက်နှာ-၃၄၈ ၌ဖော်ပြထားသည်။
18
လီ(Li)သည် အကြမ်းဖျဉ်း တစ်မိုင်၏ သုံးပုံတစ်ပုံခန့် ဖြစ်၏။
၅၀-အကွာတွင် ကဿပမြတ်စွာဘုရားရှင်ဖွားတော်မူရာ တောဝေ(Too-wei) မြို့19သို့ ရောက်ရှိခဲ့ပါသည်။
ထိုမြို့မှာပင် ကဿပမြတ်စွာဘုရားရှင်သည် မိမိ၏ခမည်းတော်ကြီးကို တရားဟောတော်မူပြီး
ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။ ကဿပမြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ်တော်ကို
တေဇောဓာတ်လောင်ကျွမ်းပြီး ကြွင်းကျန်ရစ်သော ဓာတ်တော်များကို တစ်စုတစ်ဝေးတည်း ဌာပနာ၍
စေတီကြီးတစ်ဆူ တည်ထားခဲ့သည်' ဟု ဖော်ပြထားပါသည်။20
ဗုဒ္ဓဝင်ပါဠိတော်တွင် ကဿပမြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပြီး ကြွင်းရစ်သော
ဓာတ်တော်တို့ကိုလည်း စေတီတည်ထားကြောင်း ဖော်ပြထားပြီးဖြစ်ပါသဖြင့်၊ ကဿပမြတ်စွာဘုရားရှင်
သက်တော်ထင်ရှားရှိနေသည် (သို့မဟုတ်) ကဿပမြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်သည်
မပျက်မစီးတည်ရှိနေသည် စသောအယူအဆတို့သည် ထေရဝါဒဗုဒ္ဓစာပေကျမ်းဂန်တို့နှင့်
ညီညွတ်သောအယူအဆ မဖြစ်နိုင်ပေ။
မြောက်ပိုင်းဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန်အချို့၌ ကဿပဘုရားရှင်သည်
ပရိနိဗ္ဗာန်စံဝင်တော်မူပြီဖြစ်သော်လည်း ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မှာ
တေဇောဓာတ်မလောင်ကျွမ်းဘဲ မေတ္တေယျရှုင်ပွင့်လာမည်ကို စောင့်ဆိုင်းနေသည်ဟု ဖော်ပြထားကြောင်း
တွေ့ရသည်။ ဤအချက်နှင့်စပ်၍ တင်ပြပါဦးမည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသရှိ ဗုဒ္ဓဘာသာဝင်တို့ ထုလုပ်ကိုးကွယ်နေသော
မေတ္တေယျရှင်ရုပ်တုတော်၏ မကိုဋ်သရဖူတင
ွ် စေတီတော်ကလေး တစ်ဆူပါရှိပြီး၊ ထိုစေတီတော်သည်
ဗုဒ္ဓဂယာအနီး ကြက်ခြေထောက်ပုံသဏ္ဌာန်ရှိ၍ ကုက္ကုဋပါဒ (Kukkutapada) တောင်၌တည်ရှိသော
စေတီပုံဖြစ်သည်ဟု အဆိုရှိပါသည်။ ထိုကုက္ကုဋပါဒတောင်သည် ဂယာမြို့၏ အရှေ့တောင်ဘက် (အချို့
က အရှေ့မြောက်ဘက်) ခုနှစ်မိုင်အကွာတွင် တည်ရှိသည်။21 ထိုတောင်တွင်း၌
22
ကဿပမြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော် တည်ရှိနေသည်။ မေတ္တေယျရှင်သည်
တုသိတာနတ်ပြည်မှ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းလာသောအခါတွင် ကဿပဘုရားရှင်၏
ရုပ်ကလာပ်တော်ကိန်းဝပ်တည်ရှိရာ ကုက္ကုဋပါဒတောင်သို့ တိုက်ရိုက်သွားလိမ့်မည်။ ထိုအခါ ကုက္ကုဋပါဒ

19
တောဝေ-သည် ဗုဒ္ဓဂယာမှ အနောက်ဘက် (၉) မိုင်အကွာ ယခု Tadwa-ရွာဟု ကျောက်စာဝန် ကန်နင်ဟန်
(Canningham) ,ယူဆသည်။ James Legge' A Record of Buddhistic Kingdoms. 1965. page-63
20
James Legge' A Record of Buddhistic Kingdoms. 1965. page-63
21
Eitel’ Hand Book of Chinese Buddhism. 1970. Page-78. ကျောက်စာဝန် ဂရီအာဆင်(Grierson)နှင့်
ကန်နင်ဟန်(Canninghan) တို့က ဂယာမြို့အရှေ့ ၁၅-မိုင်အကွာ ကုရ်ကိဟာရ် (Kurkihar) အရပ်မှ
မြောက်တစ်မိုင်အကွာတွင် ကုက္ကဋပါဒတောင်ရှိသည်ဟု ယူဆ၏။ ပညာရှင်ဒေါက်တာ စတိန်း(Stein)က
ထိုကုက္ကဋပါဒတောင်သည် ကုရ်ကိဟာရ်ရွာ၏ အနောက်တောင် ၆-မိုင်အကွာရှိ ဆော့နယ်တောင် ဖြစ်သည်ဟု ယူဆ၏။ Dey’
The Geographical Dictionary of Ancient and Medival India. 1971. Page-106; Cunningham’ Four Reports
(1862-65). Vol.I. 2000. Page 15-16. ကုက္ကဋပါဒဂီရိကို ဂုရပါတောင်ဟု ခေါ်တွင်ပြီး မီတာ ၃၀၀ ခန့်မြင့်၍
ဂင်္ဂါမြစ်ဝှမ်းဒေသ၌ အမြင့်ဆုံးတောင်တို့တင
ွ် တစ်လုံးအပါအဝင်ဖြစ်သည်။ ဂယာမြို့ အရှေ့တောင်ဘက်ရှိ ဂုရပရွာမှ
တောင်ထိပ်သို့ နာရီဝက်ကျော်ကျော်ခန့် တတ်ရသည်။- အရှင်ကေလာသ၏ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ။ ၂၀၀၃-ခုနှစ်။
(စာမျက်နှာ-၁၇၂)။
22
(မူကွဲ) ထိုကုက္ကုဋပါဒတောင်အတွင်းရှိသော ရုပ်ကလာပ်တော်မှာ ကဿပဘုရားရှင်၏ ရုပ်ကလာပ်တော်မဟုတ်ဘဲ၊
ပထမသံဂါယနာတင် အရှင်မဟာကဿပကြီး၏ ရုပ်ကလာပ်ဖြစ်သည်- Rockhill' The Life of Buddha. 1907. page-161
တောင်သည် အလိုအလျောက် ထက်ခြမ်းကွသ
ွဲားပြီး ထိုတောင်အတွင်းမှ
23
ကဿပရှင်ထက
ွ်တော်မူလာမည်။ မေတ္တေယျရှင်အား သင်္ကန်းတော်နှင့် ပိဋကတ်တော်တို့ကို
ပေးအပ်လိမ့်မည်။ ဤသို့ သင်္ကန်းတော်နှင့် ပိဋကတ်တော်တို့ကို လွှအ
ဲ ပ်ပြီးသောအခါ၌
ကဿပဘုရားရှင်၏ ရုပ်ကလာပ်တော်သည် တေဇောဓာတ်လောင်ကျွမ်းသွားပေလိမ့်မည်ဟု
24
ယူဆကြခြင်း ဖြစ်ပါသည်။ ဤအယူအဆသည် ထေရဝါဒကျမ်းဂန်စာပေတို့နှင့် ဆက်စပ်ခြင်း မရှိပေ။

ကဿပ(၂) (=မဟာသာဝကအရှင်မဟာကဿပ)25
ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်၌ ထင်ရှားခဲ့သော တတိယမဟာသာဝက၊
ပထမသံဂါယနာဓိပတိ၊ ဓုတင်္ဂဓရဧတဒဂ် အရှင်မဟာကဿပမထေရ်ကြီးကို
မေတ္တေယျရှင်အားစောင့်မျှော်နေသော ဝေဘာရတောင်အတွင်းရှိ ရှင်ကဿပဖြစ်လိမ့်မည်ဟု
ယူဆပြန်လေရာ၊ ထိုသာသနာ့ဝန်ဆောင် အရှင်မဟာကဿပကြီး၏ ထေရုပ္ပတ်ကို ပါဠိတော်၊
26
အဋ္ဌကထာနှင့် ဗုဒ္ဓဝင်ကျမ်းဂန်စာပေတို့မှ ထုတ်နုတ်တင်ပြလိုပေသည်။
အရှင်မဟာပဿပသည် မဂဓရာဇ်တိုင်း၊ မဟာတိတ္ထပုဏ္ဏားရွာနေ ကဿပအနွယ်ဝင် ကပိလပုဏ္ဏားနွယ်မှ
ဖွားမြင်၍ ငယ်စဉ်က ပိပ္ပလိဟု အမည်တင
ွ်ခဲ့သည် အရွယ်ရောက်သော် မိဘတို့အစီအမံဖြင့်
ဘဒ္ဒကပိလာနီသတို့ သမီးနှင့် လက်ဆက်ခဲ့ရသော်လည်း အိမ်ထောင်မှုကို စက်ဆုပ်လှသောကြောင့်
ဘဒ္ဒကပိလာနီနှင့် သဘောတူ တိုင်ပင်ပြီး တောထွက်ခဲ့ကြသည်။ ထိုသို့ ပိပ္ပလိလုလင်နှင့် ဘဒ္ဒကပိလာနီတို့
တောထွက်လာသောအခါ မဟာပထဝီမြေကြီးသည် သည်းစွာတုန်လှုပ်ခဲ့လေသည်။ ကောင်းကင်၌
မိုးကြိုးထစ်သောအသံတို့ ဖြစ်လေ၏။
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော်
စံပျော်နေတော်မူသော ကာလဖြစ်၏။ ထိုသို့ မဟာပထဝီမြေကြီး ၏ တုန်လှုပ်သံကို မြတ်စွာဘုရားရှင် ကြား၍
ဆင်ခြင်တော်မူသည်ရှိသော် ပိပ္ပလိလုလင် တောထွက်လာသောကြောင့် ပထဝီမြေကြီး
လှုပ်သောအသံပါတကားဟု သိတော်မူလေ၏။ မြတ်စွာ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်နှင့်
နာလန္ဒာမြို့၏အကြားရှိ ဗဟုပုတ္တကပညောင်ပင်ရင်း၌ ရောင်ခြည်တို့ကို လွှတ်တော်မူကာ ထက်ဝယ်ဖွဲ့ခွေ
နေတော်မူလျက် ပိပ္ပလိလုလင်အား ခရီးဦးကြိုနေတော်မူလေသည်။
ပိပ္ပလိလုလင်လည်း ဗဟုပုတ္တကညောင်ပင်ရင်းသို့ ရောက်၍ ဘုရားရှင်ကိုဖူးရလျှင်ပင် ဤကား
ဘုရားဖြစ်လိမ့်မည်ဟုသိသဖြင့်'သတ္ထာ မေ ဘန္တေ ဘဂဝါ သာဝကော ဟမသ္မိ' (အရှင်မြတ်သည်
တပည့်တော်၏ ဆရာပါ။ တပည့်တော်သည် အရှင်မြတ်၏ တပည့်ပါ။) ဟု သုံးကြိမ်နှုတ်မှမြွတ်ကာ အဝေး,
အနီး, မနီးမဝေး စသည့်အရပ် သုံးဌာနတို့မှနေ၍ ရိုသေစွာရှစ်ခိုးလေ၏။ ရှင်မဟာကဿပလောင်းလျာ

23
(မူကွဲ) ကဿပဘုရားရှင်ကိန်းဝပ်တော်မူရာ ထိုကုက္ကုဋပါဒတောင်သို့ မဉ္ဇူသိရီဘုရားလောင်းရောက်လာ၍ ထိုတောင်ကို
လက်ညှိုးထိုးပြီး ထက်ခြမ်းခွဲ ဖွင့်လှစ်လိမ့်မည်။ ထိုတောင်ထက်ခြမ်းကွဲသွားသောအခါ အတွင်း၌ စံပယ်နေသော
ကဿပဘုရားရှင်၏ ရုပ်ကလာပ်တော်သည် သူ့အလိုအလျောက် တေဇောဓာတ်လောင်ကျွမ်းသွားမည်- W.E. Soothill' A
Diactionary of Chinese Bubbhist Terms. 1934. page-257
24
A. Getty’ The Gods of Northern Buddhism. 1914. Page-14,22. သီရိပျံချီဦးမြ၏ အပယ်ရတနာလိုဏ်ဂူဘုရား ၁၉၆၈-
ခှုနှစ်။ (စာမျက်နှာ-၃၅)။
25
DPPN-II.476.
26
ဒီ၊၂။၁၃၃။ သံ၊၃။၇၁။ ဥဒါန။၁၀၀။ သံ၊ဋ္ဌ။၂။၁၆၇။ အံ၊ဋ္ဌ။၁။၁၂၆။ ဥပါန၊ဋ္ဌ။၁၇၆။ ဓမ္မ၊ဋ္ဌ။၁။၁၆၄၊၂၆၈၊၂၉၃၊၃၈၃။
ထေရ၊ဋ္ဌ။၂။၄၂၉။ အ၊ပ၊ဋ္ဌ။၁။၂၈၂- စသည်နှင့် မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်။ ဆဋ္ဌတွ၊ဲ ပထမပိုင်း။ (စာမျက်နှာ ၁၁၀-
၁၄၈)။ G.P. Malalaseker (ed)’ Encyclopaedia of Buddhism Vol. VI. Fascicle 3. 2002. Page-435.
ပိပ္ပလိလုလင်၏ အရိုအသေပြုခြင်းနှင့်စပ်၍ မြတ်စွာဘုရားရှင်က 'ချစ်သားကဿပ။ သင်ချစ်သား၏ ယခုကဲ့သို့
အလွန်အမင်း အရိုအသေပြုခြင်းကို အကယ်၍ ပထဝီမြေကြီးအားပြုသည် ဆိုပါအံ့၊ ထိုပထဝီမြေကြီးသည်
သင်ချစ်သား၏ အရိုအသေပြုခြင်းကို ခံနိုင်လိမ့်မည်မဟုတ်။ သင်၏အရိုအသေပြုခြင်းကို
ငါဘုရားသာခံယူနိုင်၏။' စသည်ဖြင့် မိန့်တော်မူခဲ့ပြီးလျှင် 'ချစ်သား ကဿပ။ ထိုင်လော့၊ သင်ချစ်သားအား
ငါဘုရားသည် အမွေကိုပေးတော့အံ့' ဟုမိန့်တော်မူကာ သြဝါဒသုံးရပ်ကို မြွတ်ကြားပြီး ပိပ္ပလိလုလင်အား
ရဟန်းဖြစ်စေခဲ့ပါ၏။ ဤသာသနာ၌ သြဝါဒချီးမြှင့်ကာဖြင့် ရှင်ရဟန်းပြုခြင်းမည်သည်
ရှင်မဟာကဿပ၏ရဟန်းပြုခြင်းပင်ဖြစ်သတည်း။ ထိုသို့သြဝါဒခံယူခြင်းဖြင့် ရဟန်းပြုခြင်းမျိုးကို
သြဝါဒပဋိဂ္ဂဟဏဥပသမ္ပဒါ ဟုခေါ်၏။
မြတ်စွာဘုရားသည် ဗဟုပုတ္တကညောင်ပင်ရင်း၌ အရှင်မဟာကဿပမထေရ်အား
သြဝါဒပဋိဂ္ဂဟဏရဟန်းအဖြစ် ချီးမြှောက်တော်မူပြီးနောက် ထိုအရပ်မှကြွတော်မူခဲ့ရာ
အရှင်မဟာကဿပမထေရ်သည်လည်း နောက်တော်က လိုက်ပါတော်မူခဲ့ရ၏။ မြတ်စွာ ဘုရားရှင်သည်
မဟာပုရိသလက္ခဏာတော်ကြီးသုံးဆယ့်နှစ်ပါး တို့ဖြင့် ဆန်းကြယ်တင့်တယ်စွာ ရှေ့မှကြွချီရာတွင်
အရှင်မဟာကဿပ မထေရ်သည်လည်း နောက်တော်ပါးမှ မဟာပုရိသလက္ခဏာတော် ခုနှစ်ပါးတို့ဖြင့်
တင့်တယ်စွာ ရွှေလှေကြီးနောက်မှ ရွှေလှေငယ်တွပ
ဲါသကဲ့သို့ လိုက်ပါကြွချီတော်မူခဲ့ပါ၏။ အံ၊ ဋ္ဌ။ ၁။ ၁၄၂။
ထေရ၊ ဋ္ဌ။ ၂။ ၄၄၃။
မြတ်စွာဘုရားရှင်သည် ခရီးအတန်ငယ်ကြွသွားမိလျှင် သွားမြဲခရီးမှဖဲ၍ သစ်ပင်ရင်းတစ်ခု၌
ထိုင်တော်မူမည့်အချင်းအရာကို ပြတော်မူလေ၏။ အရှင်မဟာကဿပမထေရ်မြတ်လည်း
မြတ်စွာဘုရားရှင်ထိုင်တော်မူအံ့ဟု သိသဖြင့် မိမိ၏ အပေါ်ရုံဒုကုဋ်သင်္ကန်းကြီးကို လေးခေါက်ပြုကာ
ခင်းပြီးလျှင် မြတ်စွာဘုရားရှင်အားထိုင်တော်မူပါရန် လျှောက်ထားလေ၏။ မြတ်စွာ ဘုရားရှင်သည်
ထိုင်တော်မူပြီးလျှင် ထိုလေးခေါက်သင်္ကန်းကို ကိုင်တော်မူကာ 'ချစ်သား ကဿပ သင်၏ဤပုဆိုးဟောင်း
ဒုကုဋ်သင်္ကန်းကြီးကား နူးညံ့လှစွာ တကား' ဟုမိန့်တော်မူ၏။ အရှင်မဟာကဿပလည်း 'သြော်...
ဘုရားရှင်သည် ငါ့ဒုကုဋ်ကိုချီမွမ်းဘိသည်၊ ဤဒုကုဋ်တော်ကို ဝတ်ရုံတော်မူလိုသည် ဖြစ်လတ္တံ့' ဟု ကြံပြီး '
အရှင်ဘုရား ကျွန်ုပ်အား သနားတော်မူသဖြင့် ဤသင်္ကန်းကို သုံးတော်မူပါ' ဟု လျောက်ထား၏။ ဘုရားရှင်က
'ချစ်သားကဿပ။ ငါ့အား ဤဒုကုဋ်ကိုလှူလျှင် သင်ချစ်သားသည် အဘယ်(ဒုကုဋ်) ကိုဆောင်ပါအံ့နည်း'
ဟုမေးတော်မူလျှင် 'အရှင်ဘုရား၏ သင်းပိုင်ကို သနားတော်မူပါလျှင် သုံးဆောင်ပါအံ့' ဟုလျှောက်ထား၏။
ထိုအခါ မြတ်စွာ ဘုရားရှင်က မိမိပခုံးထက်၌ ပါလာသောပိုက်ဆံလျှော်ဒုကုဋ်ကိုပြလျက် 'ချစ်သားကဿပ...။
ဝတ်ရုံ၍နွမ်းပြီးသော ဤဒုကုဋ်ကို သင်ဆောင်နိုင်အံ့လော၊ ဤပံ့သကူဒုကုဋ်ကို ကောက်သောအခါ
မဟာပထဝီမြေကြီးသည် တုန်လှုပ်၍ နတ်ဗြဟ္မာတို့ လွန်စွာ ကောင်းချီးပေးကုန်၏။ ငါတို့ဘုရားရှင်များသည်လျှင်
သုံးဆောင်အပ်၍ သေးငယ်နုနယ်သော သီလဂုဏ်၊ သမာဓိဂုဏ် ရှိသူတို့နှင့်ကာ မထိုက်' ဟုမိန့်တော်မူပြီးမှ
ရှင်မဟာကဿပအား ဒုကုဋ်ကို ပေးတော်မူ၏။ ဤသို့ ဘုရားရှင်နှင့် ရှင်မဟာကဿပတို့
ဒုကုဋ်ချင်းလဲလှယ်တော်မူသောခဏ၌ အဝိညာဏကမျှဖြစ်သော မဟာပထဝီမြေကြီးသည်
ကောင်းချီးပြုသည့်ပမာ ဆတ်ဆတ်ခါမျှတုန်လှုပ်လေသတည်း။
ထိုအရှင်မဟာကဿပမထေရ်ကြီးသည် မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက
သာသနာ့ရှေ့ဆောင် မထေရ်ကြီးတစ်ပါးအဖြစ် ထင်ရှားခဲ့သည်သာမက ဘုရားရှင်ပရိနိဗ္ဗာန် စံပြီးသည့်နောက်
အဇာတသတ်မင်းကို အမှီပြု၍ ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိ(သတ္တပါဏိ) လှိုင်ဂူတင
ွ်
ရဟန္တာအရှင်မြတ်သံဃာတော် အပါးငါးရာကို ဦးစီးပြု၍ ပထမသံဂါယနာတင်တော်မူခဲ့ပါ၏။
ပထမသံဂါယနာတင်ပွဲအပြီးတွင် သံဂါယနာတင်ရာ ဝေဘာရတောင်မှာပင် သက်တော် ၁၂၀ ရှည်တော်မူသော
အရှင်မဟာကဿပမထေရ်ကြီး ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်ဟု ကဿပသံယုတ် အဋ္ဌကထာ၌
ဖော်ပြထားပါသည်။ သံ၊ ၁။ ၄၁၈။ သံ၊ ဋ္ဌ၊ ၂။ ၁၆၇။
ထေရဝါဒဆိုင်ရာ ပါဠိအဋ္ဌကထာသံဂါယနာတင် ကျမ်းဂန်တို့၌ အရှင်မဟာကဿပမထေရ်ကြီး
ပရိနိဗ္ဗာန်ပြုတော်မူခန်းကို ပြည့်ပြည့်စုံစုံမဖော်ပြထားသော်လည်း ကဿပဗိမ္ဗဝန္ဒနာအမည်ရှိသော
သီရိလင်္ကာဖြစ် ကျမ်းစာတစ်စောင်၌ ရှင်မဟာကဿပမထေရ်ကြီး၏ ပရိနိဗ္ဗာန်စံတော်မူခန်းကို
အောက်ပါအတိုင်း ဖေါ်ပြထား၏။
အို အာနန္ဒာ...။ ငါသည် သာသနာတော်၌ လုပ်သင့်သည့်လုပ်ငန်းကိစ္စများကို ဘုရားကိုယ်စား
ပြုလုပ်ခဲ့လေပြီ။ ပဌမသံဂါယနာသဘင်ကြီးကို ဦးစီးဦးကိုင်ပြု၍ တင်ခဲ့လေပြီ။ ယခုအခါဆိုလျှင် ငါသည်
ပရိနိဗ္ဗာန်စံယူချိန်တန်ပြီဖြစ်၍ ငါမရှိသည့်နောက်သင်သည် တရားတော်ကို စောင့်ရှောက်ရစ်ပါလော့၊
သာသနာတော်ကြီးမညှိုးမနွမ်းအောင် စောင့်ရှောက်ရစ်ပါလော့။ ထို့ပြင် ရာဇဂြိုဟ်မြို့၌ ကုန်သည်တစ်ယောက်မှ
သားတစ်ယောက်မွေးဖွားလိမ့်မည်။ ထိုသားသည် ပိုက်ဆံလျှော်အဝတ်ကို ဝတ်ရုံဆင်မြန်းသည့်အတွက်
သာဏဝါသိက27 ဟုအမည်တင
ွ်လိမ့်မည်။ သူသည် သမုဒ္ဒရာပင်လယ်ခရီးမှ ကူးသန်းရောင်းဝယ်၍
ပြန်လာပြီးနောက် သံဃာတော်များကို ငါးနှစ်တိုင် လုပ်ကျွေးလိမ့်မည်။ ၄င်းနောက် သူသည် ရဟန်းပြုလိမ့်မည်။
သင်သည် ထိုရဟန်းတော်အား ဘုရားမြတ်စွာ၏ တရားအားလုံးကို လွှအ
ဲ ပ်ခဲ့ပါလော့' ဟုမိန့်ကြားတော်မူပြီး။
စေတီတော်ကြီး ၁၂ ဆူကို ရှစ်ခိုးဦးချ၍ ဘုရားဘုန်းကြွယ်၏ စွယ်တော်များကိန်းဝပ်ရာ နဂါးပြည်,
တာဝတိံသာနတ်ပြည်တို့သို့ ကြွတော်မူ၍ စွယ်တော်ကို ဖူးမြော်တော်မူခဲ့လေသည်။ ထို့နောက်
တာဝတိံသာနတ်ပြည်တည်ရှိရာ မြင့်မိုရ်တောင်ထိပ်တင
ွ် ကွယ်ပျောက်ခဲ့ပြီးလျှင်
မိမိပရိနိဗ္ဗာန်စံမည့်အကြောင်းကို အဇာတသတ်မင်းအား ပြောကြားရန် ရာဇဂြိုဟ်မြို့တော်သို့
ကြွတော်မူခဲ့လေသည်။ ဘုရင့်နန်းတော်သို့ရောက်၍ နန်းတော်တံခါးအနီး ရပ်တော်မူကာ တံခါးမှူးအား
အဇာတသတ်မင်းတွေ့လိုကြောင်း မိန့်ကြားရာ နန်းတော်တံခါးမှူးက အဇာတသတ်မင်းအိပ်နေကြောင်း
ပြန်လျှောက်ထားလေ၏။ ထိုအခါ ရှင်မဟာကဿပက ထပ်မံ၍ မိန့်တော်မူရာ တံခါးမှူးက 'အရှင်ဘုရား...
အဇာတသတ်မင်းသည် ဒေါသကြီးလှပါသည်။ သူ့ကို အိပ်ရာမှ နိုးခဲ့လျှင် တပည့်တော်ကို ကွပ်မျက်ပါလိမ့်မည်။'
ဟု ပြန်ကြားလျှောက်ထားသော် အရှင်မဟာကဿပက 'အို ဒါယကာ... သည်လိုဆိုရှိပါစေတော့၊
အဇာတသတ်မင်း အိပ်ရာမှ နိုးလျှင် အရှင်မဟာကဿပ ပရိနိဗ္ဗာန်ပြုသွားပြီဟု ပြောကြားလိုက်ပါ' ဟု
မှာကြားပြီးလျှင် ကုက္ကုဋပါဒ တောင်၏ တောင်ဘက် အစွန်ဆုံးတောင်ထိပ်ပေါ်သို့ ကြွကာ
ွ်သုံးခုကြား မြက်ခင်းတစ်ခုပေါ်၌ ဈာန်သမာပတ်ဝင်စားပြီးလျှင် ပရိနိဗ္ဗာန် ပြုတော်မူလေသည်- ဟု
တောင်ထဋ
ဖြစ်သည်။28
ထို့ပြင် ရှင်မဟာကဿပမထေရ်ကြီး ပရိနိဗ္ဗာန်ပြုရာဌာနသို့ အဇာတသတ်မင်း လိုက်လာခန်းကို
အေဒီ ၁၂-ရာစုခန့်က သီရိလင်္ကာ၌ ရေးသားသော မဟာသမ္ပိဏ္ဍနိဒါနကျမ်း (ပေမူ) တွင်လည်း
အောက်ပါအတိုင်းဖေါ်ပြထားသည်။
အရှင်မဟာကဿပမထေရ်ကြီးသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပြီး သက်တော် ၁၂၀
သို့ရောက်လတ်သော် မိမိ၏ ပရိနိဗ္ဗာန်စံဝင်ရန်အခါကို သိမြင်၍ အနီးဝန်းကျင်ရှိ ပရိတ်သတ်တို့အားလည်း
အသိပေး အကြောင်းကြားတော်မူခဲ့သည်။ ထိုအချိန်မှာပင် အရှင်မဟာကဿပမထေရ်ကြီးက
မိမိပရိနိဗ္ဗာန်ပြုသောအခါ၌ (၁) မိမိ၏ကြွင်းသော ဥတုဇရုပက
် လာပ်သည် ကုက္ကုဋပါဒတောင်၏
အထွတ်သုံးခုကြား၌ တည်နေရန်၊ (၂) အဇာတသတ်မင်းလာ၍ မိမိဥတုဇရုပ်ကလာပ်လားဖူးမြော်ပါက
ကုက္ကုဋပါဒတောင်ထွတ်သည် သူ့အလိုလို ပွင့်သွားပြီး ရုပ်ကလာပ်အား ရှုမြင်ရစေပြီးနောက်
ရုပ်ကလာပ်နှင့်တကွ တောင်ထွတ်နေရာကိုပါ သူတစ်ပါးတို့မမြင်ဘဲ ကွယ်ပျောက်သွားစေရန်၊ (၃)
မေတ္တေယျရှင်ပွင့်ထန
ွ်းလာ၍ ဤကုက္ကုဋပါဒတောင်သို့ ကြွရောက်လာသောအခါ ထိုတောင်ထတ
ွ်သည်
ပွင့်လာပြီးလျှင် မိမိဥတုဇရုပ်ကလာပ်တော်သည်လည်း မေတ္တေယျရှင်၏ လက်တော်၌ အလိုအလျောက်
တေဇောဓာတ်လောင်စေရန်- ဟူသော အဓိဋ္ဌာန်သုံးချက်တို့ကို ထားတော်မူခဲ့ပါသည်။

27
အရှင်ဥပဂုတ်၏ ဥပဇ္ဈာယ်မထေရ်ကို ဆိုလိုသည်။
28
အရှင်ကေလာသ၏ ဆဋ္ဌသံဂါယနာသမိုင်းတော်ကြီး၊ ပထမတွဲ ၁၉၉၇ ခုနှစ်။ (စာမျက်နှာ-၁၃၈)။ တိဘက်မှတ်တမ်း၌လည်း
အထက်ပါအတိုင်း ပြဆိုထားကြောင်းကို Rockhill' The Life of the Buddha. 1907. page-161 တွင်ဖော်ပြထားသည်။
အရှင်မဟာကဿပ ပရိနိဗ္ဗာန်ပြုမည့်သတင်းကို ကြားကြသောကြောင့် မထေရ်မြန်အား ကြည်ညိုကြသော
ရဟန်းရှင်လူတို့သည် နောက်ဆုံးပစ္ဆိမဝန္ဒနာ နောက်ဆုံးပူဇော်ခြင်းအဖြစ် လာရောက်၍ ဂါရဝပြုပူဇော်ကြ၏။
အရှင်မြတ်လည်း မိမိပရိနိဗ္ဗာန်စံဝင်မည့်အကြောင်းကို မိန့်ကြားရန် အဇာတသတ်မင်းစံရာ နန်းသို့ကြွရောက်ရာ
အဇာတသတ်မင်းမှာ စက်တော်ခေါ်နေသောကြောင့် မှူးမတ်တို့အား သတင်းစကားကိုမှာကြားခဲ့ရလေသည်။
အရှင်မဟာကဿပမထေရ် နန်းတော်မှ ပြန်ကြွပြီး ဝေဠုဝန်ကျောင်းတော်သို့ အရောက်
ကျိန်းစက်ရာခုတင်ထက်မှာပင် ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ အဓိဋ္ဌာန်ပြုတော်မူသည့်အတိုင်း ကြွင်းကျန်သော
ရုပ်ကလာပ်တော်သည် ကုက္ကုဋပါဒတောင်အတွင်း၌ တည်နေသည်။
မှူးမတ်တို့လည်း အဇာတသတ်မင်းကြီးမနိုးမီ ရေကန်ခုနှစ်ကန် တူးပြီး နို့ရည်နှင့် အခိုးထုံဆေးတို့
ဖြည့်ထားကြ၏။ အဇာတသတ်မင်းကြီးကျိန်းစက်ရာမှ နိုးလာသောအခါ မှူးမတ်တို့က
အရှင်မဟာကဿပမထေရ်ကြီး ပရိနိဗ္ဗာန် ပြုတော်မူသည့်သတင်းကို လျှောက်ထားကြသောအခါ မင်းကြီးသည်
သတိလွတ်ကင်း မေ့လျော့ခြင်းသို့ ရောက်လေသဖြင့် မင်းကြီးအား နို့ရည်ကန်ခုနှစ်ကန်အတွင်း
တစ်ဆင့်ပြီးတစ်ဆင့် စိမ်ထားကြသည်။ မင်းကြီးသတိပြန်လည်လာသောအခါ အရှင်မဟာကဿပ၏
ဥတုဇရုပ်ကလာပ်တည်ရှိရာ ကုက္ကုဋပါဒတောင်သို့ တပ်ချီ၍ထွက်ခဲ့ကြ၏။ ကုက္ကုဋပါဒတောင်သို့ရောက်သော်
အရှင်မဟာကဿပ၏ အဓိဋ္ဌာန်အတိုင်း ကုက္ကုဋပါဒတောင်ထတ
ွ်သည် မင်းကြီး၏ ရှစ်ခိုးဦးခိုက်မှုကို ခံယူရန်
ပွင့်လာလေ၏။ မင်းကြီးလည်း ထိုအရပ်၌တပ်ချကာ သာဓုကီဠနဈာပနသဘင်ပွဲကို ခုနှစ်ရက်ကျင်းပပြီးမှ
နန်းတော်သို့ ပြန်ကြွရာ ကုက္ကုဋပါဒတောင်ထွတ်သည် သူ့အလိုလိုပြန်၍
29
ကိုင်းညွှတ်ပိတ်ဆို့သွားလေတော့သည်- ဟုဖြစ်သည်။
သံယုတ်ပါဠိတော်၊ ကဿပသံယုတ်၊ စီဝရသုတ် (သံ၊ ၁။ ၄၁၈။) တွင်လာသော
ဂေါတမမြတ်စွာဘုရားရှင်၏ ဒုကုဋ်သင်္ကန်းကြီးကို အရှင်မဟာကဿပရရှိတော်မူပုံအကြောင်း နှင့်
ကဿပဗိမ္ဗဝန္ဒနာကျမ်းနှင့် မဟာသမ္ဗိဏ္ဍနိဒါနတို့၌ လာသော အရှင်မဟာကဿပမထေရ်ကြီး
ပရိနိဗ္ဗာန်စံတော်မူပုံအကြောင်း ဝတ္ထုဇာတ်လမ်းနှစ်ရပ်ကို ပေါင်းစပ်လိုက်သောအခါ 'ဓုတင်္ဂဓရဧတဒဂ်ရ
တတိယသာဝက ရှင်မဟာကဿပကြီးသည် ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း
ဂေါတမမြတ်စွာဘုရားရှင်၏ (ဒုကုဋ်) သင်္ကန်းတော်ကြီးကို မေတ္တေယျရှင်ပွင့်ထန
ွ်းလာသောအခါ၌
လက်ဆင့်ကမ်းရန် ကုက္ကုဋပါဒတောင်အတွင်း၌ ဥတုဇရုပ်ကလာပ်အဖြစ် စောင့်ဆိုင်းနေသည်' ဟူသော
အယူအဆသစ်တစ်ရပ် ပေါ်ထွန်းလာလေသည်။
အချို့ဆရာတို့ကမူ 'ရှင်မဟာကဿပမထေရ်ကြီးသည် ပရိနိဗ္ဗာန်ပင်မပြုသေး၊ ဂေါတမမြတ်
စွာဘုရားရှင်၏ ဒုကုဋ် သင်္ကန်းတော်ကြီးကို မေတ္တေယျရှင်အားလွှဲပြောင်းပေးရန် အဓိဋ္ဌာန်ဖြင့်
ပကတိသက်ရှိထင်ရှား စောင့်ဆိုင်း နေသည်'- စသည်ဖြင့် အချက်အလက်သစ်များ ကိုပါ
ဖြည့်စွက်လိုက်ကြပြန်ပါသည်။
ထိုသို့ ဖြည့်စက
ွ်ကြသူများတွင် မြောက်ပိုင်း ဗုဒ္ဓဘာသာစာပေကျမ်းဂန် ပညာရှင်များနှင့် မြန်မာနိုင်ငံမှ
သေလေးပါးဘုရားရှစ်ခိုးလင်္ကာရေးသူတို့ ပါဝင်ကြသည်။
မြန်မာ့လက်ဖြစ်သေလေးပါး ဘုရားရှစ်ခိုးလင်္ကာတွင်-

29
Ola leaf MS of the Mahasampindanidana of the Colombo Museum, No. S.8- H. Saddhatissa' The Birth-
Stories of the Ten Bodhisattas. 1975. page-44.ဦးအောင်သိန်း၏ အလောင်းတော်ကဿပသမိုင်း မှတ်တမ်း။ ၁၉၇၂-
ခုနှစ်။ (စာမျက်နှာ-၃၆)။ ဆရာကြီးဦးအောင်သိန်းသည် အထက်ပါအချက်ကို မည်သည့်ကျမ်းစာမှရယူကြောင်း
အကိုအကားဖော်ပြမထားခဲ့ပေ။
မေတ္တေဇိနော်၊ မြတ်ကံ့ကော်ဝယ်၊ ပွင့်တော်မူကာ၊ မြင့်ရှည်စွာနှင့်၊ နှစ်ရှည်ကာလ၊ သာဝကစစ်၊
သားတော်ဖြစ်သား၊ ရင်နှစ်ပမာ၊ မဟာကဿပ၊ မြတ်ထေရမူ၊ ဝေဘာရတောင်၊ မြင့်ခေါင်သာဝှမ်း၊
ရောင်ခြည်ထန
ွ်းသား၊ မြစန်းကမ္ဗလာ၊ ကျောက်နေရာထက်၊ ခန္ဓာကြွေပြတ်၊ လောင်းတော်မြတ်လျှင်၊
30
လျှံပတ်ဝင်းညိ၊ သို့စဉ်ရှိ၏- စသဖြင့်ဖေါ်ပြထားသည်။
နောင်တော်ကြီးမင်း(အေဒီ ၁၇၆၀-၁၇၆၃) လက်ထက်၌ အရှင်ဝရကိတ္တိရေးဖွဲ့သော
ပလလဲဆင်မင်းပျို့၌လည်း အရှင်မဟာကဿပကိုယ်တော်ကြီးသည် ဝေဘာရတောင်တွင်
ပရိနိဗ္ဗာန်ပြုရခြင်းသည် ဂေါတမမြတ်စွားဘုရားရှင်၏ ဗျာဒိတ်စကားမိန့်ကြားထားတော်မူခဲ့သောကြောင့်ဟု
ဖော်ပြထားသည်ကို တွေ့ရ၏။
ထိုပလလဲဆင်မင်းပျို့၊ (အပိုဒ်-၂၆)၌-
မည့်ခေါ်တွင်ထ၊ ဝေဘာရဟု၊ တောင်မအမည်၊ သုံးလုံးသည်၌၊ မထေရ်ငါ့တင
ွ်၊ အကြီးတင်သား၊
ဓူတင်အရိုး၊ သုံးဆယ့်ကိုးကို၊ မကျိုးစေရ၊ မြဲလုံ့လတည်၊ ကဿပမည့်၊ ငါ့တပည့်လျှင်၊ ဤတောတွင်၌၊
နေချင်နိစ္စ၊ မပြောင်းကြွတည့်၊ ညီလှအာနန်၊ ငါဟောဟန်ကို၊ နာခံစိတ်စိတ်၊ ဗျာဒိတ်ထားသား-31
ဟုဖော်ပြထားသည်။
တရုတ်ခရီးသွားရဟန်းတော် ဖာယှီယယ် (Fa-hein)၏ ခရီးသွားမှတ်တမ်း (Fu-Kwo-Ki) အခန်း ၃၃
တွင်-
(အရှင်ဖာယှီယယ်)သည် ဗုဒ္ဓပွင့်တော်မူရာ ဗောဓိညောင်ပင်မှ တောင်ဘက် (သုံး) လီခန့်အကွာသို့
ထွက်ခွာလာရာ ဂုရုပါဒ32(ခေါ်) ကုက္ကုဋပါဒတောင်သို့ရောက်ရှိသွား၏။ ထိုတောင်အတွင်း
အရှင်မဟာပဿပမထေရ်ကြီး၏ ရုပ်ကလာပ်တော်တည်ရှိနေ၏။ ထိုတောင်အတွင်းသို့ ရှင်မဟာကဿပသည်
တန်ခိုးဖြင့် ထွန်းဖောက်ဝင်ရောက်သွားပြီးနောက် ထိုတောင်အဝင်ဝသည် အလိုအလျောက်ပိတ်ဆို့ခဲ့သည်
အရှင်မဟာကဿပသည် သက်တော်ထင်ရှားရှိစဉ်က ထိုတောင်တော်အဝရ မြေကြီးတို့ဖြင့် လက်ကို
သန့်စင်တော်မူခဲ့သည်။ ယခုအခါ ထိုတောင်တော်အဝရှိ မြေကြီးတို့ကို ခေါင်းကိုလိမ်းကျံခြင်းဖြင့်
ခေါင်းကိုက်ခေါင်းမူးရောဂါပျောက်သည်ဟု ယူဆပြီး ထိုဒေသနေသူများက လာရောက်လိမ်းကျံနေကြ၏။
ထိုနေရာ၌ ရဟန်းခံကြသူများကိုလည်း တွေ့ရ၏။ ထို့ပြင် အနယ်နယ်အရပ်ရပ်မှ
အရှင်မဟာကဿပမထေရ်ကြီးအား လာရောက်ပူဇော်နေသူအများအပြားတွေ့ရှိရ၏။ ညအခါတွင်
ဤတောင်သို့ ရဟန္တာအရှင်မြတ်များကြွလာပြီး တရားဆွေးနွေးကြ ဟောပြောကြကာ နံနက်သို့ရောက်လျှင်
ကွယ်ပျောက်သွားကြသည်-33 ဟုဖော်ပြထားပါသည်။
တရုတ်ခရီးသွားရဟန်းတော် ရွှမ်ကျန့် (Hiuen Tsiang) ၏ ခရီးသွားမှတ်တမ်း (Si-Yu-Ki)၌-
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအံ့သောအခါ အရှင်မဟာကဿပအား ဤသို့မိန့်တော်မူခဲ့၏။ '
ပိဋကတ်တော်တို့ကို သင့်အားလွှအ
ဲ ပ်တော်မူခဲ့၏။ မပျောက်မပျက် မယုတ်မလျော့ရအောင်
စောင့်ရှောက်လေလော့။ မိထွေးတော် (ဂေါတမီ) ကပ်လှူအပ်သော သင်္ကန်းကိုလည်း
မေတ္တေယျရှင်ပွင့်တော်မူသောအခါ ကပ်လှူရအောင် လွှအ
ဲ ပ်ခဲ့၏။ ရှင်မဟာကဿပသည် ထိုသင်္ကန်းတော်ကို
ကုက္ကု ဋပါဒတောင်ထိပ်ရှိ တောင်ထွတ်သုံးခုတို့ အတွင်း၌ သိမ်းဆည်းတော်မူပြီးလျှင် မိမိကိုယ်တိုင်လည်း

30
ပညာရောင်ခြည် ဘုရားရှစ်ခိုး အမျိုးမျိုး။ ၁၉၉၀-ပြည့်နှစ်။ (စာမျက်နှာ-၆၁)။
31
ကထိကဦးကျော်ရင်(တည်း)၏ ရှင်ဝရကိတ္တိစီရင်သော ပလလဲဆင်မင်းပျို့။ ၁၉၅၆-ခုနှစ်။ (စာမျက်နှာ-၅၇)။ ပုလဲမြို့
ဆင်မြတ်ရှင်မော်ကန
ွ်းစား (စာမျက်နှာ-၅၅)။
32
ဂုရုပါဒ = ဆရာသမား၏ ခြေတော်ရာရှိသောတောင် (Teacher's foothill)။ ဆရာသမားဆိုသည်မှာ
အရှင်မဟာကဿပကိုဆိုလိုသည်။ ချွန်မောက်နေသော ထောင်ထတ
ွ်သုံးခုရှိရာ၊ ကြက်ခြေထောက်သဏ္ဌာန်နှင့်တူ၍
ကုက္ကုဋပါဒ ဟုလည်းခေါ်ပြန်သည်။
33
Jame Legge' A Record of Buddhistic Kingdoms. 1965. page-92.
အဓိဋ္ဌာန်ဖြင့် ထိုတောင်တွင်းမှာပင် စံနေတော်မူခဲ့၏။' မေတ္တေယျဘုရားရှင် ပွင့်လာပြီးနောက် မေတ္တေယျရှင်၏
တရားဓမ္မတို့ကို မနာယူပဲ အတိုက်အခံလုပ်သူများပေါ်လာပါက ထိုသူတို့ကို ဤကုက္ကုဋပါဒတောင်သို့ခေါ်လာပြီး
အရှင်မဟာကဿပကိုပြပေလိမ့်မည်။ ထိုအခါ အရှင်မဟာကဿပသည် မိမိသိမ်းဆည်း ထားသောသင်္ကန်းကို
မေတ္တေယျရှင်အား ပေးအပ်ပြီး ရိုသေစွာ ရှိခိုး၍ ကောင်းကင်သို့ပျံတတ်ကာ တန်ခိုးပြာဋိဟာပြလျက်
34
ပရိနိဗ္ဗာန်ပြုလိမ့်မည်- ဟုဖော်ပြထားသည်။
မြောက်ပိုင်းဗုဒ္ဓဘာသာဝင်တို့သည် အရှင်မဟာကဿပကိုယ်တော်ကြီးကို
အလွန်ကြည်ညိုကြသည်ဖြစ်၍ ယင်းတို့၏
-ဗုဒ္ဓ၏မဟာသာဝက ၁၀ ပါး (Ten major disciples) စာရင်းတွင်လည်းကောင်3း5
-မြတ်စွာဘုရား၏ သာသနာကိုဆက်လက်ထိန်းသိမ်းအုပ်ချုပ်မည့် မထေရ်ကြီး ၂၄ ပါး (Twenty-Four
Successors) စာရင်းတွင်လည်းကောင်3း6
-မဇ္ဈိမဒေသမှ ရဟန္တာအရှင်မြတ် ၂၈ ပါး (Twenty-Eight Indian Patriarches)
စာရင်းတွင်လည်းကောင်3း7
အရှင်မဟာကဿပကို ရှေ့ဆုံးမှာထားခဲ့ကြ၏။
ဂျပန်ဗုဒ္ဓဘာသာဝင်တို့ကမူ အရှင်မဟာကဿပ မထေရ်ကြီးသည် နောင်အခါ ကောမျို(Komyo)
ဟူသော ဘွဲ့အမည်ဖြင့် ပွင့်တော်မူမည့် ဘုရားရှင်တစ်ဆူဖြစ်သည်ဟု ယုံမှတ်ထားကြသည်။38
မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းဂန်ဖြစ်သော ဒိဗျာဝဒါနမာလာ39 နှင့် ဒိဗျာဝဒါန40 တို့တွင်
'မေတ္တေယျရှင်ပွင့်တော်မူသောအခါ ထိုကုက္ကုဋပါဒတောင်ခေါ် ဂုရုပဒတောင်သို့ ကြွလာပြီး
41
တရားဟောလိမ့်မည်' ဟုဖော်ပြထား၏။

34
S. Beal' Buddhistic Record of The Western World. 1884. page-143.
35
(၁) ရှင်သာရိပုတ္တ၊ (၂) ရှင်မဟာကဿပ၊ (၃) ရှင်အာနန္ဒာ၊ (၄) ရှင်သုဘူတိ၊ (၅) ရှင်ပုဏ္ဏ၊ (၆) ရှင်မောဂ္ဂလာန၊ (၇)
ရှင်ကစ္စာယာန၊ (၈) ရှင်အနုရုဒ္ဓာ (၉) ရှင်ဥပါလိ၊ (၁၀) ရှင်ရာဟုလာ- တို့ဖြစ်သည်။ A Dictionary of Buddhist Terms and
Concepts 1983. Page-250.
36
(၁) ရှင်မဟာကဿပ၊ (၂) ရှင်အာနန္ဒာ၊ (၃) ရှင်မဇ္ဈန္တိက၊ (၄) ရှင်သာဏဝါသ၊ (၅) ရှင်ဥပ္ပဂုတ္တ၊ (၆) ရှင်ဓရိတက၊ (၇)
ရှင်မိတ္တက၊ (၈) ရှင်ဗုဒ္ဓနန္ဒ၊ (၉) ရှင်ဗုဒ္ဓမိတ္တ၊ (၁၀) ရှင်ဖုဿ၊ (၁၁) ရှင်ပုညယသ၊ (၁၂) ရှင်အဿဃောသ၊ (၁၃) ရှင်ကပိမလ၊
(၁၄) ရှင်နာဂါဇုန၊ (၁၅) ရှင်အရိယဒေဝ၊ (၁၆) ရှင်ရာဟုလတာ၊ (၁၇) ရှင်သံဃနန္ဒီ၊ (၁၈) ရှင်သံဃယသ၊ (၁၉) ရှင်ကုမာရတ၊
(၂၀) ရှင်ဇယတ၊ (၂၁) ရှင်ဝသုဗန္ဓု၊ (၂၂) ရှင်မနောဟိတ၊ (၂၃) ရှင်ဟက္လေနနှင့် (၂၄) ရှင်အရိယသိံဟ- တို့ဖြစ်သည်။ A
Dictionary of Buddhist Terms and Concepts 1983. Page-489.
37
(၁)ရှင်မဟာကဿပ၊ (၂) ရှင်အာနန္ဒာ၊ (၃) ရှင်သာနဝါသ၊ (၄) ရှင်ဥပဂုတ္တ၊ (၅) ရှင်ဓရိတက၊ (၆) ရှင်မိက္ကက၊ (၇)
ရှင်ဝသုမိတ္တ၊ (၈) ရှင်ဗုဒ္ဓနန္ဒ၊ (၉) ရှင်ဗုဒ္ဓမိတ္တ၊ (၁၀) ရှင်ဖုဿ၊ (၁၁) ရှင်ပုညယသ၊ (၁၂) ရှင်အဿဃောသ၊ (၁၃)
ရှင်ကပိမာလ၊ (၁၄) ရှင်နာဂါဇုန၊ (၁၅) ရှင်အရိယဒေဝ၊ (၁၆) ရှင်ရာဟုလတာ၊ (၁၇) ရှင်သံဃနန္ဒီ၊ (၁၈) ရှင်သံဃယသ၊ (၁၉)
ရှင်ကုမာရတ၊ (၂၀) ရှင်ဇယတ၊ (၂၁) ရှင်ဝသုဗန္ဓရ၊ (၂၂) ရှင်မနောဟိတ၊ (၂၃) ရှင်ဟက္လေနနှင့် (၂၄) ရှင်အရိယသိံဟ၊ (၂၅)
ရှင်ဝသေသိတ၊ (၂၆) ရှင်ပုညမိတ္တ၊ (၂၇) ရှင်ပညာတာရ၊ (၂၈) ရှင်ဗောဓိဓမ္မ- တို့ဖြစ်သည်။ A Dictionary of Buddhist
Terms and Concepts 1983. Page-487.
38
A Dictionary of Buddhist Terms and Concepts. 1983. page-250.
39
Mitra’ Sanskrit Buddhist Literature of Nepal. 1882. Page-308.
40
Cowell and Neil(ed.)’ The Divyavadana. 1886, Page-61.
41
Dey' The Geographical Dictionary of Ancient and Medival India. 1971. Page-73.
ထိုဂုရုပဒတောင်၌ အရှင်မဟာကဿပ စံမြန်းရှိနေတော်မူပုံအကြောင်းနှင့် စပ်၍ လည်းကောင်း
အရှင်မဟာကဿပမထေရ်ကြီးသည် မေတ္တေယျရှင်ပွင့်တော်မူမည့် အချိန်ကို စောင့်နေသည်ဟူသော
အယူအဆနှင့်စပ်၍လည်းကောင်း၊ မြောက်ပိုင်း ဗုဒ္ဓစာပေများ အပါအဝင် စာပေအမျိုးမျိုးတို့တွင်
မူကွဲများစွာဖြစ်ပေါ်နေသည်ကိုတွေ့ရ၏။
ပမာပြရသော်-
၁။ အရှင်မဟာကဿပတည်ရှိရာတောင်ကို အချို့က ကုက္ကုဋပါဒတောင်၊42 အချို့က
ဝေဘာရတောင်၊43 အချို့က ဂုရုပါဒတောင်44 ဟုဖော်ပြကြ၏။
၂။ ထိုတောင်အတွင်း၌ အရှင်မဟာကဿပ၏ ဥတုဇရုပ်ကလာပ်တော်တည်ရှိသည်၊45 အချို့က
တေဇောဓာတ်လောင်ပြီးသော အရိုးတော်အပြည့်အစုံရှိသည်၊46 အချို့က ပရိနိဗ္ဗာန်မပြုသေးဘဲ
47
သက်ရှိထင်ရှား ရှိနေသည်- စသည်ဖြင့် ဖော်ပြကြ၏။
၃။ ထိုရှင်မဟာကဿပကိုယ်တော်က မေတ္တေယျရှင်အားလွှဲပြောင်းပေးအပ်ရမည့် သင်္ကန်းသည်
ဂေါတမမြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်၊48 အချို့က မိထွေးတော်ဂေါတမီလှူဒါန်းသော သင်္ကန်း-
49
ဟုဖော်ပြကြသည်။
ရှင်မဟာကဿပကိုယ်တော်ကြီးကို မြန်မာနိုင်ငံ၌ ရှင်သီဝလိ၊ အရှင်ဥပဂုတ်၊ ရှင်အင်္ဂုလိမာလ၊
ရှင်ပိဏ္ဍောလဘာရဒွါဇ50 စသော အရှင်မြတ်တို့ကဲ့သို့ တသီးတသန့်ကိုးကွယ်သောအလေ့မရှိခဲ့ပါ။
ပုဂံခေတ် အလောင်းစည်သူမင်းကြီးလက်ထက် (အေဒီ ၁၁၁၃-၁၁၆၂)တွင် သီဟိုဠ်မင်း51 ထံမှ
အရှင်မဟာကဿပဓုတင်ကျင့်နေပုံရုပ်ပွားတော်ကို ဆက်သလာ၍
52
ဖောင်တော်ဦး၌ထားလျက်ကိုးကွယ်ကြောင်း ရာဇဝင်မှတ်တမ်းများ၌ ဖော်ပြထား၏။
အလောင်းစည်သူမင်းကိုးကွယ် ပူဇော်ခဲ့သော ရှင်မဟာကဿပရုပ်ပွားတော်မှာ ဉာဏ်တော်အမြင့်
နှစ်မိုက် လေးသစ်ရှိပြီး အေဒီ ၁၈၈၉ ခုနှစ်မှစ၍ မန္တလေးမြို့၊ ရွှေကျီးမြင့်ဘုရားအရှေ့အာရုံခံဇရပ်ကြီး
ရှိဂန္ဓကုဋီအတွင်း၌ ကိန်းဝပ်စံပယ်လျက် တစ်နှစ်တစ်လျှင်ငါးကြိမ် ဂန္ဓကုဋီပြင်ပသို့ ပင့်ဆောင်ကာ
53
ဗုဒ္ဓဘာသာဝင် သူတော်စင်များကို ကြည်ညိုပူဇော်ခွင့်ပေးထားပါသည်။ ထိုရွှေကျီးမြင်ဘုရားအတွင်း

42
Eiteal’ Handbook of Chinese Buddhism. 1970. Page-78.
43
ပညာရောင်ခြည် ဘုရားရှိခိုးအမျိုးမျိုး။ ၁၉၉၀-ပြည့်နှစ်။ (စာမျက်နှာ-၆၁)။
44
James Legge’ A Record of Buddhistic Kingdoms. 1965. Page-92.
45
Eitel’ Handbook of Chinese Buddhism. 1970. Page-78.
46
S. Hardy’ Manual of Buddhism. Page-97.
47
W.E. Soothill’ A Dictionary of Chinese Buddhist Terms. 1934. Page-257.
48
ကဿပဗိမ္ဗဝန္ဒနာနှင့် မဟာသမ္ပိဏ္ဍနိဒါန။
49
S. Beal' Buddhistic Records of The Western World. 1884. Page-143.
50
C. Duroiselle’ Four Burmese Saints. ASI. 1922-23. Page 174-176.
51
ပေါလောန္နရုဝ၌ နန်းစိုက်သော ဝိကြမဗာဟုမင်း-၁ (အေဒီ ၁၁၁၁-၁၁၃၂)ဖြစ်သည်။ သီဟိုဠ်ရာဇဝင်၌ ဝိကုမ္ဗာ(Vikumva)
ဟုဖော်ပြထားသည်။ စူဠဝံသ။ ၆၂၊ ဂါထာ-၈။ Geiger(Tr.)’ Culavamsa. Part-I. 1953. Page-232.
52
ဦးကုလား၏ မဟာရာဇ၀င်ကြီး၊ ပထမတွဲ။ ၁၉၅၉-ခုနှစ်။ (စာမျက်နှာ-၂၂၃)။ မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ပထမတွ။ဲ
၁၉၉၃-ခုနှစ်။( စာမျက်နှာ-၂၉၀)။
53
မန္တလေးမြို့ ရွှေကျီးမြင်စေတီတော်နှင့် ဗုဒ္ဓအံတော်သမိုင်း။(စာမျက်နှာ-၃)။
အပူဇော်ခံထားရှိသော အလောင်းစည်သူမင်းကြီး၏ အရှင်မဟာကဿပရုပ်တုတော်ပုံမှာ
ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူပုံဖြစ်သည်။ မျက်နှာတော်မှာ ရွှေချလွန်း၍ ပိန်းနေသည်54။
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အဖို့ ပထမသံဂါယနာတင် အရှင်မဟာကဿပမထေရ်ကြီးသည်
ရဟန္တာမထေရ်ကြီးဖြစ်တော်မူရကား ဤဘဝတွင်ပင်ခန္ဓာဇာတ်ချုပ်သိမ်း၍ ပရိနိဗ္ဗာန်ပြုခဲ့ပြီး
အရှင်မဟာကဿပဟူသော အမည်နာမနှင့် ဂုဏ်ထူးဝိသေသမျှသာ ကြွင်းကျန်ခဲ့လေပြီဟု
ယူဆကြသည်။ သို့ပါ၍ ပရိနိဗ္ဗာန်ပြုပြီး ဖြစ်သော ထိုအရှင်မဟာကဿပမထေရ်ကြီး
တစ်ဖန်ပြန်၍ပေါ်လာလိမ့်ဦးမည်ဟူသော အယူအဆများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏
အယူအဆများ မဟုတ်နိုင်ကြောင်းကို တင်ပြလိုပါသည်။

ကဿပ(၃) (= အလောင်းတော်ကဿပ)
'ဝေဘာရတောင်၊ အလယ်ခေါင်၊ ထွန်းပြောင်ကဿပထေရ်နေရာ' ဟူသော သေလေးပါးလင်္ကာလာ
ဝေဘာရတောင်ရှိ အရှင်မဟာကဿပမထေရ်ကို မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်းတိုင်း မုံရွာခရိုင်၊
မဟူတောင်၌ ပျံလန
ွ်တော်မူခဲ့သော အလောင်းတော်ကဿပမထေရ်မြတ် ဖြစ်လိမ့်မည်ဟူသော
အယူအဆတစ်ရပ်ရှိနေပြန်ပါသဖြင့် အလောင်းတော်ကဿပမထေရ်၏အကြောင်းကိုလည်း
အနည်းငယ်ဖော်ပြလိုပါသည်။
မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၄)၌ မုံရွာမြို့၊ အနောက်မြောက်ရှိ အလောင်းတော်ကဿပ
တည်ရှိရာအရပ်ဒေသ အကြောင်းကိုဖော်ပြထားသည်မှာ-
မြန်မာနိုင်ငံတင
ွ် ထင်ရှားသော စေတီပုထိုးဘုရား များစွာရှိသည့်ဌာနများ အနက် မုံရွာခရိုင်ရှိ
အလောင်းတော်ကဿပသည် တစ်ဌာနဖြစ်သည်။ အလောင်းတော်ပဿပသည် မုံရွာမြို့
အနောက်မြောက်ဘက် မိုင် ၆၀ ခန့် အကွာ တောင်ကြီးတို့၏အကြား၌ တည်ရှိသည်။ တည်ရာအရပ်မှာ
လူနေနှင့် အလွန်ဝေးလံ၍ တောတောင် အလွန်ကြီးမားသော အရပ်ဖြစ်သည်။
အလောင်းတော်ကဿပသို့သွားရာတွင် မုံရွာမြို့မှလည်းကောင်း ကန္နီမြို့မှလည်းကောင်း၊
တောင်ခြေစခန်းရွာသို့ ကားဖြင့်သွားနိုင်သည်။ မုံရွာမှ ချင်းတွင်းမြစ်တစ်ဖက်သို့ကူး၍
ယင်းမပင်မြို့သွားလမ်းအတိုင်း ကားစီးသွားသော် မိုင် ၄၀ ဝေးသော တောင်ခြေစခန်းဖြစ်သည့်
သလောက်ရွာသို့ရောက်သည်။ သလောက်ရွာမှ အလောင်းတော်ကဿပအရောက် ခြေလျင်ခရီးဖြင့်
တောင်တတ်တောင်ဆင်း ၁၇ မိုင်သွားရသည်။ ကန္နီလမ်းမှသွားမူ တောင်ခြေစခန်းဖြစ်သော
ညောင်ပင်လယ်ရွာ သို့ မိုင် ၂၀ သွားရသည်။ ညောင်ပင်ရွာ မှလည်း သလောက်မှ တတ်သကဲ့သို့ပင်
တောင်တက်တောင်ဆင်း ၁၇ မိုင်သာသွားရသည်။ လူသူမနီးသော တောကြီးတောင်ကြီးလမ်းဖြစ်၍
အသွားအလာခက်ခဲသောကြောင့်ပင် ပိုမိုကျော်ကြားသည်ဟု ယူဆရပေသည်။
အလောင်းတော်သည် တောင်သုံးလုံ ဆုံရာအကြား အနိမ့်ကွက်လပ်တွင် တည်ရှိသည်။
အနောက်တောင်ဘက်တင
ွ် မဟူတောင်၊ နောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင်
ပုံတောင်ပုံညာတောင်၊ မြောက်ဘက်အလောင်းတော်နှင့် အကပ်ဆုံးတွင် ပုံတောင်ပုံညာတောင် အဆက်
ခေါက်လောက်တောင်ရှိသည်။ အချို့က စိတ်ကူးနှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ဝိုင်းနေသော ဝေပုလ္လ၊
ဝေဘာရ၊ ဂိဇ္ဈကုဋတောင်ဟု ဆိုကြသည်။
အလောင်းတော်တည်ရာ ကွက်လပ်ထိပ်အပြင်သည် အလျား ပေ ၁၀၀၊ အနံ ပေ ၆၀ ထက်ပိုမကျယ်ချေ။
အလောင်းတော်တန်ဆောင်းသည် နှစ်ဆောင်တြွဲ ဖစ်၍ အရှေ့မြောက်ဘက်အဆောင်တင
ွ်

54
ဟိန်းလတ်၏ ဒက္ခိဏသာခါ။ ၂၀၀၁-ခုနှစ်။ (စာမျက်နှာ-၁၇)။
အလောင်းတော်ရှိသည်။ အနောက်တောင်ဘက်အဆောင်သည် အာရုံခံဖြစ်သည်။ တန်ဆောင်း ၂
ဆောင်တွသ
ဲ ည် အလျားပေ ၃၀၊ အနံ ၄၂ ပေခန့်ရှိသည်။ အာရုံခံတန်ဆောင်းဘက်၌ ယခုအခါ
ကြေးစည်ကြီးငယ် အလုံးပေါင်း ၈၀ ဆွခ
ျဲိတ်ထား၍ တန်ဆောင်းအနီးတွင် ခေါင်းလောင်းကြီး သုံးလုံးနှင့်
စေတီငယ်တစ်ဆူရှိသည်။
တန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်မှာ ဘုရားပုံတော်မဟုတ်၊ ရဟန္တာပုံဖြစ်၍ ရောင်တော်မပါချေ။
အုတ်ရိုးအင်္ဂတေပုံတော်ဖြစ်၍ ရွှေချထားသည်။ ပုံတော်သည် လက်ယာနံတောင်းဖြင့် လျောင်း၍
လက်ယာလက်ကို ပက်လက်ဖြန့်ကာ ခေါင်းအုံးလျက် အနောက်မြောက်သို့ဦးခေါင်းပြုထားသည်။
လျောင်းစက်နေသည့် လျောင်းတော်မူပုံတော်မဟုတ်ပဲ ပရိနိဗ္ဗာန်စံတော်မူသည့် ပုံတော်မျိုးဖြစ်သည်။ အလျား
(၁၅) ပေ (ဆယ်တောင်) မျှရှိသည်။55 တန်ဆောင်းအတွင်း အလောင်းတော်၏ ခေါင်းရင်းဘက် ရှေ့နားတွင်
မတ်ရပ်တော်တစ်ဆူရှိ၏။ အလောင်းတော်၏ အနောက်မြောက်ယန
ွ်း အထက်စောင်းတန်းကုန်းမြင့်ပေါ်တွင်
မေတ္တာရေတွင်းရှိသည်။ စောက်ငါးတောင်ခန့်၊ ရေနေ တစ်တောင်ခန့်ရှိသည်။ ရေမပြတ်ထွက်နေသဖြင့်
သောက်ချိုးမကုန်ဖြစ်၏။ အချို့က ဂိဇ္ဈကုဋ်တောင်ဟုခေါ်သော မဟူတောင်တင
ွ် လုံးပတ် အတောင် ၂၀
ခန့်ရှိသော ကျွန်း ပင်မောင်နှမရှိသည်။ အလောင်းတော်တည်ရှိရာ ကုန်းပြင်အောက်သို့ တောင်ဘက်မှ
ချောင်းမကြီးခေါ်တောင်ကြားချောင်းသည် စီးဝင်ငုတ်လျှိုးသွားပြီးလျှင် မြောက်ဘက်မှပြန်ထွက်၍
နောက်ဆုံးချင်းတွင်းမြစ်သို့စီးဝင်သည်။
ထိုရေချောင်းကုန်းပြင်အောက် ဝင်ရာအဝ (တောင်ဘက်ပေါက်)ကို အထက်ရေစပြစ်ခေါ်၍၊ ထွက်ရာအဝ
(မြောက်ဘက်ပေါက်)ကို အောက်ရေစပြစ်ခေါ်သည်။ ထိုအဝနှစ်ခုအကြား ချောင်းငုတ်နေသောအကွာကား ပေ
၁၅၀ ကျော် ၂၀၀ နီးပါးရှိသည်။ ဘုရားဖူးများသည်။ ဓိဋ္ဌာန်၍ ဆွမ်းတော်ပွဲများကို အထက်ရေစပြစ်မှ
မျှောချလိုက်သောအခါ ဆွမ်းတော်ပွဲသည်ငုတ်သွားသော ချောင်းထဲသို့ ရေစီးအလိုက်ပါသွားရာတွင်
အောက်ရေစပြစ်မှထက
ွ်လာသောအခါ ဆွမ်းများပါမလာတော့ပဲ ခွက်ချည့်ထက
ွ်လာသည်ဟု ရှေးအခါက
ဆိုကြသသည်။
စင်စစ်ထိုချောင်းသည် တောင်ကျချောင်းဖြစ်၍ ရေစီးမြန်ပြီးလျှင် အကွေ့အကောက်နှင့်ထိမိခိုက်မိစရာ
အစွန်းများရှိသည်။ ဆွမ်းတော်ပွဲ၌ ပါသမျှ တိုက်မိခိုက်မိ၍ တိမ်းစောင်းကာ ရေထဲကျကျန်ရစ်ပြီး
ရေပေါ်၌ပေါ်သောခွက်သာ ပြန်ထွက်လာခြင်းဖြစ်သည်ဟု ထင်မြင်ချက်ပေးကြသည်။ သို့ရာတွင်
ယခုအခါထိုချောင်းသည် ဆွမ်းတော်ပွဲမျှောချလောက်အောင် ရေမများသည့်အပြင် ကျောက်လှိုင်ဂူအဝ၌
ကျွန်းသစ်လုံးများ ပိတ်ဆို့နေလေသည်။ အေဒီ ၁၉၂၀-ပြည့်နှင့်လောက်အထိမူ ထိုချောင်းထဲသို့
သစ်တောဖက်မှ သစ်လုံးငယ်များမျှောချကြောင်း ဆိုကြသည်။ ၁၉၃၈-ခုနှစ်က ဘုရားဖူးရောက်သော
ခရီးသည်တစ်ဦး၏ မှတ်တမ်း၌ ထိုချောင်းကို ဟိုဘက်သည်ဘက်ပေါက် သွားလိုသူများအား ရွှေကြိုများက
ခေါ်ဆောင်ပို့ပေးကြကြောင်း ချောင်း၏ အကျဉ်းဆုံးနေရာသည် ဆယ်ပေခန့်ရှိ၍ အချို့နေရာ၌ ရေနက်သဖြင့်
ကိုယ်ဖော့သွားရကြောင်းဖြင့်ဆိုသည်။
အထက်ရေစပြစ်အဝင်၏ အထက်အပေါ်တွင် ရှင်သူငယ်ပေါက်ခေါ် အပေါက်ငယ်တစ်ခုရှိသည်။
အတောင် ၂၀ ခန့်ဝင်မိလျှင် ကျောက်သားပိတ်၍ တွင်းခေါင်းဆုံးလေသည်။ ထိုပိတ်နေသော
56
ကျောက်ခေါင်းထဲတွင် ကဿပအလောင်းတော်အစစ်ရှိသည်ဟု အယူရှိကြသည်- ဟုဖြစ်သည်။

55
ထိုပုံတော်ကို ဦးဖိုးကျား၏ အလောင်းတော်ကဿပ။ ၁၉၇၃-ခုနှစ်။ စာမျက်နှာ-၆၆ ၌ ဖော်ပြထားသည်။ ထိုပုံတော်နှင့်
ဆင်တူသော ရုပ်တုတော်မျိုးကို ပုဂံမြို့၊ ဓမ္မရံကြီးဘုရား (ဘုရားအမှတ်-၇၇၁) ၏ အနောက်ဘက်မုခ်အနီး နံရံ၌လည်းကောင်း၊
ဇင်းကျိုက်မြို့၊ ကေလာသ ဆံတော်ရှင်၌ (သေဏနှင့် ဥတ္တရမထေရ်တို့၏ ရုပ်တုတော်) လည်းကောင်း တွေ့ရသည်။
56
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၄။ ၁၉၇၅-ခုနှစ်။ (စာမျက်နှာ-၂၇၅)။ လွန်ခဲ့သော ၁၉၃၈-ခုနှစ် အမျိုးသားပညာဝန်ဦးဖိုးကျား၏
အလောင်းတော်ကဿပသို့သွားသော ခရီးစဉ်နှင့် တွေ့မြင်ခဲ့ရပုံများကို ဦးဖိုးကျား အလောင်းတော်ကဿပ။ ၁၉၇၃-ခုနှစ်။
(စာမျက်နှာ-၁၄၊ ၅၁)နှင့် ၁၉၉၄-ခုနှစ်က ဝင်းမောင်(သမိုင်း) အလောင်းတော်ကဿပသို့သွားခဲ့ပုံ တို့ကို ဝင်းမောင်၏
အလောင်းတော်ကဿပလမ်းကြောင်း သမိုင်းကြောင်း (ဆောင်းပါး)။ ဓမ္မရုပ်စုံစာစောင်။ အမှတ်-၉။ ၁၉၉၄-ခုနှစ်။
(စာမျက်နှာ၄၈-၄၅) စသည်တို့၌ကြည့်ပါ။
မြန်မာစာပေနှင့် ပေါင်လောင်ရှင်ကဿပ
ပေါင်လောင်ရှင်ကဿပအကြောင်းကို ရှေးခေတ်မြန်မာစာပေမှတ်တမ်းများ၌ ရေးသားထားကြပုံကို
ဆက်လက်ဖော်ပြပါဦးမည်။
ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက် (အေဒီ ၁၈၁၉-၁၈၃၇)တွင် ထင်ရှားသော
ဒုတိယနဝဒေးဘွဲ့ခံ ဝက်မစွက်မြို့စားဦးနု(အေဒီ ၁၇၅၆-၁၈၄၀)၏ ဣသျှံဂူမော်ကွန်း(အပိုဒ်-၂၃)၌
အလောင်းတော်ကဿပသည် ပုဂံခေတ် နရပတိမင်းလက်ထက်(အေဒီ ၁၁၇၄-၁၂၁၁)တွင် ပေါ်ထွန်းခဲ့ပြီး
အကျင့်သီလနှင့် ပြည့်စုံသောကြောင့် မိကျောင်း၊ ကျားစသည့် နတ်များဖန်တီးပေးသောယာဉ်ကို စီးနင်း၍
သွားလာနိုင်ကြောင်းကို-
ဆယ်ကြိမ်အရိယ၊ မြတ်ဓမ္မဟု၊ သံဝရတရား၊ လေးပါးရှုအီ၊ စတုသီဖြင့်၊ ရှင့်ညီတော်နောင်၊
ပေါင်လောင်ကဿပ၊ ထေရိန္ဒနှင့်၊ နရပတိ၊ မင်းကြီးဘုန်းတော်နှိုးဆော်ဘိအား၊ တရားထုံးဟောင်း၊
ရှေးဖြစ်ကြောင်းကို၊ မြတ်ပေါင်းရှင်ပင်၊ ဉာဏ်တော်မြင်၍၊ ရာဇဝင်ပြန့်၊ သည်တင
ွ်တန့်လျက်၊ ရွှေနန့်ကျက်သရေ၊
ညွန့်ဖြိုးဝေစိမ့်၊ ဝေးမြေရပ်ရွာ၊ ဒေသစာတိ၊ ရေလားကြည်းလား၊ မိကျောင်းကျားဖြင့်၊ တရားခရီး နတ်ယာဉ်စီး၍၊
ရှာမှီးကြည်ညို၊ ထေရ်ပုဂ္ဂိုလ်-57 ဟုဖော်ပြထားပါသည်။
မုံရွေးဇေတဝန်ဆရာတော်(အေဒီ ၁၇၆၆-၁၈၃၄)၏ စေတီယကထာကျမ်း၌-
ပလောင်ရှင်မဟာကဿပမထေရ်လည်း ကျောက်ရစ်၊ ပရိမ္မ၊ အနိမ့်၊ အမြင့်၊ မြေတူး၊ ယောမြို့၊ မြင်းမူ
စသည်တို့၌ ၃၇ ဆူသောဘုရားတို့ကိုတည်တော်မူ၏။ ပျံလန
ွ်တော်မူရာ အရပ်ကိုလည်း
ရှင်မဟာကဿပသင်္ချိုင်းတော်ဟူ၍ တွင်ရစ်၏။ ဆင်ယင်မြို့ ဘုန်းကြီးက အုတ်ကို အလောင်းတော်ထုလုပ်၍
ထားသည်ကို မပြတ်ပင်ဖူးမြော်မည်ဟု သွားကြ၏။ ယခုအခါ သူတချို့ကား သာဝကအဝင်
အရှင်မဟာကဿပအလောင်းတော်ပင် တောင်သုံးလုံးကြားမှာရှိသည်ဆိုသော ဥဒါန်းစကားကိုမှီး၍ ရဟန္တာ
အရှင်မဟာကဿပသင်္ချိုင်းတော်ပင် ဖြစ်သည်ဟု ထင်မှတ်ကြသည်-58 ဟုဖော်ပြထား၏။
မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြံ(မောင်းထောင်သာသနာပိုင်) အေဒီ ၁၈၃၁ တွင်ပြုစုသော
သာသနာလင်္ကာရစာတမ်း၌ ပေါင်လောင်ရှင်ကဿပအကြောင်း ရေးသားထားသည်မှာ-
နရပတိစည်သူမင်းကြီးလက်ထက်(အေဒီ ၁၁၇၄-၁၂၁၁)တွင် ရှင်ကဿပသည် ပေါင်လောင်အရပ်သို့
ဒေသစာရီလှည့်ပတ်သည်ကာလ ပေါင်လောင်အကြီးတို့က ပေါင်လောင်ငယ် နှစ်ယောက်59ကို
အလုပ်အကျွေးအပ်လှူ၍ ပေါင်လောင်လူမျိုးတို့ ကိုင်းညွှတ်သောကြောင့် ပေါင်လောင်ရှင်ဟုတင
ွ်လေသည်။
ကဿပသည် သီဟိုဠ်သို့သွားလိုလျှင် နတ်သိကြားတို့ ကျားယောင်ဖန်ဆင်း၍ တင်ပို့သည်။60 ရံခါလည်း
သင်္ဘောစီး၍သွားသည်။ တရံရောအခါ သင်္ဘေစီး၍ လိုက်လေလျှင် ပင်လယ်ရေပြင်တွင် သင်္ဘောမသွားပဲ
ရပ်တန့်ခဲ့၍ မသူတော်ပါချေပြီဟု စာရေးတံကောက်ကြသော် ရှင်ကဿပကိုသာ သုံးကြိမ်တိုင်အောင်
စာရေးတံကျလေရကား သင်္ဘောကချကြလေ၏။ ထိုသို့ချသည်ကို မိကျောင်းကျောက်ထက်တင်၍
သီဟိုဠ်သို့ရောက်အောင် ပို့လေ၏။ ဘီလူးကျွန်းသို့ ဒေသစာရီလှည့်ပတ်သည်တင
ွ်လည်း

57
ဝက်မစွတ်နဝဒေး၏ ဣသျှံဂူမော်ကန
ွ်း။ ၁၉၆၆-ခုနှစ် (စာာမျက်နှာ-၄၅)
58
မုံရွေးဇေတဝန်ဆရာတော်၏ စေတိယကထာ (ရာဇဝင်ချုပ်)။ လက်နှိပ်စက်မူ။ (စာမျက်နှာ-၁၅)
59
ငညိုသင် (ငညိုတင်) နှင့် ငတပင်(ငသဘင်)- တို့ကို ဆိုလိုသည်။ ဤပေါင်လောင် ညီနောင် ၂ ဦး၏ ရုပ်တုကို စစ်ကိုင်းတိုင်း၊
မြောင်မြို့နယ်၊ ကျောက်ရစ်ရွာ၊ ရွှေပေါင်လောင်ဘုရားကြီးနှင့် ချောင်းဦးမြို့နယ် တောကျောင်းကြီးရွာရှိ ရွှေဂူကြီး ဘုရားတို့၌
တွေ့နိုင်သည်။
60
ပေါင်လောင်ရှင်ပဿပ ကျားစီးပုံ၊ မိကျောင်းစီးပုံရုပ်တုတို့ကို မြောင်မြို့နယ်၊ ကျောက်ရစ်ရွာ၊ ရွှေပေါင်လောင်ဘုရားနှင့်
ချောင်းဦးမြို့နယ် တောကျောင်းကြီးရှိ ရွှေဂူကြီးဘုရားတို့၌ တွေ့နိုင်သည်။
ဘီလူးမျက်မမြင်တို့အား မေတ္တာရေချမ်းပေး၍ မျက်မြင်စေ၏။ ထိုသို့သော ကျေးဇူးကြောင့် ငရမန်၊ ငတင်ကျည်း
ဟူသော ဘီလူးညီအစ်ကို ၂ ယောက်ကို ဘီလူးတို့က အပ်လှူလိုက်သည်။61 သီဟိုဠ်မဟာစေတီပုံ,
လောဟပါသာဒပုံ၊ ဓာတ်တော်မွေတော် မဟာဗောဓိညောင်ရွှေတော် အစေ့များကို ဆောင်ခဲ့သည်ဟု
62
ကျောက်စာရှိသည်- ဟုဖြစ်သည်။
ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက် (အေဒီ ၁၈၅၃-၁၈၇၈)၌ ထင်ရှားခဲ့သော
စလေဦးပုည(အေဒီ ၁၈၁၂-၁၈၆၇)၏ ဆွမ်းတော်ကြီးစာတမ်း၌-
ပင်လယ်သမုဒ္ဒရာ၊ တဘက်မှာသို့၊ ဒေသစာမညို၊ ကြွတုံလိုက၊ အကိုလျောင်းလျောင်း၊ မိကျောင်းကျားကြီး၊
ကျောက်ထက်စီး၍၊ ခရီးသွားစမှတ်ပြုသော၊ ဓနုပလောင်တို့သခင်၊ ပေါင်းလောင်းရှင်ရဟန္တာမဟာကဿပ၊
ဈာန်ရဘုန်းလျှံ၊ မထေရ်ပျံ-63 စသည်ဖြင့် ပြဆိုထားပါသည်။
သေက္ချတောင်ဦးတိလောက(အေဒီ ၁၈၇၁-၁၉၂၀?)၏ တိုင်းကြီးသောဠသကမ္ဘာမြေပုံကျမ်းတွင်-
အညာချင်းတောင်မှာ အလောင်းတော်ကဿပဆိုတာ ပလောင်ကဿပဖြစ်သည်။ ဘုရား
လက်ထက်တော်ကရှိသော အရှင်မဟာကဿပမဟုတ်ဘူး၊ ရဟန္တာပလောင်ကဿပ-ပရိနိဗ္ဗာန်စံတဲ့နေရာမှာ
ဒကာဥပါသကာများရုပ်ပွားတော်ပြုလုပ်၍ ကိုးကွယ်တည်ထားကြသည်-64 ဟုရေးသားခဲ့ပါသည်။
အမျိုးသားပညာဝန်ဦးဖိုးကျား (အေဒီ ၁၈၉၁-၁၉၄၂)၏ အလောင်းတော်ကဿပစာအုပ်၌
ဖော်ပြထားသော ပေါင်လောင်ရှင်ကဿပ၏ အကြောင်းကို အကျဉ်းချုံး၍တင်ပြရလျှင်-
သက္ကရာဇ် ၅၃၆-ခုနှစ် (အေဒီ ၁၁၇၄-ခုနှစ်) ပုဂံပြည် နရပတိစည်သူမင်းလက်ထက်၊ ချင်းတွင်းမြစ်ကြီး၏
အနောက် ပခန်းကြီး(ကူးခန်းကြီး) မြို့အရှေ့ ကူနီနဝင်းရပ်၌ ပေါင်လောင်ရှင်ကဿပ၏
မိဖများနေထိုင်ကြသည်။ ရှင်ကဿပမွေးလျှင်မွေးချင်း ထိုအရပ်သို့
ယောနယ်ကပေါင်လောင်များဝင်ရောက်တိုက်ခိုက်ကြပြီး ရှင်ကဿပ၏ ဖခင်ကို ဖမ်းသွားကာ မိခင်ကို
သတ်ခဲ့ကြ၏။ ရှင်ကဿပ၏ဖခင်သည် သူပုန်လက်မှ ပြန်လတ
ွ်လာပြီး မိတဆိုးရှင်ကဿနှင့်အတူ နေရာမှ
ပေါင်လောင်နယ်သို့ ခိုဝင်ခဲ့ကြ၏။ ထိုသို့ ပေါင်လောင်အရပ်၌ပင် ရှင်ရဟန်းဖြစ်ကာ ပုဂံနေပြည်တော်သို့
ပြောင်းလာခဲ့၏။ ပေါင်လောင်အရပ်မှ ကြွလာသော ရှင်ကဿပဖြစ်၍ ပေါင်လောင်ရှင်ကဿပဟု ခေါ်ကြ၏။
ပုဂံ၌နေစဉ် သီဟိုဠ်သို့ကြွသွားဖူး၏။ တဖန် ပခုက္ကူအနောက် မိုင် ၂၀ ခန့်ဝေးသော
ကျောက်စရစ်(ကျောက်ရစ်)၌ ကျောင်းထိုင်နေခဲ့ဖူး၏။ ထိုကျောက်စရစ်(ကျောက်ရစ်) ကျောင်းအနီး
ရွှေမုဋ္ဌောဘုရား၌ ရှင်ကဿပ၏ မိကျောင်းစီးနေပုံ ရုပ်တု၊ ကျားစီးနေပုံရုပ်တု များရှိ၏။ ပုဂံမြို့တွင်
မင်းနန်သူအရပ်၌နေကာ ထိုအရပ်ကို ယခုတိုင် ကဿပအစုဟု ထင်ရှားနေ၏။ ရှင်ကဿပသည် စလင်း၊
ပခန်း၊ အနိမ့်၊ အမြင့်၊ မြင်းမူ၊ ဘားတောင်မ၊ မြေတူး၊ ဒီးပယင်း၊ ဖိုဝင်တောင်၊ စသောနေရာများတွင်
ဘုရားတည်ခဲ့ကြောင်း၊ပုဂံ၌နေစဉ် ပရမတ္ထဗိန္ဓုဋီကာနှင့် မဟာဗောဓိဝင်ဋီကာကျမ်းကိုရေးသားခဲ့ကြောင်း၊
သီဟိုဠ်သို့ကြွစဉ်က အပြန်တွင် ဗောဓိပင်များယူလာပြီး စိုက်ပျိုးသဖြင့် မြန်မာနိုင်ငံ ဗောဓိပင်များကို ရှေးဦးစ၍
စိုက်ပျိုးသည်ဟုလည်း သမိုင်းတွင်ခဲ့ပါသည်။ ရှင်ကဿပသည် သာသနာပြုခရီးကြွစဉ်မှာ လမ်းခရီးဖြစ်သော
မဟူတောင်အဆုံအရပ်၌ ပျံလန
ွ်၍ ကိုးကွယ်သူဒကာ, ဒကာမများက ကောင်းစွာသင်္ဂြိုဟ်ကြပြီး အထိမ်းအမှတ်

61
ငရမန်နှင့် ငတင်ကျည်း ဘီလူးညီနောင် ရုပ်တုကို စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာ၊
ရွှေပေါင်လောင်ဘုရားကြီးနှင့် ချောင်းဦးမြို့နယ် တောကျောင်းကြီးရွာရှိ ရွှေဂူကြီး ဘုရားတို့၌ တွေ့နိုင်သည်။
62
မဟာဓမ္မသင်္ကြံ၏ သာသနာလင်္ကာရစာတမ်း ၁၉၅၆-ခုနှစ်။ (စာမျက်နှာ-၁၁၃)။
63
စလေဦးပုည၏ ဆွမ်းတော်ကြီးစာတမ်း။ ဦးပုညစာပန်းကုံးများ-၂။ ၁၉၉၁-ခုနှစ်။ (စာမျက်နှာ-၁၆၀)။
64
သေက္ချတောင် ဦးတိလောက၏ တိုင်းကြီးသောဠသကမ္ဘာမြေပုံကျမ်း(အကျဉ်း)။ ၁၉၂၄-ခုနှစ်။ (စာမျက်နှာ-၁၀)။
အလောင်းတော်သဏ္ဌာန်ရုပ်တုတစ်ဆူ ပြုလုပ်ထားခြင်းဖြစ်သည်။ ရှေးမင်းအဆက်ဆက်
65
ဤအလောင်းတော်ကဿပနေရာကို စောင့်ရှောက်ခဲ့ကြပါသည်- ဟုဖြစ်သည်။
ထိုပေါင်လောင်ရှင်ကဿပအကြောင်းကို သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏
မဟာကဿပဂိုဏ်းစာတမ်း၌ ဖော်ပြထားသည်မှာ-
အေဒီ-၁၃၈၈ တွင်ရေးထိုးသော ကျောက်စာ (စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာ၊
ရွှေပေါင်လောင်ဘုရား (၄) မျက်နှာကျောက်စာ၊ အရှေ့မျက်နှာ/ ၉၊ သကရစ် ၇၅၀)တွင် ဇာတာခွင်နှင့် တကွ
ငပေါင်လောင်သင်အမည်ရှိသော သျှင်မဟာကဿပသည် အေဒီ-၁၁၆၉ တွင် မွေးသည်ဟု သိရ၍
အခြားကျောက်စာတစ်ခု (ဓာတ်ပုံ-၄၇၄/၇၊ သကရစ် ၇၀၆)၏ အဆိုအရ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ယခု
ပရိမ္မခေါ်သော ပရိမ်လျှင် ဖွားရာဇာတိရှိသည်ဟု သိရပါသည်။ ပညာအရည်အချင်းအားဖြင့်
'ငပေါင်အ်လောက်အ်သင် မဟာကဿပကး ပိတကတ်ကိုဝ် အလွန်တတ်ရုယ်'
ဟုအခြားကျောက်စာတခု(အနိမ့်တောကျောင်း ရွှေကူကျောက် ၂/၃၊ သကရစ် ၇၄၈)၌ ဘတ်ရပြန်သည်။
ဂုဏ်သိက္ခာအားဖြင့် 'ဖုရာမ္လတ်စွာတော်တမူ၏ တပေအ်သော မဟာကဿပနှင့် တူလကျည်သောဝ်
မဟာကဿပ ငပေါင်လောင်သင်' ဟု (မနိမ့်တောကျောင်း ရွှေကူကျောက် ၅/၂/၁၊ သကရစ် ၇၄၀)
ဟုတွေ့ရသည်။ ဤပုဂ္ဂိုလ်သည်ပင်လျှင် မိမိမွေးဖွားပြီးသည် သကရစ် ၅၃၁ (အေဒီ-၁၁၆၉)မှ လွန်၍
အနှစ်နှစ်ရာကျော်လျှင် တအံ့တသြပြောစရာ ပုဂ္ဂိုလ်ထူးဖြစ်၍လာပါသည်။ xxxအရညဝါသီတောကျောင်းဂိုဏ်း
သို့မဟုတ် အရည်းဂိုဏ်းကို တည်ထောင်သူ မဟာကဿပ အမည်ရှိ ငပေါင်လောင်သင်သည် အသက် ၁၀၃
သို့မဟုတ် ၁၀၉ အထိနေပြီးမှ ပျံလန
ွ်သည်ဟု ယူဆရပါမည်။ ယင်းဆရာတော်တည်ထောင်သော ဂိုဏ်းလည်း
အေဒီ-၁၅၀၀ ကျော်သည့်တိုင်အောင် ဆက်လက်၍ ကြီးပွားထွန်းကားသည်ဟု ရဲဝန့်စွာမှတ်သူနိုင်ပါသည်-66
ဟူ၍ဖြစ်သည်။

65
ဦးဖိုးကျား၏ အလောင်းတော်ကဿပ။ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ ၁၁၃-၁၂၇)။ ဦးဣန္ဒောဘာသ(ဦဆောင်)၏
ရွှေပေါင်လောင်မြတ်စွာ ဘုရားကြီး၏ သမိုင်းစာအုပ်ပါ ပေါင်လောင်ရှင်ကဿပ၏ ဖြစ်တော်စဉ်ကိုလည်း ကြည့်ပါ။
66
ဒေါက်တာသန်းထွန်း၏ မြန်မာရာဇဝင်စာတန်း၊ အမှတ်-၁။ ၁၉၆၉-ခုနှစ်။ (စာမျက်နှာ-၁၃၄၊ ၁၃၆)။ ဒေါက်တာသန်းထွန်း၏
မဟာကဿပဂိုဏ်း(စာတန်း)။ JBRS. Vol. XLII. Part II. 1959. Page-96,98,117.
ပေါင်လောင်ရှင်ကဿပလေ့လာချက်
ပေါင်လောင်ရှင်ကဿပသည် သီရိလင်္ကာမှ ပင့်ဆောင်လာသော ဓာတ်တော်မွေတော်တို့ဖြင့်
အထက်မြန်မာနိုင်ငံ မြို့ရွာအနှံ့စေတီပုထိုးများစွာ တည်ခဲ့ရာ၊ (၃၇)ဆူခန့်ရှိသည်ဟု သိရ၏။67
ထိုစေတီတို့တွင်- ကမ်းနိမ့်တောကျောင်းကြီးရွာတွင် ရွှေဂူကြီးကျောင်းတိုက်ကြီးနှင့်
စေတီတော်မြတ်ကြီး၊ အမြင့်တောကျောင်းတွင်တစ်ဆူ၊ ကျောက်ရစ်ရွာတွင် သမ္ဗုတိဘုရားခေါ်
ရွှေပေါင်လောင်ဘုရားကြီး၊ နွားမလဲဂူဘုရား၊ မြောင်မြို့နယ် နဘတ်ရွာရွှေသိမ်တော်ဘုရား၊ နဘတ်ရွာ
ပေါ်တော်မူဘုရား၊ ငမြှောင်တောင်ရွာ ရွှေသိမ်တော်ဘုရား၊ ပရိမ္မတောကျောင်းဘုရား၊
ရှင်ပင်ရွှေပေါင်လောင်ဘုရား၊ စစ်ကိုင်းနယ် ဆားတောင်မရွာ တောကျောင်းဘုရား၊
ဒီပဲယင်းတောကျောင်းဘုရား၊ တန့်ဆည်မြို့တယ်(ရှေးက မြေဒူမြို့နယ်) နဘတ်ကြီးရွာတောကျောင်း
ငွေခွက်သွက်ဘုရား (ရှစ်မျက်နှာဘုရား) ရေစကြိုမြို့နယ် ဂူနီ နဝင်းရွာ(ကိုကြီးကျော်နန်းအနီးရွာ)
မယ်တော်ကိုယ်စား စေတီတစ်ဆူ (ရွှေမုဋ္ဌောစေတီအနီး)၊ ခမည်းတော်ကိုယ်စား စေတီတစ်ဆူ
(သိမ်တိုက်တောကျောင်းအတွင်း)၊ ပခုက္ကူမြို့ ပေါင်လောင်ရှင်ရပ်ကက
ွ်ရှိ ပေါင်လောင်ရှင်ဘုရား (ရှေးက
မြစ်ကိုင်းရွာဦး)၊ ပုဂံမင်းနန်သူရွာ လေးမျက်နှာဘုရား၊ မင်းနန်သူကျောင်းတိုက်မှ အရှေ့ကဿပဘုရားနှင့်
အနောက်ကဿပ၊ ပုဂံရွှေစည်းခုံဘုရားအနီးတစ်ဆူ၊ မြင်းခြံမြို့ ရွာမှိုင်း(ရကိုင်း) ရွာသိမ်တော်ရှင်ဘုရား၊
ချောက်ဘုရားလှ၊ ကန်စွန်းအိုဘုရား၊ သိကြားတောင်ဘုရား၊ စာကြိုရွာဘုရား၊ ကျေက်မြေရွာဘုရား၊
ပေါက်မြို့နယ်(ယောနယ်) ညောင်ဝန်ရွာ ယောရွှေပေါင်လောင်ဘုရား၊ ထန်းဘိုတောကျောင်းဘုရား၊
ကန်းတူတောကျောင်းဘုရား၊ ဝင်မနားတောကျောင်းဘုရား၊ ဖိုးငံတောကျောင်းဘုရား၊
ထိန်တောကျောင်းဘုရား၊ ဆားလင်းကြီးမြို့နယ် တုံရွာတောကျောင်းသိမ်ဘုရား၊ တုံရွာတောကျောင်း
ရွှဥမင်ဘုရား၊ တရားရွာ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ယင်းမပင်မြို့နယ် မင်းစုရွာတောကျောင်းဘုရား၊
ကျောက်မြက်ရွာ ရွှေမြင်တင်ဘုရားကြီး၊ ရေပုတ်ရွာ ရေပုတ်ဘုရားကြီး၊ တံတားဦးမြို့နယ် မြေငူပုဏ္ဍားခြံရွာ
ရှင်ပင်ထိန်လင်းဘုရား- တို့ပါဝင်သည်။
ထိုဘုရားများတွင် မြင်းခြံခရိုင်မြောက်ဘက် ဆီမီးဒုံမြို့အပိုင် ကျားတိုင်းအုပ်စု သိမ်ရွာရှိ
ကလျာဏီသိမ်တော်နှင့် ထိုသိမ်တော်ရင် ဂန္ဓကုဋိတိုက်အတွင်းရှိ ပေါင်လောင်ရှင်ကဿပ
ရုပ်တုတော်မှာလည်း ထူးခြားလှပေသည်။ ထူးခြားပုံမှာ- ထိုသိမ်အတွင်းရှိ အရှင်ကဿပရုပ်တုသည်
ဉာဏ်တော်အမြင့် တစ်တောင်ခန့်ရှိသည်။ ကျားပေါ်တွင်ထိုင်တော်မူ၍ မိကျောင်းပေါ်တွင်
ခြေတော်နှစ်ဖက်တင်ထားဟန်ဖြစ်သည်။ ယာဘက်လက်၌ ယပ်ကိုကိုင်ပြီး ပခုံးပေါ်ထမ်းတင်ထား၏။
လက်ဝဲလက်၌ တောင်ဝှေးကိုကိုင်၍ မိကျောင်းကျောပေါ်တွင် ထောက်ထားသည်။
သိမ်ရွာအနီး ကျားထိုင်ရွာ ၊ မရိုးကုန်းရွာ၊ ကျောက်ကုန်းရွာ၊ ဆင်းရွက်ရွာ၊ အစရှိသော ရွာတို့မှ
ရွာသူရွာသားတို့သည် 'ကျိန်ချင်လျှင် သိမ်ဝင်မလား၊ စိန်ခေါ်လျှင် သိမ်တော်ရင်သွား' ဟူသော

67
ဦးဓမ္မသာ(ဦးဆောင်)၏ ပေါင်လောင်ရှင်မဟာကဿပ၏ မူလမဟာအောင်မြေ တော်ကျောင်းတိုက်တာကြီးနှင့်
ရွှေဂူကြီးဘုရားသမိုင်း။ ၁၉၉၉-ခုနှစ်။ (စာမျက်နှာ-၃၂)။
စကားဆောင်ပုဒ်ဖြင့်ထိုသိမ်တော်ရင်ဘုရား ဂန္ဓကုဋိအတွင်းရှိ မိကျောင်းစီးဟန် ပေါင်လောင်ရှင်ကဿပ၏
ရုပ်တုအရှေ့တွင် အမှုစစ်ဆေးကာ နှစ်ဖက်ပုဂ္ဂိုလ်တို့ ကျိန်ဆိုပြောကြားကြလျှင်၊ မမှန်ထက
ွ်သူတို့
လက်ငင်းမကြာဘေးသင့်ကြကြောင်း ပြောစမှတ်ရှိလေသည်။68
ရွာ၌ရောဂါအန္တရာယ်တစ်စုံတရာ ကျရောက်လျှင် မိုးနည်းမိုးခေါင်လျှင် အပူရှိန်လွန်လျှင်
ထိုရှင်ကဿပရုပ်တုကို မိမိတို့ရွာ သို့ ပင့်ဆောင်ကြ၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊
စသည်ကပ်လှူပူဇော်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်ကြခြင်း၊ သစ္စာပြုအဓိဋ္ဌာန်ထား၍
ဆုတောင်းကြပါက ကျရောက်သော ဘေးမှကင်းလွတ်၍ ကောင်းကျိုးချမ်းသာရရှိသည်ဟု
ယုံကြည်ကြသည်။69
ပေါင်လောင်ရှင်ကဿပသည် မြန်မာနိုင်ငံ၌ ဗုဒ္ဓပွင့်တော်မူရာ ဗောဓိပင်ကို
ပထမဆုံးစိုက်ခဲ့သည့်ပုဂ္ဂိုလ်၊ တစ်နည်း ဗောဓိသာသနာကို ပထမဆုံး စတင်ခဲ့သူဟုလည်း ယူဆကြ၏။
ထိုပေါင်လောင်ရှင်ကဿပသည် မဟာဗောဓိပင်ကို ကြည်ညိုသည့်အားလျော်စွာ သဟဿရံသီ
မည်သော မဟာဗောဓိဝင်ဋီကာ (၁၈ အင်္ဂါ၊ ၃ ချပ်၊ ၉ ကြောင်းရေးပေ) ကိုလည်း ရေးသားတော်မူခဲ့သည်။
ဝိနည်းကို အလေးဂရုပြုသော တောရကျောင်းနေ ပုဂ္ဂိုလ်ဖြစ်၍ ဝိနည်းဆိုင်ရာ
ခုဒ္ဒသိက္ခာအဋ္ဌကထာနိဿယကိုလည်း ရေးသားခဲ့သည်ဟု အမှတ်အသားရှိသည်။ သို့ဖြစ်၍
ထိုရှင်ကဿပသည် ပါဠိဘာသာနှင့် ဝိနယဓမ္မတို့၌ ကျွမ်းကျင်သည်ဟု ယူဆနိုင်၏။ သာသနာလင်္ကာရ
စာတမ်း၌ 'ရဟန္တာအရိယာဟူ၍သမုတ်ကြ၏’-70 ဟုဖော်ပြထား၏။
သို့ပါသော် ဒုတိယ နဝဒေးဦးနု(အေဒီ ၁၇၅၅-၁၈၄၀)၏ ဣသျှံဂူမော်ကွန်း(အပိုဒ်-၂၄)၌
ထိုအရှင်ပေါင်လောင်ကဿပသည် သီဟိုဠ်ကျွန်းမှ အိန္ဒိယနိုင်ငံသို့ကြွတော်မူပြီး
မြန်မာနိုင်ငံသို့ပြန်လာသောအခါ ဗုဒ္ဓခေတ်ပြိုင် ပေါ်ထွန်းခဲ့သော ဂျိန်းဘာသာဂိုဏ်းတို့၏ ၂၄
ဆူမြောက်ဘုရားရှင် မဟာဝီရ(=ဗေရသွာ၊ ၅၉၉-၅၂၇ ဘီစီ)၏ ရွှေရုပ်တုတော်ကို ပင့်ဆောင်လာကြောင်း
အောက်ပါအတိုင်းဖွဲ့ဆိုထားပါသည်။
ပေါင်လောင်ကဿပ၊ သီဟိုဠ်ကလျှင်၊ မဇ္ဈိမတိုက်၊ မြို့လိုက်ရွာပြည်၊ ဘွေပြန်နှည်သော်၊ မထေရ်ပေါက်ထီး၊
မှန်သောက်ကြီးတို့၊ ထုံးတီးနည်းသေ၊ ရှိတိုင်းမွေလျက်၊ ရှင်ဗေရသွာ၊ မဟာဝီရ၊ သဒ္ဒါအလို၊ မြန်မာဆိုမှု၊
မဂ်ဖိုယှဉ်မှီး၊ လုံ့လကြီးတည့်၊ မထီးဘုရား၊ ရွှေရုပ်ပွားကို၊ ကိုးထားကွယ်ဆောင်၊ ပြန်ခဲ့နောင်ဝယ်-71
ဟုရေးထား၏။
အရှင်ကဿပသည် ထိုမဟာဝီရရွှေရုပ်တုကို ဌာပနာပြီး ဇာတိကျေက်ရစ်ရွာ၌
ဘုရားတည်ထားသည်ဟုလည်း ဣသျှံမော်ကန
ွ်း၌ပြထား၏။ ဤသို့ထေရဝါဒပိဋက
စာပေအလိုအားဖြင့်တတ္ထိဆရာကြီးခြောက်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဂျိန်းဘုရား မဟာဝီရ၏

68
ဗန္ဓရဝင်း၏ သစ္စာတန်ခိုးရှင် သိမ်တော်ရင်(ဆောင်းပါး)။ ဓမ္မရုပ်စုံစာစောင်၊ အမှတ်-၉။ ၁၉၉၃-ခုနှစ်။ (စာမျက်နှာ ၂၀-၂၉)။
69
မောင်ဖိုးကျား၏ ပေါင်လောင်ရှင်ကဿပထေရ်မြတ်ရုပ်တုတော်(ဆောင်းပါး)။ မြတ်မင်္ဂလာစာစောင်။ အတွဲ-၁၂၊ အမှတ်-၄။
၁၉၉၆-ခုနှစ်။
70
မဟာဓမ္မသင်္ကြံ၏ သာသနာလင်္ကာရစာတမ်း။ ၁၉၅၆-ခုနှစ်။ စာမျက်နှာ-၁၁၀။ ဓမ္မာစရိယဦးဌေးလှိုင်၏
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ။ ၁၉၈၉-ခုနှစ်။ စာမျက်နှာ-၆၀။ အရှင်ဓမ္မသာရ၏ ရွှေဂူကြီးဘုရားသမိုင်း။ ၁၉၉၉-ခုနှစ်။ (စာမျက်နှာ-
၃၉)။
71
ဝက်မစွတ်နဝဒေး၏ ဣသျှံဂူမော်ကန
ွ်း။ ၁၉၆၆-ခုနှစ်။ (စာမျက်နှာ-၄၇)။
ရုပ်ပွားကို ပင့်ဆောင်ယူလာ၍ ကိုးကွယ်ခြင်းအကြောင်းကို ထောက်သော် ပေါင်လောင်ရှင်ကဿပကို
ရဟန္တာအရိယာဟု ဆိုခဲ့ကြခြင်းမှာ တွေးဆဖွယ်များစွာရှိလေသည်။ ပိဋကတ်ပါဠိစာပေ၌
ထိုဂျိန်းဘုရားမဟာဝီရကို နိဂဏ္ဌနာထပုတ္တအမည်ရှိသော တိတ္ထိဆရာကြီးအဖြစ် ဖော်ပြထားသော
ကြောင့်ဖြစ်သည်။72
ပေါင်လောင်ရှင်ကဿပအား ပုဂံခေတ်နရပတိစည်သူမင်းကြီး၏ အမတ်
မင်းအနန္တသူရဇနီးမောင်နှံတို့က ဆရာအမှတ်နှင့်ကိုးကွယ်ဆည်းကပ်၍ ဘုရားသိမ်ကျောင်းစသည်
ကြီးကျယ်စွာလှူဒါန်းခဲ့ကြောင်းတို့ကို ရာဇဝင်သမိုင်းကျမ်း၌ ဖော်ပြထား၏။73
မင်းအနန္တသူဇနီးမောင်နှံကောင်းမှုတည်ရာဌာနမှာ ပုဂံမြို့အရှေ့တောင်ယွန်း နှစ်မိုင်ကျော်ခန့်ရှိ
မင်းနန်သူရွာ၌ ဖြစ်၏။ မင်းနန်သူရွာ၌ လေးမျက်နှာဘုရား (ဘုရားအမှတ်-၄၄၇) သည်ထင်ရှားသော
ဘုရားတစ်ဆူဖြစ်သည်။ ထိုလေးမျက်နှာဘုရားအတွင်း နံရံ၌ (၅၄၇) ဇာတ်၏
ဇာတ်ကွက်ကမ္ပည်းမင်စာများ၊ ၂၈ ဆူသောဘုရားတို့၏ အကြောင်းအရာမင်စာများရေးထား၏။
ပုဂံဘုရားများရှိ ဗုဒ္ဓဝင်မင်စာတို့ကို လေ့လာသုတေသန ပြုကြသူများက ထိုလေးမျက်နှာဘုရားပါ
ဗုဒ္ဓဝင်မင်စာအကြောင်းအရာတို့သည် ဗုဒ္ဓဝင်ပါဠိတော်၌ မပါဝင်သော အချက်အလက်များကိုတွေ့ရသဖြင့်
'ဤလေးမျက်နှာဘုရားရှိ ဗုဒ္ဓဝင်မင်စာကိုရေးခဲ့သူလက်တွင် အလွန်ပြည့်စုံသော
ဗုဒ္ဓဝင်ကျမ်းတစ်စောင်ရှိပေလိမ့်မည်။ ထိုဗုဒ္ဓဝင်ကျမ်းသည် မည်သည့်ဗုဒ္ဓဝင်ကျမ်းဖြစ်သည်ကို မသိရ။
သို့ပါ၍ ထိုဗုဒ္ဓဝင်ကျမ်းသည် မည်သည့်ဗုဒ္ဓဝင်ကျမ်းဖြစ်သည်ကို ဆက်လက်သုတေသနပြုကာ
ဖော်ထုတ်နိုင်ကြပါစေ။'74 ဟု ရန်ကုန်တက္ကသိုလ်မှ ပါဠိစာပေပညာရှင်တို့က
တိုက်တွန်းနိုးဆော်ထားခဲ့၏။ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါဠိစာပေပညာရှင်များပင်
မဖော်ထုတ်နိုင်သော ထိုဗုဒ္ဓဝင်ကျမ်းသည် လေးမျက်နှာဘုရားကို ဦးဆောင်၍တည်ထားခဲ့သော
ရှင်မဟာကဿပ သီဟိုဠ်ကျွန်းက သယ်ယူလာသောကျမ်းတို့တွင် တစ်ကျမ်းအပါအဝင်ဖြစ်ပေလိမ့်မည်။
ထိုခေတ်က သီဟိုဠ်မှ ပုဂံသို့ ထေရဝါဒဆရာတော်ကြီးများ၏ လက်ရာမဟုတ်သောပါဠိကျမ်းများ75 ကို
တင်သွင်းနေကြသူတွင် ပေါင်လောင်ရှင်ကဿပလည်း တစ်ပါးဖြစ်ကြောင်း ယူဆနိုင်လေသည်။
ပေါင်လောင်ရှင်မဟာကဿပသာသနာပြုခဲ့သော ပုဂံမြို့ဟောင်း၊ မင်းနန်သူတဝိုက် ကဿပအစု76
တွင် မဟာယာနဗုဒ္ဓဘာသာ၏ အရိပ်အငွေ့များစွာကို တွေ့ရသည်ဟုဆိုပါသည်။ အထူးသဖြင့် မင်းနန်သူရှိ
ဘုရားသုံးဆူဘုရား (ဘုရားအမှတ်-၄၇၇, ၄၇၈, ၄၇၉)၌ မဟာယာနဗုဒ္ဓဘာသာ၏

72
DPPN. II. 61,64. ထိုမဟာဝီရခေါ် နိဂဏ္ဌကို 'ဝဒ္ဓမာန' ဟုလည်းခေါ်သည်။ Dr. Malalasekera(ed) Encyclopaedia of
Buddhism. Vol. VI; Fascicle 4. 2002. Page-551. နိဂဏ္ဌဆရာကြီးနှင့် ယင်း၏အယူဝါဒအကြောင်းကို ဒီ၊၁၊၅၄။
ဒီ၊ဋ္ဌ။၁။၁၅၁။ မ၊ဋ္ဌ၊၃။၇၀။ သံ၊ဋီ။၂၆၇။ မ၊ဋီ၊၃။၄၀- တို့သို့ကြည့်ပါ။
73
မှန်နန်းရာဇဝင်တော်ကြိး ပထမတွဲ။ ၁၉၉၃-ခုနှစ် (စာမျက်နှာ-၃၂၈)။
74
ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း(ပါဠိ)ဌာန၏ ဗုဒ္ဓဝင်ပါဠိမင်စာများ။ ၁၉၈၁-ခုနှစ်၊ (စာမျက်နှာ-၃၉၀)။
75
ထိုကျမ်းများသည် ထေရဝါဒ ပိဋကတ်စာပေနှင့် မဆန့်ကျင်သော်လည်း ထေရဝါဒပိဋကတ်၌ မပါရှိသော
အချက်အလက်များစွာ ပါရှိသည့် သောတတ္ထကီ၊ မဟာနိဒါန၊ လောကပညတ္တိ၊ ဆဂတိ၊ ပဉ္စဂတိ၊ စန္ဒသူရိယဂတိဒီပနီ၊
အနာဂတဝံသ၊ အနာဂတဝံသအဋ္ဌကထာ- စသောကျမ်းတို့ဖြစ်သည်။
76
အနောက်ကဿပဘုရား(၅၀၆)၊ အရှေ့ကဿပဘုရား(၅၀၅)။ ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်။ ၁၉၈၁-ခုနှစ်။
(စာမျက်နှာ-၃၇၇)။
အရိပ်အငွေ့ကိုလည်းကောင်း၊ နန္ဒာမညာဘုရား (ဘုရားအမှတ်-၅၇၇)၌ တန္တြယာနဗုဒ္ဓဘာသာ၏
77
အရိပ်အငွေ့ကိုလည်းကောင်း တွေ့ရသည်။ သမိုင်းပညာရှင်တို့ကမူ မဟာယာနနှင့် တန္တြယာန
သဘောကို မတွေ့ရဘဲ တောကျောင်း(အရညဝါသီ) တို့၏ သဘော်သဏ္ဌာန်ကိုသာ တွေ့ရသည်ဟုဆို၏။78
သမိုင်းပညာရှင်တို့၏ လေ့လာချက်အရ အနော်ရထာမင်း(အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်က
နှိမ်နှင်းခဲ့သော အရည်းဂိုဏ်းသားတို့သည် ပင်းယခေတ်သီဟသူမင်း(အေဒီ ၁၃၁၂-၁၃၂၄)
လက်ထက်တိုင် ရှိနေသေးရာ၊ ထိုအရည်းဂိုဏ်း၏ ကာလအပိုင်းအခြားကို အေဒီ ၁၂၀၀-ခန့်မှ ၁၅၀၀-
အထိဟု ပိုင်းခြား သတ်မှတ်ခဲ့၏။ ထိုကာလအပိုင်းအခြားအတွင်း တည်ထွန်း နေသော အရည်းဂိုဏ်းသည်
နရပတိစည်သူမင်း(အေဒီ ၁၁၇၄-၁၂၁၁) လက်ထက်၌ တောကျောင်း(တဝ်က္လောင်း)
ဂိုဏ်းအဖြစ်ထင်ရှားခဲ့ပြီး၊ အရည်းကြီးပုဂ္ဂိုလ်တို့သည် တောနေရဟန်း(တဝ်မ္လတ်ကြီး)များ ဖြစ်လာသည်။
ထိုတောနေရဟန်းများ၏ တောကျောင်းဂိုဏ်းသာသနာပိုင်သည် ပေါင်လောင်ရှင်မဟာကဿပ
79
ဖြစ်ပါသည်။ ဤအချက်များထောက်ထား၍ ပေါင်လောင်ရှင်ကဿပမထေရ်ကို ပါဠိစာပေရှုထောင့်၊
သာသနာ့သမိုင်းရှုထောင့် စသည်ရှုထောင့်စုံမှ ထပ်မံ၍ အသေအချာလေ့လာရန် များစွာ
လိုအပ်လျက်ရှိကြောင်း တင်ပြလိုပါသည်။

77
Aung Thaw' Historical Sites in Burma. 1972. Page-95, 96.
78
Miichael Aung Thwin' Pagan. 1989. Page-37; Paul Strachan' Pagan. 1989. Page-130.
79
ဒေါက်တာသန်းထွန်း၏ မဟာကဿပဂိုဏ်း (စာတန်း)။ JBRS. Vol. XLII. Part II. 1959. Page-98.
ရှင်မဟာကဿပကြီးနှင့် ပေါင်လောင်ရှင်ကဿပရောထွေးပုံ
ပေါင်လောင်ရှင်ကဿပကြီးသည် ယောနယ်သို့ သာသနာပြုကြွရင်း လမ်းခရီး၌
ပျံလွန်တော်မူခဲ့ပြီဖြစ်၍ မဟူတောင်၌ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပါသည်။ ထိုမဟူတောင်အတွင်းရှိသော
ပေါင်လောင်ရှင်ကဿပ ရုပ်ကလာပ်တော်သည် မီးသင်္ဂြိုဟ်ရန်အတွက်
မေတ္တေယျရှင်ကိုစောင့်ဆိုင်းနေသည်ဟု ရပ်ရွာဓလေ့ရှေးထုံးစဉ်လာ ပြောကြပြန်သည်။ ဤအချက်သည်
ပေါင်လောင်ရှင်ကဿ၏ ပျံလွန်တော်မူခန်းကို ကဿပဗိမ္ဗဝန္ဒနာကျမ်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုင်ရာ
ကျမ်းဂန်တို့၌လာသော ပထမသံဂါယနာဓိပတိ အရှင်မဟာကဿပကြီး၏ ပရိနိဗ္ဗာန်စံခန်းနှင့်
ရောထွေးလိုက်ခြင်းပင်ဖြစ်သည်။
မုံရွေးဇေတဝန်ဆရာတော်ကြီး(အေဒီ ၁၇၆၆-၁၈၃၄)က စေတိယကထာကျမ်း၌
ဤသို့ပထမသံဂါယနာတင် ရှင်မဟာကဿပနှင့် ပေါင်လောင်ရှင်ကဿပတို့
အကြောင်းနှစ်ရပ်ရောထွေးခဲ့ပုံ၏ အခြေခံ အချက်အလက်ကို ရှင်းလင်းတင်ပြထားသည်မှာ-
ယခုအခါ အချို့ကား သာဝကဝင်ရှင်မဟာကဿပအလောင်းတော်ပင်
တောင်သုံးလုံးကြားမှာရှိသည်ဆိုသော ဥဒါန်းစကားကိုမှီ၍ ရဟန္တာအရှင်မဟာကဿပ သင်္ချိုင်းတော်ပင်
ဖြစ်သည်ဟူ၍ ထင်မှတ်ကြ၏။ မိုးညှင်း(=မိုးညှင်းသတို့ အေဒီ ၁၄၂၆-၃၉) လက်ထက် အညာမိုးညှင်းသား
တို့ကို တွင်းသင်းတိုက်80က ပိုင်မြေတွင်ထား၍ စောင့်ရှောက်စေ၏။ သက္ကရာဇ် ၁၁၂၈-ခု(အေဒီ-၁၇၆၆-ခုနှစ်)
အတုလဆရာတော် (အေဒီ ၁၇၁၄-၁၇၈၄) ဘုရားရှိခိုးသွားသောနှစ် ထိုကပိုင်သား တို့ကို
81
အဇာတသတ်မင်းကြီးလှူခဲ့သောကျောက်စာ ရေးသားခဲ့လေသော် မုချပင်
အရှင်မဟာကဿအလောင်းမှန်ပြီဟူ၍ အထင်ရှိကြသည်။ အမရပူရမြို့တည် မင်းတရားလက်ထက်
82
ကျောက်စာအသစ်ရေးရာတွင်လည်း အတုလဆရာတော်စကားကို အခိုင်စွဲ၍နေကြချေပြီ- ဟုဖြစ်ပါသည်။
ဤအထောက်အထားများအရ အလောင်းတော်ကဿပတောင်အတွင်းရှိ အလောင်းတော်သည်
ကဿပဘုရားရှင်လည်း မဟုတ်၊ ပထမသံဂါယနာတင် ရှင်မဟာကဿပလည်းမဟုတ်ဘဲ
ပေါင်လောင်ရှင်ကဿပ၏ အလောင်းသာဖြစ်ကြောင်းသိသာပေသည်။

မေတ္တေယျနှင့် အလောင်းတော်ကဿပ ညီနောင်တော်စပ်ပုံ

ဦးဥတ္တရ၏ ရှင်မဟာကဿပထေရဂုဏ်ဆီခေါ် အလောင်းတော်ကဿပ အမိုင်းအကျဉ်းချုပ်စာအုပ်၊


(စာမျက်နှာ-၇)တွင် ဂေါတမမြတ်စွာဘုရား၊ မေတ္တေယျရှင်နှင့် အလောင်းတော်ကဿပတို့သည်
တစ်ချိန်သောအခါက ညီအစ်ကိုသုံးဦး တော်စပ်ခဲ့ဖူးသည့်အကြောင်းကို အောက်ပါအတိုင်း
ရေးထားပါသည်။
လွန်လေပြီးကာရှေးအခါက ဗာရာဏသီပြည်ဝယ် ငါတို့၏ ဂေါတမဘုရားအလောင်း၊
အရိမေတ္တေယျဘုရားအလောင်း၊ အရှင်မဟာကဿပအလောင်းတို့သည် ညီနောင်သုံးယောက်ဖြစ်ကြကုန်၏။
ထိုညီနောင်သုံးယောက်တို့သည် မိဘနှစ်ပါး နတ်ရွာလားကြသောအခါ ဃရာဝါသခွာရှောင်၍

80
တွင်းသင်းမင်းကြိး ဦးထွန်းညို(အေဒီ ၁၇၂၆-၁၈၀၆) အုပ်ချုပ်ရသော မြို့နယ်တစ်ခုမက ကြီးမားသော ဒေသအစိတ်အပိုင်းကို
ဆိုလိုသည်။ မောင်ချစ်ဖေ၏ တွင်းသင်းစာဆို။ ၁၉၇၅-ခုနှစ်။ (စာမျက်နှာ-၁၃)။
81
ထိုကျောက်စာကို ဦးဖိုးကျား၏ အလောင်းတော်ကဿပ။ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ-၁၃၅)၌ကြည့်ပါ။
82
မုံရွေးဆရာတော်၏ စေတိယကျမ်း။ (လက်နှိပ်စက်မူ) (စာမျက်နှာ-၁၅/၁၆)။
ရသေ့ညီနောင်သုံးပါး ပြုလုပ်ကြကုန်၏။ ထိုရသေ့ညီနောင်သုံးယောက်တို့သည် ဝေဘူလ၊ ဝေဘာလ၊
ဣသိလိဂ(သုနန္ဒရလည်းဟူ၏)အမည်ရှိသော တောင်သုံးလုံးတို့မှာ နေထိုင်ကြကာ၊ တစ်ဦးနှင့်တစ်ဦး
အလွန်ကြည်နူးချစ်ခင်ကြကုန်လျက် တရားအားထုတ်ရင်း တစ်နေ့သောအခါဝယ်
၎င်းညီနောင်သုံးယောက်တို့တွင် အရိမေတ္တေယျဘုရား အလောင်းအလျာညီထွေးရသေ့သည်
ရှင်မဟာကဿပအလောင်းအလျာ နောင်လတ်ရသေ့လား ဤသို့ပြောဆိုမှာထားလျှောက်ကြားလေသည်။
အသင်သည် ငါတို့၏ နောင်တော်ရသေ့ကြီးဂေါတမဟူသော အမည်ဖြင့် ဘုရားဖြစ်တော်မူသောအခါ
သင်က အရှင်မဟာကဿပဟူသောအမည်ဖြင့် ဓုတင်(၁၃)ပါးဆောင် ဧတဒဂ်ရသည့်
ရဟန္တာကြီးဖြစ်ပါလိမ့်မည်။ ငါသည်ကား နောင်ကြီးဂေါတမဘုရားသာသနာ ကွယ်ပျောက်ခဲ့ပြီး မကြာမီ
အရိမေတ္တေယျဟူသော အမည်နှင့် ဘုရားဖြစ်ပါလိမ့်မည်။ သင်သည် နောင်တော်ကြီးဂေါတမဘုရား
သာသနာတော်၌ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံသောအခါ၌ ပရိနိဗ္ဗာန်ယူပြီးနောက် သင့်ရဲ့ ရုပ်ကလာပ်တော်ကို
တေဇောဓာတ်မလောင်မကျွမ်းဘဲ ငါ အရိမေတ္တေယျဟူသောအမည်ဖြင့် ဘုရားဖြစ်သည့်တိုင်အောင်
မပျက်မစီးတည်ရှိရန် အဓိဋ္ဌာန်ပြု၍ထားခဲ့ပါ။ ငါဘုရားဖြစ်သည့်အခါ သင်၏ရုပ်ကလာပ်အလောင်းတော်ကို
ငါ၏လက်ဝါးပေါ်သို့တင်ပြီးလျှင် ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ ပရိတသ
် တ် အစုံအညီနှင့် သင်္ဂြိုဟ်ပါမည်' ဟု
ကတိတဝတ်ပြောဆိုကာ မှာထား လျှောက်ကြားခဲ့ပေသည်။
နောင်လတ်ရသေ့ကြီး(အရှင်ကဿပ)လည်း ညီထွေး(မေတ္တေယျအလောင်း) ပြောဆိုမှာကြား
လျှောက်ထားသည့်စကားကို ဝမ်းမြောက်ဝမ်းသာ ကောင်းလှပါပြီဟု ဝန်ခံစကားပြန်ကြားခဲ့လေသည်-
83
ဟုဖြစ်ပါသည်။

ရှင်ကဿပ၏ တေဇောဓာတ်လောင်ခန်း မူကွဲများ


ဤနေရာ၌ မေတ္တေယျရှင်နှင့် ဆက်စပ်လျက်ရှိသော ထိုရှင်ကဿပတေဇောဓာတ်လောင်ခန်းကို
တင်ပြပါဦးမည်။ ရှင်မဟာကဿပ တေဇောဓာတ်လောင်ခန်းမှာလည်း ဇာတ်လမ်းနှစ်မျိုး
ကွဲပြားနေပြန်သည်။
အလောင်းတော်ကဿပဘုရားရှစ်ခိုး၌-
သြကာသ-သြကာသ အလောင်းတော်မြတ်လှ၊ ကဿပသည်၊ ရှေးကသောခါ၊ ကျေးသူဝါဟု၊
သေရှာအကောင်၊ စိမ်းမြရောင်က၊ မောင်ရှင်သာဝက၊ မိတေးယကို၊ စိတ်ကမာကြည်၊ သင်္ဂြိုဟ်မည်ဟု၊
ကြံစည်ရကား၊ ပြသာဒ်များနှင်၊ လုပ်ငြားသည်တင
ွ်၊ ဖိုခွင်အောင်ဖိ၊ ငှက်မိသောအား၊ ခံငြားဝိပါက်၊
စဉ်မပျက်သည်၊ ခုထက်တိုင်အောင်၊ ဝေဘာတောင်မှာ၊ လိုဏ်ချောင်ဥမင်၊ အထဲတွင်၌၊ မြတ်ရှင်ကဿပ၊
ရှိဘို့ရ၏-84 ဟုဖော်ပြထား၏။
ထိုသေလေးပါးဘုရားရှိခိုးလင်္ကာအရ-
အရှင်မဟာကဿပသည် နုစဉ်အခါက ကျေးတစ်ကောင်သေနေသည်ကို တွေ့ရ၍ ပြာသာဒ်တလားနှင့်
ကောင်းစွာသင်္ဂြိုဟ်မည်ဟု ကြံစည်ပြီးမှ အလုပ်များ၍ ခုံလောက်ကြားတွင်သွင်းထားပြီး မေ့နေသည်။ နောက်မှ
သတိရပြီး ပြာသာဒ်တလားနှင့် ကောင်းစွားသင်္ဂြိုဟ်ခဲ့၏။ ထိုသို့ ကျေးသေလေးကို ခုံလောက်ကြား၌
ထားမိသော ဝိပါကဝဋ်ကျွေးကြောင့် အရှင်ကဿပ၏ ရုပ်ကလာပ်တော်သည် ဤ(ဝေဘာရ)တောင်ကြား၌
ပိတ်မိနေသည်-ဟူ၏။ နောက်မှသတိရပြီး ကျေးသေလေးကို ပြာသာဒ်တလားနှင့်
သင်္ဂြိုဟ်သောကုသိုလ်ကြောင့် နောင်အရိမေတ္တေယျရှင် ပွင့်တော်မူသောအခါ နောက်ပါသာဝကတို့ဖြင့်

83
ဦးဥတ္တရ၏ ရှင်မဟာကဿပထေရဂုဏ်ဆီ။ (စာမျက်နှာ-၇)။
84
ဦးဖိုးကျား၏ အလောင်းတော်ကဿပ။ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ-၉၇)။
ကြွလာပြီးလျှင် ထိုကျောက်တောင်အတွင်းပိတ်မိနေသော အလောင်းတော်ကဿပ၏ ရုပ်ကလာပ်ကို
85
ထုတ်ယူပြီး ကောင်းစွာသင်္ဂြိုဟ်ပေးလိမ့်မည်- ဟုဖြစ်သည်။
အချို့ကမူ 'မေတ္တေယျရှင်ကြွလာပြီး အလောင်းတော်ကဿပ၏ ရုပ်ကလာပ်တော်ကို
မေတ္တေယျရှင်၏ လက်ဝါးတော်ထက်တွင် ထားပြီး မီးသင်္ဂြိုဟ်လိမ့်မည်ဟုလည်း ပြောကြပြန်သည်။
ထိုအချက်မှန်ပါသလား'- ဟု လုံးတော်ဆရာတော် ဦးဂုဏဝါ(အေဒီ ၁၈၂၈-၁၈၉၀)ထံ ကြံခင်းမြို့နေ
ဒါယကာမောင်စံပြည့် မေးလျှောက်ရာ ဆရာတော်ကြီးက 'ထိုအချက်မှာ အမှန်မဟုတ်'86 ဟုဖြေဆိုခဲ့သည်။
မေတ္တေယျရှင်၏လက်ဝါးပေါ်၌ မီးတင်သင်္ဂြိုဟ်လိမ့်မည်ဟူသော အယူအဆနှင့်စပ်၍
ပြောဆိုကြသော ဇာတ်လမ်းတစ်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ရှေးအခါက မေတ္တေယျရှင်သည် ဆင်ထိန်းဖြစ်ခဲ့ပြီး၊ အရှင်မဟာကဿပအလောင်းသည် ဆင်ဖြစ်ခဲ့၏။
အလောင်းတော်ဆင်ထိန်းသည် ဆင်ကိုပန်းပဲဖိုအနီး၌ လွှတ်ထား၏။ ပန်းပဲဖိုသူကြီးက ဆင်ဆိုသည်
တိရစ္ဆာန်ဖြစ်၍ ယဉ်သည်, ရိုင်းသည်ဖြစ်စေ စိတ်မချရပေ။ လူစကားနားလည်သော ဆင်ဖြစ်ပါက
မီးဖုတ်ထားသော သံတွေခက
ဲို ကိုင်ခိုင်းလျှင်ကိုင်ပါ့မလား ဟုမေး၏။ ဆင်ထိန်းက စမ်းကြည့်ပါဆို၍ သံတွေခဲကို
မီးဖုတ်ပြိး ဆင်ကိုအကိုင်ခိုင်း၏။ ဆင်သည် ဆင်ထိန်းအမိန့်ဖြင့် သံတွေခက
ဲို နှာမောင်းဖြင့် ကိုင်လေရာ
နှာမောင်းလောင်၍ သေရှာလေသည်။ အလောင်းတော်ဆင်ထိန်းသည် ထိုအကုသိုလ်ဝိပါက်ကြောင့်
မေတ္တေယျရှင်ဖြစ်သောအခါ မိမိ၏လက်ဝါးပေါ်တွင် ထိုဝဋ်ကြွေးကိုဆပ်ရန်အလို့ငှာ ဆင်ဖြစ်ခဲ့ဘူးသော
ပေါင်လောင် ကဿပ၏ ရုပ်အလောင်းကို တင်ပြီးမီးသင်္ဂြိုဟ်ပြုရမည်။ ထိုသို့ပြုလျှင် လက်ဝါးတော်မီးသင့်ကာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မည်-87 ဟုဖြစ်သည်။
ထေရဝါဒပိဋကတ်စာပေအလိုအရ ဘုရားရှင်တို့မည်သည် မည်သည့်ပုဂ္ဂိုလ်၏ပယောဂကြောင့်
ပရိနိဗ္ဗာန်ပြုရိုးထုံးစံမရှိ၊ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန်ပြုရိုးရှိသည်ဖြစ်ရာ အထက်ဖေါ်ပြပါအချက်ကို
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အဖို့ လက်ခံနိုင်ရန်မှာ ခဲယဉ်းလှပေသည်။ ဝိ၊ ဋ္ဌ။ ၁။ ၁၄၇။

အရှင်ကဿပ၏ ပရိနိဗ္ဗာန်စံခန်းလေ့လာချက်
သေလေးပါး ဘုရားရှိခိုးလင်္ကာကို စီစဉ်သူပညာရှင်သည် အရှင်ကဿပ၏
ပျံလွန်ခန်းအချက်အလက်ကို မည်သည့်ကျမ်းမှရခဲ့ကြောင်းကို လေ့လာတင်ပြလိုပေသည်။ ထိုသေလေးပါး
ဘုရားရှိခိုးလင်္ကာ၌-
'လေးမည်သူမှန်၊ ရှင်အရဟံတို့၊ ဝေဖန်ဖော်ပြ၊ နက်နဲလှသော၊ ဓမ္မဝိဘင်း၊ ကျမ်းခပင်းမှ၊ မယွင်းမယုတ်၊
ရအံထုတ်၍' ဟုမည်သည့်ကျမ်းမှ အဆိုပါအချက်ကိုရရှိကြောင်း ဝန်ခံဖော်ပြထားပါသည်။
ထိုလင်္ကာအရ ရှင်အရဟံဘွဲ့မည်ရှိသော မထေရ်စီရင်သည့် ဓမ္မဝိဘင်းအစရှိသော ကျမ်းများမှ
ရသည်ဟု ဆိုနိုင်သည်။ ရှင်အရဟံ-ဆိုသည်မှာ ပုဂံခေတ်ကထင်ရှားသော ရှင်အရဟံစသော
ရဟန်းတစ်ပါးပါးကို ဆိုလိုဟန်မတူ၊ ရဟန္တာမထေရ်တစ်ပါးပါး ကိုဆိုလိုဟန်ရှိသည်။
(အရဟန္တ>အရဟန်>အရဟံ)။

85
ဦးဖိုးကျား၏ အလောင်းတော်ကဿပ။ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ-၉၈)။
86
လုံးတော်ဆရာတော်၏ ပကိဏ္ဏကဝိဿဇ္ဇနာကျမ်း၊ ပထမတွ။ဲ (စာမျက်နှာ-၄၆၇)။
87
ထီးချိုင့်မြို့တည်တောဆရာတော်၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၃)။ ၁၉၉၉-ခုနှစ်။ (စာမျက်နှာ-၁၀၂)။
ကျမ်းဝိဘင်း(ဝိဘင်္ဂ)ဆိုရာတွင်လည်း အဘိဓမ္မပိဋကလာ ဝိဘင်္ဂပါဠိတော်ကျမ်း(အဘိ၊ ၂။)နှင့်
သုတ္တန်ပိဋက၊ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ ဝိဘင်္ဂဝဂ္ဂပါ မဟာကမ္မဝိဘင်္ဂသုတ်(မ၊၃။၂၄၉။)
ဟုဝိဘင်္ဂ(ဝိဘင်း)ကျမ်း ရှိကြသော်လည်း ထိုဝိဘင်းကျမ်းတို့ကို ဆိုလိုဟန်မရှိပေ။
မြောက်ပိုင်းဗုဒ္ဓဘာသာ စာပေဖြစ်သော ကရ်မဝိဘင်္ဂ(Karmavibhanga)ခေါ် မဟာကရ်မဝိဘင်္ဂကို
ရည်ညွှန်းလိုဟန်ရှိပြီး၊ ထိုကျမ်း၌ အရှင်မဟာကဿပအကြောင်းကို ဖော်ပြထားပါသည်။88
သေလေးပါးဘုရားရှစ်ခိုးလာ 'ဓမ္မဝိဘင်း၊ ကျမ်းခပင်း၊' သည်မြောက်ပိုင်းဗုဒ္ဓဘာသာဂိုဏ်း(တစ်နည်း)
မဟာယာနဗုဒ္ဓဘာသာဂိုဏ်းမှ ရေးဖွဲ့ထားသော ကရ်မဝိဘင်္ဂကျမ်းကို ဆိုလိုပါသည်။ သို့ပါ၍
အရှင်ကဿပနှင့် စပ်သောအယူအဆတို့သည် များသောအားဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာဝင်တို့၏
ကျမ်းဂန်စာပေလာသော အယူအဆများသာဖြစ်သည်။

88
Sylvain Levi(ed)' Karmavibhanga and Kamavivingopadesa. 1932. 45: 1. ဤကရ်မဝိဘင်္ဂကျမ်းသည်
သီရိလင်္ကာနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ခဲ့ပုံရသည် ထိုကျမ်းကို သီရိလင်္ကာနိုင်ငံ၌ များစွာသုံးစွဲခဲ့ကြောင်း
အထောက်အထားများတွေ့ရသည်။ Godakumbura' Sinhalese Literature. 1955. Page-51. 354.
(ခ) အရှင်ဥပဂုတ်မထေရ် အကြောင်းလေ့လာချက်

ငါးမာရ်အောင်မြင်၊ မေတ္တေရှင်ကို၊ ဖူးမြင်ရအောင်၊ ကြံရည်ဆောင်၍၊ ဝေးခေါင်ကာလ၊ ငါမျှော်ရသည်၊


ဇီဝမြင့်ရှည်၊ သက်တော်တည်လျှက်၊ ထေရ်မန
ွ်မြတ်စွာ ၊ ရဟန္တာတွင်၊ အရှင်ဥပဂုတ်၊ ဘုန်းတော်အုပ်လျက်၊
ပတ်ချုပ်လျှံပြောင်၊ ရွှေလရောင်သို့၊ တောင်သမုဒ္ဒရာ၊ ရေထဲမှာမူ၊ စံရာတုလွတ်၊ ကြေးပြာသာဒ်နှင့်၊
89
ပျော်မှတ်ကြည်ဖြူ၊ နေတော်မူ၏၊-
ဟူသော ရှင်လေးပါး ဘုရားရှစ်ခိုးအရ ရှင်ဥပဂုတ်ရဟန္တာမထေရ်ကြီးသည် တောင်သမုဒ္ဒရာအတွင်း
ကြေးပြာသာဒ်၌ မေတ္တေယျရှင်ကို ဖူးမြင်ခွင့်ရရန် သက်တမ်းရှည်စွာ စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု
သိရသည်။

ရှင်ဥပဂုတ်နှင့် မြန်မာနိုင်ငံ
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီရိဓမ္မာသောကမင်းကြီးလက်ထက်(၃၀၀-၂၃၂ ဘီစီ)တွင်
ရှင်ဥပဂုတ်ရဟန္တာမြတ်က မာရ်နတ်မင်းကို တန်ခိုးတော်ဖြင့် နှိမ်နှင်းဆုံးမခဲ့သည့်အကြောင်း အစဉ်အဆက်
လက်ခံယုံကြည် လာခဲ့ကြသည်။90 ထို့ကြောင့် ရဟန်းပြုရဟန်းခံ ဘုရားပွဲမှစ၍ အလှူတော်မင်္ဂလာပွဲများ
ပြုလုပ်ကြသည့်အခါ မိုးလေဝသအစရှိသော အကြောင်းတို့ကြောင့် အလှူပွဲမပျက်စီးရန်
အရှင်ဥပဂုတ်မထေရ်မြတ်အား ပင့်ဆောင်ပူဇော်ထားလေ့ရှိကြသည်။ ရှင်ဥပဂုတ်၏ ပုံတော် သို့မဟုတ်
ရုပ်တုတော်ကို မဏ္ဍပ်အတွင်း၌ ကန်တော့ပွဲနှင့် ပြင်ဆင်ထားရှိကြပြီး အကယ်၍
ပုံတော်ရုပ်တုတော်များမရှိလျှင် နီးရာမြစ်ချောင်းကမ်းပါးသို့သွားကာ တောင်သမုဒ္ဒရာဘက်သို့
ရည်မှန်းလက်အုပ်ချီမိုးရှစ်ခိုပြီး 'ဘုရားတပည့်တော်များ၏ အလှူမင်္ဂလာမဏ္ဍပ်သို့ ကြွရောက်
သီတင်းသုံးတော်မူပါဘုရား မိုးလေစသော အန္တရာယ်များကို အလှူပြီးဆုံးသည်အထိ
တားဆီးကာကွယ်ပေးတော်မူပါဘုရား' ဟုလျောက်ထား၍ ဖြစ်စေ ပင့်ဆောင်ထားလေ့ရှိကြသည်။
ပင့်ဆောင်ထားသည့် ရှင်ဥပဂုတ်ရုပ်ပုံတော် သို့မဟုတ် ရုပ်တုတော်ကို နံနက်တွင်
ဆွမ်းခဲဖွယ်တို့ကိုဆက်ကပ်၍ ညဘက်တွင် ဆီမီးပန်းရေချမ်းများဖြင့် ပူဇော်လေ့ရှိကြသည်။ အချို့ကမူ
အရှင်ဥပဂုတ်ကိုယ်တော်အား ရည်ရယ
ွ်၍ မဏ္ဍပ်တိုင်တွင် အုန်းသီး၊ ငှက်ပျောသီးတို့ကို
ချိတ်ဆွထ
ဲားလေ့ရှိကြသည်။ ဤသို့ ရှင်ဥပဂုတ်ကို ပင့်ဆောင်ပူဇော်ထားလျှင် အလှူပွဲကို လေမိုးမှစ၍
အနှောက်အယှက်တို့ မဖျက်ဆီးနိုင်ဟု ယုံကြည်ကြသည်။
မြန်မာတို့သည် အလှူအတန်းပြုလုပ်သည့်အခါများ၌သာမဟုတ် တစ်သီးတစ်ခြားအားဖြင့်လည်း
အရှင်ဥပဂုတ်ပူဇော်ပွဲကို ပြုလုပ်လေ့ရှိသေး၏။ သစ်ကြီးဝါးကြီးတို့ဖြင့် ခိုင်ခံ့စွာဖောင်ဖွဲ့ပြီးလျှင်
ပြာသာဒ်ကျောင်းဆောင်ပေါ်တွင် ရှင်ဥပဂုတ်ရဟန္တာရုပ်တုတော်ကို ပူဇော်ထားကြသည်။ ထို့နောက်
ရဟန္တာအရှင်မြတ်အား ဆွမ်းကွမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်တို့ဖြင့်ပူဇော်ကာ

89
ဦးကုလား၏ မဟာရာဇဝင်ကြီး၊ ပထမတွဲ။ ၁၉၅၉-ခုနှစ်။ (စာမျက်နှာ-၈၂)။ မှန်နန်းရာဇယင်တော်ကြီး၊ ပထမတွ။ဲ ၁၉၉၃-
ခုနှစ်။ စာမျက်နှာ-၁၃၇။ L. A. Waddell' Upagupta. Asiatic Society of Bengal Journal. Vol. LXVI. Part 1. No. 1.
1897. Page-84. Shwe Yo' The Burman. 1963. Page-228.
90
ပညာရောင်ခြည် ဘုရားရှစ်ခိုး။ ၁၉၉၀-ပြည့်နှစ် (စာမျက်နှာ-၆၀)။
ရှင်ဥပဂုတ်ဖောင်တော်ကြီးကို မြစ်ရေယာဉ်ကြောတွင် မျှောလိုက်ကြပါသည်။ ထိုဖောင်တော်ဆိုက်ကပ်ရာ
မြို့ရွာများကလည်း မိမိတို့မြို့ရွာတွင် တစ်ပတ်ဖြစ်စေ၊ နှစ်ပတ်ဖြစ်စေထားကာ ပူဇော်တတ်ကြသည်။
အားရကျေနပ်စွာ ပူဇော်ပြီးသည့်အခါ ရေကြောင်းအတိုင်းဆက်၍ မျှောလိုက်ကြပြန်သည်။
ဤသို့ဖောင်ဆိုက်ကပ်ရာ အရပ်များက ဗုဒ္ဓဘာသာဝင်တို့ ရှင်ဥပဂုတ်ဖောင်တော်ကို ဆီးကြိုပင့်ယူပြီး
ပူဇော်လေ့ရှိကြသည်။ ဖောင်တော်ကြီး ယိုယင
ွ်းလာသည့်အခါ ကမ်းသို့ဆွဲယူပြီး ကောင်းမွန်စွာ
ပြုပြင်လေ့ရှိကြပါသည်။
ရေလမ်းခရီး အသွားအလာများကြသည့် ထားဝယ်စသော အရပ်ဒေသများ၌လည်း
ရှင်ဥပဂုတ်ပူဇော်ပွဲ, သပိတ်မျှောပွဲ, ဆီမီးမျှောပွဲတို့ပြုလုပ်လေ့ရှိကြသည်။ ပဲခူးတိုင်း
ညောင်လေးပင်မြို့အနီးနှင့် ရွှေကျင်မြို့တွင် နှစ်စဉ်နှစ်တိုင်း သီတင်ကျွတ်လပြည့်နေ့တွင်
ရှင်ဥပဂုတ်ဖောင်မျှောပွဲ, ဆီမီးမျှောပွတ
ဲို့ကို ကြီးကျယ်စည်ကားစွာ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့်
စစ်တောင်းမြစ်အရှေ့ဖက်ကမ်း အရှေ့ရိုးမတောင်ခြေရှိ ကျောက်ကြီးမြို့၌ တော်သလင်းလဆန်း ၁၂၊ ၁၃၊
၁၄ ရက်နေ့များတွင် ရှင်ဥပဂုတ်မီးမျှောပူဇော်ပွက
ဲို နှစ်စဉ်နှစ်တိုင်း ကြီးကျယ်စွာ
ကျင်းပပြုလုပ်လေ့ရှိကြသည်။ ထိုပြေ
ဲ တ်ာသည် ဒေသခံတိုင်းရင်းသားတို့၏ တစ်ခုတည်းသော
ပွဲတော်ဖြစ်သည်ဟု ဆိုပါသည်။ ယခုခေတ်တွင် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဖွဲ့ကာ
ကျောက်ကြီးမြို့လယ်ရှိ ချောင်းအတွင်း၌ ကျင်းပပြုလုပ်လေ့ရှိကြသည်။ ပွဲတော်တွင် လှေပြိုင်ပွဲ,
ရေကူးပြိုင်ပွဲ, ဘောလုံးပြိုင်ပွဲ, တတ်ခုတ်အလှပြိုင်ပွဲ, အိုးစည်ဒိုးပတ်ပြိုင်ပွဲ,
ျွဲားလည်းပါဝင်သည်။ မြို့နယ်လုံးကျွတ် တောင်သူလယ်သမားများ၏ ထွန်တုံးပိတ်ပွဲတော်နှင့်
ပျော်ပွဲရွှင်ပမ
လယ်ယာကဏ္ဍထူးချွန်ဆု ပေးပွဲများကိုပါ ပူးတွက
ျဲင်းပလေ့ရှိရာ အထူးကြီးကျယ်စည်ကားလှသည်ဟု
91
သိရှိရပေသည်။
မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားတန်ဆောင်း သိမ်ကျောင်းစသည်တို့တင
ွ်
ဘုရားရုပ်ပွားဆင်းတုတော်များ ပူဇော်ထားရာ၌ ရှင်ဥပဂုတ်ရဟန္တာရုပ်တုကိုပါ တည်ထား၍
ပူဇော်ထားလေ့ရှိကြပါသည်။ သို့တည်ထားရာ၌ ရှင်ဥပဂုတ်ကိုယ်တော်ကို ဖောင်ထက်တွင်
ပြာသာဒ်စသည်ဖြင့် အကျအနပူဇော်ထားကြခြင်းဖြစ်သည်။ ဘုရားဖူးလာကြသူများကလည်း
92
ရှင်ဥပဂုတ်ရှိခိုးဂါထာ စသည်ကိုရတ
ွ်ဆိုကာ ပန်းနံသာဆီမီးတို့ဖြင့် ပူဇော်ပြီး ရှိခိုးကြလေသည်။
အချို့ကမူ အရှင်ဥပဂုတ်သည် ယနေ့ ထက်တိုင်သက်တော်ထင်ရှားရှိလျက် ထိုအရှင်နိရောဓ
သမာသမာပတ်မှ ထတော်မူ၍ ဆွမ်းခံတော်မူသောအခါ ကြုံတွေ့လှူဒါန်းကြသောသူတို့မှာ
ဒီဋ္ဌအကျိုးခံစားရသည်ဟု ယူဆကာ ဆွမ်းလောင်းရန်စောင့်မျှော်သူတို့လည်း ရှိ၏။ ၁၈၈၆-ခုနှစ်က
ရန်ကုန်မြို့ အထက်ပုဇွန်တောင် ကျင်းဗြဲရပ်၊ မောင်းတန်းရပ်၊ စင်ကာပူရပ်၊ ဘလုတ်မြေရပ်၊
အိုးဖိုရပ်တို့တွင် သင်္ကန်းတော် ရေတစိုစိုဖြင့် ရဟန်းတစ်ပါး ဆွမ်းခံကြွလာသည်ကို အရှင်ဥပဂုတ်မထေရ်
ဆွမ်းခံကြွလာသည်ဟု အုတ်အော်သောင်းတင်း သတင်းဖြစ်ပွားဖူးလေသည်။93 အချို့ကမူကား ထိုအရှင်

91
ဓမ္မာစရိယ ဦးအေးနိုင်၏ ဓမ္မရေးရာပဒေသာ။ ၁၉၉၀-ပြည့်နှစ်။ (စာမျက်နှာ-၁၁၇)။
92
ရှင်ဥပဂုတ် အပင့်ဂါထာ၊ ဆွမ်းကပ်ဂါထာ၊ ရှိခိုးရန်ဂါထာနှင့် အပင့်မန္တန်တော်ကြီး စသည်တို့ကို ပဌမကျော်ဦးကဝိ၏
ရှင်ဥပဂုတ်အတ္ထုပ္ပတ္တိ။ ၁၉၇၁-ခုနှစ်။ စာမျက်နှာ ၆၇-၇၁ တွင်ကြည့်ပါ။
93
ဦးအောင်ပန်း၏ ပကိဏ္ဏကသာသနာဝင်ကျမ်း၊ ဒုတိယတွ။ဲ ၁၉၆၂-ခုနှစ်။ (စာမျက်နှာ-၄၀၄)။
နိရောဓသမာပတ်မှ ထသောအချိန်ကာလကို အတိအကျသိနိုင်ရန် ခဲယဉ်းသည်ဖြစ်၍
ထိုအရှင်သီတင်းသုံးရာ တောင်သမုဒ္ဒရာသို့သာ ရည်မှန်းအဓိဋ္ဌာန်ပြီး ဆွမ်းပန်းစသည်တို့ကို သပိတ်မှာ
ပြင်ဆင်လျက် မိမိတို့အရပ်ဒေသအနီးရှိ မြစ်ချောင်းကမ်းနားမှပင် မျှောလိုက်ကြရသည်- ဟူ၏။

မြန်မာ့စွယ်စုံကျမ်းလာ အရှင်ဥပဂုတ်ထေရုပ္ပတ္တိ
အရှင်ဥပဂုတ်မထေရ်၏ ထေရုပ္ပတ္တိကို မြန်မာဘာသာဖြင့် စာအုပ်စာတမ်း
အများအပြားရေးသားခဲ့ကြပါသည်။ ဤနေရာတွင် မြန်မာ့စယ
ွ်စုံကျမ်း(အတွဲ-၁၄)၌ ပထမကျော်ဦးကြီးဖေ
ရေးသားဖော်ပြထားသော ရှင်ဥပဂုတ်မထေရ်အကြောင်းကို တင်ပြလိုပါသည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က ရာဇဂြိုလ်ပြည်သို့ ဆွမ်းခံဝင်တော်မူသောအခါ
မြေမှုန့်များကို ကစားနေသော သူငယ်တို့အနက် ခုနစ်နှစ်အရွယ်သူဌေးသားသည် ဘုရားကို ကြည်ညိုလှသဖြင့်
လက်၌ရှိသော မြေမှုန့်ကို လှူအံ့ဟုကြံ၍ အခြွေအရံသူငယ်ချင်းတို့ကို ခေါ်ပြီးလျှင် လက်၌ရှိသော
မြေမှုန့်ကိုလှူ၏။ မြတ်စွာဘုရားသည် ထိုလှူသောမြေမှုန့်ကို သပိတ်ဖြင့် ခံယူတော်မူပြီးလျှင် ပြုံးတော်မူသဖြင့်
အာနန္ဒာထေရ်က အကြောင်းကို လျှောက်ရာ 'ထိုသူငယ်သည် သာသနာတော် ၂၁၈-နှစ်သို့ရောက်သောအခါ
ပါဋလိပုတ်ပြည်၌ အသောကမည်သော မင်းဖြစ်ပြီးလျှင် သာသနာတော်ကို ကြည်ညိုလှသဖြင့် ခုနှစ်လ၊
ခုနှစ်ရက်တိုင်တိုင် အလှူကြီးပေးလိမ့်မည်။ ထိုအခါ မာရ်နတ်ဖျက်ဆီးအံ့သည်ကို ဥပဂုတ္တတိဿနာဂမည်သော
မထေရ်သည် တန်ခိုးအားဖြင့် တားပေလတ္တံ့' ဟုဗျာဒိတ်စကား ကြားတော်မူကြောင်းနှင့်
လောကပညတ္တိပါဌ်၌လာသည်။
လောကပညတ္တိပါဌ်၌ပင် ဥပဂုတ္တထေရ်(အရှင်ဥပဂုတ်)၏အကြောင်းကို ဤသို့ဖော်ပြပါရှိ၏။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူရာ ထီးဆက်နန်းရံအမွေခံ သားသမီးတစ်ယောက်မျှ မရ၍
ပညာရှိများနှင့်တိုင်ပင်ဆွေးနွေးသော် မဟာဒါနပြုလုပ်လျှင် အမွေခံသားသမီး ပေါ်လာမည့်အကြောင်း
ဟောပြောလျှောက်တင်သဖြင့် မင်းကြီးသည် မဟာဒါနကို ပြုတော်မူသည်။ မကြာမီအတွင်း၌ တံငါတို့က
ငါး၏ဝမ်းထဲမှရသော လူမိန်းမတစ်ယောက်ကို မင်းကြီးအား ဆက်သကြသည်။ မင်းကြီးသည်
ထိုသတို့သမီးငယ်ကို နတ်တို့က ဆက်လာသည်ဟု ထင်မှတ်၍ အထိန်းသည်များနှင့်ကောင်းစွာထားသည်
အမည်ကိုလည်း မစ္ဆဒေဝီဟုပေးကာ ရင်သွေး အရင်းကဲ့သို့ ကောင်းစွာစောင့်ရှောက်ထားလေသည်။
အရွယ်ကြီးမြင့်လာသောအခါ ကိုယ်မှမကောင်းသော အပုပ်နံ့ထွက်သဖြင့် ထိုအပုပ်နံ့မထွက်အောင်
ကြံစည်သော်လည်း မရသောကြောင့် ထိုမစ္ဆဒေဝီကို စားနပ်ရိက္ခာအစုံနှင့် ဖောင်ပေါ်၌တင်ပြီးလျှင်
မြစ်လယ်ကြောသို့ မျှောလိုက်ရလေသည်။ မြို့နှင့်ဝေးကွာသော တောင်ကြီးကမ်းကြီးရှိရာသို့ရောက်ရာ
တစ်ခုသောမြစ်ကွေ့ကမ်းအငူက ရှင်ဥပရသေ့သည် မြစ်၏တစ်ဖက်ကမ်းသို့ ကူးလို၍ အလံကိုထူပြထားသည်ကို
မစ္ဆဒေဝီမြင်သဖြင့် ဖောင်ကိုကမ်းသို့ကပ်ပြီးလျှင် အကြောင်းကိုမေးရာ ရှင်ရသေ့က တစ်ဖက်ကမ်းသို့
ကူးလိုသဖြင့် ပို့ပေးရန်တောင်းပန်လေသည်။ ထိုအခါ မင်းသမီးက အကျွန်၏မျက်နှာကို မကြည့်လျှင်
ပို့ပေးပါမည်ဟုပြောရာ ရသေ့က ရဲရဲဝန်ခံသဖြင့် တစ်ဖက်ကမ်းသို့ပို့ပေးရလေသည်။ ကမ်းသို့ရောက်သောအခါ
ရှင်ဥပရသေ့သည် အမျိုးသမီးအား မည်သည့်အမျိုးနွယ်ဖြစ်သည်ကို သိချင်သောကြောင့်
အမှတ်မဲ့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မိကြ၍ မစ္ဆဒေဝီ၌ ပဋိသန္ဓေတည်ရကြောင်းကိုပြောပြီးလျှင် ကိုယ်ဝန်ကို
အစောင့်အရှောက်ခိုင်းရာ ရသေ့က ကျေနပ်စွာ သဘောတူပြီးလျှင် စောင့်ရှောက်ထားလေသည်။
နေ့လစေ့သောအခါ သားကိုဖွားမြင်ရာ ရှင်ဥပရသေ့က နေ့ညဥ့်မပြတ် ကြည့်ရှုစောင့်ရှောက် ကျွေးမွေးသည်ကို
အစွဲပြု၍ ဥပဂုတ္တဟုအမည်ပေးလေသည်။ အရွယ်ရောက်သောအခါ ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌
ကြေးပြာသာဒ်နှင့် နေတော်မူသည်။ ထိုအရှင်သည် ဈာန်သမာပတ်တို့ဖြင့်သာ နေ့ရက်များစွာကို ကုန်လန
ွ်စေ၍
အစာမစားဘဲလည်း နေတော်မူလေ့ရှိသည်။
သီရိဓမ္မာသောကမင်းသည် ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း၊ ခဲယဉ်းစွာမြှုပ်ထား၍
ကိုးကွယ်တော်မူသော သရီရဓာတ်တော် ခုနှစ်စရွတ်ကိုယူဆောင်၍ သရီရဓာတ်တော်ကို ဇမ္ဗူဒိပ်ကျွန်းအလုံး၌
အနှံ့ကိုးကွယ်စေခြင်းငှာ ရှစ်သောင်းလေးထောင်သော မြို့နိုင်ငံတို့၌ တစ်မြို့လျှင်
စေတီတော်တစ်ဆူတည်စေ၏ တစ်ဖို့သောဓာတ်တော်ကို ပါဋလိပုတ်ပြည်မြစ်နားဝယ် တကောသခွအ
ဲ ရပ်ကို
လက်ဝါးပြင်ကဲ့သို့ ညီညတ
ွ်စေ၍ အထူးထူးသော ရတနာတို့ဖြင့် တန်ဆာဆင်လျက် မဟာစေတီ တည်လေ၏။
တည်ပြီးသော် ခုနှစ်ရက်တိုင်တိုင် ကြီးစွားသောပူဇော်ပွဲကို ပြုလေ၏။
စေတီပူဇော်ပွဲတွင် မာရ်နတ်သည် အန္တရာယ်ပြုလာသည်ကို ရှင်ဥပဂုတ်သည် တန်ခိုးတော်ဖြင့် တားမြစ်၏။
ဦးစွာ၌ မဟာစေတီ၏ ထက်ဝန်းကျင် ယူဇနာခွဲအရပ်ကို ဆီမီးထွန်းညှိစေရာ မီးသေစိမ့်သောငှါ
မာရ်နတ်သားသည် ပြင်းထန်သောလေကို လာစေ၏။ ရှင်ဥပဂုတ်လည်း တန်ခိုးတော်ဖြင့်ယူ၍ အဝေးသို့
လွှင့်လေ၏။ တဖန်မာရ်နတ်သားလည်း သဲမိုး၊ ကျောက်စရစ်မိုး၊ ကျောက်ဖျာမိုး၊ မီးကျီးမိုး၊ ချေးမိုးတို့ကို
အစဉ်တိုင်း ရွာစေရာ ရှင်ဥပဂုတ်လည်း အဓိဋ္ဌာန်တန်ခိုးဖြင့်ခံ၍ စကြာဝဠာတံတိုင်း အပ၌ စွန့်၏။
ထို့နောက်တဖန် ကြီးစွားသော နွားလားဥသဘအဟန် ဖန်ဆင်း၍လည်းကောင်း၊ ဦးခေါင်း ခုနစ်လုံးရှိသော
နဂါးအဟန်ဖန်ဆင်း၍လည်းကောင်း၊ ထန်းပင်လောက်ရှိသော ပြောင်ပြောင်တောက်သော သံလှန်ကန်ကို
ကိုင်စွဲထားသော ဘီလူးကြီး အဟန်ဖန်ဆင်း၍လည်းကောင်း အန္တရာယ်ပြုရန် အဆင့်ဆင့်အားထုတ်ပြန်လျှင်
ရှင်ဥပဂုတ်လည်း ကျားအဟန်ဖန်ဆင်း၍လည်းကောင်း၊ ဂဠုန်အဟန်ဖန်ဆင်း၍လည်းကောင်း
မာရ်နတ်ဖန်ဆင်းသော ဘီလူးထက် ၂ ဆကြီး၍ ဝင်းဝင်းငြိသော သံလှန်ကန်ချောင်းကိုင်စသ
ွဲ ည့်
ဘီလူးကြီးအဟန် ဖန်ဆင်း၍လည်းကောင်း မာရ်နတ်ကို နှိမ်နှင်းလေသည်။ နောက်ဆုံးတွင်မာရ်နတ်သည်
ရှင်ဥပဂုတ်၏ တန်ခိုးတော်ကို ပြိုင်နိုင်စွမ်းမရှိသည်ကို သိသဖြင့် လူ့အသွင်ဖန်ဆင်းပြီးလျှင်
ရှင်ဥပဂုတ်၏ရှေ့တွင်ရပ်လေသည်။ ရှင်ဥပဂုတ်သည် ပိုးလောက်အတိပြည့်သော စက်ဆုပ်ရွံ့ရှာဖွယ်ရှိသော
ခွေးသေကောင်ပုပ်ကို မာရ်နတ်၏လည်၌ ဆြွဲ ပီးလျှင် မိမိမှတပါး အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ
ထိုခွေးသေကောင်ပုပ်ကို မချွတ်နိုင်စေသတည်းဟု အဓိဋ္ဌာန်ပြီးလျှင် လွှတ်လိုက်လေသည်။ မာရ်နတ်သည်
တန်ခိုးကြီးသော နတ်များနှင့် ဗြဟ္မာများထံသို့ ချဉ်းကပ်ပြီးလျှင် ခွေးသေကောင်ပုပ်ကို ချွတ်ပေးရန်
တောင်းပန်သည်။ သို့သော်မည်သူကမျှ ချွတ်၍ မပေးနိုင်ကြသဖြင့် ဗြဟ္မာမင်းတို့၏ သြဝါဒအရ
ရှင်ဥပဂုတ်ထံသို့ပင် ပြန်သွားပြီးလျှင် ခွေးသေကောင်ပုပ်ကိုချွတ်ပေးရန် တောင်းပန်လေသည်။
ရှင်ဥပဂုတ်သည် မာရ်နတ်အားတောင်ကြီးတစ်လုံး၏ အနီးသို့ ခေါ်ဆောင်သွားပြီးလျှင် မာရ်နတ်လည်မှ
ခွေေးသကောင်ပုပ်ကို ချွတ်ပေးသည်။ ထို့နောက် ခါးပန်းတော်ကို ရှည်အောင်ဖန်ဆင်း၍ မာရ်နတ်၏ ခါးကို
ချည်ပြီးသော် အခြားတစ်ဖက်ကို တောင်တင
ွ်ချည်နှောင်ကာ 'မာရ်နတ်၊ သင်သည် အခြားတစ်ပါးသို့
မသွားလင့်၊ ဓမ္မသောကမင်းကြီး၏ ပူဇော်ပွဲ မပြီးမချင်း ဤအရပ်၌ နေရစ်' ဟု မိန့်တော်မူရာ မာရ်နတ်လည်း
မည်သို့မျှ မပြောကြားနိုင်ဘဲ ဆိတ်ဆိတ်သာ နေရလေသည်။ ရှင်ဥပဂုတ်လည်း အလိုရှိရာ၌
ချမ်းသာစွာနေလေသည်။ ခုနစ်လ၊ ခုနစ်ရက်လန
ွ်၍ စေတီပူဇော်ပွဲပြီးသောအခါ ရှင်ဥပဂုတ်သည်
မာရ်နတ်ရှိရာသို့သွား၍ အသံကိုနားထောင်သောအခါ 'ငါသည် မြတ်စွာ ဘုရားအား အမျိုးမျိုး
အနှောက်အယှက်ပေးခဲ့သော်လည်း သာဝကကဲ့သို့ ငါ့အား မညှင်းဆဲချေ။ ထို့ကြောင့် ရှေးရှေးသော ဘဝများက
ဘုရားရဟန္တာဖြစ်စေနိုင်လောက်သော ကောင်းမှုများကို ပြုလုပ်ခဲ့ဖူးပြီ။ ထိုကုသိုလ်၏ အာနိသင်ကြောင့်
နောင်သောအခါ ဘုရားဆုကိုသာရလိုပါ၏။ သနားခြင်းကင်းမဲ့သော သာဝက၏ အဖြစ်ကို မရလိုပါ' ဟု
မာရ်နတ်၏ ညည်းညူမြည်တမ်းသံကို ကြားရသည်။ ရှင်ဥပဂုတ်လည်း မာရ်နတ်ထံသို့ အဆောတလျင်
သွားပြီးလျှင် ခါးပန်းတော်ကို ဖြေပြီးနောက် 'မာရ်နတ်၊ ငါ့အားသည်းခံလော့၊ ငါသည်သင်၏ အကျိုးကိုလည်း
ပြီးစေပြီ၊ မင်းကြီး၏ကောင်းမှုကိုလည်း အန္တရာယ်ကင်းစေပြီ၊ သင်သည် ဘုရားဆု94ကို ယူပေသောကြောင့်

94
မာရ်နတ်သည် ဘုရားဆုပန်သည်ဟု ဆိုသော်လည်း ယခုဘဝမှ ပန်ပုံရ၏။ ဗျာဒိတ်ရပြီးဟုတ်ဟန်မတူ။ ဗျာဒိတ်ရ
ဘုရားလောင်းတို့သည် မည်သည့်အခါမျှ ကာမာဝစရဘုံ၌ မာရ်နတ်အဖြစ်သို့မရောက်ကြပေ။ ကာမာဝစရ န မာရော- ဗုဒ္ဓဝံသ၊
ဋ္ဌ။ ၁၆။ သုတ္တနိ၊ ဋ္ဌ။ ၁။ ၄၅။ အဋ္ဌသာလိနီ၊ ၇၁။
သင့်ကိုပူဇော်ထိုက်ပေသည်' ဟုဆိုလေသည်။ ထို့နောက် 'သင်သည် ဘုရားကို မြင်ဘူးသည်။ ငါကာ ဘုရားကို
မမြင်ဘူးပေ။ ထို့ကြောင့် သာဝကများနှင့်တကွ ဘုရားအဖြစ်ကို ဖန်ဆင်း၍ ပြပါ' ဟု ရှင်ဥပဂုတ်ကပြောရာ
မာရ်နတ်က 'ငါ့အား အရှင်ရှိမခိုးလျှင် ဖန်ဆင်း၍ပြအံ့' ဟုဆိုသည်။ ထိုအခါ ရှင်ဥပဂုတ်က 'ကောင်းပြီ'
ဟုဝန်ခံပြီးလျှင် သံဃာများအား ဘုရားဖူးကြွရန်ဖိတ်ကြား၍ လူများကိုလည်း ပန်းနံ့သာများ ကိုင်စေ
ွဲ စကာ
သံဃာများနှင့်လာစေသည်။ မာရ်နတ်သည် တောအုပ်တစ်ခုသို့ ဝင်ပြီးမှ လက္ခဏာတော်ကြီးငယ်တို့ဖြင့်
တင့်တယ်စွာ တန်ဆာဆင်အပ်သော တစ်လံမျှလောက်သော ရောင်ချည်တော် အဝန်းဖြင့် တောက်ထန
ွ်းသော
ဘုရားအသွင်တော်ဖန်ဆင်းလျက် လက်ဝဲရံလက်ယာရံ အဂ္ဂသာဝကအစုံ ရှစ်ကျိပ်သော မဟာသာဝကတို့
ခယမ်းပုံနှင့်တကွ အလုံးစုံတောက်ပသော ဘုရားအသရေ အဆင်းကို ဖန်ဆင်း၍ ပြပေ၏။
ရှင်ဥပဂုတ်သည် မြတ်စွာဘုရား၏ အသရေတော်ကို ကြည်ညိုလှသဖြင့် မာရ်နတ်အား
ကတိပေးထားခဲ့သည်ကို မအောက်မေ့နိုင်ဘဲ မြတ်စွာဘုရား အစစ်အား ဖူးမြင်နေရဘိသကဲ့သို့
အောက်မေ့ပြီးလျှင် အနူးအညွတ်ရှိခိုးလေသည်။ ပါလာသမျှသော ရဟန်း၊ မင်း၊ မှူးမတ်၊
ပရိတ်သတ်၊တို့သည်လည်း အလွန်ဝမ်းမြောက်ဝမ်းသာ ကြည်ညိုစွာဖြင့် ပူဇော်ကန်တော့ကြလေသည်။ ထိုအခါ
မာရ်နတ်သည် ဘုရား၏ အသွင်ကို ကွယ်စေပြီးလျှင် ရှင်ဥပဂုတ်အား 'အဘယ်ကြောင်းရှိခိုးရသနည်း' ဟု
မေးရာ ရှင်ဥပဂုတ်ကလည်း 'ငါသည် သင့်အား ရှိမခိုး၊ သာဝကနှင့်တကွသော မြတ်စွာဘုရားကိုသာ
ငါရှိခိုးခြင်းဖြစ်သည်' ဟုဆို၏။ ထိုအခါမှစ၍ မာရ်နတ်သည်လည်း သာသနာ၌ သဒ္ဓါနူးညံ့သောစိတ်
95
ရှိသည်ဖြစ်၍ မိမိနေရာသို့ ပြန်သွားလေသည်- ဟုဖြစ်သည်။

95
ပထမကျော်ဦးကြီးဖေ၏ ရှင်ဥပဂုတ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၄။ ၁၉၇၅-ခုနှစ်။ (စာမျက်နှာ-၄၇၃)။
မြန်မာ့စာပေကျမ်းဂန်များ၌ ပါရှိသော ရှင်ဥပဂုတ်
မြန်မာနိုင်ငံ၌ ရှင်ဥပဂုတ်မထေရ်အကြောင်းကို အစောဆုံးဖော်ပြသောကျမ်းမှာ ပုဂံခေတ်
အရှင်အဂ္ဂဝံသ၏ သဒ္ဒနီတိပါဠိသဒ္ဒါကျမ်းဖြစ်ပေလိမ့်မည်။ သဒ္ဒနီတိကျမ်း၌ ရှင်ဥပဂုတ်အကြောင်းပါသည်
ဆိုရာတွင် သဒ္ဒနီတိကျမ်းပြုဆရာတော်က ကစ္စည်းသဒ္ဒါကြီး၊ ကာရကပိုင်းလာ 'ယော ကရောတိ
သကတ္တာ' သုတ်၏အရာတွင် 'ဥပဂုတ္တေန မာရော ဗန္ဓော' (ဥပဂုတ်သည် မာရ်နတ်ကို
တုပ်နှောင်ဖွဲ့ထားအပ်၏) ဟူသောပြယုဂ်ကို မိမိ၏ကျမ်း (သုတ္တမာလာ)၌ ယူ၍ ပြဆိုထားခြင်းမျှဖြစ်၏။
သဒ္ဒနီတိကျမ်း ပေါ်ထွန်းသော ခေတ်ကာလကို အကြမ်းဖျဉ်းအားဖြင့် ပုဂံခေတ်ဟု ဆိုလင့်ကစား ခရစ်
၁၂-ရာစုနှင့် ၁၃ ရာစု အစပိုင်း အတွင်းဖြစ်သည်ဟု ခန့်မှန်းသည်။96
အရှင်ဥပဂုတ်အကြောင်းကို ပြည့်စုံစွာဖော်ပြသောကျမ်းမှာ လောကပညတ္တိကျမ်းဖြစ်၏။97
ထိုကျမ်းကို ပုဂံပျက်ပြီး အနှစ်တစ်ရာ့ငါးဆယ်အကြာ တောင်တွင်းကြီးမြို့စား မဟာသိရိဇေယျသူ(၂၄-၃-
၁၄၄၂-ခုနှစ်)တွင် တည်ဆောက်ပြီးသော တက်နွယ်အင်းကျောင်း၏ ပိဋကတ်တိုက်အတွက်လှူသော
98
လောကီကျမ်း(၂၉၅)ကျမ်း စာရင်းတွင်တွေ့ရသည်။ ထိုကျမ်းကို သထုံမြို့ သဒ္ဓမ္မဃောသမဟာထေရ်
99
ရေးသည်ဟု လည်းကောင်း သိရီလင်္ကာအနုရာဓမြို့ တောင်ဘက်ရှိအမည်မသိထေရ်ရေးသည်100-
ဟုလည်းကောင်း စာပေသမိုင်းကျမ်းတို့၌ ဖော်ပြထားသည်။ ထိုကျမ်းကို ပါဠိဘာသာဖြင့်ရေးသားထားပြီး
အေဒီ ၁၄၄၂ ခုနှစ်ကပင် အထင်အရှားရှိခဲ့သည်ဟု ယူဆကြသည်။ စင်စစ်ထိုကျမ်း၏ မူရင်းကျမ်းမှာ
သက္ကတဘာသာဖြင့် ရေးသားခဲ့ပြီး ကျမ်း၏အမည်ကို မဟာဝသ္တုနှင့် ဒိဗျာဝဒါန စသည်တို့၌
'လောကပြဉ္စပတိ' ဟုပြဆိုထားသည်။ ထိုသက္ကတမူ လောကပညတ္တိမှာ ယခုအခါကွယ်ပျောက်နေပြီး၊
အေဒီ ၅၅၈-ခုနှစ်၌ ဘာသာပြန်ထားသော တရုတ်မူသာရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ အေဒီ ၁၃၄၅-
ခုနှစ် ဘုရင်လိထိုင်(Li Thai) လက်ထက်တွင်ရေးသော တြိဘူမိကထာ(Tribhumikatha)တွင် ထိုကျမ်းကို
ကိုးကားထားကြောင်း တွေ့ရသည်။101 ထို့ပြင် အေဒီ ၁၅၂၀-ပြည့်နှစ် ဇင်းမယ်မြို့နေ

96
အရှင်သီလာနန္ဒာဘိဝံသ၏ သဒ္ဒနီတိဓာတုမာလာနှင့် ပါဏိနီယဓါတုပါဌ တိုက်ဆိုင်လေ့လာခြင်း။ ၁၉၇၇-ခုနှစ်။ (စာမျက်နှာ-
၂၁)။
97
မြန်မာနိုင်ငံ၌ ပုံနှိပ်မူအဖြစ်အရောက်သေးဘဲ ပေမူဖြစ်၏။ ထိုကျမ်း၏ ပမာဏကို ပေအင်္ဂါအရေအတွက်အားဖြင့်
ဦးဆန်းထွန်း၏ ကဝိလက္ခဏ ဝိသောဓနီ (စာမျက်နှာ-၅၉၄)၌ 'ကမှဇု၊ ၇-အင်္ဂါ၊ ၅-ချပ်၊ ၁၀-ကြောင်းပေ၊ ဗိန်း' ဟုဖော်ပြထားပြီး။
အမျိုးသားစာကြည့်တိုက်၊ ပေစာဌာနစိတ်ရှိ လောကပညတ္တိကျမ်းပေမူမှာ '၈ အင်္ဂါ၊ ၁ ချပ်' ဟုမှတ်တမ်းတင်ဖော်ပြထားသည်။
ဤကျမ်းပါဠိမူကို သုတေသီ E. Denis ကတည်းဖြတ်၍ ပြင်သစ်ဘာသာသို့ ပြန်ဆိုပုံနှိပ်ခဲ့ပြီးဖြစ်သည်။ E. Denis' La
Lokapannatti et les idees Cosmologiques du Bouddhisme ancien, 2 Vol., Lille 1977.
98
G.H. Luce and Tin Htway' A 15th Century Inscription and Library at Pagan, Burma. 1976. Page-231.
ဒေါက်တာသန်းထွန်း၏ ပုဂံစာကြည့်တိုက်(စာတန်း)။ သန်းထွန်းရှစ်ဆယ်ပြည့်။ ၂၀၀၃-ခုနှစ်။ (စာမျက်နှာ-၇၂။)
99
ဦးယမ်၏ ပိဋကတ်တော်သမိုင်းစာတမ်း၊ အပိုဒ်-၃၆၀ စာမျက်နှာ-၅၃)၊ သီရိလင်္ကာ၊ အနုရာဓမြို့တောင်ဘက်ရှိ
အမည်မသိထေရ်ရေးသည်ဟုလည်းကောင်း (Gandhavamsa. Vrs. 62, 72; DPPN.II. 787; M. Bode' The Pali
Literature of Burma. 1965. Page-104.
100
Gandhavamsa Vrs. 62,72; DPPN.II. 787; M. Bode’ The Pali Literature of Burma. 1965. Page-104.
101
Hinubar' A Handbook of Pali Literature. 1997. Page-183.
သိရိမင်္ဂလမထေရ်ရေးသော စက္ကဝါဠဒီပနီ(Cakkavaladipni)ကျမ်းသည် လောကပညတ္တိကျမ်းကို
102
အခြေခံ၍ ရေးသားပြုစုခဲ့သည်ဟုလည်း ပညာရှင်တို့ ယူဆကြသည်။
ထိုလောကပညတ္တိကျမ်း၌ 'မဟာသမုဒ္ဒရာအတွင်း ကြီးစွာသော ရေထုကိုခွဲ၍
ရတနာအမျိုးမျိုးဖြင့်ပြီးသော ပြာသာဒ်ကိုဖန်ဆင်း၍ သီတင်းသုံးနေသော ကိသနာဂခေါ်
ဥပဂုတ်မထေရ်'... စသည်ဖြင့် ရှင်ဥပဂုတ်အကြောင်းကို တခမ်းတနား ဖေါ်ပြထား၏။
သို့ပါသော် မြန်မာနိုင်ငံ၌ အသိများကြပြီးဖြစ်သော ရှင်ဥပဂုတ်ကျေးပြာသာဒ်၌ နေခြင်းနှင့်စပ်၍
ဓမ္မာစရိယ ဦးခင်မောင်လင်း ရှင်ဥပဂုတ္တရဟန္တာပူဇော်နည်း စာအုပ်၌-
ရှင်ဥပဂုတ်မထေရ်ကြီးသည် ဂေါဓာဝတီမြစ်တင
ွ်း ကျွန်းပေါလောပေါ်၌ တမေလ်လူမျိုးတို့
လှူဒါန်းဆောက်လုပ်သော ကြေးပြာသာဒ်ကျောင်း၌ သီတင်းသုံးလျက်၊ (ထိုမှ) တောင်သမုဒ္ဒရာ အတွင်း
လှည့်လည်လျက်ရှိသည်-103 ဟု ဖော်ပြထားသည်။
ဤအချက်ကို ထောက်၍ အရှင်ဥပဂုတ်မထေရ်သည် ထိုဂေါဓာဝရီ မြစ်ဝကျွန်းပေါ်ရှိ
ကြေးပြာသာဒ်ကျောင်းနှင့် ထိုမြစ်နှင့် တစ်ဆက်တည်းတည်ရှိသော တောင်သမုဒ္ဒရာတွင်း
လှည့်လည်သီတင်းသုံးဟန်ရှိသည်ဟု ယူဆနိုင်သည်။ ထိုကြေးပြာသာဒ်မှာလည်း တန်ခိုးဖြင့်
ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ တမေလ်တို့၏ ကုသိုလ်သာ ဖြစ်ကြောင်းသိရသည်။
အင်းဝခေတ် (အေဒီ ၁၃၆၄-၁၇၅၀)၌ ထင်ရှားသော ဦးကုလား (အေဒီ ၁၆၇၈?-၁၇၃၈?)၏
မဟာရာဇဝင်တော်ကြီး (အေဒီ ၁၇၂၀)၌ အရှင်ဥပဂုတ်မထေရ်၏
အကြောင်းရေးသားထားသည်ကိုတွေ့ရသည်။ ထိုကျမ်း၌ မဇ္ဈိမဒေသမင်းဆက်များ အခန်းတွင်
အသောကမင်းကြီး အလှူပွဲတော်ကို ရှင်ဥပဂုတ်စောင့်ရှောက်ပုံနှင့် မာရ်နတ်အား
ရှင်ဥပဂုတ်ချိုးနှိမ်ပုံအကြောင်းတို့ကို အကျယ်တဝင့် ထည့်သွင်းရေးသားခဲ့၏။104
မုံရွေးဇေတဝန်ဆရာတော်ကြီး (အေဒီ ၁၇၆၆-၁၈၃၄)က သမန္တစက္ခုဒီပနီကျမ်း (အေဒီ-၁၈၁၁)၌
'အရှင်ဥပဂုတ်သည် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့်နေကြောင်းကို ဆိုသော
အတ္ထုပ္ပတ္တိကိုသိလိုပါသည်' ဟူသော မေးခွန်းကို ဖြေဆိုရာ၌ 'ရာဇဝံသကျမ်း၌
သီရိဓမ္မာသောကမင်းကြီးသည် စေတီ (၈၄၀၀၀)ကို အနုမောဒနာ ပြုသောကာလ မာရ်နတ်ကို
ဆုံးမကြောင်း သဒ္ဒါကစ္စည်းကျမ်း၊ သဒ္ဒနီတိသဒ္ဒါတို့တင
ွ် ပါရှိပြီး၊ မိလိန္ဒပဥှာ၌ 'ယထာ
မောဂ္ဂလိပုတ္တတိဿတ္ထေရ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိသတိ၊ ဧဝံ ဧတေပိ နိဒ္ဒိသတိ မယိ ပရိနိဗ္ဗုတေ
ပဉ္စဝဿသတေကာလေ ဧတေ ဥပ္ပဇ္ဇိဿန္တိ'-105 စသဖြင့် ရှင်မဟာ မောဂ္ဂလိပုတ္တိဿမထေရ်၊
အရှင်ဥပဂုတ္တထေရ်စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ မိလိန္ဒမင်း, အရှင်နာဂသိန်တို့သည်

102
K.R. Norman' Pali Literature. 1983. Page-174.
103
ဓမ္မာစရိယ ဦးခင်မောင်လင်း၏ ရှင်ဥပဂုတ္တရဟန္တာပူဇော်နည်း ၁၉၈၉-ခုနှစ်။ (စာမျက်နှာ-၂၀၉)။
104
ဦးကုလား၏ မဟာရာဇဝင်တော်ကြီး ပထမတွဲ။ ၁၉၅၉-ခုနှစ်။ (စာမျက်နှာ-၈၉)။
105
ဆဋ္ဌမူမိလိန္ဒပဥှာပါဠိတော်၌ ထိုပါဠိဝါကျ မပါရှိပေ။ ဓမ္မာစရိယဦးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ။ ၁၉၆၁-
ခုနှစ်။(စာမျက်နှာ-၃၅၇)၌ ဤအကြောင်းကို ဝေဖန်သုံးသပ်ပြထားသည်။ ထိုပါဠိသည် မုံရွေးဆရာတော်ကြီးတို့လက်ထက်က
သုံးသောရှေးမူ (ပဉ္စမ၊ ဆဋ္ဌ စသော သံဂါယနာတို့ မတင်မီမူ) မိလိန္ဒပဥှာပါဠိတော်နှင့် ထိုင်းမူ မိလိန္ဒပဥှာပါဠိကျမ်းတို့၌
ပါရှိသည်ဟု ပညာရှင်တို့က ညွှန်ပြကြပြန်သည်။ ဓမ္မာစရိယ ဦးအေးနိုင်၏ ဓမ္မရေးရာပဒေသာ ၁၉၉၀-ပြည့်နှစ်။ (စာမျက်နှာ-
၁၁၂)။
ငါဘုရား ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတ္တံ့၊ တရားညွှန်ပြကုတ်လတ္တံ့'
ဟုဗျာဒိတ်ထားတော်မူကြောင်း တွေ့ဘူးချေသည်။ ထိုမှတပါး အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိဝတ္ထု ထုံးစံများကို
ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မဉာပကပြု၍ မှတ်သားလောက်အောင် ကျမ်းဂန်မတွေ့ဘူးချေ'-106
ဟုဖြေဆိုတော်မူခဲ့ပါသည်။
မုံရွေးဆရာတော်သည် သမန္တစက္ခုဒီပနီကျမ်းကိုရေးပြီးနောက် ဘကြီးတော်မင်းလက်ထက် (အေဒီ
၁၈၁၉-၁၈၃၇)တွင် အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ပညာရှင်အဖွဲ့၌ ဦးဆောင်၍ မှန်နန်းရာဇဝင်တော်ကြီး
(အေဒီ ၁၈၂၉)107 ကို ရေးသားတော်မူခဲ့ပါသည်။ ထိုမှန်နန်းရာဇဝင်တော်ကြီး၌
မဇ္ဈိမဒေသမင်းဆက်အကြောင်းတွင် အသောကမင်းအကြောင်းကို ပြရာ၌ ဦးကုလား၏ မဟာရာဇဝင်မှာ
ဖော်ပြထားသည့်အတိုင်း အရှင်ဥပဂုတ်အကြောင်းကိုပါ ထည့်သွင်းဖော်ပြထားပြီးလျှင်
ရှင်ဥပဂုတ်အကြောင်းသည် ကျမ်းဂန်တို့နှင့် မလျော်မသင့် မညီမညွတ်သော စကားရပ်များဖြစ်၍
ပညာရှိတို့ အယုံအကြည်မမှတ်ယူအပ်ဟု ထင်မြင်ချက်တစ်ရပ်ကိုပါ
ပေးထားခဲ့၏။108မုံရွေးဆရာတော်ကြီးဦးဆောင်သော မှန်နန်းရာဇဝင်ဆရာတို့၏ မှတ်ချက်ကို
ကဝိလက္ခဏဝိသောဓနီ ကျမ်းပြု ဆရာဦးဆန်းထွန်းက 'မလိုလျှင်မလိုသလို၊ လိုလျှင်လိုသလို
109
ဆုံးဖြတ်သော မုခေါလောကနသာ ဖြစ်သည်' ဟု ဝေဖန်ခဲ့၏။
မှန်နန်းရာဇဝင်တော်ကြီး ပေါ်ထွန်းပြီးနောက် နှစ် ၁၀၀ ခန့်(အေဒီ-၁၉၀၀?) ကြာသောအခါ
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသား၌ ရှင်ဥပဂုတ်ကို စွဲနစ်သွားအောင်ရေးသားနိုင်သော
ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ကြီး (အေဒီ ၁၈၁၇-၁၈၉၄) ပေါ်ထွန်းလာလေသည်။
ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ကြီးသည် အေဒီ ၁၈၁၇-ခုနှစ်၌ ဝိမတိစ္ဆေဒနီကျမ်း၊ ၁၈၇၈-
ခုနှစ်၌ မဟာဝင်ဝတ္တုကျမ်းနှင့် ဇိနတ္ထပကာသနီဗုဒ္ဓဝင်ကျမ်းကြီး တို့ကိုရေးသားတော်မူခဲ့ရာတွင်
ထိုကျမ်းတို့တွင် ရှင်ဥပဂုတ်အကြောင်းကို တခမ်းတနား ထည့်သွင်းရေးသားခဲ့ပါသည်။
ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ဇိနတ္ထပကာသနီ၊ မဟာဗုဒ္ဓဝင်ဝတ္ထုစသော ကျမ်းတို့ကို ဖတ်ရှုကြရာမှ
မြန်မာဗုဒ္ဓဘာသာဝင်များ ရှင်ဥပဂုတ်အပေါ် ပိုမိုယုံကြည်ကိုးကွယ်လာကြသည်ဟု ဆိုနိုင်လေသည်။
ကျီးသဲလေးထပ်ဆရာတော်ကြီးသည် ရှင်ဥပဂုတ်မထေရ်မြတ်ကို တန်ခိုးဣဒ္ဓိပါဒ်ပြည့်စုံသော
ရဟန္တာမထေရ်ကြီး ဖြစ်သည်ဟုယုံကြည်တော်မူ၏။ ယုံကြည်တော်မူသည့်အတိုင်း
မုံရွေးဇေတဝန်ဆရာတော် စသော ပညာရှင်တို့က ရှင်ဥပဂုတ်အကြောင်းသည် သင်္ဂါယနာဝင် ပါဠိတော်၌
မပါဟူသော အချက်ဟု ဖေါ်ပြခဲ့သည်ကို ကျီးသဲလေးထပ်ဆရာတော်ကြီးက သင်္ဂါယနာဝင်ကျမ်းကြီးတို့၌
မပါသည်မှာလည်း တတိယသင်္ဂါယနာတင်ပြီး နောက်မှပေါ်ထွက်သော ရဟန္တာများဖြစ်၍ မပါသည်ဟု
ယူရမည်'110 ဟုဖြေရှင်းတော်မူခဲ့သည်။ အဋ္ဌကထာ စသည်တို့၌ ရှင်ဥပဂုတ်အကြောင်းမပါခြင်းနှင့်

106
မုံရွေးဆရာတော်၏ သမန္တစက္ခုဒီပနီကျမ်း။ ၁၉၈၅-ခုနှစ်။ (စာမျက်နှာ-၁၀)။
107
Than Tun’ Historiography of Burma. 1976. Page-6; U Tet Htoot’ The Nature of The Burmese Chronicles.
1961. Page-54.
108
မှန်နန်းရာဇဝင်တော်ကြီး ပထမတွဲ ၁၉၉၃-ခုနှစ်။ (စာမျက်နှာ-၁၄၂)။
109
ဦးဆန်းထွန်း၏ ကဝိလက္ခဏာဝိသောဓနီကျမ်း။ ၁၉၆၁-ခုနှစ်။ (စာမျက်နှာ-၆၀၀)။
110
ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ဝိမတိစ္ဆေဒနီကျမ်း။ ၁၉၂၁-ခုနှစ်။ (စာမျက်နှာ-၉၃)။
စပ်၍လည်း 'အဋ္ဌကထာ၌ မလာသည်ဟူ၍ မဟုတ်မယူသင့်၊ အကျဉ်းသာစီရင်သောကြောင့်
စကားကြွင်းလေသည်ကို ဋီကာဆရာတို့သွင်းရသည်လည်း အများပင်ဖြစ်သည်’111 စသည်ဖြင့်လည်း
ရှင်ဥပဂုတ်ဘက်မှ လိုက်ပါရေးသားတော်မူခဲ့သည်။ကျီးသဲလေးထပ်ဆရာတော်ကြီးသည်
ရှင်ဥပဂုတ်မထေရ်အကြောင်းကို ရေးရာတွင် လောကပညတ္တိကျမ်း၊ ဝဇိရဗုဒ္ဓိဋီကာနှင့်
(ဆဋ္ဌမူမဟုတ်သော) မိလိန္ဒပဥှာ စသည်တို့ကို အမှီပြု၍ ရေးသားတော်မူခဲ့ပါသည်။ ပဓာန
ကိုးကားသောကျမ်းမှာ လောကပညတ္တိကျမ်းဖြစ်သည်။

ရှင်ဥပဂုတ်နှင့် သီရိလင်္ကာနိုင်ငံ
စင်စစ်ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရှင်ဥပဂုတ်မထေရ်အကြောင်းကို
သီဟိုဠ်ကျွန်းနေပညာရှင်များရေးသော ကျမ်းစာတို့မှ တစ်ဆင့် သိခွင့်ရခဲ့ခြင်းဖြစ်သည်။ သီဟိုဠ်ရေး
ကျမ်းစာဆိုသည်မှာ ပဓာနအားဖြင့် ကစ္စည်းသဒ္ဒါကြီးကျမ်းနှင့် ဝဇိရဗုဒ္ဓိဋီကာကျမ်းတို့ဖြစ်သည်။
ရှင်ဥပဂုတ်အကြောင်းကို ရှေးဦးစွာဖော်ပြသော ကစ္စည်းသဒ္ဒါကြီးသည် ပါဠိသဒ္ဒါကျမ်းများတွင်
ရှေးအကျဆုံးနှင့် အစောဆုံးပေါ်ထွန်းလာသော သဒ္ဒါကျမ်းဖြစ်သည်။ ကစ္စည်းသဒ္ဒါကြီးကိုပြုစုသော
အရှင်ကစ္စာယန မဟာထေရ်ကို ဘုရားရှင်လက်ထက်က ဧတဒဂ်ရ
112
အရှင်မဟာကစ္စည်း ဟုလည်းကောင်း အချို့ကဘုရားပရိနိဗ္ဗာန်စံအပြီး အနှစ် ၃၀၀ ၌ ပေါ်လာသော
ဉာဏပရမတ္ထခေါ် ဉာဏပဋ္ဌာန်းကြီးကို ပြုစုသူ သဗ္ဗသ္ထိဝါဒီဂိုဏ်းဝင် အရှင်ကစ္စာယန(ကာတျာယနီပုတြ)
ဟုလည်းကောင်း၊ အိန္ဒိယတောင်ပိုင်းသာ အေဒီ ၅-ရာစု သို့မဟုတ် ၆-ရာစု၌ ပေါ်ထွန်းလာသော
မထေရ်တစ်ပါးဟုလည်းကောင်း ယူဆကြပါသည်။113
အဂ္ဂမဟာပဏ္ဍိတ အဘယာရာမ ရွှေဂူဆရာတော်ဘုရားကြီး(အေဒီ ၁၈၇၈-၁၉၄၃)ကမူ အေဒီ ၁
ရာစုမှ ၄ ရာစုအတွင်း အိန္ဒိယနိုင်ငံ ဥဇ္ဇေနီပြည်၌ နန်းစံသော သကမင်းတို့၏ ဆရာအရှင်
114
ကစ္စယနပြုသည်ဟု ယူဆတော်မူသည်။ အဘယာရာမဆရာတော်ကြီး၏ ယူဆချက်သည်
အလွန်သိမြင်နိုင်ခဲသော အချက်တရပ်ကို လမ်းစဖော်ပေးခြင်းဖြစ်၍ အဖိုးတန်လှသည်။
ကစ္စည်းသဒ္ဒါကျမ်းကြီး၌ ပါရှိသော အချက်အလက်တို့ကို ထောက်ထား၍
ဘုရားရှင်ပွင့်တော်မူပြီးနောက် ကာလကြာမြင့်မှ ထင်ရှားခဲ့သော အရှင်ကစ္စည်းဘွဲ့အမည်ရှိ မထေရ်တစ်ပါး
ရေးသားခဲ့သည်ဟုလည်း ပညာရှင်များယူဆထားကြ၏။115ထိုကစ္စည်းသဒ္ဒါကျမ်း၊ ကာရကပိုင်း(သုတ်စဉ်-
၂၈၁)၌ 'ယော ကရောတိ သကတ္တာ' သုတ်၏အရာတွင် ဥပဂုတ္တေန မာရော ဗန္ဓော' (ဥပဂုတ်သည်
မာရ်နတ်ကို တုပ်နှောင်ဖွဲ့ထားအပ်၏) ဟူသော ပြယုဂ်ကို ဖော်ပြထားခြင်းမျှဖြစ်၏။116
ရှင်ဥပဂုတ်အကြောင်းကိုသာမက ရှင်ဥပဂုတ်၏ ဒါယကာဖြစ်သူ အသောကမင်းကြီး အကြောင်းကိုလည်း

111
ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ဇိနတ္ထပကာသနီကျမ်း။ ၁၉၉၇-ခုနှစ်။ (စာမျက်နှာ-၅၆၃)။
112
သံခိတ္တေန ဘာသိတဿ ဝိတ္ထာရေန အတ္ထံ ဝိဘဇန္တာနံ ယဒိဒံ မဟာကစ္စာနောတိ- အံ၊ ၁။ ၂၄။
113
အရှင်ကေလာသ၏ မဟာဝိသုတာရာမ နိကာယသာသနာဝင်။ ၁၉၇၀-ခုနှစ်။ စာမျက်နှာ-၆၃။
114
အဘယာရာမဆရာတော်ကြီး၏ မောဂ္ဂလန်နိဿယ၊ ပထမတွ။ဲ ၁၉၇၀-ပြည့်နှစ်။ (စာမျက်နှာ ၃၃၇-၃၃၈)။
115
ကစ္စည်းသဒ္ဒါကြီးပါဌ်။ ၁၉၈၆-ခုနှစ်။ စာမျက်နှာ-ကု။ DPNN-I 477, 479.
116
ကစ္စည်းသဒ္ဒါကြီးပါဌ်။ ၁၉၈၆-ခုနှစ်။ (စာမျက်နှာ-၁၅၁)။
ကစ္စည်းကျမ်း၊ နာမ်ပိုင်း (သုတ်စဉ်-၂၅၁)တွင် 'ကိံ သ္မာဝေါ' သုတ်၏ အရာ၌ 'ကွ ဂတောသိ တွိံ
ဒေဝါနံပိယတိဿ' (အိုဒေဝါနံ ပိယတိဿ အရှင်မင်းကြီးသည် အဘယ်အရပ်သို့ ကြွတော်မူသနည်း?)
ဟူ၍ ပြယုဂ်ထုတ်ပြခဲ့၏။117
ဤသို့လျှင် အရှင်ဥပဂုတ်အကြောင်းနှင့် အသောကမင်းတို့၏အကြောင်းကို
ပြယုဂ်ထုတ်ပြနိုင်သည်မှာ ထိုအရှင်ကစ္စည်းသည် အိန္ဒိယမြောက်ပိုင်းနှင့် အဆက်အသွယ်ရှိ၍
ရေးနိုင်သည်ဟု ယူဆမိပါသည်။ မည်သို့ပင်ဆိုစေ ကစ္စည်းသဒ္ဒါကြီးကို ရှင်ငယ်မှစ၍ ပါဠိဘာသာစတင်
သင်ယူသူတိုင်း သင်ကြားရသည်ဖြစ်၍ ကစ္စည်းသဒ္ဒါကြီး၏ ကာရက ပိုင်းသို့ရောက်လျှင် မာရ်နတ်ကို
ချိုးနှိမ်သော ရှင်ဥပဂုတ်အကြောင်းကို မိတ်ဆက် အသိပေးပြီးဖြစ်လေတော့သည်။
အရှင်ဥပဂုတ်မထေရ်ကြီးအကြောင်းကို အကျဉ်းမျှ ဖော်ပြထားသော သီဟိုဠ်ကျမ်းကြီးတစ်စောင်မှာ
ဝဇိရဗုဒ္ဓိဋီကာဖြစ်၏။ ထိုကျမ်းကို ပရက္ကမဗာဟုမင်းကြီး လက်ထက်(အေဒီ ၁၁၅၃-၁၁၈၆)မတိုင်မီ
118
အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေသဖွား အရှင်ဝဇိရဗုဒ္ဓိမထေရ် ရေးသားပြုစုခဲ့ပါသည်။ ဝိနည်း ၅ ကျမ်းအဖွင့်
ဝိနည်း အဋ္ဌကထာလာ ပုဒ်တို့တင
ွ် တိမ်မြုပ်၊ ကွယ်ဝှက်၊ ခက်ခ၊ဲ ဖုထစ်၊ နေသော ပုဒ်တို့၏
သဘောသကန်ကို ဖွင့်ဆိုရှင်းပြသော ဝိနည်းဋီကာကျမ်းကြီးဖြစ်၏။ ထိုကျမ်း၌ သက္ကတဘာသာ၊
ရှေးသီဟုဠ် ပေါရာဏ စကားတို့ကို များစွာသုံးစွဲရေးသားထားသဖြင့် သာရတ္တဋီကာဆရာ
အရှင်သာရိပုတြာမထေရ်နှင့် ကင်္ခါဋီကာဟောင်းဆရာတို့က ဝဇီရဗုဒ္ဓိဋီကာ ဆရာတော်၏
ဘာသန္တရကျွမ်းကျင်နိုင်နင်းပုံကို ချီးကျူးခဲ့ကြ၏။
အရှင်ဝဇီရဗုဒ္ဓိဆရာတော်သည် ဘာသန္တရ ကျွမ်းကျင်သော ပညာရှင်ပီပီ ဟိန္ဒူအယူအဆများကို
ဖော်ပြထားသော ဥပနိသျှ၊ ကာသိကာ၊ နျာယဒဿနစသော သက္ကတကျမ်းတို့လာ အဆိုတို့ကိုလည်း
ဝဇီရဗုဒ္ဓိဋီကာ၌ ထုတ်ဖော်ရေးသားခဲ့၏။ သက္ကတဘာသန္တရ ကိုကျွမ်းကျင်သော
အရှင်ဝဇီရဗုဒ္ဓိမထေရ်သည် ဝိနည်းမဟာဝါလာ ဝေရဉ္ဖကဏ္ဍ(ဝိ၊ ၁၊၁။ ဝိ၊ ဋ္ဌ၊ ၁။၉၅။)ကို
ဖွင့်ဆိုတော်မူရာတွင် 'မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ ဝါဆိုတော်မူစဉ် ဘုရားအမှူးရှိသော
သံဃာတော်တို့ကို မာရ်နတ်ကလှည့်ဖြားထားသည့်အတွက် ဆွမ်းလှူသူမရှိပဲ ဖြစ်ခဲ့၏။ မြတ်စွာဘုရားရှင်၏
တန်ခိုးတော်ဖြင့် ပယ်ဖျက်နိုင်လင့်ကစား လောကဓံတရားဖြစ်သည်နှင့် သီးခံတော်မူခဲ့ပါ၏။ ထိုအချိန်က
မြတ်စွာဘုရားရှင် သည်းခံတော်မူနေရခြင်း အကြောင်းအရင်းမှာ မြတ်စွာဘုရားရှင်
ပရိနိဗ္ဗာန်ပြုပြီးသောအခါ အရှင်ဥပဂုတ်မထေရ်သည် ထိုမာရ်နတ်မင်းကို ပယ်လှန်ချိုးနှိမ်မည်ကို
သိတော်မူသောကြောင့် ဖြစ်သည်။ ထို့ပြင် မာရ်နတ်ကို ချိုးနှိမ်ရာ၌ အရှင်ဥပဂုတ်သည် အဓိဋ္ဌာန်တန်ခိုးဖြင့်
ချိုးနှိမ်မည်ဖြစ်သည်။' - စသဖြင့် ထိုအရာတို့ကို ဖွင့်ဆိုတော်မူခဲ့သည်မှာ-
ဧတ္ထာဟ-ကိံ ဘဂဝတော မာရာဝဋ္ဋနပဋိဃာတာယ သတ္တိ နတ္ထီတိ။ အတ္ထိ၊ တထာပိဿပစ္ဆာ
119
ဥပဂုတ္တကာလေ ပသာဒဟေတုတ္တာ အဓိဝါသေသိ၊ ဧတ္ထ ဥပဂုတ္တာဓိဋ္ဌာနံ ဝတ္တဗ္ဗံ- ဟုဖြစ်၏။

117
ကစ္စည်းသဒ္ဒါကြီးပါဌ်။ ၁၉၈၆-ခုနှစ်။ (စာမျက်နှာ-၁၃၀)။
118
DPPN-II. 544, 809. အရှင်ဝဇိရဗုဒ္ဓိသည် မြန်မာနိုင်ငံမှ ရာမညတိုင်းဘုရင် ဓမ္မစေတီနှင့် အပြိုင်ပေါ်ထွန်းခဲ့ပြီး
ဓမ္မစေတီမင်းထံ ဝဇိရဗုဒ္ဓိဋီကာတစ်မူကို ပို့ခဲ့ဘူးသည်ဟု အဆိုရှိသည်။
119
ဝဇိရဗုဒ္ဓိဋီကာပါဌ်။ ပြည်ကြီးမဏ္ဍိုင်မူ။ (စာမျက်နှာ-၅၈)။ (ဆဋ္ဌမူ) ဝဇိရ။ ၆၃။ ပါရာဇိဏ္ဍအဋ္ဌာကထာ၌မူ 'ဥပဂုတ္တ'
ဟူသောဘွဲ့ကို မတွေ့ရဘဲ 'ဣန္ဒဂုတ္တ' ဟုတွေ့ရသည်။ ဝိ၊ဋ္ဌ၊၁။၃၇။
ဧတ္ထ= ဤအရာ၌ ဘဂဝတော= ဘုန်းတော်ကြီးမားလှသော ဘုရားသခင်အား(၏)
မာရာဝဋ္ဋနပဋိဃာတာယ= မာရ်နတ်လှည့်ပတ်သည်ကို တားမြစ်တော်မူခြင်းငှာ သတ္တိ= အစွမ်းသည်
(တန်ခိုးတော်သည်) နတ္ထကိံ= ရှိပဲမရှိလေတော့သလော။ ဣတိ= ဤသို့ စောဒကော= စောဒကပုဂ္ဂိုလ်သည်
အာဟ= မေးဆို၏။ အတ္ထိ= ရှိတော်မူပါ၏။ တထာပိ= သို့သော်လည်း ပစ္ဆာ= နောင်တစ်ချိန်ဖြစ်သော
ဥပဂုတ္တကာလေ= သားတော်ဥပဂုတ် လက်ထက်၌ ပသာဒဟေတုတ္တာ= ကြည်ညိုရစ်လတ္တံ့သည်၏
အကြောင်းဖြစ်သောကြောင့် အဓိဝါသေသိ= မတားမြစ်ဘဲ သဲညခ
ဲံချိတော်မူလေ၏။ ဧက္ထ= ဤအရာ၌
120
ဥပဂုတ္တာဓိဋ္ဌာနံ= ရှင်ဥပဂုတ်၏ ဓိဋ္ဌာန်တော်မူခန်း(မာရ်နတ်ချွတ်ခန်း)ကို ဝတ္တဗ္ဗံ= ဆိုသင့်လှ၏။
ဤသို့ 'ဝတ္တဗ္ဗံ= ဆိုသင့်လှ၏။' ဟုအမှာစကားရှိပြီးမှ ဝဇိရဗုဒ္ဓိဋီကာဆရာသည် ဆက်၍
မဆိုပဲနေသည်ကို ဆရာဦးဆန်းထွန်းက 'ထိုဝဇိရဗုဒ္ဓိဋီကာ ကျမ်းလေးမည်၊
ကြီးမားကျယ်ပြန့်သွားမည့်ဘေးကို မျှော်တွေးထောက်ထားလျက် မဆိုခဲ့ပေ'
121
ဟုထင်မြင်ချက်ပေးခဲ့ပါသည်။ ဝဖီရဗုဒ္ဓိဋီကာကျမ်းကြီး၌ ရှင်ဥပဂုတ်မထေရ်အကြောင်း
ဖော်ပြထားသည်ကို အချို့က 'ဋီကာဆရာ၏ မူလရေးရင်း ဟုတ်မှ ဟုတ်ပါလေစ ဟုသံသယဖြစ်ဖွယ်
ရှိပေသည်' ဟုလည်းကောင်း၊ 'အလွတ်(ပါဠိမုတ္တက) သဘောမျိုးဖွင့်ပြခြင်းဖြစ်သည်' ဟုလည်းကောင်း
ဖော်ပြခဲ့ကြ၏။122 ()

အသောကမင်းနှင့် ပါဠိစာပေ
အသောကမင်းကြီး၏ အလှူတော်ပွက
ဲို မာရ်နတ်၏ ဘေးရန်မှ
ကာကွယ်စောင့်ရှောက်နိုင်သောကြောင့် ရှင်ဥပဂုတ်ဟူသော အမည်နာမ ထင်ရှားလာခဲ့သည်ဖြစ်၍
အသောကမင်းကြီး၏ အကြောင်းနှင့် ဆက်စပ်၍ လေ့လာလျှင် အရှင်ဥပဂုတ်အကြောင်းပို၍
အသိတိုးပွားဖွယ် ရှိလေသည်။ အသောကမင်းကြီး၏ အကြောင်းကိုဖော်ပြသော
ပါဠိဘာသာကျမ်းသုံးကျမ်းရှိသည်ဟု ပါဠိပညာရှင်တို့ဖော်ပြခဲ့ကြ၏။ ထိုကျမ်းတို့မှာ-
၁။ အေဒီ ၄-ရာစုရေး ဒီပဝံသ(ဒီပဝင်)ကျမ်း
၂။ အေဒီ ၅-ရာစုရေး အရှင်မဟာဗုဒ္ဓဃောသ၏ ပါရာဇိကကဏ္ဍဝိနည်း
အဋ္ဌကထာကျမ်း(သမန္တပါသာဒိကာ) နှင့်
၃။ အေဒီ ၆-ရာစုရေး မဟာဝံသ(မဟာဝင်)-တို့ဖြစ်သည်။123
အထက်ဖော်ပြပါ သုံးကျမ်းတို့တွင် ဒီပဝံသကျမ်း၌ အသောကမင်းကြီး၏ ကောင်းမှုဖြစ်သော
စေတီပုထိုးကျောင်းကန်တို့ကို မထေရ်တစ်ပါးက လောကဝိဝရဏ အစွမ်းဖြင့် ပြီးစီးခဲ့စေသည်ဟု
124
ဖော်ပြထား၏။ မဟာဝံသကျမ်း၌ အရှင်ဣန္ဒရဂုတ္တအမည်ရှိသော မထေရ်၏ တန်ခိုးအစွမ်းဖြင့်
အသောကမင်း၏ ကုသိုလ်များကို မြင်တွေ့ခဲ့သည်ဟု ဖော်ပြထား၏။125 သမန္တပါသာဒိကာမည်သော

120
ဦးဆန်းထွန်း၏ ကဝိလက္ခဏာသောဓနီ။ ၁၉၆၁-ခုနှစ်။ (စာမျက်နှာ-၅၉၅)။
121
ဦးဆန်းထွန်၏ ကဝိလက္ခဏာသောဓနီ။ ၁၉၆၁-ခုနှစ်။ (စာမျက်နှာ-၅၉၅)။
122
ဓမ္မာစရိယဦးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ။ ၁၉၆၁-ခုနှစ်။ (စာမျက်နှာ-၃၅၇)။
123
T.W. Rhys Davids' Buddhist India. 1971. Page-276.
124
B.C. Law(Tr)' Dipavamsa. 1959. Page-180.
125
Geiger(Tr)' Mahavamsa. 1950. Page-41.
ဝိနည်းအဋ္ဌကထာကြီး၏ နိဒါနကထာ တတိယသံဂါယနာအဖွင့်၌ 'ဣန္ဒဂုတ္တတ္ထေရံနာမ မဟိဒ္ဓိကံ
မဟာနုဘာဝံ' ဟု အရှင်ဣန္ဒဂုတ္တမထေရ်၏ တန်ခိုးအာနုဘော်ကြောင့် အသောကမင်းကြီး၏
ကုသိုလ်မှုများဖြစ်သော စေတီပုထိုးများပြီးစီးရကြောင်း ဖော်ပြထား၏။ ဝိ၊ဋ္ဌ၊၁။၃၇။
အထက်ပါ ပါဠိဘာသာဖြင့်ရေးသော ကျမ်းတို့၌ အသောကမင်းကြီး၏ အလှူပွအ
ဲ ကြောင်းကို
ပြဆိုထားရာတွင် ရှင်ဥပဂုတ်အကြောင်းကို မဖော်ပြဘဲ အရှင်ဣန္ဒဂုတ္တ အကြောင်းကိုသာ
ဖော်ပြထားခဲ့သည်။ သို့ပါ၍ ဒီပဝင်၊ မဟာဝင်၊ ပါရာဇိကဏ္ဍအဋ္ဌကထာတို့၌ လာသော အရှင်ဣန္ဒဂုတ္တနှင့်
ကစ္စည်းသဒ္ဒါကြီး၊ ဝဇီရဗုဒ္ဓိဋိကာတို့၌ လာသော အရှင်ဥပဂုတ်သည် တစ်ပါးတည်းလော။?
တစ်ပါးစီလော။? -ဟူသော မေးခွန်းတစ်ရပ် ဖြစ်လာပါသည်။

အသောကမင်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာ စာပေ


အသောကမင်းကြီး၏ အကြောင်းကို အဝဒါန(Avadana)126 အမည်ရှိသော မြောက်ပိုင်းဗုဒ္ဓဘာသာ
စာပေကျမ်းဂန်မျိုးတွင်လည်း တွေ့ရပါသည်။ ထိုအဝဒါနစာပေသည် နီပေါနိုင်ငံ၌ ပေါ်ပေါက်ခဲ့သည်။127
နီပေါနိုင်ငံ၌ ထင်ရှားခဲ့သော အဝဒါန စာပေများမှာ မဟာဝသ္တုအဝဒါန၊ ဒိဗျာဝဒါန၊ ဒိဗျာဝဒါနမာလာ၊
အဝဒါနကာလ္ပတာခေါ် ဗောဓိသတ္တာဝဒါနကာလ္ပတာ၊ ဘဒြကာလ်ပအဝဒါန
စသောကျမ်းများပါဝင်သည်။128
လုမ္ဗိနီသည် မြတ်စွာဘုရား၏ ဇာတိဖြစ်သော်လည်း မြတ်စွာဘုရား၏
ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ကာလ၌ သာသနာတိမ်မြုပ်သွားခဲ့ရာ အသောကမင်းကြီး၏
လက်ထက်သို့ရောက်မှ သာသနွာ်းကားခဲ့လေသည်။129
ပြန်လည်ထန အသောကမင်းကြီးသည်
ဗုဒ္ဓဖွားတော်မူရာ လုမ္ဗိနီဒေသသို့ မိမိ၏နန်းတတ်ပြီး ၁၈-နှစ်အရတွင် ရောက်ရှိတော်မူခဲ့ပြီး၊ ထိုနေရာ၌
အထိမ်းအမှတ်ကျောက်တိုင် (Rummimdei Pillar Edict)ကို စိုက်ထူခဲ့၏။130 အသောကမင်းကြီးသည်
မိမိသမီးတော်စာရုမတီကို ထိုနီပေါနိုင်ငံရှိ အမတ်ကြီးတစ်ဦးနှင့် လက်ဆက်ပေးခဲ့၏ နီပေါနိုင်ငံ၌
131
ကျောင်းကန်ဘုရား ပုထိုးများစွာကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့၏။ ဗုဒ္ဓဘာသာစွယ်စုံကျမ်းတွင်
အသောကမင်းကြီးသည် နီပေါနိုင်ငံသို့ ကိုယ်တိုင်မသွားဘဲ မိမိ၏ သမက်ဖြစ်သူ နီပေါဘုရင်ကို
နီပေါမြို့နှင့် ၂ မိုင်ခန့်ကွာသော ပါတန်အရပ်၌ စေတီတစ်ဆူ တည်စေသည်။ ထိုစေတီတည်ရာတွင်
ွ်ခဲ့သည်ဟု ဖော်ပြထားသည်။132
ရှင်ဥပဂုတ်အမည်ရှိသော ရဟန်းတပါးက ကြီးကြပ်ဆောင်ရက

126
S.M. Cutler' The Pali Apadana Collection. JPTS. Vol. XX. 1994. Page-3.
127
T.W. Rhys Davids' Buddhist India. 1971. Page-276.
128
ငြိမ်းကျော်၏ ငွေတောင်။ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ-၃၇)။
129
Gokhale' Nepal. In 2500 years of Buddhism. 1954.Page-83. သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာတရားတော်
(အဆင့်မြင့်) ၁၉၉၅-ခုနှစ်။ (စာမျက်နှာ-၄၀၃)။
130
Edicts of Asoka. 1950. Page-127. ထိုကျောက်စာကို ကျောက်စာဝန် Dr. Fuhrer တွေ့၍ Dr. Buhler က အဓိပ္ပာယ်ဖော်
ဘာသာပြန်ခဲ့သည်။ L.A. Waddel' Upagupta. Asiatic Society of Bengat Journal. Vol. LXVI. Part I, No.1. 1897.
Page-81.
131
Gokhale' Nepal. 1954. Page-83.
132
Zeyet Asoka. Encyclopedia of Buddhism (Specimem). 1957. Page-26.
ဒိဗျာဝဒါနကျမ်း၌ အိန္ဒိယမြောက်ပိုင်းရှိ ဘုရားဖွားတော်မူရာ လုမ္ဗိနီ၊ ဘုရားပွင့်တော်မူရာ
ဗုဒ္ဓဂယာအပါအဝင် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ဌာနများသို့ အသောကမင်းကြီးသည်
ရှင်ဥပဂုတ်နှင့်အတူ ကြွချီလာသည်ဟု ဖော်ပြထား၏။133 ထိုဒိဗျာဝဒါနကျမ်းမှာပင် အရှင်ဥပဂုတ်သည်
ရဟန္တာအရှင် ၁၈, ၀၀၀ နှင့်အတူ လှေသင်္ဘောတို့ဖြင့် မဂဓတိုင်း အသောက မင်းထံသို့
134
ကြွချီတော်မူခဲ့သည်ဟု ဖော်ပြထား၏။
ဗောဓိသတာဝဒါနကလ္ပလတာကျမ်း၌ အသောကမင်းကြီး စေတီပေါင်း ၈၄, ၀၀၀ တည်ပုံကို
ဖော်ပြထား၏။ အသောကမင်းကြီး၏ ထိုကုသိုလ်များတွင် ရှင်ဥပဂုတ်ဝင်ရောက် ဆောင်ရွက်ပေးခြင်းဖြင့်
အသောကမင်းကြီးအား ဗုဒ္ဓသာသနာ၌ နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်စေခဲ့သည် ဟုဖော်ပြထား၏။135
ဂျပန်ဗုဒ္ဓဘာသာ အဘိဓာန်ကျမ်း၌ 'အသောကမင်းကြီးသည် ရှင်ဥပဂုတ်သီတင်းသုံးရာ
ဥရုမုန္ဒတောင်သို့ ကြွချီလာ၍ တရားနာယူခဲ့ပြီး၊ ဗုဒ္ဓဘာသာသို့သက်ဝင်ခဲ့ကြောင်း၊ ထိုသို့ အသောကမင်း
ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ရှင်ဥပဂုတ်ကို ပင့်ဆောင်သောကြောင့် ရဟန္တာ ၁၈, ၀၀၀ တို့ဖြင့် ပါဋလိပုတ်ပြည်သို့
ကြွတော်မူကြောင်း၊ အသောကမင်းကြီး၏ စေတီပေါင်း ၈၄, ၀၀၀ ကို တည်ပေးတော်မူကြောင်း' စသဖြင့်
ဖော်ပြထားပါသည်။136
ထို့ပြင် သုတြာလံကာရ၌ အသောကမင်းနှင့် ရှင်ဥပဂုတ်အကြောင်း ဝတ္ထုသုံးပုဒ်ပါရှိသည်။137
ဘဒြကလ္ပလတာအဝဒါန၌ အသောကနှင့် ရှင်ဥပဂုတ်တွေ့ဆုံကြပုံအကြောင်းပါရှိသည်။138
အဝဒါနဂတက၌ အသောကမင်းနှင့် ရှင်ဥပဂုတ်တို့ ဆုတောင်းကြပုံအကြောင်းများပါရှိသည်။139
အသောကမင်းကြီး အကြောင်းကို အများဆုံးဖော်ပြသော အသောကာဝဒါနကျမ်း၌
140
ရှင်ဥပဂုတ်အကြောင်းများစွာကို ရေးသားဖော်ပြထားပါသည်။
အထက်တွင်ဖော်ပြခဲ့သော အချက်အလက်တို့အရ အသောကမင်းကြီးအကြောင်းကို ဖော်ပြသော
ထေရဝါဒ ပါဠိစာပေကျမ်းဂန်တို့၌ ရှင်ဥပဂုတ်အကြောင်းကို ဖော်ပြထားခြင်းမရှိဘဲ၊ မြောက်ပိုင်း
ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓမိဿက သက္ကတကျမ်းဂန်စာပေတို့၌သာ ရှင်ဥပဂုတ်အကြောင်း
141
ဖော်ပြထားသည်ကို တွေ့ရပါသည်။

133
Barua' Buddha Gaya Temple Its History. 1981. Page-10.
134
ဒီဗျာဝဒါနကျမ်းလာ ပံသုပြဒါနဝဒါန(အခန်း-၂၆)၊ ကုနာလ(အခန်း-၂၇)၊ ဝိတဂေါက(အခန်း-၂၈)၊ အဂေါက(အခန်း-
၂၉)တို့တင
ွ် အသောကနှင့် ရှင်ဥပဂုတ်အကြောင်း ဖော်ပြထားသည်။ E.B. Cowell and R.A. Neil' Divyavadana. 1886.
Page-348, 428, 544.
135
Mitra' Nepalese Buddhist Literature. Page-95.
136
A Dictionary of Buddhist Terms and Concepts. Page-495.
137
E. Huber(Tr.)' Asvaghosa's Sutralnkara. 1908. Page-110.
138
Nariman' Sanskrit Buddhism. 1971. Page-60, 61, 196.
139
Avadana Sataka. Vol. II. 1906. Page-203.
140
J.S. Strong(Tr.)' Asokavadana. 1989. Page-174-185.
141
A.W.P. Guruge' Asoka, The Righteous. A Definitive Biography. 1993. Page-33-, 400.
ရှင်ဥပဂုတ်နှင့် မဟာယာန
မဟာယာန ဗုဒ္ဓဘာသာဝင်များသည် ရှင်ဥပဂုတ်မထေရ်အား မြတ်စွာဘုရား၏ သာသနာကို
142
စောင့်ရှောက်သော စတုတ္ထမြောက် သာသနာပိုင်ပုဂ္ဂိုလ်ဟု ယူဆခဲ့ကြ၏။ ဂျပန်ဗုဒ္ဓဘာသာဝင်များကမူ
(Fuhozo Innen Den) အရ သာသနာစောင့်မထေရ်များတွင် ၁)ရှင်မဟာကဿပ ၂)ရှင်အာနန္ဒာ
၃)ရှင်မဇ္ဈန္တိက၊ ၄)ရှင်သာဏဝါသ၊ ၅)ရှင်ဥပဂုတ်ဟူ၍ ရှင်ဥပဂုတ်ကို ပဉ္စမနေရာ၌
ထားခဲ့ကြ၏။143ရှင်ဥပဂုတ်ကို မဟာယာန ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သော- တရုတ်နိုင်ငံက Kin-hui
144 145
ဂျပန်နိုင်ငံက Uvakikta တိဘက်နိုင်ငံက Oye sbas ဟုခေါ်ဝေါ်ခဲ့ကြ၏။
ရှင်ဥပဂုတ်အကြောင်းကို မဟာယာနဗုဒ္ဓစာပေဖြစ်သော မူလသဗ္ဗသ္ထိဝါဒဝိနယပိဋက146၊
မဟာဗျုပ္ပတ္တိ147၊ အာရ်ယမဉ္ဇူဂြီမူလကလ္ပ148 မဟာကရ်မဝိဘင်္ဂ149 နှင့် အသောကမင်းကြီးအကြောင်းကို
ဖော်ပြထားသော ကလ္ပဒြုမာဝဒါနမာလာ၊ သုတြာလံကာရ၊ ဘဒြကလ္ပလတာဝဒါန၊ အဝတံသက၊
အသောကာဝဒါနကျမ်းများ၌ ဖော်ပြထားပါသည်။ အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိကို
150
တိဗက်ရာဇဝင်ဆရာတာရနာထ(Taranatha)၏ အိန္ဒိယဗုဒ္ဓဘာသာသမိုင်း ၌ အောက်ပါအတိုင်း
151
ဖော်ပြထားပါသည်။
ရှင်ဥပဂုတ်သည် အိန္ဒိယနိုင်ငံ မထုရာမြို့မှ ဂုတ္တမည်သော နံ့သာသူဋ္ဌေးကြီး၏ တတိယမြောက်
သားဖြစ်သည်။ သာသနာတော်နှစ် ၁၀၀-ပြည့်တင
ွ် ဖွားမြင်တော်မူခဲ့၏။ အရှင်အာနန္ဒာမထေရ်၏ တပည့်
အရှင်သာဏဝါသီမထေရ်သည် မထူရာမြို့သို့ သာသနာပြုရောက်လာရာ၊ ထိုမထေရ်ထံ၌ ရှင်ဥပဂုတ်
လောင်းလျာသူငယ်သည် အသက် ၁၇ နှစ်အရွယ်တင
ွ် ရှင်သာမဏေပြုခဲ့သည်။ အသက် ၂၀ ရဟန်းခံချိန်၌
ရဟန္တာဖြစ်တော်မူခဲ့သည်။ အရှင်သာဏဝါသီသည် သာသနာပြုလုပ်ငန်းအား အရှင်ဥပဂုတ်ထံလအ
ွှဲ ပ်ပြီးနောက်
စမ္ပာယ်ပြည်သို့ကြွ၍ ပရိနိဗ္ဗာန်ပြုခဲ့ပါသည်။ အရှင်ဥပဂုတ်သည် ဂင်္ဂါမြစ်ကို ဖြတ်၍ မြောက်ဘက်ဆီသို့
ကြွတော်မူပါသည်။ တိရဟုတိပြည်နယ်၏ အနောက်ဘက် ဒေသရှိ ဝိဒေဟမြို့ သို့ရောက် တော်မူပါသည်။
ထိုမြို့၌ သံဃာတော်များကို ဆည်းကပ်လုပ်ကျွေးလေ့ ရှိသော သူကြွယ်ဝသုသာရ
ဆောက်လုပ်လှူဒါန်းသည့်ကျောင်း၌ သီတင်းသုံးတော်မူသည်။ ဤကျောင်း၌ ဝါဆိုတော်မူ၍ တရားဟောရာ
တစ်ထောင်မျှ လောက်သောလူအပေါင်းကို အရဟတ္တဖိုလ်သို့ ရောက်စေတော်မူခဲ့ပါသည်။ ထို့နောက်
ဂန္ဓာရတောင်သို့ ကြွတော်မူ၍ တရားဟောရာ လူအများအပြားကို အကျွတ်တရားရကြပါသည်။
ထိုမှ မထုရာမြို့သို့ကြွတော်မူပါသည်။ ထိုမြို့၌ နဋနှင့်ဘဏ္ဋအမည်ရှိသော မလ္လအကြီးအကဲတို့သည်
အရှင်ဥပဂုတ္တ၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အရှင်သာဏဝါသီမထေရ်လက်ထက်က သိရတောင်ပေါ်၌

142
Eitel' Handbook of Chinese Buddhism. 1970. Pgae-187; Rockhill' The Life the Buddha. 1907. Page-170.
143
A Dictionary of Buddhist Terms and Concepts. Page-488.
144
Beal' Buddhist Records of Western World. 1884. Page-182.
145
Eitel' Handbook of Chinese Buddhism. 1970. Pgae-187.
146
Mulasavasthivada Vinaya. In Gilgit Manuscripts. Vol. I. 4.2(f)
147
Mahavyutpatti. 1916. 3653.
148
Arya manjusrimulakalpa. 1920. 606. 14.
149
Maha-Karmavibhanga. 1932. 154.14.
150
Taranatha' History of Indian Buddhism. Page 32-39
151
John s. Strong' The Legend and Cult of Upagupta.1992. စာအုပ်တင
ွ် ဗုဒ္ဓမိဿကသက္ကတ(HSB) စာပေ၌ လာသော
ရှင်ဥပဂုတ်အကြောင်းကို ပြည့်စုံစွာ ဖော်ပြထား၏။
ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်း၌ အရှင်ဥပဂုတ္တဝါဆိုပါမူကား ကောင်းလေစွ ဟုပြောဆိုနေကြပါသည်။
ထိုအချိန်မှာပင် အရှင်ဥပဂုတ်ကြွလာသဖြင့် ကျောင်းတင်လှူဒါန်းခဲ့သည်။ ပစ္စည်းလေးပါးဖြင့်လည်း
ထောက်ပံ့သည်။ အရှင်ဥပဂုတ္တသည် နဋဘဋိကကျောင်း၌ တရားဟောတော်မူသောအခါ
အများအပြားသာသနာ့ ဘောင်ဝင်ကြပါသည်။ သူကြွယ်တို့လည်း သစ္စာလေးပါးကို သိမြင်ကြပါသည်။
အခါတပါး၌ အရှင်ဥပဂုတ္တ တရားဟောတော်မူစဉ် မာရ်နတ်သည် မြို့ပေါ်သို့ ဆန်စပါးမိုး ရွာချပါသည်။
ဤမိုးကြောင့် တရားပွဲပျက်ခဲ့ပါသည်။ လူအနည်းငယ်သာ တရားဆက်လက်၍ နာကြပါသည်။ ဒုတိယနေ့၌
အဝတ်မိုးရွာပါသည်။ တတိယနေ့၌ ငွေမိုး၊ စတုတ္ထနေ့၌ ရွှေမိုး၊ ပဉ္စမနေ့၌ ရတနာခုနှစ်ပါး မိုးရွာပါသည်။
တရားနာပရိသတ်မဆိုသလောက်သာ ကျန်ပါတော့သည်။ ဆဋ္ဌမနေ့၌ မာရ်နတ်ကိုယ်တိုင်
ဂန္ဓဗ္ဗကချေသည်နတ်အသွင် ဖန်ဆင်းပါသည်။ မာရ်နတ်၏ မယား၊ သားနှင့် သမီးများက နတ်အဆိုတော်
ကချေသည်အသွင်ဖန်ဆင်း၍ ယောက်ျားမိန်းမ သုံးဆယ်ခြောက်ဦးသည် နတ်သဘင်သည်များအဖြစ်ဖြင့်
မြို့တွင်းဝင်ကြပါသည်။ မာရ်နတ်၏ နတ်သီချင်းဂီတသံတို့၏ မြူဆွယ်မှုကြောင့် ရှင်ဥပဂုတ်ထံ၌
တရားနာသူတစ်ဦးမျှပင် မကျန်တော့။ အရှင်ဥပဂုတ္တကိုယ်တော်သည် မြို့တွင်းသို့ကြွ၍ မာရ်နတ်နှင့်တကွ
အပေါင်းအဖော်များကို ပန်းကုံးစွပ်၍ ချီးကျူးဂုဏ်ပြုပါသည်။ အရှင်မြတ်၏
တန်ခိုးတော်ကြောင့်မာရ်နတ်တို့သည် အိုမင်းရွတ်တွ အကျည်းတန်သူများ၊ အဝတ်စုတ်ဝတ်ဆင်သူများ၊
ဦးခေါင်းထက်၌ သူကောင်ပုပ်များ၊ လည်ပင်းထက်၌ ခွေးသေကောင်ပုပ်ဆွဲသူများ ဖြစ်သွားကြလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပုပ်ဟောင်၍ ရွံ့စရာ မြင်ကင
ွ်းဖြစ်သွားပါသည်။
ထို့နောက် ရှင်ဥပဂုတ်က 'ဟယ်-မာရ်နတ်ယုတ်၊ အဘယ်ကြောင့် ငါ့သာဝကများကို ဒုက္ခပေးရသနည်း'
ဟုမေးတော်မူသည်။ 'ခွင့်လွှတ်တော်မူပါ အရှင်မြတ်ဘုရား၊ အကျွန်ုပ်တို့ကို အနှောင်အဖွဲ့မှ လွှတ်တော်မူပါ' ဟု
မာရ်နတ်က တောင်းပန်၏။ 'ငါ့တပည့် သာဝကများကို ဒုက္ခမပေးမှ ငါလွှတ်မည်' ဟုရှင်ဥပဂုတ်က
မိန့်တော်မူ၏။ မာရ်နတ်က 'ကျွန်ုပ်ဘဝဆုံးသည့်တိုင် မနှောက်ယှက်တော့ပါဘုရား' ဟုဝန်ခံ၏။ ချက်ချင်းပင်
မာရ်နတ်သည် ပင်ကိုယ်အသွင်သို့ပြောင်းသွား၏။ ဗောဓိမဏ္ဍိုင်၌ ဂေါတမမြတ်စွာဘုရား စံနေစဉ်
ကျွန်ုပ်အစွမ်းကုန် နှောက်ယှက်ဖျက်ဆီးခဲ့ပါ၏ မြတ်စွာဘုရားသည် မဟာဂရုဏာတော်ဖြင့် သမာဓိကို
ဖျက်တော်မမူခဲ့။ သို့သော် ဂေါတမမြတ်စွာဘုရား၏ တပည့်သားဖြစ်သော ဤအရှင်သည် ကြမ်းတမ်းလှစွာ ၏။
ရန်လိုလှစွာ၏ ကျွန်ုပ်တို့ ကလူကြည်စယ်ကာ မျှနှင့်ပင် ကျွန်ုပ်တို့ကို နှောင်ဖွဲ့ဘိ၏' -ဟုမာရ်နတ်ဆို၏။
ထို့နောက် ရှင်ဥပဂုတ္တသည် မာရ်နတ်ကို တရားဟောတော်မူပြီး 'ငါသည် မြတ်စွာဘုရား၏
ဓမ္မကာယ(တရားတော်အစု)ကိုသာ သိမြင်ရ၏။ မြတ်စွာဘုရား၏ ရူပကာယ(ကိုယ်တော်)ကိုကား
မဖူးအမြင်ခဲ့ရစဖူး။ သင်သည် ဘုရားသခင်ကို မြင်တွေ့ခဲ့ရ၏။ ထို့ကြောင့်မြတ်စွာဘုရား၏ ရူပကာယတော်ကို
ငါ့အားဖန်ဆင်း၍ ပြပါ' ဟုတောင်းပန်၏။ မာရ်နတ်သည် မြတ်စွာဘုရား၏ အသွင်တော်ကို ဖန်ဆင်း၍ ပြ၏။
အရှင်ဥပဂုတ်သည် ဖူးမြင်ရင်း ဖူးမြင်ရင်း ကြည်ညိုသဒ္ဓါတရား တဖွားဖွား ပေါ်လာ၏။
ကြက်သီမွေးညင်းထလာ၏။ 'မြတ်စွာဘုရားကို ရှိခိုးပါ၏' ဟု ဦးထိပ်လက်တင်၍ ရှိခိုးလိုက်၏။
အရှင်မြတ်ရှိခိုးသောဒဏ်ကို မခံနိုင်သော မာရ်နတ်ခမြာ မူးဝေလဲကျသွား၏။ မာရ်နတ်
ဆန်စပါးမိုးရွာချသည့်နေ့မှစ၍ ခြောက်ရက်တိုင်တိုင် တရားဟောရာ ခုနစ်ရက်မြောက်နေ့မှာ
လူပေါင်းရှစ်သိန်းခန့် သစ္စာလေးပါးကို သိမြင်ခဲ့ကြ၏။
အရှင်ဥပဂုတ်သည် မိမိ၏ဘဝနောက်ပိုင်းကို နဋဘဋိကကျောင်းတော်၌ပင် ကုန်ဆုံးစေတော်မူခဲ့၏။
ထိုကျောင်းတိုက်တင
ွ်း၌ အလျား ၁၈ တောင်၊ အနံ ၁၂ တောင်၊ အမြင့် ၆ တောင်ရှိသော ဂူတစ်ခုရှိ၏။
ထိုအချိန်က ရဟန်းပြုသူများ အရှင်ဥပဂုတ္တဟောကြားသဖြင့် အရဟတ္တဖိုလ်သို့ ရောက်သူများသည်
လက်လေးသစ်ခန့်ရှိ သစ်တိုသစ်စလေးများကို ဂူတင
ွ်းသို့ပစ်သွင်းလေ့ရှိကြ၏။
အရှင်ဥပဂုတ္တပရိနိဗ္ဗာန်စံသောအချိန်၌ ထိုသစ်တို သစ်စလေးများသည် ဂူတစ်ခုလုံး ပြည့်လျှံ၍ နေရာလပ်ပင်
မကျန်တော့ချေ။ ထိုသစ်တိုသစ်စများဖြင့်ပင် ရှင်ဥပဂုတ္တကို မီးသဂြိုဟ်ကြပါသည်။ ဓာတ်တော်များကို
နတ်များဆောင်ယူသွားသည်ဟု ဆိုပါသည်။
မြတ်စွာဘုရားကိုယ်တော်တိုင်က 'အရှင်ဥပဂုတ်သည် ဗုဒ္ဓ၏လက္ခဏာတော်ကြီးငယ် မပါရှိသော ဘုရား၊
ဗုဒ္ဓနှင့်ထပ်တူ မဟာဂရုဏာရှင် ဖြစ်လိမ့်မည်' ဟုဗျာဒိတ်ထားခြင်းခံခဲ့ရသူ ဖြစ်သည်။ မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံလန
ွ်ပြီးနောက် သတ္တဝါတို့အပေါ် မဟာဂရုဏာထားရာ၌ အရှင်ဥပဂုတ္တထက်သာလွန်သူမရှိဟု
152
မြောက်ပိုင်းဗုဒ္ဓဘာသာစာပေတို့၌ ပြဆိုထားပါသည်။
ရှင်ဥပဂုတ်မထေရ်၏ ပရိနိဗ္ဗာန်ပြုတော်မူခြင်းနှင့်ပတ်သက်၍ သက္ကတစာပေမှတ်တမ်းများက
မထုရာမြို့၌ပင် ပရိနိဗ္ဗာန်ပြုတော်မူ၍ သရီရဓာတ်တော်များကို စေတီပုထိုးတည်ထား
ကိုးကွယ်ကြသည်ဆိုပါသည်။ ဂျပန်ဗုဒ္ဓဘာသာ မှတ်တမ်းတို့တွင် 'အရှင်ဥပဂုတ်သည် မြေငလျင်
တုန်လှုပ်နေဆဲအခိုက်တင
ွ် ဘဝကို လွန်မြောက်သွားသည်' ဟု ဆိုပါသည်။ 'အရှင်ဥပဂုတ်သည်
သုံးလတိုင် မထုရာပြည်တွင် လှည့်လည်တရားဟောခြင်း၊ တန်ခိုးပြာဋိဟာပြခြင်း ပြုပြီးလျှင်
မြေငလျင်လှုပ်ဆဲ လျှပ်စစ်များလက်ဆအ
ဲ ခိုက်တင
ွ် ခချေ(Kha-chhe)ခေါ် အိုင်တစ်ခုအတွင်းရှိ နဂါးမင်း၏
နန်းတော်တင
ွ်းသို့ ဝင်ရောက်သွားပြီးနောက် ကောင်းကင်ယံတွင် ပျောက်ကယ
ွ်သွားခဲ့သည်' ဟု
တိဘက်မှတ်တမ်း(Kalacakra= Dus-Khor)၌ ဖော်ပြထားပါသည်။153 မှတ်တမ်းတစ်စောင်၌
ရှင်ဥပဂုတ်ပျံလွန်တော်မူသောနှစ်မှာ ၇၄၁-ဘီစီ သို့မဟုတ် ၃၃၅-ဘီစီ ဖြစ်သည်ဟု ဖော်ပြထားသည်။154

ရှင်ဥပဂုတ်အကြောင်း စိစစ်ချက်
၁။ မြန်မာစာပေမှတ်တမ်းတစ်စောင်၌ ရှင်ဥပဂုတ်သည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းဝင်ဖြစ်သည်။
'ဥပဂုတ်' ဟူသောအမည်ကပင် မဟာယာနဆန်နေသည်ဟု ဖော်ပြပါသည်။155
အချို့သောမှတ်တမ်းများအရ ဥပဂုတ်သည် ပါဠိဝေါဟာရဖြစ်ပြီး၊ ဥပ-အမည်ရှိသောရသေ့ကြီးက
စောက်ရှောက်(=ဂုတ္တ)ထားခဲ့ဘူးသောကြောင့် ဥပဂုတ်(= ဥပ+ဂုတ္တ)အမည်ရကြောင်း ဖော်ပြထား၏။156
မှော်ပီဆရာသိန်း၏ ပေါရာဏဒီပနီကျမ်း ဒုတိယတွဲတွင် 'သူမွန်ရသေ့၊ လက်ပွေ့ယုယ၊ သျှင်'ဥပ' လျှင်၊
နေ့ညစောင့်မှတ်၊ ကမ္မသတ်ကြောင့်၊ ပညတ်ဖော်ထုတ်၊ ဥပဂုတ်ဟု' ခေါ်တွင်ကြောင်း ဖော်ပြထား၏။157
ဆရာဦးဆန်းထွန်းကမူ ဥပဂုတ်ဟူသောအမည်တွင် ဥပ-ဟူသောပုဒ်သည် ဥပသာရပုဒ်(ရှေ့ဆက်)
မဟုတ်ကြောင်းနှင့်၊ ထိုဥပ-သဒ္ဒါသည်ပင် ဗိဿနိုးဘုရား၏ ဥပေန္ဒဒတ္တ- ဟူသောအမည်၏
158
အတိုကောက်ဖြစ်ကြောင်း ဖော်ပြထား၏။
၂။ မာရ်နတ်ကို ရှင်ဥပဂုတ်မထေရ်ဆုံးမပုံမှာ ရဟန္တာအရှင်မြတ်တပါးအနေဖြင့် ဤသို့မဆုံးမသင့်ကြောင်း
ဆုံးမပုံရက်စက်သဖြင့် ထေရဝါဒ ရဟန်းတော်တပါးအနေဖြင့် ဤသို့ပြုလုပ်လိမ့်မည် မဟုတ်- ဟု
မြန်မာစာတမ်းတစ်စောင်၌ ဝေဖန်ထားသည်။159

152
Taranatha' History of Buddhism in India. Page-38.
153
မောင်လင
ွ်ရည်၏ သဗ္ဗသိဒ္ဓိပရိတ်ငယ်များ။ ၁၉၉၃-ခုနှစ်။ (စာမျက်နှာ-၆၅)။
154
Eitel' Handbook of Chinese Buddhism. 1970. Page-187.
155
ရဝေထွန်း၏ ရတနာစာပေ၊ ပထမတွ။ဲ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ-၇၇)။
156
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၄။ (စာမျက်နှာ-၄၇၃)။
157
မှော်ပီဆရာသိန်း၏ ပေါရာဏဒီပနီကျမ်း၊ ဒုတိယတွ။ဲ ၁၉၁၃-ခုနှစ်။ စာမျက်နှာ-၃၃၀။
158
ဦးဆန်းထွန်း၏ ကဝိလက္ခဏဝိသောဓနီကျမ်း။ ၁၉၆၁-ခုနှစ်။ (စာမျက်နှာ-၆၀၀)။
159
ရဝေထွန်း၏ ရတနာစာပေ၊ ပထမတွ။ဲ ၁၉၇၃-ခုနှစ်။ (စာမျက်နှာ-၇၈)။
၃။ ရှင်ဥပဂုတ်မထေရ်က မာရ်နတ်ကို ခါးပန်းကြိုးဖြင့် တောင်ကမ်းပါးယံတွင် ချည်ထားသောအခါ
မာရ်နတ်ကြီးက 'ငါသည်ရှေးအခါက ဘုရားရှင်အား ဒုက္ခပေးခဲ့ဘူး၏။ မြတ်စွာဘုရားသည်
ငါ့အားအပြစ်မပေးခဲ့။ ယခုသာဝကဖြစ်သူ အရှင်ဥပဂုတ်သည် သနားခြင်းမရှိဘဲ ငါ့အားနှိပ်စက်ဘိသည်။
သို့ဖြစ်၍ နောင်အခါ ဘုရားဆုကိုသာပန်လိုသည် သနားခြင်းကင်းသော သာဝကဆုကို မပန်လိုကြောင်း
မြည်တမ်းသည်' ဟု မဟာဝင်ဝတ္ထု160 စသည်၌ ဖော်ပြထားရာ ထိုသို့ 'ဘုရားဆုကိုသာ ပန်လိုသည်။
သာဝကဆုကို မပန်လို' ဟူသောစကားရပ်သည် မဟာယာန၏ အယူအဆဖြစ်ကြောင်း
ကျမ်းစာတစ်စောင်၌ ရေးသားထား၏။161
၎။ မာရ်နတ်၏ လည်၌ ခွေးသေကောင်ပုပ်ဆွဲပေးခြင်းနှင့် အလားတူသော အဖြစ်အပျက်ကို
ထေရအပဒါန်လာ သာဋိမတ္ထိယထေရဝတ္ထု၌လည်း တွေ့ရ၏။ သာဋိမတ္တိယမထေရ်သည် မာရ်နတ်ကို
ခွေးသေကောင်ပုပ်ဆွေ
ဲ ပးဖူးကြောင်း ဖော်ပြထားလေသည်။ (ထေရ၊ဋ္ဌ။၁။၄၆၉။)။ အချို့က
ထိုသာဋိမတ္တိယထေရဝတ္ထုကို မှီ၍ ရှင်ဥပဂုတ်အကြောင်းရေးသည်ဟု ယူဆ၏။
မြောက်ပိုင်းဗုဒ္ဓဘာသာစာပေတို့၌ ရှင်ဥပဂုတ်မထေရ်သည် သတ္တဝါတို့အပေါ်
သနားဂရုဏာအလွန်ကြီးမားကြောင်း ဖေါ်ပြထားပြန်ပါသဖြင့် ရှင်ဥပဂုတ်၏ မာရ်နတ်သားအား ဆုံးမပုံမှာ
ဆင်ခြင်ဖွယ်ရာ အကြောင်းအရာများဖြစ်လေသည်။ ထို့ပြင်အချို့က ရှင်ဥပဂုတ်သည်
တတိယသံဃာယနာ၌ ထင်ရှားခဲ့သော ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးကို
တုမှီ၍ရေးထားခြင်းဖြစ်သည်ဟုလည်း။ ယူဆ၏။ အချို့ကမူ အရှင်ပိဏ္ဍောလဘာရဒွါဇကို တုမှီ၍
ရေးသည်ဟုလည်း ယူဆကြသည်။
၅။ မြန်မာစာပေမှတ်တမ်းတစ်စောင်တွင် 'ရှင်ဥပဂုတ္တ သက်တမ်းရှည်စွာနေရခြင်းအကြောင်းနှင့်စပ်၍၊
အဝလောကိတေသွရဘုရားအလောင်းနှင့် တူနေသည်' ဟုရေးသားထားပါသည်။162
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အယူအရ အသက်ရှည်မှုသည် အလွန်ရခဲသော
ဒုလ္လဘတရား(ဒီဃယုကောပန အတိဒုလ္လဘ) ဖြစ်၏။163 ပိဋကတ်တော်တွင် သက်တမ်းကာလကိုကျော်၍
အသက်ရှည်သော ပုဂ္ဂိုလ်တို့ကို ပြရာ၌ လူ့သက်တမ်းဖြင့် နှစ်ပေါင်း ၇၀၀ အသက်ရှည်ခဲ့သော
သာဓိနမင်း(ဇာ၊၁၊၃၀၀။ ဇာ၊ဋ္ဌ၊၄၊၃၅၅။) အသက် ၁၆၀ ရှည်သောအရှင်ဗာကုလ၊ အသက် ၁၅၀ ရှည်သော
အရှင်အနုရုဒ္ဓါ၊ အသက် ၁၂၀ ရှည်သော ဝိသာခါ, ပေါက္ခရသာတိပုဏ္ဏား၊ ဗြဟ္မာယုပုဏ္ဏား၊ သေလပုဏ္ဏား၊
ဗာဝရိယပုဏ္ဏား၊ အာနန္ဒမထေရ်၊ နှင့် ရှင်မဟာကဿပထေရ်တို့ဖြစ်သည်။ (ဒီ၊ဋ္ဌ။၂။၆။) ထိုပုဂ္ဂိုလ်တို့ထက်
လွန်၍ အသက်ရှည်ကြသူဟု ပိဋကတ်ပါဠိတော်၌ မတွေ့ရပေ။
သုတ်မဟာဝါအဋ္ဌကထာ၊ မဟာပဒါနသုတ်၊ အာယုပရိစ္ဆေဒအဖွင့်ကို မှီ၍ မုံတိုင်ပင်ဆရာတော်ကြီးက
သုံးပုံတံချူကျမ်း၌ 'အသက်တမ်းဆိုသောစကားကို ကြားရလျှင် အသက် ၁၀၀ နေရလိမ့်အထင်ကြီးနှင့်
ယောင်တီယောင်တမနေကြလင့်။ အသက်တစ်ရာ နေရသူကား ရှား၏။ မနေရသူသာ များချေ၏ဟု

160
ကျီးသဲလေးထပ် ဆရာတော်ရေးသော မဟာဝင်ဝတ္ထု၌ ဖော်ပြထားခြင်းဖြစ်ပါသည်။ မူလမဟာဝင်ပါဌ်၌ ဤအချက်ကို
မတွေ့ရဘဲ အသောကဝဒါန ၌သာတွေ့ရသည်။
161
ဓမ္မာစရိယ ဦးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ။ ၁၉၆၁-ခုနှစ်။ (စာမျက်နှာ-၃၆၃)။
162
ထီးချိုင့်မြို့တည်တောဆရာတော်၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅)။ ၁၉၉၉-ခုနှစ်။ (စာမျက်နှာ-၉၀)။
163
ဦးသော်ဇင်၏ သုတဉ္ဇလီ။ ၁၉၈၄-ခုနှစ်။ (စာမျက်နှာ-၅၄)။
သေခြင်းတရားကို နှလုံးထားမိကြစေ။'-164 ဟု ရေးသားထားပါသည်။ သင်္ဂြိုကျမ်းဝီထိမုတ်ပိုင်း၌
'တေသုစတုန္နံ အာပါယာနံ, မနုဿာနံ, ဝိနိပါတိကာ သုရာနဥ္ဏ အာယုပ္ပမာဏ ဂဏနာယ နိယမော
နတ္ထိ165' ဟုလာအပါယ်ဘုံသားနှင့်လူ၊ ဝိနိပါတိကအသုရာနတ်တို့၌ အသက်တမ်း အမြဲမရှိ'
ဟူသောစကားတရပ်ရှိ၏။ ထိုအချက်ကို ဋီကာကျော်ဆရာတော်ကလည်း 'တထာ မနုသာနမ္ပိ ကဒါစိ
တေသမ္ပိ အသင်္ချေယျာ ယုကတ္တာ ကဒါစိဒသဝဿာယုကတ္တာ' [ထိုလူတို့၏ တရံတခါ
အသင်္ချေယျအသက်ရှည်သည်၏ အဖြစ်၊ တခါတရံ၌ အသက်ဘယ်နှစ်ရှည်သည်၏ အဖြစ်ကြောင့်
အသက်အပိုင်းအခြားမရှိ]- ဟု ဖွင့်ဆိုခဲ့သည်။166 ဋီကာကျော်ဆရာတော်က ထိုပုဂ္ဂိုလ်လေးမျိုးသည်
ကမ္မ(ကံ)ရှိသမျှ အသက်တည်ကြရသောကြောင့် နတ်စသည်တို့ကဲ့သို့ အသက်တမ်းကိုပိုင်းခြားထား၍
မရသောကြောင့် အသက်တမ်းမမြဲဟု ဆိုပါသည်။ ဤအချက်ကို မှီ၍ပင် ကျီးသဲဆရာတော်ကြီးက
'အပါယ်လူ့ရွာ ၊ အသူရာ၌၊ အာယုမမြဲ' ဟုလည်းကောင်း167 လယ်တီဆရာတော်ကြီးက 'လူ,ဘုမ္မဇိုးဝ်၊
ပါယ်လေးမျိုး၊ သက်ဇိုဝ်းမြဲမရှိ' ဟုလည်းကောင်း168 စပ်ဆိုခဲ့ကြပါသည်။
လူ့သက်တမ်းကို အနှစ်တစ်ရာတမ်းဟု ဆိုလင့်ကစား ကံမရှိက အသက်တိုမည်၊ ကံရှိက
အသက်ရှည်မည်၊ လူမှန်က သက်တမ်းပြည့်နေရမြဲဖြစ်သည်ဟု မဆိုနိုင်။ ဤသို့လျှင် လူ့သက်တမ်း၏
မတည်ငြိမ်မှုကို 'ဝဿသတေ အတိက္ကန္တေ ဧကံဝဿံ ဟာယတိ' ဟူသော
သုဿုတဆေးကျမ်းအဆိုအမိန့်ကိုမှီ၍ ပညာရှင်တို့က လူ့သက်တမ်းသည် ဆုတ်ကပ်သို့
ရောက်သည်ရှိသော် အနှစ်တစ်ရာတမ်း၌ တစ်နှစ်ယုတ်လျော့၏ ဟု ဆိုကြ၏။
မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးကမူ 'ရံခါ အနှစ်တစ်ရာတွင် တစ်နှစ်မက ဆုတ်ယုတ်တတ်၏။ ရံခါလည်း
တန့်ရပ်သကဲ့သို့ရှိတတ်၏' ဟုမိန့်တော်မူခဲ့ပါသည်။169 ဆိုလိုသည်မှာ လူ့သက်တမ်းကိုတက
ွ်ရာ၌
ဇမ္ဗူဒီပါကျွန်း၌ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင်းဖြစ်သော လူတို့၏ သက်တမ်းကိုသာ
ရည်ညွှန်း၍ တွက်ရသည်ဖြစ်ရာ ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါ၌ လူ့သက်တမ်းသည် အနှစ်-
၁၀၀ တမ်းဖြစ်လေသည်။170 သုဿုတဆေးကျမ်းအလို အနှစ် ၁၀၀ လျှင် ၁ နှစ်ဆုတ်၏။
မြတ်စွာဘုရားပွင့်သည်မှ ရေတွက်သော် အနှစ် ၂၅၀၀ နှင့် ၂၆၀၀ အတွင်း ရှိလေရာ၊ ထိုအနှစ် ၂၅၀၀,
၂၆၀၀ လျှင် ၂၅-နှစ်, ၂၆-နှစ် ရလေသည်။ ထို ၂၅-နှစ် ၂၆-နှစ်ကို လက်ရှိလူ့သက်တမ်း အနှစ် ၁၀၀
မှနုတ်ပယ်လျှင် ယခုပုံမှန်လူ့သက်တမ်းမှာ ၇၅-နှစ်၊ ၇၄-နှစ် စသည်ဖြစ်၏။
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အလိုအရ ရှင်ဥပဂုတ်သည် အမှန်တကယ်ရှိခဲ့လျှင်လည်း
ဤမျှသက်တမ်းမရှည်ရာ။ မဟာယာန မြောက်ပိုင်းဗုဒ္ဓဘာသာစာပေများတွင် အရှင်ဥပဂုတ်သည်
ပျံလွန်ခဲ့ပြီဟု ဖော်ပြထားလေသည်။ သို့ဖြစ်၍ တောင်သမုဒ္ဒရာ၌ စံနေသော အရှင်ဥပဂုတ်သည်

164
မုံတိုင်ပင်ဆရာတော်၏ သုံးပုံတံချူကျမ်း။ ၁၉၅၉-ခုနှစ်။ (စာမျက်နှာ-၃၇)။
165
အဘိဓမ္မတ္ထသင်္ဂဟပါဌ်။၁၉၉၄-ခုနှစ်။ (စာမျက်နှာ-၇၇)။
166
ဋီကာကျော်ပါဌ်။ ၁၉၉၄-ခုနှစ်။ (စာမျက်နှာ-၁၀၂)။
167
ကျီးသဲလေးထပ်ဆရာတော်ကြီး၏ မနောရထပူရဏီကျမ်း။ ၁၉၈၁-ခုနှစ်။ (စာမျက်နှာ-၁၄၄)။
168
လယ်တီဆရာတော်ကြီး၏ ပရမတ္ထသံခိပ်ကျမ်း။ ၁၉၆၇-ခုနှစ်။ (စာမျက်နှာ-၂၄)။
169
မဟာသီဝဆရာတော်ကြီး၏ မဂ္ဂဗောဓကကျမ်း၊ ပထမတွ။ဲ (စာမျက်နှာ-၉)။
170
ဂေါတမမြတ်စွာဘုရား သာသနာ၌ အာယုကပ်= သက်တမ်းဟူသော အသုံးအနှုန်းနှင့်စပ်၍
မင်းကွန်းတိပိဋကဓရဆရာတော်၏ မဟာဗုဒ္ဓဝင်၊ ပဉ္စမတွ။ဲ ၁၉၈၁-ခုနှစ်။ (စာမျက်နှာ-၃၁၈) သို့ကြည့်ပါ။
အဘယ်စာပေက လာသော အရှင်ဥပဂုတ်ပါနည်း။? မည်သည့်ပုဂ္ဂိုလ်တို့ ဖန်တီးထားသော
ရှင်ဥပဂုတ်ပါနည်း။?- တို့ကို ထပ်ဆင့်လေ့လာရန်လိုအပ်ပါသည်။
ဆရာတော် အရှင်သဓမ္မဇောတိပါလ၏ ဋီကာကျော်အဖွင့် ပရမတ္ထသရူပအနုဝဏ္ဏနာကျမ်းသစ်၊
အာယုပရိစ္ဆေဒအခန်း၌ 'ယခုကာလ၌ ရဟန်းရှင်လူတို့သည် ရှင်ဥပဂုတ်ကြေးပြာသာဒ်နှင့်ပင်လယ်ပြင်၌
ယခုပင်ရှိကြောင်း အဟုတ်ကြီးထင်မှတ်၍ ပြောကြားခြင်းသည် မသင့်ကုန်-171 ဟုရေးသားခဲ့သည်ကို
ထောက်၍ ရှင်ဥပဂုတ်ကို ထေရဝါဒ သာသနာမှ အလွတ်ထား၍ သံဃာဟူသော အမှတ်သညာဖြင့်
ဆည်းကပ်လိုပါက ဆည်းကပ်နိုင်ခွင့်ရှိသော်လည်း၊ သာသနာတော်သားဟု သာသနာတွင်း သွတ်သွင်းပြီး
ဆည်းကပ်ခြင်းမျိုးကာ မပြုအပ်ပေ။ ရှင်ဥပဂုတ်နှင့် ထေရဝါဒသာသနာတို့သည် မည်သို့မျှ
သက်ဆိုင်ခြင်းမရှိကြောင်း လေ့လာတွေ့ရှိရသောကြောင့် ဖြစ်ပါသည်။

171
အရှင်သဒ္ဓမ္မဇောတိပါလ၏ ပရမတ္ထသရူပ အနုဝဏ္ဏနာကျမ်းသစ်၊ ဒုတိယတွ။ဲ (စာမျက်နှာ-၂၁၀)။

Você também pode gostar